ကျနော်ရဲ့စက်ဘီးကလေး
ကျနော့်အသက် ၁၃ နှစ်လောက်က မေမေနှင့်ဖေဖေက ကျနော့်အတွက် စက်ဘီးကလေး တစ်စီဝယ်ပေးဖူးခဲ့တယ်။ စက်ဘီလေးကို ဖေဖေရဲ့သူငယ်ချင်းတစ်ယောက်ဆီက ငွေ ၅၀၀၀နှင့်ဝယ်ပေးဖူးတယ်။
တစ်ရက့့် 
ကျနော် ကိုးချင်း ကိုချင်း(အမေကျနော့်ကို ပြောလေ့ရှိတဲ့ စကား) လျှောက်သွားပြီး ထမင်းစားဖို့ အိမ်အပြန်လာ အိမ်အရှေ့မှာ စက်ဘီးလေးတစ်စီး ရပ်ထားတာ တွေ့လိုက်ရတယ်။ ကျနော်က အိမ်မှာ ဧည့်သည် တစ်ယောက် ရောက်နေသည်လို့ ထင်မိတာပါ။
ကျနော် အိမ်ပေါ်ရောက်မှ ဘာဧည့်သည်မှ မရှိမှန်း သိလိုက်ရတယ်။ ကျနော် အိမ်ပေါ်ရောက်ရောက်ခြင်း မေမေက ''' ကဲ ကိုရွှေလင်း သားအတွက် မေမေတို့ ငါ့သားလေး များများ လစ်နိုင်အောင် သားကို ဘီးတပ်ပေးလိုက်ပြီ။
ကျနော်အရမ်းဝမ်းသာသွားတယ်။ ကျနော့်မိဘတွေကို မပူစာချင်လို့သာပါ။ တကယ်တော့ စက်ဘီးလေးတစ်စီး ပိုင်ဆိုင်ချင်ခဲ့တာ တော်တော်လေး ကြာပါပြီ။ အခုတော့ ကျနော် အတွက် ကိုယ်ပိုင် စက်ဘီလေး တစ်စီးတော့ ပိုင်ဆိုင်ပြီ။
ကျနော် စက်ဘီလေး ရရခြင်း ရေဆေး ဆီထည့်လုပ်လိုက်တာ စက်ဘီးလေးက အတော်လးသန့်သွားသည်။ ဆီဆိုလို့ စက်ဆီမဟုတ်ဘူး။ ကျနော်လိမ်းတဲ့ အုန်းဆီကို တွေ့တဲ့နေရာ အကုန်လျှောက်ထည့်တာပါ။
ကျနော် စက်ဘီလေး စီးသွားတော့ အိမ်နားပတ်ဝန်းကျင်က လူတွေက " စက်ဘီလေးက လှလိုက်တာ။ နင်နဲ့အရမ်းလိုက်တာပဲ လို့ ကျနော့်ကို ၀ိုင်းကောင်းချီးပေးကြတော့ ကျနော့်မှာ အဟုတ်ထင်ပြီး ပျော်လိုက်ရတာပေါ့။
အရင်တုန်းက ငါစက်ဘီးရရင် စီးမယ်လို့ အားခဲခဲ့တဲ့နေရာတွေအကုန်လုံး လျှောက်စီးပစ်လိုက်တယ်။ အဲ့ဒီတုန်းက စက်းဘီးနင်းရတာ မောလို့ မောမှန်းမသိပါဘူး။ တွေ့တဲ့လမ်း အကုန်ဝင် ဂျိုက်လည်းမရှောင်ဘူး အကုန်တက်နင်းတာပါ။ စက်ဘီးက မှုလီဆို ခဏခဏ ကြပ်ရတယ်။ တခါတလေဆို မီးခွက်တွေပါ ပြုတ်ထွက်လို့။
တစ်ရက်တော့
ကျနော်စက်ဘီးကို နန်းရှေ့ ကျုံးဘေးလမ်းပေါ်မှာ ပလတ်ဖောင်းပေါ်တက်လိုက် အောက်ပြန်ဆင်းလိုက်နှင့် ကမြင်းကျော ထနေတုန်း အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် အိတ်ဇော်ဖောက်ထားတဲ့ စူပါကတ်ဆိုင်ကယ်ကို အရမ်းမောင်းလာတာတွေ့တော့ သူ့ကို စချင်စိတ်ပေါက်သွားတယ်။
ဦးလေးကြီး ကျနော့်နှင့် မလှမ်းမကမ်းရောက်တဲ့အခါ ကျနော့်စက်ဘီးခေါင်းလေးကို သူ့ဆိုင်ကယ်နှင့် ခေါင်းတည်ပေးလိုက်တယ်။ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့မောင်းလာတော့ ရုတ်တရက် ကျနော့်စက်ဘီးခေါင်းကိုတွေ့တော့ သူဘာလုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။ ပါးစပ်ကနေလည်း " အားးးးးးးးးးးးးးးးးးးးး" လို့ အော်ပြီး ကျနော့်ဆီကို တည့်တည်းတိုးဝင်လာတယ်။
ဆိုင်ကယ် ကျနော့်အနား မလှမ်းမကမ်းရောက်တော့မှ ကျနော့်စက်ဘီးခေါင်းကို သူနှင့်ဆန့်ကျင်ဘက်ကို ပြန်ကွေ့ပြီး ပလက်ဖောင်းကို ပြန်တက်လိုက်တယ်။အဖိုးကြီး ကျနော့်ကို အရမ်းစိတ်ဆိုးသွားတယ် ထင်တယ်။ ပါးစပ်ကလည်း ကြောက်စိတ်ပါတဲ့ အသံကြီးကြီးနှင့် (မအေရိုး) လို့ ကျနော့်ကို အော်ဆဲသွားတယ်။
သူ့ဖြစ်တဲ့ပုံစံကို ကြည့်ပြီး ကျနော့်မှာ ပလက်ဖောင်းပေါ်မှာ ထိုင်ရယ်လိုက်ရတာ ဗိုက်ပါအောက်တယ်။ ဆိုက်ကယ်ကို အရှိန်နှင့်မောင်းလာလို့သာပေါ့။ မဟုတ်ရင် ကျနော့်ကို နားရင်းဆင်းအုပ်မှာ သေချာတယ်။
ကျနော့်တို့ အဖြစ်ကို လမ်းဆုံက မော်တော်ပီကယ်ကတွေ့ပြီး သူလည်း ရယ်နေပါတယ်။ ခဏလောက်ကြာတော့ ကျနော့်ကို " ဟိုကောင် မင်းစောက်ပေါက်ကရသွားမလုပ်နဲ့။ သေသွားလိမ့်မယ်လို့ ကျနော့်ကို လာကျိန်းပါတယ်။ ကျနော့်မှာ အဖိုးကြီးဆဲတာ မနာတဲ့အပြင် သူ့ပုံကိုကြည့်ပြီး အခုအထိပဲ တွေးတွေးပြီး ပြုံးနေမိတယ်။
You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.