Saturday, December 27, 2008

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 1 New Entry: ချစ်သူ့ လက်ဆောင်

ချစ်သူ့ လက်ဆောင်

ငယ်ငယ်တုန်းက ကြားဖူးခဲ့ပြီး ခုထက်တိုင် ကြိုက်နေတဲ့ ၊ ကြိုက်နေဆဲ ဖြစ်တဲ့ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ သီချင်း တစ်ပုဒ်ပါ...။
မှတ်မှတ်ရရ ဒီသီချင်းကို ရှစ်တန်း အစိုးရစစ် တုန်းက သူငယ်ချင်းတွေ စာစုကျက်တော့ ကြားမိတဲ့ သီချင်း ထင်တာပဲ။ ဆောင်းနှင်းဖုန်ဖုန် ကျတဲ့ နတ်တော်၊ ပြာသိုညချမ်းတွေမှာ ဒီသီချင်းကို စာစုကျက်တဲ့ နေရာကို မသွားခင် ခဏတစ်ဖြုတ် လက်ဖက်ရည်ဆိုင် ထိုင်ရာကနေ ကြားမိပြီး ကြိုက်သွားတာ...။

ထူးအိမ်သင် သီချင်းတွေကတော့ အကုန်ကြိုက်တယ်...။ အနှစ်တွေချည်းပဲ...။ အခု သီချင်းလေးကတော့ "အတ္တပုံဆောင်ခဲများ" အခွေထဲက ဖြစ်ပါတယ်။ "ချစ်သူ့လက်ဆောင်" လို့ အမည်ရပါတယ်။



Credit to : အိပ်မက် Youtube

ဒီသီချင်းရဲ့ အမ်ပီသရီး ဗားရှင်းကိုတော့ မြန်မာ အမ်ပီသရီးဒေါ့နက် မှာ သွားရောက် နားဆင်နိုင်ပါတယ်။

(သီချင်းအကြောင်း ရေးရင်းနဲ့ ကိုယ်နဲ့ သီချင်းတွေ အကြိုက်တူတဲ့ မမေကို သတိတောင် ရနေပါသေးတယ်။ မတွေ့တာ ကြာလို့ နေကောင်းလား၊ အဆင်ပြေလားလို့ တွေးနေမိတယ်။ သီချင်းချိုချိုအေးအေး လေးတွေကို ရှာလာတတ်ပြီး မျှဝေတတ်တဲ့ မမေကို လင်းနစ်ရဲ့ ဒီဇင်ဘာည သီချင်းကြားတိုင်း သတိရနေတယ်...။)

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.