Saturday, February 21, 2009

[ကောင်းကင်ကို] 2 New Entries: ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်


သန်းခေါင်လက်တွေနဲ့ 

အမှောင်စက်တွေကို

အဆွေတော် ညက

အရည်ဖျော်ချလို့ နေပြီ။


ငါဟာ

မျက်နှာသေနဲ့ ကျောက်ရုပ်တစ်ယောက်

ခုတော့

မျက်လုံးထဲကလောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကိုသစ္စာဖောက်နေကြတယ်။


ငါကမ္ဘာလို့ ထင်ထားခဲ့တဲ့ ဥခွံ

အနုလွန် ပြီးတော့ အက်ကွဲ

အပြင်ဘက်မှာ ငါမခံနိုင်တဲ့ ငရဲပဲ ရှိတယ်။


ဘယ်အချိန်ကတည်းက ဝင်ခွေနေမှန်းမသိတဲ့ မီးတောက်မြွေတစ်ကောင်

ငြိမ်းဖို့ ကြိုးစားလိုက်မှ ပါးပြင်ထောင်ပြီး

ဒီဂရီ ဆဲလ်စီးယပ်များစွာနဲ့ ငါ့စိတ်ကိုလောင်တယ်။


ပူပြီးသား ရင်ဘတ်ကို တစိမ့်စိမ့်ထပ်နွှေးရင်း

ခလုတ်ကို ညှစ်လိုက်ဖို့  ငါ့လက်ညှိုးက ကွေးကွေးလာတယ်။

ငါ့စိတ်ကိုငါပြန်သတ်ဖို့ သွေးအေးလာတယ်။


ငါ့ကိုငါ ဖွင့်ခဲ့တဲ့ သော့တစ်ချောင်းဟာ

ရုတ်တရက်ပဲ ဓားတစ်လက် အသွင်ပြောင်း

ငါ့ကိုမောင်းနေတဲ့ ကြိုးကိုဖြတ်လိုက်တယ်။


ကိုယ့်နောက် ကိုယ်လိုက်ရင်းကိုယ်နဲ့ ဝေး

ကြိုးပြတ်သွားတဲ့စွန်ကလေးဟာ

လေထဲမှာတင် ပျက်စီးသွားနိုင်တဲ့အဖြစ်

မောင်းနှင်အားအသစ်တစ်ခုခုရဲ့ လက်မှာ

ဘဝသစ်ပြန်စခွင့်မှ ရပါတော့မလား


အသံလွှင့်စက်နဲ့ ကင်မရာ

တွဲပြီးပါတဲ့ မျက်နှာတွေရှေ့မှာမှ

ဒီအရှုံးသင်္ကေတတွေက တစ်စက်ပြီး တစ်စက်

ယောက်မမြင်းစီးထွက်တယ်။


သြော်...

ရင်ထဲက ငလျင်နဲ့ 

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်တစ်ယောက်

မျက်လုံးထဲက လောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကို သစ္စာဖောက်နေကြပြီ။


ကောင်းကင်ကို

အရုပ်

ကိုယ့်ကိုယ်ကို ဘုရင်တစ်ပါးလို့ အတွေးအမြင်ပေါက်
သွေးနားထင် ရောက်ကာ
တစ်ခြမ်းဆိုးနေတဲ့ အိပ်မက်ကိုတောင်သာယာ
ငါဟာ
ပါဝါရထားတဲ့ အရုပ်။

တစုံတရာက ငါ့ကိုလာနှိုး
မျက်လုံးတွေထဲ အလင်းရောင်က အတင်းလာတိုးတော့မှ
မေ့ဆေးပြယ်သွားတဲ့ ခွဲစိတ်ခံနေဆဲလူနာလို
ကိုယ့်အဖြစ်ကိုယ် မချိမဆံ့ သိလိုက်ရတယ်။
ကစားခုံရဲ့ ဘေးမှာ
တခြားအရုပ်တွေလိုပဲ
ငါလည်းမလှုပ်မယှက်။

ကောင်းကင်ကို

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.