Thursday, January 8, 2009

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ

ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ

ဗိုလ်ချုပ်အောင်ဆန်း - ရေးသည်

(ဤဆောင်းပါးမှာ ဂျပန်ခေတ် ၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ပါရှိသော ဆောင်းပါးဖြစ်သည်)

၁၉၃၈-ခု၊ အောက်တိုဘာလတွင် တို့ဗမာ အစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်းခဲ့၏။ ဥပဒေ တန်း၌ စခန်းကုန်သင်ရန် ကိစ္စကို၎င်း၊ ကျွန်ုပ်၏ ရှေ့အလားအလာများကို၎င်း တပါတည်း အပြီး သတ် စွန့်လွှတ်ကာ ကျွန်ုပ်သည် သြဂုတ်လအတွင်း နှစ်ဝက် ကျောင်းပိတ်ရက် ရသည့်အခါမှ စ၍ တက္ကသိုလ် ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူနစ်အရေး ပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲဖြစ်ရမည့် အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း ထင်းကနဲ ပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉ ၃၉-၄ဝ ခုလောက်၌ ကမ္ဘာစစ် ဖြစ်မည့်အရေးကို ကျွန်ုပ်တို့တစ်စု တွက်ဆပြီးဖြစ်၏။ ထိုအချိန် လောက်တွင် လက်နက်ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးမည် ဖြစ်သော ကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြ မည်ကို ကျွန်ုပ်တို့ လူစုမတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆိုဆွေးနွေးကြ၏။ အပြည့်အစုံ >>

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.