Tuesday, December 16, 2008

[My Burmese Blog] 2 New Entries: Fire At Yuzana Plaza, Yangon

Fire At Yuzana Plaza, Yangon

ဒီနေ့ ညနေခင်းမှာ ယုဇနပလာဇာ၊ ရန်ကုန်မှာ မီးလန့်ပါတယ်။ အသေအချာတော့ မသိရသေးဘူး လောင်တာက ၃ ခန်းလောက် လောင်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အိမ်က အဲဒီမှာ ဆိုင်ဖွင့်ထားတော့ ဖြစ်ဖြစ်ချင်းပဲ လိုက်သွားခဲ့တယ်။ လူတွေရော၊ ကားတွေလဲ ပိတ်နေတယ်။ မီးသတ်ကားတွေလဲ အဲဒီမှာ နောက် ရဲတွေ၊ မီးသတ်တွေလဲ ရှိတယ်။

အဲဒီရောက်သွားတော့ ပထမဆုံး ပလာဇာဘေးလမ်းထဲက သူငယ်ချင်းဆီ ၀င်ပြီး သတင်းမေးရတယ်။ သူပြောတာ မီးခိုးတွေ အများကြီးထွက်တာ တွေ့တယ်တဲ့။ နောက် ဆိုင်ရှင်တွေလဲ အဲဒီဘက်မှာ စုနေကြတယ်။ ဘယ်သူ့မှ ပေးမ၀င်ဘူး။ ကျွန်တော်လဲ အဲဒီနားမှာပဲ စောင့်ကြည့်ခဲ့တယ်။ နောက် မီးငြိမ်းသွားပြီ ပြောပါတယ်။ အခုတော့ ကျွန်တော်တို့တွေလဲ အကုန် အိမ်ပြန်လာခဲ့ကြပြီ။ မနက်ဖြန်မှ ဘာတွေ ဖြစ်မလဲ ထက်သွားကြည့်ရမယ်။ ဖြစ်တာက မြေညီထပ်ဆိုတော့ ကျွန်တော်တို့ ဒုတိယထပ်မှာ ရှိတာက သိပ်စိတ်မပူရတော့ပါဘူး။ ဖြစ်ဖြစ်ခြင်းတော့ လန့်သွားတယ် မော်လမြိုင်မီးလို ဖြစ်မှာ စိုးခဲ့တာ။ အခုတော့ အားလုံး အခြေအနေကောင်းပါတယ်။
Related Posts

Congratulation WordPress 2.7!!

Wordpress Download Stat

WordPress 2.7 က စပြီးတင်တဲ့ နာရီ 20 အတွင်းမှာ download hit ပေါင်း 100,000 ရှိခဲ့တယ်လို့ သိရပါတယ်။ 2.7 မှာ back end UI ပြောင်းသွားတာက အသိသာဆုံး အချက်ဖြစ်ပြီး အရင်လို ၂ ဆင့်ဝင်စရာမလိုတာ quick edit တွေပါလာတာ၊ ajax ကို သုံးတာတွေက ကွန်နက်ရှင် ပုံမှန်မရှိတဲ့ ကျွန်တော်တို့လို မြန်မာ ယူဇာတွေ အတွက် အကောင်းဆုံးနဲ့ upgrade လုပ် သင့်တဲ့ version ဆိုရင် မမှားပါဘူး။ အခုလက်ရှိတော့ သူ့ရဲ့ download hit က အခုစာရေးတဲ့ အချိန်မှာ 248,830 အထိရှိနေတာ ဖြစ်ပြီး သူကလဲ opensource ဖြစ်တဲ့ အတွက် Firefox Download Day လိုပဲ စဖြန့်တဲ့ နေ့ကတည်းက download hit က စံချိန်တင်ရတာပါပဲ။

Download WordPress 2.7

Download

WordPress 2.7 ~ Coltrane

WordPress 2.7 "Coltrane"

About WordPress 2.7 from Myanmar Bloggers

WordPress 2.7 on Ko Myo Kyaw Htun
WordPress 2.7 Review on Ko Mbl0gger

Related Posts

You received this email because you are subscribed to the real_time feed for http://www.htootayzar.com/myblog/feed/. To change your subscription settings, please log into RSSFWD.