Tuesday, December 16, 2008

[We Fight We Win. -- " More than Media "] 2 New Entries: အရှေ့အလယ်ပိုင်းရှိ အဏုမြူ စွမ်းအားရှင် နိုင်ငံများ နှင့် အားပြိုင်မှုများ

အရှေ့အလယ်ပိုင်းရှိ အဏုမြူ စွမ်းအားရှင် နိုင်ငံများ နှင့် အားပြိုင်မှုများ

နျုကလီးယား ထိပ်ဖူးတပ်လက်နက် ပိုင်ဆိုင်သော နိုင်ငံများ

-တီကေ-

အစ္စရေး

အစ္စရေး သည် နျုကလီးယား လက်နက်ရှိသည် ဟု တရားဝင် ပြောဆိုခြင်းမရှိသော်ငြား နိုင်ငံတကာမှ ၎င်း၌ အစွမ်းထက်မြက် သော နျုကလီးယားလက်နက်များပိုင်ဆိုင်ထားပြီ ဟု ယုံကြည်နေကြသည်။ နျုကလီးယား ထိပ်ဖူးတပ် ဒုံးများ ၇၅ ခု မှ ၂၀၀ အတွင်းပိုင်ဆိုင်ထားသည် ဟု ခန့်မှန်းကြသည်။ အစ္စရေး မှ နျုကလီးယား မဖောက်ခွဲရေးစာချုပ် (NNPT) ၌ လက်မှတ်ထိုးထား ခြင်း မရှိ ၍ ကမ္ဘာ့ကုလသမဂ္ဂ နျုကလီးယား စောင့်ကြည့် အဖွဲ့ နှင့် နိုင်ငံတကာ အဏုမြူ စွမ်းအား အဖွဲ့ (IAEA) ၏ ၀င်ရောက်စစ်ဆေးမှု နှင့် ပိတ်ဆို့ရန်ခြိမ်းခြောက် မှု များ မရှိသေးပါ။ အီရန် နှင့် အခြား NNPT ၌ ဆိုင်းထိုး ထားသော အာရပ်နိုင်ငံများ မှ IAEA မှ အစ္စရေးအပေါ် ထုတ်ပြန်ထားသော အစီရင်ခံစာ ကို လေ့လာနိုင်ရန် ကြိုးပမ်း ကြသော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပိတ်ထားသဖြင့် မကျေနပ်ကြချေ။ အစ္စရေး ၏ အဏုမြူဒြပ်ပေါင်းဖို ကို ၁၉၆၄ ခု က ပြင်သစ် နိုင်ငံ ၏ အကူအညီဖြင့် နဂ်ကတ်သဲကန္တာရ အတွင်း၌ လျှို့ဝှက်စွာတည်ဆောက်ခဲ့ပါသည်။ လောင်စာစွမ်းအင်များ သာမက နျုကလီးယားလက်နက်များအတွက် လုံလောက်သော ပလူတိုနီယမ် များကို ထုတ်လုပ်ပေးနေသည်ဟု ယူဆကြပါသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများက အစ္စရေးအား နျုကလီးယားလက်နက်များ တဖက်သက် ပိုင်ဆိုင်မှုခွင့်ပြုထားခြင်းသည်၊ အာရပ်နိုင်ငံများကို နျုကလီးယားအင်အားဖြင့် ခြိမ်းခြောက်ရန် ခွင့်ပြုထားခြင်းသာဖြစ်ကြောင်း၊ အာရပ်ခေါင်းဆောင်များက စွပ်စွဲပြောဆိုနေကြသည်။

နျုကလီးယားဖောက်ခွဲစမ်းသပ်မှု

အီရန်

လွန်ခဲ့သည့် ၂ နှစ် က အီရန်သမ္မတ အာမက် ဒင်နီ ဂျာဒ် မှ အီရန်နိုင်ငံသည် ကမ္ဘာ အဏုမြူ တိုင်းပြည်များ စာရင်းဝင် သွားပြီဖြစ်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အီရန်၏ အဏုမြူ ထုတ်လုပ်ရေးအပေါ် ရပ်တန့် သွားစေရန် နိုင်ငံတကာမှ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့်မတ်လအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ တတိယံမ္ပိ အီရန်နိုင်ငံအား ပိတ်ဆို့မူ ပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။ အီရန်မှ ၎င်း၏ အဏုမြူ နိုင်ငံ ထူထောင်ရေးရည်ရွယ်ချက်မှာ ငြိမ်းရေးရေးသဘောသာ ဆောင်ပါသည် ဟု ခိုင်မာစွာ ပြောဆိုသော်ငြား အများစု မှာ အီရန်သည် နျုလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ယုံကြည်နေကြသည်။ သဘာများက စီးပွားရေး ကျဆင်းနေသော အီရန်မှ နျုလက်နက် ထုတ်လုပ်ရန် ကြွယ်ဝလာမှုအတွက် ကိုယ်ပိုင်ဒြပ်ပေါင်းဖိုများတည်ဆောက်လာမှုမှာ စီးပွားရေးအမြင်အရအဓိပ္ပါယ် မရှိဟု သုံးသပ်ကြသည်။ သို့သော် နိုင်ငံရေး ရှုထောင့် အမြင်၌ မူ အီရန်မှ ကိုယ်ပိုင်နျုအစီအစဉ် အတွက် ဂုဏ်ယူ တက်ကြွနေပြီး ဒေသတွင်း ၌ အင်အားတောင့်တင်းလာနေပါသည်။ အီရန် ၏ နျု ကလီးယားအစီအစဉ် မှာ သေချာရေရာမှု မရှိသေးပါ။ ဒီဇင်ဘာလ အတွင်း အမေရိကန် ထောက်လှမ်းရေးမှ အီရန်သည် ၂၀၀၃ ခုထိ အဏုမြူလက်နက်ထုတ်လုပ်ရန် အစီအစဉ် ရှိခဲ့သော်လည်း ယခုအချိန်၌ မူ ရပ်တန့်ထားခဲ့ပြီး ပြန်လည် စတင်မည့် အရိပ်အယောင်များမတွေ့ရပါဟု ပြောဆိုခဲ့ပါသည်။

ဆီးရီးယား

အမေရိကန်အိမ်ဖြူတော်မှ ဆီးရီးယားသည် မြောက်ကိုရီးယား အကူအညီဖြင့် လျှို့ဝှက်အဏုမြူ ဒြပ်ပေါင်းဖို တခု ကိုတည်ဆောက်နေကြောင်းစွပ်စွဲသွားပါသည်။ ၎င်း ဒြပ်ပေါင်းဖို အား အစ္စရေးတို့မှ ယမန်နှစ် က ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါသည်။ ဆီးရီးယား ၏ အဏုမြူနိုင်ငံထူထောင်ရေး အစီအစဉ်မှာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခြင်းမဖြစ်နိုင်ကြောင်း အိမ်ဖြူတော်မှ ပြောဆိုသွားပါသည်။ ဆီးရီးယား မှ ထိုစွပ်စွဲချက်များသည် အခြေအမြစ်မရှိ၊ အဓိပ္ပါယ်မဲ့ သည် ဟု ပြန်လှန် ပြောဆိုပါသည်။ ဆီးရီးယားသည် အီရန်နှင့် အရင်းနှီးဆုံး မဟာမိတ် ဖြစ်ပြီး အပြန်အလှန် ကာကွယ်ရေး သဘောတူနားလည်မှု များ တည်ဆောက်ထားပါသည်။ အာရပ်တိုင်းပြည်များ ကြားမှ ဆန်းကြယ်စွာ အီရန်နိုင်ငံ၏ နျုကလီးယား အစီအစဉ်အား အပြည့်အ၀ထောက်ခံခဲ့သော နိုင်ငံမှာ ဆီးရီးယား သာ ဖြစ်ပါသည်။

အီဂျစ်

မကြာသေးမှီ က အီဂျစ်သည် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အဏုမြူစွမ်းအင် စက်ရုံများ တည်ဆောက် မည်ဟု ကြေညာခဲ့ပါသည်။ တိုင်းပြည် ၏ စွမ်းအင် ဖူလုံရေးသည် တိုင်းပြည် တိုးတက်ထွန်းကားလာမှုအတွက် အရေးကြီးသည် ဟု ဆိုခဲ့ပါသည်။ အမေရိကန်မှ လိုအပ်သော အကူအညီများကို ပေးရန် ကမ်းလှမ်းခဲ့ပြီး အီဂျစ် ၏ ငြိမ်းချမ်းစွာ အဏုမြူ နည်းပညာ အသုံးချလိုမှုသည် အီရန်နျု အစီအစဉ်နှင့် နှိုင်းယှဉ်၍ မရဟု လည်း ပြောဆိုသွားပါသည်။ ၁၉၈၀ နှစ်များက အီဂျစ်မှ အဏုမြူလက်နက်များ ထုတ်လုပ်ရန်အစီအစဉ် ရှိခဲ့သော်လည်း NNPT မှခွင့်ပြုချက် မရရှိခဲ့ပါ။ ထိုအချိန်မှ စ၍ အီဂျစ်သည် အရှေ့အလယ်ပိုင်း၌ လူများစွာ သေကြေ ပျက်စီးနိုင်သည် စွမ်းအားကြီး လက်နက်များ ပပျောက်ရေးလှုံ့ဆော်မှုများ ကိုဦးဆောင်လာခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများ

ဆော်ဒီ သည် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ၌ ကမ္ဘာအကြီးမားဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သော်လည်း လက်ရှိအချိန်၌ လူသုံးအဏုမြူစွမ်းအင်လောင်စာများကို စတင်ထူထောင်နေပါသည်။ အီရန်၏ နျုကလီးယား ထုတ်လုပ်လာမှု အား ပြန်လည် ပြိုင်ဆိုင် တုံ့ပြန်ရန် အတွက်လည်းဖြစ်သည်ဟု ဆိုကြသူများလည်းရှိပါသည်။ ပင်လယ်ကွေ့ အိမ်နီးခြင်းနိုင်ငံ များ ၏ နျုကလီးယား တီထွင်ဖော်ထုတ်နေမှုများကို စိုးရိမ်မကင်း ရှိနေသော် လည်း အမေရိကန် မှ အီရန် ၏ နျုကလီးယား ဒြပ်ပေါင်းဖိုများ ကို ၀င်ရောက်တိုက်ခိုက်ရန်ကိုမူ မထောက်ခံခဲ့ပါ။ ဆော်ဒီ နှင့် အခြား ပင်လယ်ကွေ့ နိုင်ငံများ ဖြစ်သော ဘရိန်း၊ ကူဝိတ်၊ အိုမင်၊ ကာတာ၊ အာရပ်စော်ဘွားများ နိုင်ငံ တို့ ပူးပေါင်း ထားသော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) မှ နေ၍ လူသုံး အဏုမြူ စွမ်းအင်အစီအစဉ်များ ဖော်ဆောင်ရန်ကြေညာခဲ့ပါသည်။ ဇန်န၀ါရီလ ၌ ပြင်သစ်သည် အာရပ်စော်ဘွားများ နိုင်ငံ အတွက် အဏုမြူဒြပ်ပေါင်းဖို တခု ကူညီ တည်ဆောက်ပေးရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

ဂျော်ဒန်

ယမန်နှစ် က ဂျော်ဒန် ဘုရင် အဗ္ဗဒူလာ က အစ္စရေး ဟာဆစ် သတင်းစာ အား အရှေ့အလယ်ပိုင်း ရှိ အဏုမြူ စည်းမျဉ်းများ ပြောင်းလဲလာသည် ဟု ပြောဆိုသွားခဲ့ပါသည်။ ဂျော်ဒန်မှ လျှပ်စစ် ဓါတ်အားနှင့် ရေသန့်စင်ရေး ၀န်ဆောင်မှု အတွက် ၎င်း၏ ပထမဆုံးသော အဏုမြူဒြပ်ပေါင်းဖို အား လာမည့် ၂၀၁၅ ခု၌ အပြီးတည်ဆောက်သွားမည် ဟု ကြေညာခဲ့ပါသည်။အီဂျစ် နှင့် ပင်လယ်ကွေ့ အုပ်စု နိုင်ငံများ အဏုမြူ လုပ်ငန်းများ ဖော်ဆောင်လာမှု အပေါ် လိုက်လံ၍ လုပ်ရခြင်းဟု ဂျော်ဒန်ဘုရင်က ပြောသွားပါသည်။

An Indian Agni-III Intermediate range ballistic missile displayed at the Republic Day Parade 2008.


Ballistic missiles သယ်ဆောင်လာသော ရေငုတ်သင်္ဘောမှ Trident ဒုံးကျည်ကို ပစ်လွှတ်စမ်းသပ်စဉ်

Rest of your post

ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ထချိန်က အာဏာရှင်ကြီး ဦးနေ၀င်း၏ ညာလက်ရုံး အဖြစ် တံခိုးထွားခဲ့သော စန္ဒာဝင်း

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း ရဲ့သမီး ဒေါ်စန္ဒာဝင်း ( ၅၆ နှစ်) ဟာ မနေ့ က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ သူမနဲ့ အတူ အထိမ်းသိမ်း ခံရတဲ့ ခင်ပွန်း အေးဇော်ဝင်း (၆၀ နှစ်)၊ သား များဖြစ်တဲ့ အေးနေ၀င်း ( ၃၁ နှစ်)၊ ကျော်နေ၀င်း ( ၂၉ နှစ်)၊ ဇွဲနေ၀င်း (၂ရ နှစ်) တို့ ကတော့ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ဒေါ်စန္ဒာဝင်းဟာ ၂၀၀၂ခုနစ်မှာ အာဏာသိမ်းဖို့ ကြံစည်မှုအပြစ်နဲ့ စွပ်စွဲခြင်းခံရပြီး သားဖြစ်သူတွေ နှင့်အတူ အထိမ်းသိမ်းခံရသူဖြစ်တယ်။ သူမဟာဦးနေ၀င်းရဲ့အားကိုးရဆုံး သမီးအဖြစ် လူသိများခဲ့သူ ဖြစ်တယ်။ သူမအဖေနဲ့ စစ်တပ်ကြားမှာ အာဏာဝေခြမ်းရေးလုပ်ငန်းတွေမှာ သူမဟာ ခြေသွက်လက်သွက် လုပ်ပေး ခဲ့တယ်။

မဆလခေတ် တလျောက်လုံးမှာတော့ ဒေါ်စန္ဒာဝင်းဟာ ဦးသန်းရွေသမီးလိုပဲ ဟော့ရမ်းမှုတွေနဲ့ လည်း နာမည် ထွက်ခဲ့သူဖြစ်ပါတယ်။ တပ်အတွင်း ဗိုလ်မှုးကြီးရာထူးကို ရရှိခဲ့တယ်လို့ သိရတယ်။ ၈လေးလုံး လူထု အရေး တော်ပုံကြီး ကာလမှာ ဗိုလ်ချူပ်ခင်ညွန့်နဲ့အတူ အကြမ်းဖက်လုပ်ငန်းတွေ ကိုလုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ခေါင်းဖြတ်မှုတွေ၊ အစာထဲအဆိပ်ခတ်မှုတွေ ကို မီးရှို့မှု ၊ ဂိုလ်ဒေါင်ဖေါက်မှုနဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွေကို လုပ်ဆောင်ခဲ့တယ်။

သူမကို လူထုမြင်ကွင်းမှာ နောက်ဆုံးမြင်ခဲ့ရတဲ့ပွဲတွေ ကတော့ သူမဖခင် ဦးနေ၀င်း အသက်၉၀ ပြည့်မွေးနေပွဲမှာ သူမကိုတွေ့ ခဲ့ရတယ်။ ဦးနေ၀င်း လူရင်းကြီးတွေ သာတက်ရောက်ခဲ့တယ်။ ဒီိထဲက အဖွားကြီးတယောက်က တော့ ဒီလိုသမီးမျိုး ကတော့ရှားတယ် လို့ ချီးကြူးခဲ့တယ်။ နောက်တခုပွဲကတော့ မက်သဒစ်ကျောင်းသားဟောင်းများစုံစည်းတဲ့ ပွဲတပွဲမှာ သူမဟာ ဖိလစ်ပိုင် တီးဝိုင်း တီးတဲ့ တန်ဂို တီးလုံးများ ကြားမှာ လိပ်ပြာ တကောင် လို ၀ဲကာပျံကာ ကခုန်နေတာကိုတွေ့ ရပါတယ်။ ဦးနေ၀င်း ဇရာထောင်းလာတာနဲ့ အမျှ သူမရဲ့ စစ်တပ်အတွင်း သြဇာလွမ်းမိုးမှု တွေကျဆင်းလာတယ်။ နောက်ဆုံးမှာ နေအိမ်မှာ အကျယ်ချုပ် ခံထိမ်းသိမ်းခဲ့ရ ပါတယ်။

ဘာဖြစ်လို့ နအဖ အနေနဲ့  ဒေါ်စန္ဒာဝင်း ကို ပြန်လွတ်လာတာလဲဆိုတာ မေးခွန်း ရှိနေပါတယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်စေချင်တာလား၊ ဦးသန်းရွေက အာဏာကို ထိမ်းသိမ်းထားနိင်တဲ့ အခြေအနေကို ယုံကြည်မှုရှိနေလို့ လား ဆိုတာတွေကတော့ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေဖြစ်ပါတယ်။ ဖြစ်နိင်ချေ တခုကတော့ ဒေါ်စန္ဒာဝင်း အပါအ၀င် မဆလအဟောင်းများ၊ စစ်တပ်မှာ ဗိုလ်ချုပ်ဟောင်းများ၊တစညများ၊ ယခင်ထောက်လှမ်းရေး များအားလုံးဟာ အားလုံးဟာ အာဏာ စည်းဝိုင်းအပြင်ဖက် ကို ရောက်ရှိနေကြပြီး လူထုအတွင်း၊ ဒီမိုကရေစီအင်အားစုများ နဲ့စစ်တပ်အတွင်းမှာ သြဇာမရှိ သူများဖြစ်နေကြပါတယ်။


သို့ပင်သော်ငြားလည်း သူမ၏ ဆေးတက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်း တွေနှင့် နီးစပ်သူတွေဟာ လက်ရှိ အာဏာရ န၀တဗိုလ်ချူပ် တွေ ရဲ့ ဇနီးတွေဖြစ်နေတာကြောင့် သူမဟာ သူမ ယုံကြည်ရသော လက်ရှိ န၀တ ဗိုလ်ချူပ်တွေ နဲ့ ပြန်လည်နီးစပ်အောင် ဆက်ဆံမှုတွေပြုလုပ်လာ နိုင်ဖွယ်ရှိတယ်လို့ တချို့ တပ်တွင်းနီးစပ်သော အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။ တပ်တွင်းမှာ ဂလဲ့စားချေတဲ့လုပ်ရပ်တွေဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ သန်းရွှေ အလှည့်ကိုတော့ စောင့်ကြည့်ကြရတာပေါ့။ သန်းရွှေမိသားစု လည်း အလှည့်ကျ မနွဲ့ စတမ်း ရင်ဆိုင်ဘို့ ပြင်ဆင်ထားကြပါလို့။



Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.