Monday, October 20, 2008

[ko htike's prosaic collection] 3 New Entries: Another Bomb Explosion

Another Bomb Explosion

Last night (18th Oct 2008) around 7pm, there was a bomb explosion in Bout Thaw Military Record Center, Yangon. There is no further reported information about deads or injuries.

စင်္ကာပူမှာ ဆေးကုသခွင့် ငြင်းပယ်ခံလိုက်ရတဲ့၊ မြန်မာစစ်အာဏာရှင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

မြန်မာစစ်ဆရာဝန်တွေကို၊ အယုံအကြည်မရှိဆိုတဲ့၊ အကြောင်းပြချက်နဲ့၊ အူကင်ဆာရောဂါဖြစ်နေတဲ့၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာ၊ စင်္ကာပူနိုင်ငံမှာ၊ ဆေးရုံတက်ကုသရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။

သူ့ရဲ့လုံခြုံရေးအတွက်၊ ဆေးရုံတက်စဉ်၊ သူနေထိုင်မဲ့အခန်းရှိ၊ အထပ်တခုလုံးအား၊ စင်္ကာပူမှလုံခြုံရေး တာဝန်ယူ ပေးရန်နှင့် စင်္ကာပူအစိုးရ၏ ဧည့်သည်တော်အဖြစ်၊ ဖိတ်ကြားပေးရန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှစင်္ကာပူအစိုးရထံ တင်ပြတောင်းခံခဲ့ကြောင်း ကြားသိရပါတယ်။

ဒီလိုတောင်းဆိုချက်တွေထဲက၊ စင်္ကာပူအစိုးရဘက်က၊ သည်းမခံနိုင်တဲ့ တောင်းဆိုချက်ကတော့၊ သူ့ရဲ့ရောဂါပျောက်ကင်းမှုကို၊ ဆေးရုံမှ အာမခံရမယ်ဆိုတဲ့အချက်ပါဘဲ။

ဒီလို မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကိုသည်း မခံနိုင်တဲ့အဆုံးမှာတော့၊ စင်္ကာပူတာဝန်ရှိပုဂ္ဂိုလ်များမှ၊ "ဒီလိုရောဂါမျိုးဟာ၊ စင်္ကာပူထက်၊ UK နိုင်ငံမှာကုသတာဟာ၊ ပိုမိုသင့်လျှော်ပြီး၊ အာမခံချက်ပိုရှိလို့၊ အဲဒီကိုဘဲသွားရန်အကြံပြုပါတယ်။" ဆိုတဲ့အကြောင်းပြချက်နဲ့၊ ငြင်းပယ်ခံရတာကြောင့် စင်္ကာပူခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာလို့ နေပြည်တော်စစ်ရုံးချုပ်အသိုင်းအ၀ိုင်းမှ သတင်းများထွက်ပေါ်လျှက်ရှိပါတယ်။

(ထိုင်းနှင့် တရုတ်နိုင်ငံ တနေရာရာမှာ ဆေးကုသခွင့်အတွက် မြန်မာနိုင်ငံရှိ သံရုံးများမှတဆင့်စီစဉ်ဆောင်ရွက်နေတယ်လို့ ယုံကြည်ယူဆရပါတယ်။)

သူရဲကောင်း။

HOSPITAL ADMISSION WAS REFUSED FOR SR.GEN.THAN SHWE
IN SINGAPORE.

It was arranged to get medical treatment in Singapore for Sr.Gen.Than Shwe intestine cancer as Burmese Military doctors were not trusted. So many demands for security arrangement were asked by Burmese Authority that responsible party in Singapore finally frustrated. Sr.Gen.Than Shwe tries to persuade Singapore Government to invite him for State visit through Ministry of Foreign Affair but turn down by Singapore Government.

One more shameful thing is that Sr.Gen.Than Shwe team ask for recovering guarantee from Singapore hospital and finally Singapore side advise them to get better and sure treatment in UK. It is a relief for Singapore hospital that they can finally sort out the problem by stupidity of patient own fault. Sr.Gen.Than Shwe medical treatment is presently postpone as they found nowhere to go. All was learnt from Sr.Gen.Than Shwe's inner circle grapevine. (It was said among them in Nay-Pyi-Taw inner circle that Sr.Gen.Than Shwe is seeking for another suitable country to accept him and give him a medical treatment. Probably China, Thailand or any other if not accepted in Singapore.)

Reported by Thu Ye Kaung.

နိုင်ငံရေးကို အဓိပ္ပါယ် သတ်မှတ်ကြည့်ခြင်း

"နိုင်ငံရေး" ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာနိုင်ငံက လူမျိုးပေါင်းစုံရဲ့ နားထဲမှာ ကြောက်စရာ လန့်စရာ စကားလုံး တစ်ခုကို ကြားလိုက်သလို ဖြစ်ဖြစ်သွားတတ်ကြတာကို မြင်နေရတာ ကြာပါပြီ။ မြန်မာနိုင်ငံက လူတွေထဲမှာ နိုင်ငံရေး ဆိုတာ ဘာလဲ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို သေချာ သဘောပေါက်သူက သာမန်လူတန်းစားက အရမ်းရှားနေပါတယ်။

အမြဲလိုလို ကြားနေရတတ်တာကတော့ "နိုင်ငံရေး မလုပ်နဲ့ အန္တာရယ်များတယ်" တဲ့။ အဲဒီ စကားစုက မှန်သင့်သလောက် မှန်အောင် နအဖက ခြိမ်းခြောက်လုပ်ပြထားတော့ "နေသည် အရှေ့က ထွက်သည်။" ဆိုတဲ့ အမြဲမှန်တဲ့ စကားလုံးလောက် ဖြစ်အောင် လူအချို့ရင်ထဲမှာ ထင်နေကြပါပြီ။

"နိုင်ငံရေးသမားတွေနဲ့ ကြည့်ပေါင်းနော်" တဲ့။ နောက်ထပ် ကြားနေရတဲ့ စကားလုံး။ နိုင်ငံရေး သမားဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပါယ်တောင် သေချာ တွေးမနေတော့ဘူး။ ကြည့်ပေါင်းနော် ဆိုတဲ့ ခွဲခြားဆက်ဆံမှုက နောက်က ကပ်ပါလာနေပြန်ပါတယ်။

"နိုင်ငံရေး = ကြောက်စရာ ကောင်းသော အလုပ်၊ နိုင်ငံရေးသမားများ = ကြောက်စရာကောင်းသော သူများ"လို့ အဓိပ္ပါယ် အလိုလို ထွက်လာနေပါတယ်။ အဲဒီ အချက်တွေက နေ့စဉ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားနေရသော အသံများသာ ဖြစ်ပါတယ်။ ကဲဗျာ နိုင်ငံရေး ဆိုတာ ဘာလဲ ဆိုတာလေး ပြန်ကြည့်ကြရအောင်။

ဗိုလ်ချုပ်အောင်ဆန်းက ဒီလို ပြောခဲ့ဖူးပါတယ်။
"နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့်အမြဲတစေ ဆက်သွယ်နေ၏"

အင်္ဂလိပ်လို politic ဆိုတဲ့ စကားလုံးကို နိုင်ငံရေးလို့ ဘာသာ ပြန်လိုက်တာလား၊ နိုင်ငံရေးဆိုတဲ့ စကားလုံးကို အင်္ဂလိပ်စကား politic နဲ့ ထပ်တူပြုလိုက်တာလားဆိုတာတော့ ကျွန်တော် သေချာ မသိပေမယ့် Politic ဆိုတဲ့ အင်္ဂလိပ်စကားလုံးက မြန်မာစကားလုံး နိုင်ငံရေး ဆိုတာထက် ပိုကျယ်ပြန့်တာကို တွေ့ရတတ်ပါတယ်။ မြန်မာစကားလုံးမှာတော့ နိုင်ငံအရေးလို့ ဆိုလိုချင်ပုံရပါတယ်။

Politics is the process by which groups of people make decisions. The term is generally applied to behavior within civil governments, but politics has been observed in all human group interactions, including corporate, academic, and religious institutions.

(နိုင်ငံရေးဆိုသည်မှာ လူတစ်စုက ဆုံးဖြတ်လုပ်ကိုင်ရလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ အဲဒီ အသုံးအနှုံးက ယျေဘုံယ အားဖြင့် လူထု အစိုးရမှာ သုံးလေ့သုံးထ ရှိတဲ့ စကားလုံးဖြစ်ပါသည်။ သို့သော် အခြား စီးပွားရေး လုပ်ငန်းစုကြီးများ၊ ပညာတတ် လူတန်းစားများ၊ ဘာသာရေး အသင်းအဖွဲ့များ စတဲ့ လူမှု အဖွဲ့အစည်းတွေမှာလည်း သုံးကြပါတယ်။)

အဲဒါကတော့ wikipedia မှာ တွေ့တဲ့ politic ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါတယ်။ မြန်မာတွေမှာတော့ သံဃာတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ စကားလုံးတောင် တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ကြားနေရချိန်မှာ အင်္ဂလိပ်လို politic မှာတော့ ဘာသာရေးမှာပါ Politic ဆိုတဲ့ စကားလုံးကို သုံးတယ်လို့ အတိအကျ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ ကြီးကြီးကျယ်ကျယ် စကားလုံးတွေ၊ ဟိုလူပြောဒီလူပြော စကားတွေကို ကိုးကားပြီး ပြောနေပြန်ပြီလို့ ယူဆလည်း ခံရမှာပါပဲ။

ဒါဆို ကျွန်တော် ခံစားမိတာနဲ့ ကျွန်တော် သိတဲ့ နိုင်ငံရေး ဆိုတာကို ပြောရမယ် ဆိုရင်၊ "နိုင်ငံရေးဆိုသည်မှာ နိုင်ငံတနိုင်ငံအတွင်း တိုးတတ်သော လူဘောင် အဖွဲ့ အစည်းအဖြစ်ကို တည်ထောင်ရန် ပြုမူ လုပ်ဆောင်ရသော လုပ်ငန်းစဉ်" လို့ ကျွန်တော်က အဓိပ္ပါယ် ဖွင့်ဆိုခြင်ပါတယ်။

ဘာသာရေး ခေါင်းဆောင်ကလည်း တိုးတတ်တဲ့ လူ့ဘောင် အဖွဲ့အစည်း တစ်ခုကို တည်ထောင်ဖို့ တာဝန်ရှိသလို၊ ပါတီခေါင်းဆောင်မှာလည်း တာဝန်ရှိပါတယ်။ သာမန် ပြည်သူလူထု တစ်ဦးခြင်းဆီမှာလည်း တာဝန်ရှိပါတယ်။

ကဲ .. အခု မင်းတို့ လုပ်နေတဲ့ အလုပ်တွေကရော ဘာတွေလဲ၊ နိုင်ငံရေး မဟုတ်ဘူးလားလို့ မေးလာစရာ ရှိပါတယ်။ ဟုတ်ကဲ့ .. ကျွန်တော်တို့ မြန်မာ့ လူဘောင် အဖွဲ့ အစည်းမှာ နိုင်ငံရေးသမားလို့ ခေါ်လို့ရတဲ့ လူ အတော့်ကို နည်းပါတယ်။ (ကျွန်တော် ကိုယ်တိုင်လည်း နိုင်ငံရေး သမားအဆင့် မဟုတ်ပါ။ ။စကားချပ်)

များသောအားဖြင့် တော်လှန်ရေးသမား (သို့) အာဏာရှင် စနစ်ကို ဆန့်ကျင်သူအဆင့်ပါ။ ဘာလို့ ဒီလို ပြောလို့ရသလဲ ဆိုတော့ မြန်မာ့အရေး ကိစ္စမှာ နိုင်ငံရေး ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရသေးတဲ့ အချိန် ဖြစ်နေလို့ပါ။ အာဏာရှင်စနစ် ဖြစ်နေလို့ပါပဲ။

အဖွဲ့အစည်းတစ်ခုကနေ တိုင်းပြည်ကို အုပ်ချုပ်တဲ့ လုက်ငန်း လုပ်တာကို နိုင်ငံရေးလို့ သတ်မှတ်ရင်တော့ နအဖ(စစ်တပ်) က နိုင်ငံရေး လုပ်နေတာပါ။ ဒါဆို လူတွေပြောလေ့ရှိတဲ့ စကားနဲ့ ပြောရရင် "နိုင်ငံရေး လုပ်စားနေတယ်" ဆိုတာ စစ်တပ်က စစ်ဗိုလ်တွေကို တိုက်ရိုက် ရည်ညွန်းတယ်လို့ ကျွန်တော်က သတ်မှတ်ပါတယ်။ သူတို့ကသာ နိုင်ငံရေးကို လုပ်စားနေသော ရွံစရာ လူတန်းစား တရပ် ဖြစ်နေတာကို တွေ့ရမှာပါ။

ကျွန်တော်တို့ တော်တော်များများ လူတွေကတော့ တိုင်းပြည်အကြောင်း ပြောကြ၊ ဆွေးနွေးကြ၊ ဒီထက်ပိုလာရင် ဆန္ဒပြကြ၊ တောင်းဆိုကြ အဲဒီလောက်ပါပဲ။ ဒီထက် ထပ်ပိုလာရင်တော့ နအဖ(အာဏာရှင်စနစ်) ဆန့်ကျင်ရေး အလုပ်တွေကို တစိုက်တမက်မက် လုပ်ကြတာပါပဲ။

ယခုလက်ရှိ မြန်မာ့ အသိုးအဝိုင်းမှာ တချို့သော လူတန်းစားတွေက အဲဒီအလုပ်တွေ လုပ်တဲ့ လူတွေနဲ့ မပေါင်းနဲ့ (နိုင်ငံရေး သမားတွေနဲ့ မပေါင်းနဲ့၊ နိုင်ငံရေး မလုပ်နဲ့၊ နိုင်ငံရေး မပါဘူး) လို့ ပြောနေတာဟာ .. အနှစ်သာရပိုင်းကို ပြန်ကြည့်ရင် အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော သူများကို မပေါင်းနဲ့၊ တိုးတတ်သော လူ့ဘောင်အဖွဲ့အစည်း တည်ထောင်သူများကို မပေါင်းနဲ့၊ အာဏာရှင် စနစ်ဆန့်ကျင်ရေး မပါဘူး၊ လူ့ ပတ်ဝန်းကျင်ကို တိုးတတ်အောင် မလုပ်ဘူး လို့ ခါးခါးသီးသီး ငြင်းဆန်နေသော လူများလို့သာ မြင်ပါတယ်။ တနည်းအားဖြင့် .. အာဏာရှင် စနစ်ကို လက်ခံသူ၊ လူ့အဖွဲ့အစည်းကို အကျိုးမပြုသူများလို့တောင် ခေါ်ဆိုရမလို ဖြစ်နေပါတယ်။

ကဲ ကျွန်တော်တို့ တိုးတတ်အောင်မြင်သော မြန်မာ့ လူ့ အဖွဲ့အစည်းကို တည်ထောင်ဖို့ ....... အာဏာရှင်စနစ်ကို ဆန့်ကျင်ကြမလား သို့မဟုတ် ယခု သုံးနေသောစကား နိုင်ငံရေးလုပ်မလား ...... ကျဉ်းမြောင်းသော နိုင်ငံရေး လုပ်စားသူ နအဖ စစ်ဗိုလ် တချို့ကိုထောက်ခံမလား သို့မဟုတ် ယခု သုံးနေသောစကား .. ငါတို့က နိုင်ငံရေး မလုပ်ဘူး၊ နိုင်ငံရေး မပါဘူး .. လို့ ကိုယ့်ဘာသာ သတ်မှတ်မလားဆိုတာကတော့ သေချာ စဉ်းစားရယ့် အချက်တွေ ဖြစ်ပါကြောင်း .. ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.