Monday, October 20, 2008

[Maung Myo's Heartfelt] 1 New Entry: ရေကြောင်းစစ်ဆင်ရေး

ရေကြောင်းစစ်ဆင်ရေး


"ရဲဘော်တို့  ...ခပ် အရှေ့မှာ ရန်သူတွေစိပ်ထွက်လာပြီးး "
ခပ်တယ် သွန်တယ် သုတ်တယ်း) အဲ့တာ စစ်ပွဲဖြစ်နေတာမဟုတ်ပါဘူးခင်ဗျာ
ရေပုံး ရေခွက် ဂေါ်ပြား ရှိသမျှအိမ်က အ၀တ်စုတ်တွေ နဲ့  အိမ်တွင်းရေကြောင်းစစ်ဆင်ရေးဖြစ်နေတာပါ ဖြစ်ပုံက ဂလို ဂလို...........။

ဆောင်းဝင်တော့ အေးလာပြီး မနက်လေးနာရီကျော်ကျော် တစ်ရေးနိုးတော့ အိပ်ရေးကသိပ်မဆော့ဘူးလေ စောင်က ပြုတ်ကျနေတော့ ခြေထောက်နဲ့ စမ်းပြီးယူလိုက်တာ စောင်ကရေတွေစိုနေတယ် ဟမ်း ဘယ်လိုဖြစ်တာပါလိမ့် ငါများ သူငယ်ပြန်ပြီးရှူးပေါက်ထည့်မိတာလား လန့်သွားတာပဲ ဒီလောက်စိုစရာအကြောင်းလည်းမရှိပါဘူး ဘယ်လိုဖြစ်တာလဲဆိုပြီး အောက်ကိုစမ်းကြည့်တော့ ရေတွေ။ အိပ်မက် မက်ပြီး မေခလာနတ်သမီးနဲ့  ပျော်နေတာထင်တယ် ။ အိပ်မက်လည်းမဟုတ်ပါဘူး ဘာများလွဲလည်းဆိုပြီးး မီးဖွင့်ကြည့်တော့ အားပါးပါးရေတွေ ခြေမျက်စိထိရောက်နေပါလား ဘယ်လိုဖြစ်တာပါလိမ့် ၂ ထပ်ထိရေတက်တယ်ဆိုတော့ ဆူနာမီများလားလို့  လန့် သွားတာပဲ ညကရေချိုးပြီး ဘယ်သူရေမပိတ်လည်းမသိဘူး ရေသံလည်းကြားနေရတယ်ဆိုတော့ အိမ်ပေါ်ကိုပြေးအတက်...
"ဘိုင်း " "အု...အမေ့" သေပါပြီးဗျာ သေပါပြီး ကြမ်းကလည်းချော ရေကလည်းများတော့ ဖင်ထိုင်လျှက်လဲကျတာကျိုးကုန်းပါပြီးး...........။

အပေါ်ထပ်ကိုပြေးတက်ပြီး ဘယ်ကကျတာလည်းမသိလိုက်ရှာလည်းမတွေ့  အိမ်မှာကလည်း ယောက်ျားကရှားတယ် ကိုရွှေဗလ တို့ကတော့ ပင်ပန်းအုံးတော့မယ် မြင်ယောင်သေးတယ်း( ။ အိမ်ကလူတွေကို လိုက်နှိုး ဘယ်ကရေတွေ ကျလာတာလည်းမသိဘူး သူတို့ လည်းလိုက်ရှာ တွေ့ ပါပြီး ဟိုးး ၄ ထပ်က ရေပိုက်ကပျက်နေပြီးရေတွေ ကျနေတာ ဘယ်အချိန်ထဲကလည်းမသိ တစ်ညလုံးဆိုတော့ လျှံကျပြီးရေတွေ အောက်ထိ ဆင်းနေတာ ရေတံခွန်သေးသေးလေးကျနေတာပဲ ( သူဌေးအမေ)အဖွားကလည်း တုံချိချိနဲ့  မသွားပါနဲ့ ဆို ကြည့်ချင်တယ်ဆိုပြီး ရေချိုးခန်းကို သွားတာ "ဘိုင်း " လဲပြန်ပြီးတစ်ယောက် အခုမှပဲကြုံဖူးတော့တယ် အိမ်ပေါ်မှာရေကြီးနေတာ သူလည်း အီစိမ့်သွားတယ်ထင်တယ် ရှုံမဲ့ပြီး အခန်းထဲပြန်ဝင်သွားရတယ်။

ရေပိတ်မရတော့ နောက်ဆုံး ရေပိုက်နဲ့ ဆက်ထားတဲ့ မီးကြိုးတွေအားလုံးဖြုတ်လိုက်မှပဲရတော့တယ် ရေတွေ သုတ်ရတော့မှာပေါ့ စိတ်ညစ်လိုက်တာ မနက်စောစောစီးစီး အိပ်လို့ ကောင်းရမယ့် အချိန်မှာ သီချင်းသာ အော်ဆိုပစ်လိုက်ချင်တော့တယ် "ရေဇလာ မြသားပြင် အလယ်မှာကွယ် ဒီကောင်လေးစိတ်ညစ်နေပါတယ် " အိမ်ကလည်းကျယ် ဒီကခပ်လိုက် ဟိုကကျလိုက် အိမ်ကလူကုန် ၇ ယောက် ရေကြောင်းစစ်ဆင်ရေး ကို မနက်လေးနာရီက စခင်းလိုက်တာ ရှစ်နာရီကျော်မှပဲ ပြီးတော့တယ် ခြေထောက်တွေလည်းပဲကြီးခွံလိုက် တစ်ယောက်ပြီးတစ်ယောက် တစ်ဘိုင်းဘိုင်းနဲ့  လဲကျနေတာ ရယ်ရမလိုလို ငိုရမလိုလိုနဲ့း)

အခုတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ပွဲကျင်းပနေတယ် လက်ရောင်တဲ့သူ ၊ထော့နဲ့ နဲ့ ဖြစ်တဲ့သူ အဖွားကတော့ ဒီမနက်မှ လက်ကရောင်လာတော့ ဆေးခန်းပါရောက်တယ် ကျနော်ကလည်း ဖင်နောက်ရိုးနာနေတာထိုင်ရင်းနဲ့ ပါနာတယ် ဘယ်လိုလုပ်ရမလဲမသိ ဆြာဝန်မ ချောချောလေးဆီမှာ ဓာတ်မှန်သွားရိုက်ရင်ကောင်းမလားလို့  ဟဲဟဲ ( ဟိဟိ လို့ မရယ်တော့ဘူးနော် ဖြစ်တယ်ဟုတ် )။ကျနော်ဆိုတဲ့ကောင်ကတော့လေ လွဲချင်ရင် သွားကြားထိုးရင်တောင် အာခေါင်ထိုးမလားမသိ စိတ်ပျက်စရာ။

အသစ်မတင်ဘူးလားမေးနေကြလို့  ရေသုတ်နေရင်းနဲ့  ဒီအကြောင်းလေးရေးမယ်စဉ်းစားမိလို့  တင်လိုက်တာပါခင်ဗျာ စိတ်ညစ်နေပေမယ့်လည်း ရယ်စေချင်လို့ ကြိုးစားရေးလိုက်ပါတယ် ပျော်ပျော်ပါးပါးရယ်နိုင်ကြပါစေ :P





You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.