Saturday, November 29, 2008

[ဇောင်း] 1 New Entry: ကြွေချိန်မတန်သော ကြယ်များ

ကြွေချိန်မတန်သော ကြယ်များ

ငယ်ငယ်တုန်းက ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ပြီး အားကျ သဘောကျခဲ့တယ်...။ လမင်းကြီးကို တောက်ပအောင် အဖော်ရအောင် တစ်ခါတစ်လေ လမင်းကြီးမရှိတဲ့ အချိန်တွေမှာဆိုရင် ကြယ်လေးတွေက လမင်းကြီးကိုယ်စား ထွက်ထွက်လာကြတယ်..။ လှလိုက်တာ သူတို့ရဲ့ ဂုဏ်ရောင်တွေ စွမ်းအားတွေပေါ့...။ ဒီလိုကြယ်လေးတွေကို အားကျနေခိုက် ဖြုတ်ဆို ကြွေကျလာတဲ့ ကြယ်ကလေးကို မြင်တော့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားလိုက်ရတယ်..။ တစ်ကယ်ဆိုရင် ကြယ်လေးတွေက လောကကြီးကို အကျိုးပြုနေတဲ့ ကြယ်ပါ လမင်းကြီးကို လည်း တောက်ပအောင် စွမ်းဆောင်ပေးနေကြတာလေ..။ အချိန်မတိုင်ပဲ အကြွေစောခဲ့ရတဲ့ ကြယ်လေးတွေကို ဘယ်လိုတားပေးရပါ့မလဲလေ.... ငါ့ကိုယ်ငါနတ်သား ဖြစ်နေရင်တောင် ဒီကြယ်စင်တွေကို ငါကယ်နိုင်ပါ့မလား.... ။ ကြယ်တွေသာ ကြွေသွားပေမဲ့ ကြယ်လေးတွေရဲ့ အလင်းဟာ ရင်ထဲမှာထာဝရပါ.... ကြယ်တွေကို ကြွေအောင် ဆုတောင်းပေးနေတဲ့ နတ်ဆိုးကတော့ ပျော်နေမှာပါ ပျော်နေပေမဲ့ အဲ့ဒီပျော်ရွှင်ခြင်းက အမဲရောင်ပျော်ရွှင်ခြင်းပေါ့...............

တန်းဖိုးရှိသော အရာကို

စွန့်လွတ်လိုက်ရခြင်းဟာ

အနာဂတ်ရဲ့ နစ်နာမှုတစ်ခု

{ဇောင်း}


You received this email because you are subscribed to the real_time feed for http://www.zaung.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.