Saturday, February 21, 2009

[ချင်းမလေး] 2 New Entries: အချစ်ဒသန

အချစ်ဒသန

အချစ်သည်......
တခါတရံကော်ဖီခါးခါးတခွက်နဲ့ တူပြီး
တခါတရံစပျစ်ဝိုင်တစ်ခွက်နဲ့ တူသည်။
တခါတရံလူကိုရူးသွပ်စေတတ်သလို
တခါတရံယဉ်ကျေးစေတတ်သည်။
တခါတရံမီးနဲ့ တူပြီး
တခါတရံရေနဲ့ တူသည်။
တခါတရံမျက်စိကန်းစေတတ်ပြီး
တခါတရံဆွံ့ အစေတတ်သည်။
တခါတရံပျော်ရွှင်စေတတ်ပြီး
တခါတရံနာကျင်စေတတ်သည်။
တခါတရံရင်ခုန်သံမြန်စေတတ်ပြီး
တခါတရံရင်ခုန်သံရပ်သွားစေတတ်သည်။
တခါတရံအောင်မြင်စေတတ်ပြီး
တခါတရံကျဆုံးစေတတ်သည်။
တခါတရံသေစေတတ်ပြီး
တခါတရံရှင်သန်မှုကိုပေးတတ်သည်။
တခါတရံcandy လိုချိုမြိန်ပြီး
တခါတရံဆေးသကြားလိုချိုမလိုလိုနဲ့ ခါးနေပြန်သည်။
တခါတရံလိမ်မာစေတတ်ပြီး
တခါတရံမိုက်မဲစေတတ်သည်။
တခါတရံဓါးသွားထက်ထက်နဲ့ တူသည်။
အချစ်ဆိုတာယုယကြင်နာမှု၊
ပေးကမ်းရက်ရောမှု၊ထိုသို့ ပေးလိုက်ရတဲ့ အတွက်
ကျေနပ်အားရမှုလဲဖြစ်နေပြန်သည်။

ဆန္ဒ မဲ့နှုတ်ဆက်ခြင်း

မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ နေရာက
ဝင်လာပြီး
မထင်မှတ်တဲ့ အရာတွေပေးသွားလို့
မထင်မှတ်လိုက်တဲ့ အချိန်မှာ
ပြန်ထွက်သွားတဲ့ အရာ
အဲ့ဒါ....အချစ်တဲ့ လား...
ငါ့ရင်တွေပူ
ငါ့နှလုံးခုန်သံတွေဗြောင်းဆန်
ငါ့ဝင်သက်ထွက်သက်တွေ
မှားစေလောက်တဲ့ 
ရင်ခုန်သံပိုင်ရှင်လေး
ချစ်မိမှ
ဟိုးးးးးအဝေးဆုံးတနေရာ
ရှောင်ပြေးသွားပြီလား....
ကောင်လေးရေ...
ငါ့ရင်ထဲကဝေဒနာ
မင်းလေးသိနိုင်ပါ့မလား.
ချစ်ခဲ့တယ်ဆိုပေမယ့်လေ
မဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကြောင့်
သိပ်ချစ်တယ်ဆိုတဲ့ စကား
ပါးစပ်ကပြောမထွက်နိုင်တာ
မင်းလေးနားလည်ပေးရင်း
သိပ်ချစ်ခဲ့တယ်ဆိုတာလေးလဲ
အမှတ်ရပေးပါ..
တနေ့ နေ့ ......
အချစ်စစ်ခဲ့ရင်
ပြန်ဆုံကြဖို့ 
မျှော်လင့်ရင်းနဲ့ 
မင်းလေးကို
ဒီနေရာလေးကနှုတ်ဆက်ခဲ့တယ်
သိပ်ချစ်ရတဲ့ ကောင်လေးရယ်.......

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.