Wednesday, October 29, 2008

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 2 New Entries: သံသရာ

သံသရာ


အချိန်ကား ၂ဝ၁၁ ခုနှစ် မေ လထဲမှ တစ်ရက်ဖြစ်သည် ...
လမ်းပြောက်မြေပုံ ၇ ချက်အရ ၁၅ နှစ်ကျော်ကြာ ရေးဆွဲခဲ့သော ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကိုဗေဒင်ဆရာညွှန်ကြားချက် ကိန်းဂဏန်း အရ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၉၂.၄ ရာနှုန်း
နဲ့ အတည်ပြုပြီး ၃နှစ်အကြာ မှာဖြစ်သည် .. ဘောင်းဘီချွတ် သမတကြီး -ီး သန်းရွှေ
ဘောင်းဘီချွတ်ဝန်ကြီးချုပ် -ီးတင်အောင်မြင့်ဦး တို့ ဦးဆောင်ပြီး စည်းကမ်းပြည့်ဝကျနသော ဒီမိုကရေစီ နိုင်ငံတော်( အိမ်စောင့်အစိုးရ+မြန်မာ့ဆိုရှယ်လစ် + မြန်မာ့အာဏာသိမ်းစစ်တပ်= စည်းကမ်းပြည့်ဝသော မြန်မာ့ဒီမိုကရေစီ ) သစ်ရဲ့ ပထမဦးဆုံးအစိုးရအဖွဲ့ ခေါင်းဆောင်များအဖြစ် ပြည်သူလူထု
တစ်ဦးတစ်ယောက်မျှ မသိရပဲ ကိုယ့်သဘောကိုယ်ဆောင်၍ပေါ် ထွက်လာလေသည် ...။ စစ်တပ်တွင်း စစ်တပ်ပြင်ပတွင် စစ်တပ်အရာရှိကြီးငယ် များ အောင်ပွဲခံပျော်ရွှင်မြူးတူးလျက်ရှိကြလေသည် .. ။

စစ်ဗိုလ်များ အတွက် နေ့ ထူးနေ့ မြတ်ကြီး ထိုအခါသမယ တွင် အရာခံ အကြပ် တပ်သားများ နှင့်မိသားစု များသည်လည်း လွန်ခဲ့သော နှစ်ပေါင်း များစွာ ကအတိုင်း ဖက်ထိပ် (တပ်တွင်းတပ်ပြင်လုပ်အားပေး ) အလုပ်များဖြစ်သော ထုံးသုတ်မပျက်၊ စိုက်ခြံလိုက်မပျက်၊
မြောင်းပေါက်မပျက်၊ မိသားစုများအနေနှင့်လည်း အရပ်တကာလည်၍ ဈေးလည်ရောင်းမပျက်၊
တပ်ရင်းမှူး တပ်ခွဲမှူး အိမ်များတွင် အလှည့်ကျ အဝတ်လျှော် ပေးမပျက်၊ ၂ လုံးထီ ၃ လုံးထီ
အလောင်းမပျက် ၊ တပ်တွင်း တပ်ပြင် သန့် ရှင်းရေး စိုက်ခြံလုပ်အား ပေး အလုပ်မပျက်ကြ။

အရပ်ထဲတွင်လည်း ထိုကဲ့သို့ နေ့ ထူးနေ့ မြတ်ကြီး အခါသမယတွင် အလုပ်လက်မဲ့ဖြစ်လျက်ရှိ
ကြသော လူငယ်များ ဆောင်းဘောက် မှ ထွက်ကျနေသော ခေတ်ပေါ် သီချင်းများ နား
ထောင်လျက် ပွစန တက်နေသော လဖက်ရည်ဆိုင်များတွင်
အပုံလိုက် အထိုင်မပျက်၊ ဘာမှအသုံးမ၀င်သော ကတ်ထူစက္ကူ တစ်ရွက်ရရေး အတွက် ကျောင်းသားများကျောင်းသို့ အသွားမပျက်ကြ..၊
အိမ်ရှင်မများ ဈေးခြင်းတောင်း ဗလာဖြင့် ၂ လုံးထီ မထွက်ခင်ဈေး သို့ သွား ပါသမျှပိုက်ဆံ အနွမ်း
အကြေများဖြင့် ၂ လုံးထီထိုးကာ ယိုးဒယားမှ စေတနာဖြင့် အလကားထုပ်လွှင့်ပေးသော ၂ လုံး
ထီ ဂဏန်းအား စောင့်ကြည့်ပြီး ပေါက်သူဈေးဝယ် မပေါက်သူ ခြင်းဗလာဖြင့် အိမ်ပြန် စံနစ်ကို
အလုပ်မပျက်ကြ။ အောင်မြင်သော ဆိုက္ကားဆရာများ ဆိုက်ကယ် ကယ်ရီပေါ်ရောက်လျက် မအောင်မြင်သော ဆိုက္ကားဆရာများ ဆိုက္ကားပေါ်မှ မဆင်းတမ်း အနင်းမပျက်ကြ..၊ ရုံးစာရေးကြီး
များ အိမ်သူသက်ထားမှ ထည့်ပေးသော ထမင်းကြမ်းခဲနှင့် ပဲပြုတ် အား မလေးရှားမှ စေတနာ
နှင့်အခဲလိုက်တင်သွင်းသည့် စားအုန်းဆီ ဆမ်းလျက် ရုံးသို့ အသွားမပျက် ရုံးတွင်
တတ်စွမ်းသလို လဖက်ရည်ဖိုး အရှာမပျက်ကြ။
နိုင်ငံတကာတွင်ရောက်ရှိနေသော ပညာတော်သင် နောင်တခေတ်၏အောင်စစ်သည်များ
ချက်တင်(chatting)အဝင်မပျက်ကြ။နိုင်ငံတကာမှ အတိုက်အခံ အင်အားစုများ ကြေညာချက်စာတမ်းများအထုတ်မပျက်ကြ။နိုင်ငံတကာသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ ပညာရှင်များအံတကြိပ်ကြိပ် တက်တခေါက် ခေါက်မပျက်ကြ။
ယိုးဒယား တရုပ် ကုလား အိမ်နီးချင်းနိုင်ငံများ ဓါတ်ငွေ့ နှင့် မြန်မာ့သယံဇာတများကို ရတဲ့ဈေးနဲ့ 
အဝယ်မပျက်ကြ ။အမေရိကန်နှင့် အနောက်နိုင်ငံကြီးများ ရှုန့် ချခြင်း ကဲ့ရဲ့ခြင်း မပျက်ကြ ၊ ။
ထို့ အတူ....တကမ္ဘာလုံးတွင်လည်း..
ကမ္ဘာကြီးပူနွေးလာမှုသဘာဝပါတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးလာမှုလျော့ကျသွားခြင်းမရှိ၊
ကမ္ဘာ့လူဦးရေးတိုးတက်နေမှုလျော့ကျသွားခြင်းမရှိ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများ
လျော့ကျသွားခြင်းမရှိ၊ နူကယား လက်နက်များ နူကယား ဓါတ်ပေါင်းဖိုများလျော့ကျ
သွားခြင်းမရှိကြ။

ဗမာနိုင်ငံသားများ အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းလာမှူ မရပ်ကြ..။
Mr.Patriot(MMCP)
Cartoon:Harnlay(irrawaddy)

ဦးဥတ္တရ သတင်း သံဃာမောလီ ရှင်းချက်ထုတ် ။





ကျနော်တို့ စီဘောက်စ်ကို အရင်ကဖွင့်ပေးထားပါတယ်။နောက်တော့ ဆဲစာများ ပစ်စာများ
ရောက်လာလွန်းသဖြင့် ကျနော်တို့ ပြန်ပိတ်လိုက်ရပါတယ်။
ဒီအချိန်မှာ အတော်များများ ရီဂျက်စတာလုပ်သွားကြပါတယ်။ သူတို့ က ကျနော်တို့ စီဘောက်စ်မှာဝင်ရေးနေတာကိုကျနော်တို့ အမြဲထိုင်ပြီး မပိတ်နိင်ပါ။ သူုတို့ ထဲမှ တယောက်က အင်္ဂလန်ရှိ
ဘုန်းကြီး ဦးဥတ္တရအား လိင်တူဆက်ဆံမှု၊ ငွေအလွဲသုံးစားမှုများ ကိုစွပ်စွဲရေးသားထားပါတယ်။

ကျနော်တို့  ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ နောက်တနေ့ မှာထပ်ခါထပ်ခါဝင်ရောက်ရေးသားနေပါတယ်။ ထိုသူကို ကျနော်တို့  တားမြစ် ခဲ့ပါတယ် ။
ဒါပေမဲ့ ကျနော်တို့ အဖွဲ့ ဝင်များအတွင်း ဒီမိုကရေစီ မြတ်နိုးသူ အတိုက်အခံများအတွင်း ကျင့်ဝတ် - Ethic -ဆိုင်ရာ ရူ့ ထောင့်မှာ
ဆွေးနွေး စရာ ဖြစ်လာပါတယ်။ ဒါကတော့ လွတ်လပ်စွာရေးသားပိုင်ခွင့်ကို ကျနော်တို့  အားပေးမလား၊ပိတ်ပင်မလား ဖြစ်ပါတယ်။
ကျနော်တို့ ပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် လွတ်လပ်စွာ ရေးသားခွင့်ကို ဆင်ဆာလုပ်မိသလိုဖြစ်မယ်။
နအဖလိုပဲဖြစ်နိင်ပါတယ်။ မီဒီယာ မှာ ခုလိုပဲ ဆဲစာများ၊ တိုက်ခိုက်စာများလည်းရှိလာနိင်တယ်။
ဖတ်တဲ့ ပြည်သူလူထုက သာ တကယ်ဖြစ်၏ မဖြစ်၏ မှန်မမှန်ဆုံးဖြတ်နိင်မှာဖြစ်ပါတယ်။သံဃာမောလီမှာဖြေရှင်းချက်ကိုလည်း ကျနော်တို့ ဆက်လက်တင်ပြပေးလိုက်ပါတယ်။ စာဖတ် သူ ပြည်သူများကသာ ပကတိအဖြစ်အပျက်တွေအပေါ်မှာ သုံးသပ်ပြီး အမှန်တရားကိုဆုံးဖြတ်နိင်မှာဖြစ်ပါတယ်။သံဃာ့မော်လီရဲ့ ဖြေရှင်းချက် (၀ါ) စုံစမ်းတောင်းဆိုချက် ကို လေးစားရိုသေစွာနှင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်ခင်ဗျား။ဓမ္မမိတ်ဆွေ တို့ အနေနဲ့လည်း ဦးဥတ္တရနှင့်ပါတ်သက်သော သတင်းအား သံဃာ့မော်လီ၏ ကြေငြာစာပါ email ကို ဆက်သွယ် ပေးပို့ နိုင်သလို မိမိတို့  wefightwewin@gmail.com ကိုလည်း ပေးပို့ နိုင်ပါကြောင်း မေတ္တာရှေ့ ထား၍ အသိပေးဆော်သြအပ်ပါတယ်။

ကျနော်တို့ အနေဖြင့်  လည်း ၂၀၀၇ခုနစ် ရွေဝါရောင်တော်လှန်ရေးတွင် အသက်ပေးလျူခဲ့သောသံဃာများ ၊ နာဂစ်မုန်တိုင်းကြောင့် သေဆုံး၊ဒုက္ခရောက် ခဲ့ရသော မဟာ ပြည်သူများ မျက်နာမှ လွဲ ပြီး မည်သူ့ မည်သည့် အဂတိ ကိုမှ လိုက်မည်မဟုတ်ကြောင်းအသိပေးလိုက်ပါတယ်။ ကိုယ်ကျိုးရှာမှုများကို တွေ့ ရှိပါက မည်သူ့ ကိုမှ သည်းခံမည်မဟုတ်ကြောင်း အတိအလင်းကြေညာလိုက်ပါတယ်။

Strategic Team

( We Fight We Win )


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.