Monday, November 17, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 2 New Entries: မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

ငါ့နှလုံးသားက
ခွဲထုတ်လင်းလတ်ချင်တာ
တိမ်မျှင်ပါးပါးလေးတစ်စ...
မြို့ရိုးတွေ ကျိုးပျက်
နန်းတော်ကြီး ပြိုလဲသွားတော့
ငါ့သွေးတွေလည်ပတ်ဖို့
ငါ့ရင်ထဲက
ဓါးတစ်စင်းက
တလတ်လတ် ၀င်းပရတော့မှာ...
ဒီတစ်ခါရှုံးပေမဲ့
ငါ့နှုတ်ခမ်းမှာ
ဓါးကွေးတစ်စင်းကို
ထက်ရှရှလေး တင်ထားလိုက်တယ်...

စူးရှတဲ့ မျက်ဝန်း အစုံမှာ
ယုံကြည်ချက်မြှားတစ်စင်းက
မီးတောက်တွေ တ၀င်းဝင်းနှင့်...
ဓါးဆိုတာ
ဓါးအိမ်ထဲ ထားရုံနှင့်
တုံးသွားရိုး ထုံးစံမရှိဘူး...

ငါ့စိတ်ဓါတ်တွေ မသုန်းသမျှ
ငါ့ မြို့ရိုး မကျဆုံးဘူး...
ငါလွတ်ကျခဲ့တဲ့
အဲဒီ မြို့တော်ထဲမှာပဲ
အမှန်တရားကို
ပြန်ကောက်ပစ်မယ်...
ငါ့နှလုံးသွေးတွေနှင့်
ငါ့မြို့ရိုး အသစ်ကို
ကြံခိုင်စေမယ်...
ငါ မျှော်လင့်တဲ့
သစ္စာတွေလင်းတဲ့ မြို့တော်ကို
ငါ့ကိုယ်အနှံ့ကသွေးတွေနှင့်
အသက်သွင်းမယ်...
တိမ်ညိုတွေ ပြိုကျပြီး
ကောင်းကင်တစ်ခုလုံး
အလင်းဖြာမဲ့နေ့...
လင်း...ဖြာ...မှိုင်း...ရီ...နေ....မဲ့....
ငါ့ အာရုံအတက်မနက်ခင်းမှာ
ရွှင်းပ ၀င်းမြနေမဲ့...
မင်းတို့ရဲ့မျက်နှာ တွေနှင့်အတူ...
ဆူးမငြိမဲ့ မင်းတို့ရဲ့
ခြေဖ၀ါးတွေ
နင်းချစေဖို့....
ငါ့ နှလုံးသားတစ်စုံကို..
မြို့အ၀င်တံခါးဝမှာ...
ခင်း...ချ...လို့...ထား...လိုက်...မယ်...။

လေးစားစွာ ခံစားရေးဖွဲ့ပါသည်
(ဖိုးမောင် HappyCloud)

လေးစားစွာခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ဒီမှာ လာတင်ထားခွင့်ပြုလို့ ကျေးဇူးပါ ဖိုးမောင် ရေ..

အီလက်ထရွန်းနစ်ဥပဒေဆိုတာ..

electronic ပုဒ်မဆိုတာ...0 နဲ့ 1 ပဲပါတယ်
0 လဲ on တယ်
1 လဲ on တယ်

တဲ့ အဲလိုတစ်ယောက်ကကွန့်မန့်မှာပြောတယ်

ဒါဆို ဒီလိုလား
01100110A
10011001R
00110011N
11001100A
01100110R
10011001Y
00110011U
11001100U

ဟားဟားဟား မိုက်တယ်

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.