Monday, December 8, 2008

[နတ်ပျိုမ] 2 New Entries: သူစိမ်းနှစ်ယောက်

သူစိမ်းနှစ်ယောက်

ချစ်သူနှစ်ယောက်ဆိုတာ (တကယ်တမ်း ၀န်ခံရရင်)
အရင်က သူစိမ်းတွေပဲလေ ။       ။

ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်ဟာ
မတူညီတဲ့ အမြင်၊ မတူညီတဲ့ အတွေးတွေနဲ့.....
မတူညီတဲ့ အသိုင်းအ၀ိုင်း အသီးသီးက သက်ဆင်းလာခဲ့ရတာ။

အဲဒီ မတူညီမှုတွေကို ညှိနှိုင်းပေးမယ့်
အချစ်ဆိုတဲ့ အရာတစ်ခုသာ
ချစ်သူနှစ်ဦး ရင်ထဲမှာ အစစ်အမှန်ရှိနေခဲ့ပါလျှင်
"ဘွဲ့" တစ်ခုဆိုတာတောင် မလိုအပ်ပါဘူး...

(နားလည်ပေးတတ်မှုအလိုလိုရောက်ရှိလာပြီး)
အရာရာဟာ သာယာအေးချမ်းပီး...
အသက်ထက်ဆုံး ချစ်ခင်သွားနိုင်ကြမှာပါ။         ။

ခေါင်းစဉ် "ဘွဲ့"

အတားအဆီးမဲ့တဲ့ နွေလေပွေလို
စိတ်အစဉ်ရဲ့ အစအဆုံးကို
မှော်ဝင် အပြုံးတစ်ခုနဲ့ ဦးဆောင်သူရေ
မင်းရက်စက်ပုံကတော့
ပန်းနဲ့လိပ်ပြာ ငိုတယ်။
မြေနီလမ်းပေါ်က ကျောက်စရစ်ခဲကိုနင်းမှ
ငါ့တို့အိမ်ငယ်လေး ရောက်မှာပါ
အချိန်တိုင်လို့ ဘွဲ့တစ်ခုမရခဲ့တော့
နှုတ်ဆတ်တေးတောင် လက်ကမ်းဆိုခဲ့ရတယ်။
နောင်တချိန်....
မင်းရဲ့ဆင်ခြင်တုံးတရားကို
ကျောပိုးအိတ်ထဲထားခဲ့ပါ...
င့ါတို့ မြတ်ခင်းလွင်ပြင်က ကျဉ်းတယ်လေ။

စာကြွင်း(ဘွဲ့ချစ်ကြီးအတွက် အမှတ်တရ)

You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.