Thursday, January 8, 2009
[Myo Chit Myanmar | Dedicated for the people of Myanmar] 19 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,5th,2009
ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,5th,2009
သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်
( 1 )အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ
( 2 )Defiant Myanmar army junta marks independence day
( 3 )Understanding new Thai policy towards Burma
( 4 )Going metric would be nice global gesture
( 5 )Bush to Discuss Burma with Ban at White House
( 6 )Refugees face second uprooting
( 7 )Junta Determined to 'Guide' 2010 Polls
( 8 )မွန်လက်ယက်ကန်းသမများ အနာဂတ်အတွက်စိုးရိမ်နေကြရ
( 9 )Myanmar grants free rice export from Yangon region
( 10 )Myanmar seeks new partnerships with Brunei
( 11 )ဖင်လန်နိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်း ဖွင့်လှစ်
( 12 )ဇီးကုန်းမြို့နယ် ကျေးရွာများတွင် အတင်း အဓမ္မလုပ်အားပေး ရှိနေဆဲ
( 13 )Foreign investment in Myanmar soars
( 14 )China leads surge in foreign investment in Myanmar during first 9 months
( 15 )ရန်ကုန် လုံခြုံရေး အထူးတင်းကျပ်
( 16 )ဂျာနယ်၊ မဂ္ဂဇင်း အစောင် ၃၀ ကျော် လိုင်စင်ပိတ်ခံရ
( 17 )Goods worth Kyat 600,000 destroyed in Mandalay fire
( 18 )၀ဒေသ အမည်ပြောင်းပြီ
( 19 )Woman activist sentenced to 26 years in prison
( 20 )၂၀၀၉ ခုအတွင်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမည်ဟု ဦးဝင်းတင်ခန့်မှန်း
( 21 )DKBA Attacks KNU
( 22 )ဒေါ်စု လွတ်လပ်ရေး သီချင်းများဖွင့်
( 23 )စင်ပြိုင်အစိုးရဖွဲ့ရေး အရှုပ်တော်ပုံအန်စီယူဘီ အကွဲအပြဲသရုပ်ပေါ်လွင်
( 24 )Than Shwe Fails to Attend Independence Day Dinner
( 25 )Suu Kyi Celebrates Independence Day with Music
( 26 )UWSA က အုပ်ချုပ်ရေးနယ်မြေကို အမည်ပြောင်း
( 27 )UWSP Proposes Wa Autonomous Region
( 28 )တပ်ရိက္ခာ စပါး လယ်သမား မကိုက
( 29 )Bangladesh to release 20 more foreign prisoners်
( 30 )မီဇိုရမ်မှာ မြန်မာစားသောက်ဆိုင် မီးလောင်
၂၀၀၈ ခုနှစ် အရေးပါသူများ ( ၁ )
ဧရာဝတီ
၂၀၀၈ ခုနှစ်တွင် အထင် ကရ အဖြစ် အပျက် များစွာ ဖြစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ အလိမ် အညာ အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ၊ ၂၀၀၇ ခုနှစ် သြဂုတ်လ / စက်တင်ဘာလ အပြီး နောက်ဆက်တွဲ အကျိုးဆက်များနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ အတိုက်အခံခေါင်းဆောင်များ အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့သော တရားမဲ့ ခုံရုံးများ စသည့် အဖြစ်အပျက်များက လူတဦးချင်း အရ သော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း သူတို့၏ အမည်များနှင့် ဖြစ်ရပ်များ၊ လှုပ်ရှားမှုများသည် သတင်း ခေါင်းကြီးပိုင်း များ ဖြစ်လာကြသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အပြောင်းအလဲများ တိုးတက်လာစေရန်နှင့် ဆိုင်ကလုန်းဒဏ်ခံခဲ့ရသူ ပြည်သူများအတွက် အထောက်အပံ့ ပစ္စည်းများ ကူညီပေးကြရာတွင် ကိုယ်ကျိုးမဲ့ဆောင်ရွက်ခဲ့ကြသောကြောင့် လူပုဂ္ဂိုလ်အတော်များများလည်း သတင်းများတွင် ထည့်သွင်းဖော်ပြခံကြရသည်။
သို့သော် မကောင်းသတင်းဖြင့် ကျော်စောသူတဦးတော့ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ် အတွက် အမည်စာရင်းတွင် ထည့်သွင်းရန် သူသည်လည်း အရည်အချင်း ပြည့်မီသည်ဟု ဆိုရမည်။ ထိုသူမှာ ဆိုင်ကလုန်းမုန်တိုင်းသင့်၍ ဒုက္ခကြုံနေရသော ပြည်သူများထံသို့ အကူအညီများ ပိတ်ပင်ရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သူ၊ ဆန္ဒခံယူပွဲကို ခေါင်းမာမာဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သူ၊ အငြင်းပွားဖွယ်ရှိနေသော ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အတိုက်အခံအားလုံးကို ရက်ရက်စက်စက် အပြုတ်တိုက်နေသူ စစ်အစိုးရ ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ်၏ အမည်စာရင်းသည် မြန်မာနိုင်ငံသားများ အတွက်သာ ကန့်သတ်ထားခြင်းမဟုတ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ် ကုချနာ၊ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် နှင့် သူ၏ ဇနီး လော်ရာဘုရှ် အပြင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်နှစ်ဦးသည်လည်း မြန်မာပြည်၏ အဖိနှိပ်ခံပြည်သူများကိုယ်စား ၎င်းတို့၏ ဆောင်ရွက်ချက်များကြောင့် အမည်စာရင်းတွင် ထည့်သွင်းထိုက်သူများဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ စစ်အုပ်စုက အကူအညီ သေရေး ရှင်ရေး လိုအပ်နေသော ပြည်သူများကို မသိဟန်ပြုနေချိန်တွင် မုန်တိုင်းသင့် ပြည်သူများကို မဖြစ်မနေ ကူညီရမည်ဟူသော Save the Children၊ နယ်စည်းမခြား ဆရာဝန်များ MSF (Médecins sans Frontières) နှင့် မာလင်း (Merlin) ကဲ့သို့သော အဖွဲ့အစည်းတို့၏ ခိုင်ကျည်သော ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြု ထည့်သွင်းဖော်ပြရမည် ဖြစ်ပါသည်။( ဆက်ဖတ်ရန် )
သတင်းခေါင်းစည်းကို ဖန်တီးသူများ ဦးဝင်းတင
အကျဉ်းထောင်ထဲတွင် ယခုအချိန်ထိရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့်၏ ကံကြမ္မာက မရေမရာ ဖြစ်နေရဆဲ၊ စိုးရိမ်နေရဆဲအခြေအနေတွင် နှစ်ရှည်လများထောင်ကျခဲ့သော အတိုက်အခံ နိုင်ငံရေး သမားတဦး ၂၀၀၈ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။ ထိုသူမှာ အသက် ၇၉ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။ ရန်ကုန်မြို့မှ နာမည်ကျော် အင်းစိန်ထောင်တွင် ၁၉ နှစ်ကြာ အကျဉ်းချခံနေရရာမှ စက်တင်ဘာလတွင် ဦးဝင်းတင် ပြန်လွတ်လာခြင်းဖြစ်သည်။
၁၉၈၉ ခုနှစ် အကျဉ်းမကျခင်က ဦးဝင်းတင်သည် ထင်ရှားသော အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်ပြီး၊ အထိန်းသိမ်းခံ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အရေးပါသည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
ဦးဝင်းတင်သည် အဖွဲ့ချုပ်၏ တတ်သိပညာရှင်များကို ဦးဆောင်၍ အနုပညာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်များကို အရေးဆိုခဲ့သူတဦး ဖြစ်သောကြောင့်လည်း မျိုးဆက်သစ် လူငယ်များအကြားတွင် "ဆရာ" ဟူသော ဂုဏ်ထူးဝိသေသတခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်ကို "သတ္တိရှိ၍ တည်ကြည်ဖြောင့်မတ်သူ" ဟု ညွှန်းခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် အဓိက အခရာကျသူ တဦး ဖြစ်သည်ဟု အသိအမှတ် ပြုခဲ့သည်။ ဦးဝင်းတင်ကလည်း ဒေါ်စုကို "စစ်မှန်သော ခေါင်းဆောင်" တဦးဟု ပုံဖေါ်ခဲ့သည်။ "မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားဖို့ ဒေါ်စုရဲ့အခန်းကဏ္ဍ ရှိသေးသလား" ဟူသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာတွင် ဦးဝင်းတင်က "ဒေါ်စုရဲ့ ကိုယ်ကျင့်သိက္ခာ၊ အသိပညာ၊ ခေါင်းဆောင်မှု အရည်အချင်းတို့နဲ့ ပတ်သက်လို့ ကျနော့်မှာ သံသယ မရှိပါဘူး၊ ကျနော် ဒေါ်ဆောင်ဆန်းစုကြည်ကို ယုံတယ်" ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ တကမ္ဘာလုံးတွင် တဦးတည်းသော အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်သည် ယခုနှစ်တွင်လည်း ခြောက်နှစ်ဆက်တိုက် တရားမ၀င် အကျယ်ချုပ် ကျခံနေရသည်။ သူ၏ ရှေ့နေက ဤသို့ဖမ်းဆီးထားမှုသည် ဥပဒေကြောင်းနှင့်မညီဟု ဆိုသည်။ နေပြည်တော်ရှိ အာဏာပိုင်များက အကျယ်ချုပ် သက်တမ်းတိုးမှုနှင့် ပတ်သက်သည့် ရှေ့နေ၏အယူခံလွှာကို မသိကျိုးကျွန် ပြုနေဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၊ အင်းလျားကန်စောင်းရှိ နေအိမ်တွင် အကျယ်ချုပ် သက်တမ်း စုစုပေါင်း ၁၃ နှစ် ကျခံခဲ့ပြီး ဖြစ်သည်။ အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဒီမိုကရေစီခေါင်းဆောင်က အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲလုပ်ရန် စစ်အစိုးရ၏ ဆက်လက်ငြင်းပယ်နေမှုကို စိတ်မရှည်တော့သည့်ဟန် ပြသခဲ့သည်။ သြဂုတ်လအတွင်း ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့စဉ်က လက်ခံတွေ့ဆုံရန် ငြင်းပယ်သည့်နည်းဖြင့် သူ၏ သဘောထားကို ဖော်ပြလိုက်သည်။
မစ္စတာ ဂန်ဘာရီသည်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရဘဲ နယူးယောက်သို့ ပြန်သွားရသည်။ သူ၏ ခရီးစဉ်သည် ပဋိပက္ခဖြစ်နေသည့် ဘက်နှစ်ဘက် ပြန်လည်သင့်မြတ်ရန်၊ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာရန် မဆောင်ရွက်နိုင်ခဲ့ဘဲ အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်ခဲ့သည်။ ဂန်ဘာရီ၏ အကြီးအကဲ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည်လည်း ကုလသမဂ္ဂက တာဝန်အပ်နှင်းထားသည့် ရည်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက် သိသာ ထင်ရှားသော တိုးတက်မှု တစုံတရာ မဆောင်ရွက်နိုင်ဘဲ အရှုံးပြနေသည်ဟု ဆိုကြပြန်သည်။
ထို့အပြင် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် သူ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရသည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟူသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် မရှိမဖြစ်လိုအပ်သော ပထမအဆင့် ဖြစ်သည်ဟု ထပ်တလဲလဲ ဖော်ပြခဲ့သည်။ ဒေါ်စုကလည်း "တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက်ဆိုရင် ကျမက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့် ရှိပါတယ်" ဟု ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ဦးပညာဝံသ
မလေးရှားနိုင်ငံ၊ ပီနန်မြို့ ဓမ္မိကာရာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ဦးပညာဝံသသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုအုံကြွမှုနှင့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် ထင်ရှားလာသည်။ လူသားချင်း စာနာမှုဆိုင်ရာ ကူညီရေး လုပ်ငန်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ကမ္ဘာအနှံ့ တည်ဆောက်ခြင်း လုပ်ငန်းများကြောင့်လည်း မူလကပင် ထင်ရှားသော သံဃာတော်တပါးဖြစ်သည်။ ဆရာတော်သည် သက်တော် ၈၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါဝင်ဘဲ ခပ်ရှောင်ရှောင် နေလာခဲ့သည်။
သို့သော်လည်း အမိနိုင်ငံအတွင်း သံဃာတော်များဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က မတရား ဖြိုခွင်းခဲ့မှုကြောင့် မခံရပ်နိုင်တော့သည့်အဆုံး စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်ပြောဆိုလေသည်။ ဆရာတော်က ဗုဒ္ဓဘာသာ မြန်မာသံဃာများ၏ နိုင်ငံတကာအဖွဲ့အစည်းတခုကိုလည်း ဦးဆောင် တည်ထောင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (၀ါ) သာသနမောဠိ ဟု လူသိများသော အဖွဲ့အစည်းပင် ဖြစ်သည်။ ဆရာတော်သည် ထိုအဖွဲ့ကြီး၏ ပထမဦးဆုံးသော ဥက္ကဋ္ဌ ဆရာတော်တပါးလည်း ဖြစ်သည်။
မေလတွင် မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်လိုက်သောအခါ ဆရာတော်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ အဖွဲ့ပေါင်း ၂၇ ဖွဲ့ကို ခေါ်၍ ရန်ပုံငွေရှာဖွေရေး အစည်းအဝေးတရပ်ကို ဦးစီး ကျင်းပခဲ့သည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများထံ ကူညီပေးနိုင်ရေးအတွက် ရန်ပုံငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းခန့် ကောက်ခံနိုင်ခဲ့သည်။ သြဂုတ်လတွင် ဒိန်းမတ်နိုင်ငံ၌ ဗုဒ္ဓရံသီဟု အမည်ရသော ပထမဦးဆုံးသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာတော်၏ နှစ်ပေါင်း ၅၀ ကျော် ကမ္ဘာတ၀န်း တည်ထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းများ အနက်မှ နောက်ဆုံးတည်ထောင်ခဲ့သည့် ကျောင်းတကျောင်းလည်း ဖြစ်သည်။
 ဆရာတော်ဦးပညာဝံသကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ၌ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် မီးရှုးသန့်စင် ဖွားမြင်ခဲ့သည်။ ၀ါးခယ်မ၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၅၄ ခုနှစ်၌ သီရီလင်္ကာ၊ အက်ဒမန်ကျွန်းစုများ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တို့တွင် သာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများ
၂၀၀၇ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ စီတန်းချီတက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများနှင့်အတူ "၈၈ မျိုးဆက် ကျောင်းသားများ"ဟု ထင်ရှားသည့် အတိုက်အခံများသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရနေရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုသော လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဤအဖွဲ့တွင် လူသိများထင်ရှားသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ မနီလာသိန်း၊ မမီးမီးအပါအ၀င် အခြားသော အဖွဲ့ဝင် ၂၂ ဦး သည် မကြာသေးမီက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့အားလုံး အသက် ၃၀ ကျော် ၄၀ အရွယ်များ ဖြစ်ကြသည်။ ဖိနှိပ်သူ စစ်အစိုးရလက်အောက်တွင် ထောင်သက်တမ်းပြည့် နေရမည် ဆိုပါက သူတို့၏ ဘ၀တသက်တာလုံး အကျဉ်းထောင်ထဲတွင်သာ ပြီးဆုံးသွားဖို့ ရှိနေသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုင်ငံရေးပါတီတခု မဟုတ်ပေ။ ၁၉၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီး ဖြစ်ပေါ်သော အချိန်တွင် ပါဝင်ခဲ့ကြသော ကျောင်းသားလူငယ်များကို စုစည်းထားသည့် လှုပ်ရှားမှု အစုအဖွဲ့ တခုသာ ဖြစ်သည်။ စစ်တပ်က ထိုအုံကြွမှုကြီးကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို နိုင်ငံတော် ဆန့်ကျင်ရေး ပုဒ်မ မျိုးစုံ တပ်ကာ ထောင်သွင်း အကျဉ်းချခဲ့သည်။ အများစုကို ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခဲ့သည်။ တသက်တာလုံး ထောင်ထဲတွင် နေသွားရမည့်အရေး သို့မဟုတ် အသက်ဆုံးရှုံး သွားနိုင်သည့်အရေး ရှိနေသော်လည်း ၎င်းတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထောင်ဒဏ်ချမှတ်အပြီးတွင် ခေါင်းဆောင်တဦး ဖြစ်သူ ကိုမင်းဇေယျာက ပြစ်ဒဏ်ချမှတ်သူ တရားသူကြီးကို "၆၅ နှစ်ပဲလားကွ.." ဟု မထီမဲ့မြင် ပြန်၍ အော်ဟစ် ပြောဆိုခဲ့သည်ဟုလည်း သတင်းများ ကြားသိခဲ့ရသည်။
ဝမ်းနည်းဖွယ်ကောင်းသော အချက်တခုမှာ သတ္တိပြောင်သော အန်တုမှုတခုတည်းဖြင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ ရည်မှန်းချက်များကို မရနိုင်ကြောင်း နှစ်ပေါင်း ၂၀နှစ်ဆယ်ကြာ တော်လှန်ရေး၏ သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) နှင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကဲ့သို့ အင်အားကောင်းသော လှုပ်ရှားတက်ကြွသူ အစုအဖွဲ့များ အပါအ၀င် အတိုက်အခံအုပ်စု အားလုံးကို စစ်အစိုးရက ပစ်မှတ်ထား၍ ချေမှုန်းနေသည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အတိုက်အခံ အင်အားစုတခုလုံး တုပ်တုပ်မျှ မလှုပ်နိုင်အောင် လုပ်ထားမည့်သဘောကို တွေ့နေရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
မြန်မာနိုင်ငံ၏ ထိပ်သီးစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံ၏ အရေးပေါ် အခြေအနေနှစ်ခု ဖြစ်သော ၂၀၀၇ ခုနှစ် စက်တင်ဘာ လူထုလှုပ်ရှားမှုနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးမှုများမှ မပွန်းမရှ ရှင်ကျန်ရစ်သူ၊ ဘေးမသီ ရန်မခ ကျန်ရစ်နေသူ ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ရန် ငြင်းဆန်နေသော သူ၏ ခေါင်းမာသည့်ဝသီကို ဖြိုလှဲနိုင်ရန် ပြင်ပကမ္ဘာမှ ကြိုးပမ်းအားထုတ်နေမှု အားလုံးကိုလည်း ဆက်လက် စိန်ခေါ်နေဆဲ ဖြစ်သည်။ ဖိအားများက မြန်မာနိုင်ငံ၏ ပြင်ပမှသာ လာနေခြင်းမဟုတ်။
သတင်းများအရ အလယ်အလတ် တပ်မတော် အရာရှိများသည်လည်း ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုအပေါ် မကျေနပ်မှုများ တစစတိုးပွားလာနေသည် ဟူသော ပြောဆိုချက်များ ရှိနေသည်။ သို့ပင်ငြား ၎င်းတို့၏ မကျေနပ်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုရန်အတွက်မူ ချီတုံချတုံ ဖြစ်နေကြသေးသည်။ လူကြိုက်နည်းလာသော အခြေအနေကို လုံးဝသိနေသည့် ဗိုလ်ချုပ်သန်းရွှေက သူ၏ တကိုယ်တော်ဘ၀ကို ယုံကြည်ရသော လူနည်းစု နောက်လိုက်များ၊ ဗေဒင်ဆရာများ ခြံရံ၍ လူသူမနီး မြို့တော် နေပြည်တော်တွင် စံမြန်းနေသည်။
သူ့မိသားစုက ဗေဒင်ဆရာများ၏ ယုတ္တိမတန်သော အကြံဉာဏ်များ၊ အကြံပေးချက်များကိုသာ နှစ်နှစ် ခြိုက်ခြိုက် အားကိုးလိုက်နာ၍ ပြဿနာဖြေရှင်းနိုင်ရေး လုံးပမ်းနေကြသည်။ မြန်မာနိုင်ငံ၏ လက်တွေ့ အဖြစ်အပျက်များကို မျက်ကွယ်ပြုနေသော ဗိုလ်ချုပ်သန်းရွှေသည် ပကတိအခြေအနေကို သိမြင်လာစေရေး ကြိုးပမ်းအားထုတ်မှုအားလုံးကိုလည်း ပစ်ပစ်ခါခါ ငြင်းပယ်နေပြန်သည်။ မစ္စတာ အီဗရာဟင် ဂန်ဘာရီကဲ့သို့သော ကုလသမဂ္ဂကိုယ်စားလှယ်များကိုလည်း အဖက်မတန်သလို ဆက်ဆံခဲ့သည်။ လာရောက်တွေ့ဆုံလည်ပတ်သော သံတမန်များကိုလည်း "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" စနစ်သို့ ဦးတည်သွားနေသော စစ်အစိုးရ၏ တိုးတက်လုပ်ဆောင်မှုများအကြောင်း ဆက်လက် သြ၀ါဒခြွေနေသည်။
နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် စသော တောင်းဆိုချက်များကို လျစ်လျူရှုထားဆဲ ဖြစ်သည်။ မေလတွင် တိုင်းပြည်အတွင်းရှိ နေရာ အများအပြားကို နာဂစ်သဘာဝဘေးဆိုးက ဖျက်ဆီးပစ်ခဲ့သောအခါ မုန်တိုင်းဒဏ်ခံ ပြည်သူများထံသို့ အရေးပေါ် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတကာ၏ မေတ္တာရပ်ခံချက်ကိုလည်း ဗိုလ်ချုပ်သန်းရွှေက မကြားဟန် ပြုခဲ့ပြန်သည်။ အသက် ၇၆ နှစ် ပြည့်တော့မည့် ဗိုလ်ချုပ်သန်းရွှေသည် နိုင်ငံရေးဇာတ်ခုံမှ ဆောလျှင်စွာ ဆင်းပေးမည့်ဟန် မပြသေးသည့်အပြင် စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲအထိ ဆက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။ ၎င်းရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့်အတားအဆီးကိုမှ လက်မခံနိုင်သော ပိုင်းဖြတ်ချက်က သူ၏ ရူးသွပ်ခေါင်းမာစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုကို ပြသနေသည်။ ဉာဏ်များသော ခေါင်းဆောင်ကြီးက နိုင်ငံတကာမှဝေဖန်သူများ ရှုပ်ထွေးသွားရန် မရေရာသော သတင်းအချက်အလက်များ မကြာခဏ ဖြန့်ပေးခြင်းဖြင့် အချိန်ကို ဆွဲဆန့်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသော ရွေးကောက်ပွဲအကြို လုပ်ဟန်တခုကိုပင် ပြောဆိုသံများ ကြားနေရပြန်သည်။ သို့သော်လည်း ဤသတင်းစကားကို မည်သူတဦးကမျှ အယုံအကြည် မရှိကြပေ။
ဦးအောင်သောင်း
ဦးအောင်သောင်းဟူသော အမည်ကို အမှတ်ရနေဖို့ လိုသည်။ သူက လောလောဆယ်တွင် လူစိတ်ဝင်စားခြင်း မရှိသော အမှတ် (၁) စက်မှုဝန်ကြီးရာထူးကို ယူထားသည်။ သို့သော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သား အစိုးရကို ဦးဆောင်မည့်သူတဦးဟု အများက ယူဆနေကြသည်။
ဦးအောင်သောင်း၏ အမည်က လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ခဲ့သော ဖြစ်ရပ်တခုမှ အစပြုပြီး ပေါ်ထွက်လာသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော မော်တော်ကားတန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ခြုံခိုတိုက်ခိုက်မှုတွင် သူနှင့် ကွယ်လွန်သူ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်းတို့ ပါဝင်ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများအပြားလည်း ၎င်းလုပ်ကြံမှုတွင် သေဆုံးခဲ့ကြရသည်။ ဒေါ်စုကိုယ်တိုင် အသက်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အဖမ်းခံရပြီး ဤဖြစ်ရပ်နောက်ပိုင်းမှ လက်ရှိအချိန်တိုင် အိမ်အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။ ဦးအောင်သောင်းက ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းနှင့် မိသားစုနေအိမ်သို့ တံခါးမရှိဓားမရှိ ၀င်ထွက်နိုင်သူတဦး ဖြစ်သည်နှင့်အညီ သူ၏တက်လမ်းသြဇာ ကြီးထွားခဲ့ရသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီးနှင့် သူ၏သား လက်ထပ်ထားသောကြောင့်လည်း စစ်အစိုးရအတွင်း သူ၏ သြဇာ ပိုမိုတောင့်တင်းလာသည်။ သူက ဗိုလ်ချုပ်မောင်အေးနှင့်လည်း အလွမ်းသင့်သည်။ 
ဦးအောင်သောင်းမိသားစုက မြန်မာနိုင်ငံ၏ အချမ်းသာဆုံး မိသားစုများအနက်မှ တခုဖြစ်သည်ဟု ဆိုနိုင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် အခြား သစ်တောထွက်ပစ္စည်းများ ကူးသန်းရောင်းဝယ်သော အောင်ရီဖြိုး၊ ကွင်းစတား၊ IGE စသည့် ကုမ္ပဏီ ၃ ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ၎င်းကုမ္ပဏီများက ကွန်ပျူတာနှင့် အခြားလျှပ်စစ် ပစ္စည်းများကိုလည်း တင်သွင်းရောင်းချနေကြသည်။
မြန်မာ့စီးပွားရေးလာကတွင် ထိုကဲ့သို့သော လုပ်ပိုင်ခွင့်ရထားသူများသည်လည်း တခါတရံတွင် ဗိုလ်ချုပ်သန်းရွှေ၏ ကွပ်ညှပ်မှုကို ခံရသည်။ သို့သော် ခန့်မှန်းရခက်သော ဗိုလ်ချုပ်သန်းရွှေက ဦးအောင်သောင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများကို မသိကျိုးကျွန် ပြုထားလေသည်။ ဗိုလ်ချုပ်သန်းရွှေ၏ လက်သုံးတော် ထူးကုမ္ပဏီ ပိုင်ရှင်ဦးတေဇ၏ အင်ပါယာနှင့် ယှဉ်ပြိုင်ရသည့်အခါတွင်ပင် မသိကျိုးကျွန်ပြု၍ လွှတ်ထားပေးခဲ့သည်။
NLD (Nagoya) မှလွတ်လပ်ရေးနေ့
အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ
အာဟာရစာဆောင် အမှတ်စဉ် (၉၅)
NLD Statememt for Independance Day
မင်းသုဝဏ်. ဦးသန့်  ရာပြည့် အခမ်းအနား
Publish at Scribd or explore others:
မင်းသုဝဏ်. ဦးသန့်  ရာပြည့် အခမ်းအနားကျင်းပမည် ဖြစ်ပါသဖြင့်ပူးပေါင်းပါဝင်ကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။
ရာပြည့်ကော်မတီ (ဂျပန်)
Independence day Photos (NLD)
ဆင်နင်းတဲ့ ယပ်တောင်
Written by သွင်ဆန်းမောင်   
altဦးသန်းမောင် သူ၏ ပွယောင်းယောင်း စိတ်ဓာတ်ကြီးကို တွင်းဆုံးချကာ ထိုင်နေ၏။ ဖားဖို ရင်ဘတ်ကြီးက တရှဲရှဲ ချွဲကျပ်နေ၏။ မျိုးနှင့် ရိုးနှင့် ရပ်ကျပ် ဝေဒနာကို သူကလည်း မဖြစ်မနေ လက်ဆင့် ကမ်းခဲ့ ရပါသည်။
လောကကြီးက ဘယ်နေရာ မဆို ညီညီမျှမျှ တုံ့ပြန်တတ်၏။ ပေါ့ပေါ့ပါးပါး နေလာသူဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လေးလေးပင်ပင် ဒုက္ခ ရောက်တော့ တာပဲ။ သုခချမ်းသာ ဆိုတာက တိုရေ ရှားရေ။ ဦးသန်းမောင် ဆိုတာက မိုးကုန်မှ ထွန်ချတဲ့ လူကြီး။
အသက်ကြီး လေးဆယ်ကျော်မှ ဘ၀မြစ်ပြင်ထဲ ခုန်ချ၊ ဒုက္ခနှင့် ဘတစ်ပြန် ကျားတစ်ပြန်။ တဖြည်းဖြည်းနှင့် အခံဘက်ကကြီး ဖြစ်မှန်း မသိ ဖြစ်လာ၏။ ယူထားတဲ့ မိန်းမလေးက ငယ်ငယ်။ စုစု ဆောင်းဆောင်း တောင့်တောင့် ခိုင်ခိုင် မရှိ။ စီးပွားရေး ကိုယ်ခံအား မကောင်းလေတော့ ဘ၀ အမောတွေနှင့် ကောင်းကောင်း မယဉ်ပါးခင် တမလွန် ကမ္ဘာကို ဖြတ်လမ်းက သွားချင်စိတ်တွေ တဖွားဖွား ပေါ်နေ၏။ ရွာမှာ အခြေချ နေတုန်းကတော့ ဟုတ်သလိုလိုပဲ။ မြို့ပြ အရိပ် ခိုလှုံမိမှ နေရေးထိုင်ရေး၊ စားရေး သောက်ရေး၊ ကျန်းမာရေး ကြီးလေးတဲ့ ၀န်ထုပ် ၀န်ပိုးကြီးတွေဟာ လေးလံကြောင်း၊ ရှုပ်ထွေးကြောင်း၊ ဖြေရှင်းရ ခက်ခဲလှကြောင်း ကျေကျေ ညက်ညက် သိရတော့သည်။
အသိနောက်ကျလေခြင်း။
ပထမ ကလေးကို မီးဖွားတာက ရွာမှာဆိုတော့ ရွာဓလေ့ ရပ်ဓလေ့ အတိုင်း ငွေမကုန်ဘဲ အထမြောက်ခဲ့၏။ မျိုးဆွေ တစ်စု၏ ကျေးဇူး ကြီးမားကြောင်း ခုမှပဲ သိရတော့၏။ မိန်းမ၏ လက်ရှိ စူပွပွ ဗိုက်လေးကို ရွာမှာပဲ ယခင် နည်းအတိုင်း သွားပိန်ပစ်ရင် ကောင်းမည်ဟု ဦးသန်းမောင် ပျင်းပျင်းရိရိ တွေးနေ၏။ ဒီလိုလည်း မဖြစ်သေးပါဘူး။ ဟိုးတုန်းက ရွာလေးဟာ အတိတ်မှာ ကျန်နေခဲ့ပြီ။ သူတို့၏ ဒုက္ခတွေကလည်း ခေတ်နှင့် စနစ်နှင့်အညီ ဈေးကြီး လှ၏။ လူစုံတက်စုံ ခြေတွေလက်တွေ မီးပွင့်အောင် အလုပ်လုပ် ကြပေမယ့် မီးဖိုချောင်နှင့် မီးခိုး အကျိုးတူ ပူးပေါင်းနိုင်ခွင့် အားနည်းလှ၏။
"ဖြစ်ပါ့မလား ဦးသန်းမောင်ရယ်။ ဟိုတစ်ခါလို ရင်ကျပ် နေဦးမယ်။ ဦးလေး ရင်ကျပ်တာလည်း လန့်စရာကြီး"
"ဖြစ်ပါတယ်ကွာ ဟိုတစ်ခါက ငါသိပ်ကြိုက်တဲ့ ၀က်သားနဲ့ အအေးပတ်တာ ရောသွားလို့ပါ။ အခုဟာက အရင်လို နေလို့ မရတော့ဘူး။ မိန်းမက လူထွက် တော့မယ်။ ကြားရတဲ့ သတင်းတွေကလည်း မချိုဘူး။ ဒီမှာ ကလေး တစ်ယောက် မျက်နှာမြင်တာ သုံးသောင်းလောက် အသာလေး ကုန်တယ်တဲ့။ ဒါတောင် ဆေးရုံတက် မွေးတာ မဟုတ်ဘူးနော်။ ရွာမှာ ဆိုဘာမှ မကုန်ဘူး"
ဦးသန်းမောင် သူ့နဖူး ပြောင်ပြောင်လေးကို သပ်ကာ ပြုံးစစ ဆိုရှာ၏။ သူ့မိန်းမသည် အရှေ့အလယ်ပိုင်း ပြဿနာ မပေါ်ခင်က စားရေး သောက်ရေးကို ကန်စွန်းရွက် ခူးရောင်းပြီး ဖြေရှင်းခဲ့ပါသည်။ နေစရာက ဦးသန်းမောင် အစ်မ အိမ်နောက်ဖေး၌ နေဖြစ်အောင် အိမ်လေး ဆောက်ပေးထား၏။ အတန်အသင့်
စီးပွားရေး ရှိသည့် ညီမ တစ်ယောက်ကလည်း ထောက်ပံ့၏။ ယင်းကြောင့် ဦးသန်းမောင် အနေ ချောင်ခဲ့၏။ အိမ်ထောင် ဦးစီး မှန်ရင် ငွေရှာနိုင်ရမည် ဆိုသည့် ဖိအားကို ရှောင်တိမ်းနေနိုင်၏။
"အခု ကျွန်တော်တို့ ဆွဲနေတာက ဖူဂျီ အဖုံးတွေ ခြေကန်ပြီး ဆွဲရတာနော်။ ဈေးကတော့ ကောင်းတယ်။ ဆွဲခါစတော့ ဟုတ်နေတာပဲ။ ကြာလာတော့ ထိလာတယ်။ သုံး၊ လေးရက်လည်း ကြာလာရော ပြေးတော့တာပဲ။ နည်းနည်းဆိုးတာက စက်ပိုင်ရှင်က အော်ဒါတွေ လိုက်မရှာဘူး၊ လာအပ်တာပဲ လုပ်တယ်။ သူက ဆန်အိတ် ထောင်ပြီး စားနိုင်တဲ့ သူဆိုတော့ အေးရာ အေးကြောင်းပေါ့။ အခု ရထားတဲ့ အော်ဒါကတော့ မနည်းပါဘူး"
ကော်ဆွဲသည့် အလုပ်က နေ့ရော ညပါ လုပ်နိုင်၏။ ငွေရင်း စိုက်စရာ မလို။ လုပ်ဖို့ ခွန်အားရှိဖို့ပဲ လိုသည်။ ကျွမ်းကျင်မှု သိပ်မပါပေ။ ဇွဲရှိသလောက် ၀င်ငွေ ကောင်း၏။ စက်ထောင် ထားသူက ကော်ဆွဲခကို အခု ရေဖြင့် ပြန်ရှင်းပေး၏။ သူပေးတဲ့ ဈေး ကြိုက်လျှင် လုပ်နိုင်၏။
"နှစ်လလောက်တော့ အချိန်ရဦးမယ်။ ပိုက်ဆံလေး လက်ထဲရှိထားမှ လူဆိုတာ ယုံကြည်မှု ရှိတာ။ မြို့ထဲက ညီမလေးကတော့ အကြောင်း ရှိလို့ သွားရင် မနေပါဘူး။ ပေးပါတယ်။ ငါက အကြီး ဆိုတော့ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ် ဆိုတော့ ရှက်လာပြီ။ စိတ်ချပါကွာ ငါ ဒီတစ်ခါ ဇွဲခံပြီး လုပ်ပါ့မယ် မောင်ချိုရာ။ မင်းကျေးဇူး ငါမမေ့ပါဘူး"
"ဦးလေးက ညဘက် ဆိုရင်ကော လုပ်နိုင်မှာလား။ နေ့ဘက်က လူပြည့်နေပြီ ကျွန်တော်ကလည်း ညသမားပဲ။ လုပ်ဖြစ်ရင် အဖော် ရတာပေါ့။ အလုပ် မရမှာ မပူနဲ့ ဦးလေး မလုပ်နိုင်မှာပဲပူ"
အလုပ်က ပင်ပန်းတယ် ဆိုပေမယ့် ပိုက်ဆံတွေ ဖွေးခနဲ လက်ခနဲ ဆိုတော့ မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူးလို့ ပြောရမည် ထင်၏။ ပလတ်စတစ် အပူပေးရာမှ ထွက်ပေါ်လာသော ညှော်နံ့များကြောင့် ဦးသန်းမောင် ရင်ကျပ်သလို ဖြစ်လာ၏။ တခြား အလုပ်ပြောင်း လုပ်ဖို့ကလည်း လက်တွေ့မှာ မလွယ်ကူပေ။ ပြီးတော့ ငွေရတာချင်း မတူ။ အားမာန် အပြည့်ထည့်ကာ ဇွဲရှိရှိ ဆက်လုပ်ရဦးမည်။ ငွေစကြေးစလေး လက်ဝယ် ပိုင်ပိုင် ရရှိ လာတော့ ဦးသန်းမောင် စကားသံ ပိုကျယ်လာ၏။ ဒုတိယ နတ်ဘုရား၏ ပြုစားချက် တစ်ခု ဖြစ်ပေလိမ့်မည်။
မောင်ချို အားရ ၀မ်းသာ သတင်း ပေးလာ၏။ ဦးသန်းမောင်ကတော့ ပျော်စရာဟု မထင်ပေ။ ဒီကောင်လေး နောက်နေ တာလားဟု စဉ်းစား ကြည့်၏။ ဟုတ်ဟန် မတူ။
"ဦးလေး ညပွဲ ရုပ်ရှင် သွားကြည့်မယ်လေ လိုက်မလား။ အာနိုးကား ကောင်းတယ်"
"အလုပ် သွားရမယ်လေ ကြည့်လို့ ဖြစ်မလား။ ငါက အခုမှ ပိုက်ဆံ စုမယ်လို့ စဉ်းစားနေတာဟ"
အလုပ်က လုပ်မယ်မှ မကြံသေးဘူး။ နားမယ်ဆိုတော့ အလုပ်ရှင်က ငြိုငြင်မှာပေါ့။ ဦးသန်းမောင်၏ တစ်ကိုယ်တော် အတွေး။
"ကျွန်တော်တို့ အလုပ်က မရှိတော့ဘူးဗျို့။ ကျေးဇူးရှင်က အခု အော်ဒါကို ဈေးနည်းတယ် ဆိုပြီး ရပ်ထားလိုက်ပြီ။ နောက် အော်ဒါ အိမ်ပေါ် တက်မလာခင် နားရဦးမယ်။ စီးပွား တက်ရင် လူခိုက်တယ်လို့ ယုံကြည်ထားတဲ့ သူဌေးဗျ သွားပြီဗျို့"
အလုပ်က လူကို ဖြုတ်လိုက်၊ လူက အလုပ်ကို အပျော်ကြံလိုက် ဟုတ်နေတာပဲ။ ဒီတစ်ခါတော့ ဦးသန်းမောင် အတော် အထိနာ၏။ ပိုက်ဆံလေး နှစ်ပဲ ခြောက်ပြားကို ကိုင်ပြီး လေလုံးထွား အပြောကြီး၊ ကီးမြင် ခဲ့သမျှ တန်ပြန်သက်ရောက်မှုတွေ သူ့ထံ ပြန်လာနေပြီကော။ ရင်ကျပ် ဝေဒနာက ဧည့်စာရင်း မတိုင်ဘဲ ခေါင်းထောင်ထလာ၏။ သူ့အပေါ် ဘယ်တုန်းကမှ အထင်မကြီးခဲ့သည့် ဗိုက်ပူမကို ဘယ်လို မျက်နှာပြရမလဲ။ ရင်ဘတ် အဟောင်းကြီးက အဖြေသစ် တွေ ထွက်မလာဘဲ ရှဲရှဲမြည်သံပြုကာ ရင်ကျပ်နေ၏။
"အသန်း မြို့ထဲသွားဦးလေ။ နင့်မိန်းမက မွေးတော့မယ် ထင်တယ်။ မြန်မြန် သွားပြီး မြန်မြန် လာခဲ့ဦး ကြာမနေနဲ့"
ဦးသန်းမောင် နားလည်ပါပြီ။ သူ့အစ်မက သူ့ကို မြို့ထဲ လွှတ်ပုံထောက်ရင် သူ့ လက်ထဲမှာလည်း ငါ့လက်ထဲမှာလို ပိုက်ဆံ အားကိုးရာမဲ့ပြီ။ ခက်တာက သူ့လက်ထဲ လမ်းစရိတ်လေး လောက်တောင် မချမ်းသာပေ။ ငွေအကြောင်း ခေါင်းထဲ ကြာကြာထည့်မထားလေတော့ လက်ထဲမှာလည်း ထိုနည်းတူစွာ ပိုက်ဆံဟာ ခဏလေး မျက်နှာပြပြီး အကြာကြီး ခွဲခွာသွား၏။ ငွေဆိုတာ မိုးအခါ ရွာတဲ့ မိုးလို တာတမံ တုတ်မထားရင် ဘယ်ကြာကြာနေပါ့မလဲ။ ရေလာ မြောင်းပေး လုပ်သူနောက်သို့ ကောက်ကောက်ပါ၏။
လမ်းထိပ် လက်ဖက်ရည်ဆိုင်က ၀င်ချေး သွားမှဟု အာရုံရ၏။ တစ်ခါမှတော့ မချေးငှား ဖူးပေ။ ထို လက်ဖက်ရည် ဆိုင်လေးက ညခင်းကို အားပြုပြီး ရောင်းချ၏။ မနက်ခင်းနှင့် နေ့လယ် လူရှင်းတတ်၏။
"ဦးလေး၊ အမေက ဒါပဲ ရှိတယ်တဲ့ နို့ဆီဖိုး ပေးလိုက်လို့တဲ့"
နှစ်ရာတန် အနွမ်းလေး နှစ်ရွက်နှင့် တစ်ရာတန် တစ်ရွက် မျက်နှာငယ်စွာ ကမ်းပေး လာ၏။ မယူတော့ပါဘူးလို့ ပြောရအောင်ကလည်း စိတ်ဆိုးသွားတယ်လို့ အထင်ခံ ရဦးမည်။ ဖျတ်ခနဲဆွဲယူ၊ အသာပဲ လှည့်ပြန်ခဲ့၏။ မြို့ထဲသွားသင့် မသွားသင့် ချင့်ချိန်ရပြန်၏။ မသွားရင် ပိုက်ဆံ ဘယ်ကရမလဲ။
"လေးလေးသန်း လေးလေးသန်း"
အလုပ်က ပြန်လာကြသည့် တူမလေးတွေ ဖြစ်ကြသည်။ ဦးသန်းမောင် သူ့ အတွေးနှင့် သူမို့ ရုတ်တရက် မကြား လိုက်ပါ။
"ဒေါ်လေးက ငွေတစ်သောင်း လူကြုံနဲ့ ထည့်ပေးလိုက်တယ်။ လေးလေးသန်း မိန်းမ ကလေး မွေးပြီလား ဘာလေးလဲ"
"ဟုတ်လား၊ ငါလည်း အခုမြို့ထဲ သွားတော့မလို့၊ ကလေးက မမွေးသေးပါဘူး"
လိုအပ်သည့် ငွေပမာဏနှင့် လက်ထဲ ရောက်နေသော ငွေက သုံးပုံတစ်ပုံမျှသာ ရှိ၏။ နောက်ကိစ္စ နောက်မှရှင်းမူကို လက်မလွှတ်ဘဲ မရဲတရဲ အိမ်ပြန်လာခဲ့၏။ ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံး ၀မ်းဆွဲဆရာမ သည်ဒေသန္တာရ ကျန်းမာရေး ဆေးခန်း၌သာ ရှိတယ်ဟု ရပ်ကွက်အတွင်းရှိ တတ်သိ ပညာရှင်များက ဆိုကြ၏။ ခေါ်ပေးကြ၏။ မောင်သန်းမောင် ခမျာ ရင်တမမ၊ ဖင်တကြွကြွ ဖြစ်ပေါ်နေကျ ရင်ကျပ် ဝေဒနာက သဘော ထားကြီးစွာ ရှောင်တိမ်း နေ၏။
ကလေး၏ ဇာတာလား၊ လူကြီး၏ ကံကြမ္မာလား မဆိုနိုင်။ ကလေးက ရှောရှောရှူရှူ လူလောကထဲကို ငါဟဲ့ ယောက်ျားဟု လက်မ ထောင်ပြီး လူဦးရေ တိုးလာ၏။
ဦးသန်းမောင် အခွင့်သာတိုင်း ဆရာမ၏ စိတ်နေ သဘောထားကို မသိတသိ အာရုံဖြင့် အကဲခတ် နေမိ၏။ ကလေး တစ်ယောက် မီးဖွားတဲ့ ဈေးကိုတော့ နှစ်သောင်းနှင့် နှစ်သောင်း အထက်ပေးရသည်ဟု ရင်အနာခံ မွေးဖူးသူ အမေများက ထုတ်ဖော် ပြောကြားကြ၏။ ဒီလောက် စေတနာပါတဲ့ ဆရာမက ဒီလောက်တော့ သူစိမ်းဆံဆံ ဈေးမတောင်း လောက်ပါဘူး။ လူပြောသူပြောထက် ကိုယ်တွေ့သာ အမှန်ဟု ယူဆရမည် မဟုတ်ပါလား။ အကြောင်းစုံ သိရအောင် မေးကြည့်မိ၏။
"နောက်တော့ ပြောပါ့မယ်။လုပ်စရာ ရှိတာတွေ၊ ၀ယ်စရာရှိတာတွေ ၀ယ်ပါ။ ကျွန်မ နောက်နေ့တွေ လာနေဦးမှာပါ" ဟုပြုံးပြုံး ရွှင်ရွှင်ဖြင့် ပြော၏။ ဆရာမ နည်းတူ အသားပါပါ ပြန်ပြုံးပြရအောင်ကလည်း ရင်ဗလာမို့ မချင့်မရဲ ဖြစ်ရ၏။
စိတ်သက်သာ စရာရှိတာက မီးထွက်သည့် နေ့တွင် လာရောက်ကြသော အဆင့် အတန်းတူ တစ်လမ်းတည်းနေ မိတ်ဆွေများကြောင့် ဖြစ်ပါသည်။ လာသမျှ လူတွေ လက်ထဲ၌ လက်ဆောင်လေးတွေ ကိုယ်စီကိုယ်ငှ ပါပါ လာကြ၏။ အနှီးပိတ်ကလေးတွေဆို ၀ယ်စရာတောင် မလိုပေ။ ဂုဏ်တု ဂုဏ်ပြိုင်ဖြစ်နေကျ မကျေလည်မှုတွေကို ဒီကို ယူမလာကြဘဲ အသားအရောင်နှင့် ဆန့်ကျင်စွာ အပြုံး ကြည်ကြည်လေးတွေ ဆင်မြန်းလို့ ညနေနေ့ပြန် တိုးပေးရမည့် အရေးကို ယာယီ ဘေးဖယ်ထားကာ အေးအေးလူလူ စကားဝိုင်း ဖွဲ့ကြ၏။
ခုနစ်ရက်သား မောင်လူသစ်လေးက တ၀ါးဝါး ငိုချင်း ချပြီး လမ်းသူ လမ်းသား တွေ၏ လူမှုရေး အမူအကျင့်ကောင်းကို သူတတ်သည့် ဘာသာဗေဒဖြင့် အသိအမှတ်ပြု၏။
ဦးသန်းမောင် ယင်းရွှေ ဧည့်သည်များအား ဖွယ်ဖွယ် ရာရာ ဧည့်မခံနိုင်တာကို ရှက်ရွံ့ အားနာစရာဟု အခါနှောင်းမှ မှတ်ချက်ချ၏။ သို့ပေမယ့် အိတ်ကပ်ထဲက ဒုတိယ နတ်ဘုရားတွေကိုလည်း အုပ်စု မကွဲစေချင်။ ပရိသတ်တွေ မြန်မြန် ရှင်းသွား စေချင်ပါပြီ။ ဆုတောင်း မပြည့်ဝပါ။ အားလုံး ညီညီညွတ်ညွတ် ဆင်းရဲဖို့ နှုတ်ကတိတွေ အပြန်ပြန် အလှန်လှန် ပေးနေကြသည့် အလား ညနေ ထမင်းချက်ဖို့ဆန်၊ ဆန်ဝယ်ဖို့ ငွေကြေး၊ အဲဒီငွေကြေးရ အောင် လုပ်ရမည့် အလုပ် အဆင်ပြေပါ့မလား။ လုံးလုံး မစဉ်းစား ကြပါ။ အပူအပင်မဲ့ရယ်လို့ မောလို့ ပဒေသာပင် ခူးစားသူတွေလို ပျော်လို့ရွှင်လို့။
ဦးသန်းမောင်၏ အမူအကျင့်က တစ်ဘာသာကွဲ နေသလို ဖြစ်နေ၏။ ကိုယ့် မရှိတာ ရှက်စရာ မှတ်လို့။ ရှင်းရှင်း သိရအောင်တော့ မေးရမယ်လေ။
"ဆရာမ ဟိုလေ ကျွန်တော့် အမျိုးသမီး မီးဖွားတာ ဘယ်လောက် ပေးရမလဲ"
"မရှိသေးရင် နေပါဦး ရပါတယ်"
ဆရာမ ဟန်မပျက်ဖြေ၏။ သူ့မျက်နှာပေါ်မှာ ကာလ ဒေသ လူပုဂ္ဂိုလ်ကို လိုက်ပြီး ပြောင်းလဲ တတ်သည့် မာယာ မိတ်ကပ်တွေ ရှိမနေ။ ငွေသာလျှင် အမိ၊ ငွေသာလျှင် အဘ ဟု ဆုံးဖြတ်ချက် ချထားသူ မဖြစ်နိုင်။
"ရှိတော့ မရှိဘူးပေါ့ ဆရာမရယ်၊ ပြောပါ အားမနာပါနဲ့။ လိုတာရှိတော့လည်း ထပ်ရှာတာပေါ့"
"ကျွန်မ မွေးစာရင်းပါ လုပ်ပေးမယ်နော်"
ဦးသန်းမောင် အကုန် အကျ သိပ်များသွားမှာ စိုးသဖြင့် မွေးစာရင်း နောက်မှ လုပ်ပါမယ်လို့ ပြောမည်ကြံတုန်း ဆရာမ စကားပြန်ဆက်၏။
"ရှစ်ထောင်ပဲ ပေး။ မွေးစာရင်း လုပ်ခအတွက် ထပ်ပေးစရာ မလိုဘူး"
ဦးသန်းမောင် အတော် ပျော်သွား၏။ သူ့ရင်ထဲက သားရတနာလေး အခုမှ ဖွားမြင်တာပါ။ အိတ်ထဲက ပိုက်ဆံလေးတွေ အလိုလို နှိုက်ပြီးသား။ ဘယ်လိုနည်းနဲ့ မှာ နားကြားမလွှဲနိုင်ပါ။
"ဒီမှာ ဆရာမ၊ ဆရာမ တောင်းတဲ့ ငွေပမာဏနဲ့ ဆရာမ စေတနာ ဈေးပေါ လှပါတယ်။ ကျွန်တော်တို့လည်း တကယ် မလွယ်လို့ပါ။ ဒီထက်မက ကန်တော့ချင်ပါတယ်။ သိပ်ကို ကျေးဇူးတင်ပါတယ်"
ဦးသန်းမောင်အား လမ်းသူ လမ်းသားများက သိပ်ကို ကံကောင်းကြောင်း ပြောဆိုကြ၏။ အတော်လည်း အံ့သြ ကြပါသည်။
ဒီလို ဆိုလာပြန်တော့ ဦးသန်းမောင် ဆိုတဲ့ ဦးသန်းမောင်က ဖနောင့်လေး ကြွလာ၏။ စင်မြင့်ပေါ် ရောက်နေသည့် သဘာပတိကြီး တစ်ယောက်၏ လေသံမျိုး ဖြင့် မှာတမ်းခြွေ၏။
"ကျုပ် ဘယ်ဘ၀တုန်းက ဘာတွေ လုပ်ခဲ့လဲ မသိဘူး။ ဒီဘ၀မှာ ပူပင်သောက သိပ်မကြုံရဘူး။ ကြုံလည်း ခဏပဲ နေ့မကူးဘူး။ သူ့ အလိုလို ပြေလည် သွားတာပဲ။ ဆင်သွားရင် လမ်းဖြစ်တယ် ဆိုတာ ဒါမျိုးပေါ့"
ဆင်းရဲသူ ဆင်းရဲသားတို့ သဘာဝ အတိုင်း စကားလုံးတိုင်းကို လေးနက်မှု အဓိပ္ပာယ်တွေ တူးဖော်မနေဘဲ အလိုက်သင့် ရယ်မောပြီးတော့ မေ့မေ့ ပျောက်ပျောက်။
(ရွှေအမြုတေ မှ ကူးယူဖေါ်ပြသည်။ ဤစာမူအား ရွှေအမြုတေ၏ ခွင့်ပြုချက်မရဘဲ အသုံးမပြုရ)
၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့မလေးရှား မှာ ကျင်းပပြုလုပ်
၂၀၀၉ ခုနှစ် ၊ဇန်နဝါရီလ ၊ (၄) ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ ၊ဂျလန်ကူချင်း လမ်းမရှိ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အထိ မျိုးချစ်လူငယ်များ အဖွဲ့ (မလေးရှား) မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ အခမ်းအနားသို့ မလေးရှားရောက် မြန်မာ လူငယ်များနှင့် တကွ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုများ ပူးပေါင်းပါဝင် တက်ရောက်ကြပြီး ၊ အခမ်းအနား အစီအစဉ် အရ ဘုရားရှင်အမှုးပြုသော ရဟန်းသံဃာတော်များကို ဆွမ်းဆက်ကပ်လှုဒါန်းကြပါသည် ၊ ထိုနောက့် မျိုးချစ်လူငယ်များအဖွဲ့ (မလေးရှား ) မှ တာဝန်ရှိသူများနှင့် က်ရောက်လာကြသူ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမ များသည် လက်ရှိဖြစ်ပေါ် နေသော မြန်မာနိုင်ငံရေးအခြေအနေများနှင့် မလေးရှား နိုင်ငံတွင်နေထိုင်နေကြသောမြန်မာနိုင်ငံသားများ၏ အခက်အခဲ များနှင့် ကျန်းမာရေး ၊ လူမှုရေးပြသနာရပ်များကို လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေး တိုင်ပင်ကြကာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှသည်အလုံးစုံ လွတ်မြောက်ရေးရသည် အထိ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွား ကြမည် ဖြစ်ကြောင်း သစ္စာဓိဌန် ပြုကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်  ။
အဖွဲ့အမည် - မျိုးချစ်လူငယ်များ အဖွဲ့
ဆက်သွယ်ရန်  - အောင်နိုင်သူ
   ph             - +6012655-2615
                    - သန့်ဇင်
   Ph             -  +6017284-0989
( ၆၁ ) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို၂၀၀၉ ခုနှစ် ၊ဇန်နဝါရီလ ၊ (၄) ရက်နေ့ နံနက် (၁၀) နာရီ တွင် မလေးရှားနိုင်ငံ  ပီနန်မြို့၊ ဓမ္မိကာရာမကျောင်းတိုက်တွင် ပီနန်ဆရာတော်ဦးပညာဝံသ အားအမှူးထား၍  အပြည်ပြည်ဆိုင်ရာ သာသန ဥသျှောင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဣိဿရိယ (အမေရိက) နှင့် ဓမ္မိကာရာမကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ တို့အား နာယက ထား၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် (လွတ်မြောက်နယ်မြေ)  ပီနန် မလေးရှား ဌာန မှ ဦးစီးကျင်းပခဲ့ပါ သည်။
ရန်ကုန် မှ Taxi Driver တစ်ဦး၏ရင်ဖွင့်စာ
 ကိုမျိုးချစ်
ယခုအချိန်မှာကျွန်တော်ဟာ taxi မောင်းပါတယ်။ ဒီရက်ပိုင်းမှာမယုံနိုင်စရာအနိုင်ကျင့်မူတစ်ခုခံခဲ့ရပါတယ်။အရင်တုန်းကတော့ကြားပဲကြားဘူးတာပါအခုတော့ကိုယ်တိုင် ကြုံတွေ့ရမှတော်တော်အံ့သြောသွားပါတယ်။ဖြစ်ပုံလေးကဒီလိုပါ။
           ကျွန်တော်တနေ့ကားမောင်းနေစဉ်အရှေ့မျဉ်းပြိုင်ကွင်းလမ်းမှမျဉ်းဖြတ်တစ်ခုကနေဖြတ်ကွေ့ရာတွင်မျက်နှာချင်းဆိုင်nassan  loreal ကျောက်စိမ်းရောင်ဆလွန်းကား တစ်စီးအတွင်းမှဒရိုက်ဘာကကွေ့လို့လက်ပြပါတယ်အဲဒီအချိန်မှာသူ့ကားနဲ့ကျွန်တော့်ကားနဲ့ ပေ၃၀၀ လောက်ကွာပါတယ်အဲဒါနဲ့ကွေ့ပါတယ်ကွေ့ပြီးမီးပွိုင့်တွင်ဘေးချင်းယျှဉ်လျက်ရပ်
မီပါတယ်အဲဒီမှာပြဿနာစတာပါပဲ။ အဲဒီကားထဲမှာရန်ကုန်တိုင်းဘက်တံဆိပ်နဲ့ သုံးပွင့်ချိပ်ထားတဲ့စစ်ဗိုလ်တစ်ကောင်ပါလာပါတယ်။ ဒီကောင်ကဘာပြောသလဲဆိုတော့ကြည့်မောင်းတဲ့
အဲဒီမှာကျွန်တော်ကခင်ဗျားဒရိုက်ဘာကကွေ့ခိုင်းလို့ကွေ့တာဘာထိခိုက်လို့လဲလို့ပြန်ပြောတော့အဲဒိစစ်ဗိုလ်ကကားပေါ်ကနေဆင်းပြီးလမ်းပြပုလိပ်ကိုခေါ်ပြီးဖမ်းခိုင်းပြီးမောင်းထွက်သွားတယ်ဘာမဟုတ်တဲ့ပြဿနာ
နဲ့ရဲက ကျွန်တော့်ကိုဖမ်းပါတယ် ဒါနဲ့ရဲကိုကျွန်တော်ကသူနဲ့ကျွန်တော်နဲ့ဘာဖြစ်လဲခင်ဗျားသိလားလို့မေးတော့မသိဘူးလို့ပြောပါတယ်ကဲဒါဆိုမသိပဲနဲ့ခင်ဗျားဘာနဲ့ဖမ်းမလဲမေးတော့အရာရှိတစ်ယောက်က
တိုင်တာမဖမ်းလို့မရဘူးလို့ပြောပြီးလိုင်စင်ကိုဖမ်းပါတယ်ချလန်ထဲတွင်မျင်းသေဖျတ်မှုနဲ့ဖမ်းပါတယ်။ ဖိုင်းကတော့ ၁၅၀၀ ဆောင်ရမှာပါ။ အမြန်ကြေးနဲ့ဆို ၂၅၀၀ ဆောင်ရမှာပါ။ ဒီနောက်ရက်တရက်မှာ
၈မိုင်ကုန်းမြင့်သာအပေါက်ဝနားကအိမ်တအိမ်ကကားထွက်ငှားပါတယ်အဲဒီမှာလမ်းပြပုလိပ်နှစ်ကောင်ရှိတယ်အိမ်ထဲကွေ့ဝင်တဲ့လမ်းကိုဝင်ရမလားမေးတော့ဝင်လို့ပြောပါတယ်ဒီအချိန်မှာစစ်တပ်မှာစီး
တဲ့ဖင်ကောက်လို့ခေါ်တဲ့ တိုယိုတာ ကားတစီးဝင်လာပါတယ် လမ်းပြပုလိပ်တယောက်ထွက်လာပြီးမိုးမွန်အောင်အဆဲခံရပါတယ်ကျွန်တော်လဲဘာမှပြန်မပြောရဲတော့ပဲ ပါဆင်ဂျာတင်ပြီး မောင်းထွက်ခဲ့ပါတယ်။
ဒီလိုပဲကျွန်တော်တို့ taxi driver တွေအနိုင်ကျင့်ခံနေရတဲ့ဘ၀ကနေလွတ်မြောက်ချင်ပါပြီ။
ဖိနှိပ်ခံရသူ တစ်ဦး
ပြည်တွင်းကမိတ်ဆွေများ သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာသုံးရင် သိထားသင့်တဲ့အချက်တစ်ချို့
မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။
keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)
ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။
မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။
ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက
Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။
ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ်ဆောင်နေသည့်လုပ်ငန်းတွေအားလုံး
ပြီးဆုံးသွားပြီးမိမိလုပ်ကိုင်နေသည်များကိုလဲမှတ်ထားတော့မည်မဟုတ်တော့ပါ။ (ဆက်ဖတ်ရန်)
Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုခြင်းကိုမသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၄င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။
အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင်အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂ်ျမှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။ ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။
ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့တာမွေမြို့နယ်ကျောက်မြောင်းအရပ်တွင်ရှိသောအင်တာနက်ဆိုင်တစ်ဆိုင်တွင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့်အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်းအရရှောင်လွှဲလို့ရနိုင်တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။ မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကို ပြောပြရင်းး သူတို့ရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူ ပြုကြပါလို့လည်း မေတ္တာရပ်ခံအပ်ပါသည်။
၆၁ နှစ်ပြည့် လွတ်လပ်ရေးနေ့
Please click on photo to enlarge.
မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်
ယနေ့ မြန်မာ့ရေးရာ သတင်းများ Jan,4th,2009
သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်
( 1 )ဒုက္ခသည်တွေ လက်ခံရေး အစီအစဉ် အမေရိကန် လွှတ်တော်ကို အဆိုပြု
( 2 )Burma Sends 19 North Koreans to Thailand
( 3 )Walking boots
( 4 )မကွေးတိုင်း အဖွဲ့ချုပ်ဝင် ပြန်လည်ဖွဲ့စည်း တည်ထောင်ရေး ဆွေးနွေး
( 5 )National Day of Myanmar
( 6 )US expresses support in Burma anniversary message
( 7 )Myanmar to conduct first Russian language training for tourism
( 8 )Myanmar to conduct 1st pilot training course at home
( 9 )Doomed US-built wartime road finds new life
( 10 )UN Assembly Isn't Right Forum
( 11 )Human Rights Abuse in Myanmar?
( 12 )Defiant Myanmar junta marks independence day
( 13 )Myanmar junta condemns 'neocolonialist' threat to independence
( 14 )(၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ရေနံချောင်းမြို့နယ်တွင် ကျင်းပ
( 15 )Myanmar's opposition party says no hope for future of military
( 16 )၂၂၄ နှစ်မြှောက် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးနေ့ အခမ်းအနား နော်ဝေနိုင်ငံတွင် ကျင်းပ
( 17 )ရခိုင်အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနား ဒိန်းမတ်နိုင်တွင်လည်း ကျင်းပ
( 18 )ဒေါ်စုကို မိသားစု ဆရာဝန်နှင့် တွေ့ခွင့်ပြု ရှေ့နေနှင့် တွေ့ခွင့်မပေး
( 19 )၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူတွေ ဆန္ဒပြု
( 20 )Myanmar celebrates 61st anniversary of independence
( 21 )PM felicitates Myanmar counterpart on independence day
ရန်ကုန်မှ နှစ်သစ်ကူး မြေအောက်လှုပ်ရှားမှု ဓါတ်ပုံတစ်ချို့
NLD (ရန်ကုန်) မှ ၂၀၀၉ ခုနှစ် ထုတ်ပြန်ကြေငြာချက်
Click on photo to enlarge
အကျဉ်းစံ ဓမ္မ၀ါဒီတို့၏ အနစ်နာခံ ပါရမီ
သံသရာသက်တမ်းနှင့် နှိုင်းယှဉ်လိုက်လျှင် လူ့ဘ၀သက်တမ်းဟူသည် ရေပွက်ပမာ ခဏတာမျှသာဖြစ်၏။ ထိုသို့ ခဏတာ လူ့ဘ၀ကိုပင် ရဖို့ရာ မနုဿတ္တဘာဝေါ ဒုလ္လဘောဆိုသည့် ဗုဒ္ဓဒေသနာတော်အရ လွန်စွာပင် ခက်ခဲလှ၏။ ထိုမျှရခဲလှသော လူ့ဘ၀၏ တိုတောင်းလှသော ကာလအတွင်းမှာပင် လူတို့သည် သောကကို ရင်ဝယ်ပိုက်ပြီး လူ့ဘ၀ကို ဖြတ်သန်းနေကြရသည်ဆိုပါက ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းသည် အဓိပ္ပာယ်ရှိတော့မည် မဟုတ်။
သို့သော် ယနေ့ အမိမြန်မာပြည်ရှိ လူသားများသည် လူရယ်လို့ စဖြစ်လာပြီဆိုကတည်းက လူသား၏ ရပိုင်ခွင့်၊ ရပ်တည်ရှင်သန်ပိုင်ခွင့်များကို ထိန်းချုပ်ခံနေရလေပြီ။ အာဏာမရှိသူ (၀ါ) မထိန်းချုပ်နိုင်သူသည် အာဏာရှိသူ (၀ါ) ထိန်းချုပ်နိုင်သူ၏ အလိုသို့ စေညွှန်ရာအတိုင်း လုပ်ဆောင်နေကြရ၏။( ဆက်ဖတ်ရန် ) ထားရာနေ စေရာသွား ဘ၀မှာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုသို့ လူအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့် လောကကြီး တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ လောကဟုဆိုရာ၌ လောက၏ သဘောသဘာဝကို ဆရာကြီးဦးရွှေအောင်က ဘ၀ အမြင်သစ် စာအုပ်မှာ ဖွင့်ဆိုရာတွင် - - - လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုလည်းရှိ၏။ လောကကို တည်ငြိမ်အောင်လုပ်သည့် တရားစုကို ဓမ္မဟု ခေါ်သည်။ လောကကို မတည်ငြိမ်အောင်လုပ်သည့် တရားစုကို အဓမ္မဟု ခေါ်သည်။
ထိုကြောင့် ဓမ္မနှင့် အဓမ္မသည် လောက၌ ထာဝစဉ်ဆန့်ကျင်ကြ၏။ အချင်းချင်း ဆန့်ကျင်နေသောကြောင့်ပင် လောကသည် ဖြစ်ပေါ်နေခြင်းဖြစ်၏။ သို့ဖြစ်လေရာ လောကဟူသည် ဓမ္မနှင့် အဓမ္မတို့ စစ်ခင်းရာ စစ်မြေပြင်ဖြစ်၏ - - - ဟု ဖွင့်ဆိုထား၏။် လောက၌ အဓမ္မ၀ါဒီများလွှမ်းမိုးနေသည့် ကာလသည် တုန်လှုပ်ချောက်ချားဖွယ်ရာများနှင့် ပြည့်နှက်နေသည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော်လည်း အနိစ္စသဘော (၀ါ) အပြောင်းအလဲဆိုသည့် သဘောတရားသည်လည်း အစဉ်အမြဲ ချဉ်းကပ်နီးစပ်နေလေ၏။ ယနေ့ကာလသည် အမိမြန်မာပြည်၌ ဓမ္မနှင့် အဓမ္မ၀ါဒီများ စီးချင်းထိုးရာ စစ်မြေပြင်သဖွယ် တစတစ ထင်ဟပ်ပေါ်လွင်လာခဲ့ပြီး ဖြစ်သည်။
စစ်အုပ်ချုပ်ရေး အာဏာယန္တရားဖြင့် တိုင်းသူပြည်သားများအား ထာဝစဉ် အနိုင်ကျင့်ဗိုလ်ကျနိုင်အောင် အစွမ်းကုန် ဖိနှိပ်ပြနေ၏။ ထေရ၀ါဒ ဗုဒ္ဓသာသနာကို မိခင်ဘာသာအဖြစ် ခေတ်အဆက်ဆက်က လွတ်လပ်စွာ ထွန်ကားတည်တံ့လာခဲ့ရာ အမိမြန်မာပြည်ရှိ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းတို့၏ မျက်မှောက်ကာလ အခြေအနေသည် အနိုင်ကျင့် ဗိုလ်ကျခံ၊ စိုးမိုးချယ်လှယ်ခံ၊ သင်းကွဲနှိပ်ကွပ်ခံအဖြစ် ရပ်တည်နေကြရသည်။ ဒါယကာအရေး သာသနာ့ဘေးကို ကျရောက်လာနေသည့် အန္တရာယ်မှ ဗုဒ္ဓအလိုတော်ကျ မေတ္တာဝါဒဖြင့် ကာကွယ်သည့် ဗုဒ္ဓကိုယ်စား တပည့်သား သမ္မုတိသံဃာများကို သတ်ဖြတ်ညှင်းဆဲ လူဝတ်လဲကာ ထောင်သွင်းအကျဉ်းချနေ၏။
သာသနာကိုချစ်၊ သာသနာကို မြတ်နိုးကာ သာသနာအဆုံးအမတွေကို တန်ဖိုးထားပြီး သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းထမ်းဆောင်နေကြသော သာသနာပြုပုဂ္ဂိုလ် ရဟန်းသာမဏေများအား သာသနာတော်ကို ဖျက်ဆီးသူ သာသနာတော်ကြီး၏ ရန်သူအဖြစ် စွပ်စွဲရှုတ်ချသည့်ပြင် စိတ်ကြိုက်ဥပဒေ၊ စိတ်ကြိုက်ပုဒ်မတွေကို အသုံးချပြီး ထောင်သွင်း အကျဉ်းချနေကြသည်။ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဟူသည့် ဒေသနာတော်နှင့်အညီ တပည့် ဒါယကာ၊ ဒါယိကာမတို့ အကျိုးစီးပွားအလို့ငှာ၊ ချမ်းသာစေကြောင်းအလို့ငှာ သရဏဂုံဆောက်တည်ကာ မေတ္တာပို့သ စီတန်းလှည့်လည်ကြသော ဗုဒ္ဓကိုယ်စား သမ္မူတိ သံဃာတော်များကို ရိုက်နှက်သတ်ဖြတ်ခြင်းသည် သံဃာတည်းဟူသော ရတနာထက် အာဏာတည်းဟူသော ရတနာကို ကိုးကွယ်ဆည်းကပ်မိကြခြင်းကြောင့် ဖြစ်ဧ။်။
ထိုအာဏာ (၀ါ) လုပ်ပိုင်ခွင့်တွေကို မက်မော တွယ်တာမိသောကြောင့်ပင် အဓမ္မ၀ါဒီသမားတို့သည် လောကကြီး တခုလုံးအား ခုတုံးလုပ်ကာ အသုံးချနေကြသည်။ ၄င်းတို့သည် ဘ၀ကို ကိုးကွယ်ရာအဖြစ်ဖြင့် ရှုမြင်ကာ ဖက်တွယ်ကိုးကွယ်နေကြ၏။ ထိုသို့ ဖက်တွယ်ကိုးကွယ်၍ အဓမ္မ၀ါဒများ ကျင့်သုံးပြီး ဗိုလ်ကျနှိပ်စက်သမှု ပြုနေကြသည့်အတွက် ၄င်းတို့၏ လူ့ဘ၀ကို ရလာရခြင်း ရောက်လာရခြင်း၏ ဘ၀အဓိပ္ပာယ် (၀ါ) လူ့သားတည်းဟူသော တန်းဖိုးကိုလည်း တပြိုင်တည်းမှာပင် စိုးစဉ်းမျှ မကျန်အောင် ကာယကံမြောက် ချေဖျက်ပြီးသား ဖြစ်နေစေ၏။ အမှန်အားဖြင့် လူသားတဦး၏ ဘ၀တန်ဖိုးကို ပုံဖော်ရာတွင် မိမိ၏ တခဏာတာ ရရှိရောက်ရှိလာသော လူ့ဘ၀ကို ကိုးကွယ်အရာအဖြစ်ဖြင့် ကိုးကွယ်ရမည်မဟုတ်၊ အသုံးချစရာအဖြစ်ဖြင့် အသုံးချရမည်ဖြစ်သည်။
အသုံးချစရာအဖြစ်ဖြင့် အသုံးပြုရာတွင်လည်း ငါတည်းဟူသော အတ္တအကျိုးစီပွားအတွက် ပဓာနမဟုတ်ဘဲ လောကတည်းဟူသော ပရအကျိုးစီးပွားအတွက်သာ ပဓာနဖြစ်စေရမည်ဖြစ်သည်။ သို့မှသာ လောကကြီး တည်ငြိမ်အေးချမ်းကာ သာယာဝပြောနေပေလိမ့်မည်။ များသောအားဖြင့် လောက၌ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါပင် ဖြစ်စေကာမူ မိမိတို့၏ ဘ၀ကို တည်ငြိမ်အေးချမ်း စေချင်ကြသည်ချည်း ဖြစ်၏။ သို့မှသာ ရှင်သန်ရာ လူ့ဘ၀သည်လည်း တန်းဖိုးရှိရှိ ဖြတ်သန်းနိုင်မည်ဖြစ်သည်။ လူဖြစ်ရကျိုးလည်း နပ်ပေလိမ့်မည်။ ဗုဒ္ဓ၏ အဆုံးအမတော်အရ လူ့ဘ၀၏ အနှစ်သာရသည် ကောင်းကောင်းဝတ်၊ ကောင်းကောင်းစား၊ ကောင်းကောင်းနေရခြင်းတို့ မဟုတ်။ ငြိမ်းချမ်းစွာ နေထိုင်ရခြင်းသာ ဖြစ်၏။ ရှေးပညာရှိ သူတော်ကောင်းတို့သည်လည်း လောကီဓမ္မ၊ လောကုတ္တရာဓမ္မတို့၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေထိုင်ခြင်းဖြင့် လူ့ဘ၀၏ အနှစ်သာရကို သက်သေပြခဲ့ကြသည်။ ငြိမ်းချမ်းသာယာမှုဖြင့် လူ့ဘ၀၏ အနှစ်သာရကို ပုံဖော်ရာ၌ လူပုဂ္ဂိုလ် သတ္တ၀ါဟူသည် ပဓာနမဟုတ်၊ ဓမ္မနှင့် အဓမ္မသည်သာ ပဓာနဖြစ်သည်။
ထိုကြောင့် မိမိနေထိုင်ရာ သက်ဆိုင်ရာ ပတ်ဝန်းကျင်လောက၌ အဓမ္မ မထွန်းကားရလေအောင် ဆောင်ရွက်ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ထိုတာဝန်အရ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ရာ၌ အနစ်နာခံမှုသည် အရေးကြီး၏။ အနစ်နာခံမှုရှိမှ အောင်မြင်မည်။ ယနေ့ အမိမြန်မာပြည်၌ အကျဉ်းကျခံ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများသည်လည်း အနစ်နာခံခြင်းဖြင့် တိုင်းပြည်အကျိုးကို သယ်ပိုးနေကြသည်။ အဓမ္မ၀ါဒီအပေါ် ဓမ္မ၀ါဒီများ ကြီးစိုးဖို့ရန် သန္နိဌာန်ဖြင့် အနစ်နာခံနေကြသည်။ ထိုသူတို့သည် ဗုဒ္ဓအလိုတော်ကျ မေတ္တာတည်းဟူသော လက်နက်ကို စွမ်းသထက်စွမ်းအောင် တစတစ ကျင့်ယူနေကြ၍ ဓမ္မ၀ါဒီ ပီသစွာ ရပ်တည်နေကြ၏။ မြတ်စွာဘုရားရှင်၏ ကျင့်ထုံးကို ကြည့်မည်ဆိုပါလျှင်လည်း သုစရိုက်သည် အနစ်နာခံခြင်းသဘောကို ဆောင်၍ ပုညကိရိယသည် သူတပါး အကျိုးဆောင်ခြင်း သဘောကို သက်ရောက်၏။
ထို့ကြောင့် မြတ်စွာဘုရား၏ အလိုတော်ကျ လူသားတိုင်းတွင် အနစ်နာခံဖို့ တာဝန်ရှိ၏။ သူတပါးအကျိုးကို ဆောင်ရွက်ဖို့ တာဝန်လည်း ရှိသည်။ ထိုနှစ်မျိုးကို မိမိတို့ စွမ်းနိုင်သမျှ ဆောင်ရွက်မှသာလျှင် လောက၌ ဓမ္မကြီးစိုး၍ လောကကြီး ငြိမ်းချမ်းသာယာ ၀ပြောမည် ဖြစ်သည်။ အတ္တ၌ ဓမ္မကြီးစိုးခြင်း အခြေခံသည် လောက(၀ါ) ပရတွင် ဓမ္မကြီးစိုးမှုအား ကျေးဇူးပြု၏။ အတ္တ၏ ဓမ္မကြီးစိုးခြင်းဟူသည်မှာ မိမိ၏ ကိုယ်ကျင့်သိက္ခာကို စည်းစိမ် ဥစ္စာတို့နှင့်၎င်း၊ ရာထူးဌာနန္တရတို့နှင့်၎င်း၊ ဂုဏ်ပကာသနတို့နှင့်၎င်း မလဲခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဒေသနာတော်အရ ဘုရားအလောင်းတော် ဘ၀များကိုကြည့်လျှင် အံချီးဖွယ်များနှင့် အတုယူဖွယ်ရာများစွာ တွေ့ရ၏။
လောကအပေါ် အဓမ္မ မထွန်းကားနိုင်ရေးအတွက် အနစ်နာခံပြီး ဆောင်ရွက်တော်မူသော ဘုရားအလောင်းသည် ငရဲလည်း ကျခဲ့၏၊ ဆင်လည်း ဖြစ်ခဲ့၏၊ နဂါးလည်း ဖြစ်ခဲ့၏၊ သို့ရာတွင် ထိုသို့ ကျူးလွန်ရာ၌ ဘုရားအလောင်းသည် လောက၌ ဓမ္မအပေါ် အဓမ္မက မလွှမ်းမိုးရလေအောင် မိမိကိုယ်ကို အနစ်နာခံပြီး ဆောင်ရွက်ခြင်းဖြစ်၏။ ဤသည်မှာ လောကသားတို့ တာဝန်ဖြစ်သည်။ ထိုတာဝန်ကို လောကသားတို့အနေဖြင့် မရှောင်လွဲအပ်။ မရှောင်လွဲအပ်သဖြင့် ထိုတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လေသောကြောင့် ဘုရားအလောင်းသည် ဖြစ်လေရာ ဘ၀တို့၌ အထက်တန်းက အဖြစ်များ၏။ ငှက်ဖြစ်လျှင်လည်း ငှက်မင်း၊ ငှက်ပရောဟိတ်။ အခြားသော ဘ၀တို့၌လည်း ထိုနည်းတူ အထက်တန်းက အဖြစ်များ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားလောင်းသည် မိမိ၏ ဘ၀ကို စတေးပြီး ဓမ္မဘက်က ရပ်တည်ခဲ့သောကြောင့် ဖြစ်၏။
 ထို့ကြောင့် ဘုရားလောင်း၏ ထုံးကို နှလုံးမူ၍ လောက၌ ဓမ္မထွန်းကားပြီး အဓမ္မ ကွယ်ပျောက်ရလေအောင် မတတ်သာလျှင် မိမိတို့၏ ဘ၀ကို စတေးပြီး ဆောင်ရွက်ဖို့လိုပါသည်။ တာဝန်ဟူသည် ရှောင်၍ မရကောင်း။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ရာ၌ အနစ်နာခံနိုင်ခြင်းသည်ပင် ပါရမီ မည်ပါ၏။ ပါရမီဟူသည်လည်း အဟောသိကံ ဖြစ်ရိုးမရှိ။ ကမ္မနိယာမ အရဆိုလျှင် နိဗ္ဗာန်တိုင်အောင် အကျိုးပေးမည်ဖြစ်၏။
(အကျဉ်းကျခံ သံဃခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းစံနေရသည့် ဓမ္မ၀ါဒီများအတွက် လေ့လာမိသမျှ ဓမ္မစာအုပ် စာပေတချို့မှ ကိုးကားကာ ဂုဏ်ပြုရေးဖွဲ့ပါသည်။)
UNLD(LA) ၏ ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ထုတ်ပြန်ချက်
Voice of Burma , Issue No. 691
You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.