Monday, October 13, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

အချစ်..အချစ်..အချစ်..အချစ်...
တကယ်တော့ အချစ်ဟာဘာလဲ...အချစ်ဆိုသည်မှာဘာလဲ..
အိပ်မက်ဆိုတဲ့ ကောင်မလေး အူကြောင်ကြောင်နိုင်စွာနဲ့ တော်တော်လေးကို စဉ်းစားလိုက်ရပါတယ်။
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
အချစ်ဆိုသည်မှာ...
ငါကိုယ်တိုင် အချစ်ဟာ ဘာလဲ မသိတော့ပါ။ တခါတလေမှာ အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်လည်း .. တခါတလေတော့ အချစ်နဲ့ဝေးချင်တယ်။

အချစ်ဆိုတာကို မြန်မာနိုင်ငံက လူတွေသာမက ကမ္ဘာမှာ ရှိရှိသမျှသောသူတွေက အဓိပ္ပာယ်မျိုးစုံနဲ့ ဖွင့်ဆိုခဲ့ကြပါတယ်။လူတိုင်းလူတိုင်းဟာလည်း ကိုယ်အားသန်ရာ အတွေးတွေနဲ့ အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ အချစ်ဆိုတာကို ကဗျာဆရာက ကဗျာလေးတွေနဲ့ ဖွဲ့ဆိုကြသလို၊ ဒဿနဆရာတွေကလည်း ဒဿနလေး တွေနဲ့ဖွဲ့ဆိုကြပါတယ်။တရားဟော ဆရာတွေကလည်း ဓမ္မလေးတွေနဲ့ ဖွဲ့ဆိုကြပြန်ရော၊ စသဖြင့်ပေါ့လေ။ အမျိုးမျိုးပေါ့။ တကယ်တော့ အချစ်ဆိုတာ လူသားတွေရဲ့ နှလုံးသားကို ဝေဒနာတို့ဖြင့် ရှင်သန်နေစေတာပါ။ ဒါကDream နားလည်သလောက်ပါ။ နဲနဲချစ်ရင် နဲနဲပဲဝေဒနာခံစားရမယ်။ အများကြီးချစ်ရင် အများကြီးခံစားရမယ်။

ဒါဆိုရင် ဝေဒနာတို့ဖြင့် နှလုံးသားကို ရှင်သန်စေသော အရာကိုအချစ်ဟုခေါ်သည် လို့အဓိပ္ပာယ် သတ်မှတ်လို့ ရသွားပြန်တယ်နော်။နေ့တစ်နေ့ကို ပေါ့ပါးလန်းဆန်းစွာ နိုးထစေခဲ့ပြီး ဝေဒနာတို့ဖြင့် ရှင်သန်မှုပေးသော အရာကို အချစ်ဟုခေါ်သည်။ မေတ္တာ၊ ကရုဏာ၊ စေသနာ၊ မုဒိတာ စတာတွေက 528ကိုနွယ်ပြီး၊ သမီးရည်းစား အချစ်ကြတော့ 1500လို့ခေါ်တဲ့ တဏှာဘက်ကို ကူးသွားတော့ လူတွေကို ဝေဒနာတွေနဲ့ ပူလောင်စေပြန်တယ်နော်။ တွေးတောရင်းနဲ့တောင် အင်မတန် စိတ်မှာ ပူလောင်ရပါတယ်။

တကယ်တော့ အချစ်ဆိုတာကို ဘယ်သူမှ ရေရေရာရာ တိတိကျကျ မသိကြပါဘူး။ အချစ်ဆိုတာ ဘာလဲသိကြရင် အဖြေတွေကလည်း ဒီလိုအများကြီး ထွက်လာစရာ မရှိဘူးလေ။ အချစ်ဆိုတာ ဘာလဲ သူတို့ကိုယ်တိုင် တောင်မသိကြပါဘူး။ Dreamလည်းမသိပါဘူး။ လူတိုင်းမှာ ချစ်တတ်တဲ့စိတ်ကလေးတွေတော့ ရှိကြတာပဲ။ လူတွေမပြောနဲ့ တိရိစ္ဆာန်တွေတောင် ချစ်တတ်ကြပါတယ်။ ချစ်တတ်တာတွေ့သိတယ်။ ဟုတ်ပြီ၊ ဘာကြောင့်ချစ်တာလဲ၊ အကြောင်းတရား တော့ရှိရမယ်နော်။ ဥပမာ မုန့်ဟင်းခါးကို ချစ်လို့စားတာလား၊ ကြိုက်လို့စားတာလား။စဉ်းစားစရာဖြစ်လာပြီ... :D ဟဲဟဲ... ကြိုက်လို့ စားတာပေါ့လို့ အားလုံးက တစ်ညီတညွတ်ထဲ ဖြေမှာကျိန်းသေပါတယ်။ ဒါဆိုရင် စဉ်းစားကြည့်လိုက်ပေါ့။ ကြိုက်တယ်ဆိုတာ ပိုင်ဆိုင်မှုသဘော သက်ရောက်သွားပြီနော်။အချစ်ဆိုတဲ့ အဓပ္ပာယ်ကျတော့ ဆန့်ကျင်ဘက် ဖြစ်သွားပြန်ရော။

ဒါဆိုရင် လှတယ်ဆိုတာ လူတယောက်ရဲ့ စိတ်ကို စွဲဆောင်နိုင်သော အရာကိုခေါ်တာပါ။ သူအပေါ်ဖြစ်ပေါ်လာတဲ့အချစ်ဟာ ပေးကမ်းရန်သာ ဖြစ်ပြီး ရယူပိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ ဥပမာ မိန်းမလှ တယောက်ကို တွေ့ရင် သင့်နှလုံးသားက အဲဒီအလှကို လွမ်းမိုးဖို့ ဆွဲယူပါလိမ့်မယ်။ အဲဒီအခါသင့် ကိုယ်မှာ ကြေကွဲခြင်းဝေဒနာနဲ့ ပျော်ရွှင်ခြင်းဝေဒနာတို့ ပေါင်းစပ်မိသွားကြတယ်။ ဒီလိုပေါင်းစပ်တာကို သင်ကိုယ်တိုင် သိမှာမဟုတ်ပါဘူး။ သိခဲ့တယ်ဆိုရင်တောင် ၀ိုးတိုးဝါးတား လောက်ပဲဖြစ်မှာပါ။

ဒါဆို စိတ်နှင့်ဝိညာဉ်ကို စွဲစောင်နိုင်သော အရာကိုအလှဟုခေါ်သည် လို့အဓိပ္ပာယ်ဖွင့်လို့ရပြန်ရော။ သူ့အပေါ်၌ ဖြစ်ပေါ်လာတဲ့ အချစ်သည်ပေးကမ်း ရန်သာဖြစ်ပြီး ရယူရန်မဖြစ်တော့ဘူး။

အချစ်ဆိုတာ သေဆုံးခြင်း မရှိသောအရာပါ။ ဒါပေမယ့် ဘ၀ကို ပြာကျစေနိုင်တဲ့ အရာလည်းဖြစ်ပြန်ရော။ ကဗျာ ဆရာတွေ ဘယ်လိုဖွဲ့နွဲ့ခဲ့ကြမှန်း Dreamမသိ၊ ဒဿနဆရာတွေ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုကြမှန်း Dream နားမလည်။ Dream သိတာကတော့ သူ့ကိုချစ်ခဲ့ဖူးသည်။ သူမမှာ အင်မတန် ချစ်တတ်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်တာတော့ သူမသိသည်။ အချစ်ဆိုတာ သေဆုံးခြင်း မရှိသော ဘ၀ကိုပြာကျ စေနိုင်သော မီးတောက်မဲ့ အိပ်မက်မြစ် တစ်ခုလိုမျိုး ပါပဲနော်..

~~~~အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု၊ ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု။ မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု.....528ထက်ပိုရင် နှောင်ဖွဲ့တွေစု... ~~~~ :P :P

ဟယ်..ဂယ်ဖဲ..ဂယ်ဖဲ..ထရေးဂို ဘာဒွေ ရာတက်ဂ်ခိုင်း မှန်းမတိဖူး.. ကဲကဲ..ဦးဦးဟံတစ်ညိမ်(ဟန်သစ်ငြိမ်), ဦးဦးကျယ်ချင်တွေး(ကြယ်စင်သွေး)နဲ့ ဦးဦးသောင်ပေါ်တား(တောင်ပေါ်သား)ရေဒီ လောက်ဆို ကျေနပ် နိုင်မယ်လို့ ယုံကြည်စွာ မျှော်လင့်မိပါတယ်။ :P

မက်မက်လည်း ကျန်တဲ့ ဦးဦးတို့ တီတီတို့ကို တက်ဂ်ချင် သေးတာပေါ့။ များများတော့ မဟုတ်ပါဘူး။ နဲနဲပါးပါး လောက်ပါပဲ။နော်..နော်.. :D :)

ဦးဦးဂျင်ရော်(ကိုဇင်ယော်)
ဦးဦးမိုးဂျယ် (ကိုမိုးကြယ်)
ဦးဦးယံအော်(ကိုရန်အောင်)
ဦးဦးမိုးတောက်(ကိုမိုးသောက်)
ဦးဦးဝန်းချော်(ကိုဝင်းဇော်)
ဦးဦးကောက်(ကိုကောက်တေး)
ဦးရီးတော်(ကိုဝင်းမင်းဆန်း)
ဦးဦးအန်တီ(ကိုအံဒီ)
ဦးဦးမိုးဝေယွင်(ကိုမိုးဝေလွင်)
ဦးဦးတန်ယွင်(ကိုသံလွင်ဟီးရိုး)
ဦးဦးအိန်(ကိုအိန်)
ဦးဦးတိန်(ကိုပုသိမ်)
ဦးဦးညံ့(ကိုခပ်ညံ့ညံ့ကောင်)
ဦးဦးပန်းဂျဂါး(ကိုပန်းစကား)

တီတီဝါ(မ၀ါဝါခိုင်မင်း)
တီတီမေ(မမေအိခင်)
တီတီဇင်(မသက်ဇင်)
တီတီ60(မဝေလေး)
တီတီတန့်တန့်(မသက်တန့်)
တီတီယောင်းယောင်း(မမီးလေး)
တီတီရှင်းမရေး(မချင်းမလေး)
တီတီတင်ချာ(မသဉ္စာ)
ဟယ်...အားနာလိုက်တာ နဲနဲလေး များသွားလား မသိဘူးနော်.. ဟိ..ဟိ.. :P အို... မတတ်နိုင်ဘူး.. ချစ်တာကိုး.. ဒါတောင် ကျန်သေးတယ်.. အကုန်လုံး ဆိုရင် တစ်ခြားလူတွေ တက်ဂ်စရာမရှိ ဖြစ်မှာစိုးလို့ အားနာတတ် ပုံများနော်...ဟင်း..ဟင်း...ခုဒီမှာ မပါတဲ့ သူတွေ နောက်တစ်တက်ဂ်မှာ ပြန်တွေ့မယ်နော်.. မျက်ခုံးသာ လှုပ်နေပေတော့.. ဟဲဟဲ... :P :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.