Monday, October 6, 2008

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 2 New Entries: အာဆီယံ ငွေစက္ကူများ နှင့် ပေါ်လီမာ မန်းနီး

အာဆီယံ ငွေစက္ကူများ နှင့် ပေါ်လီမာ မန်းနီး

မင်္ဂလာပါ။ ဒီနေ့တော့ အာဆီယံ ၁၀ နိုင်ငံမှာ အသုံးပြုနေတဲ့ နိုင်ငံတစ်နိုင်ငံစီရဲ့ ငွေစက္ကူလေး တွေကို အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။ အရောင်အသွေး၊ ဒီဇိုင်း လှပစုံလင်လှတာကို တွေ့မြင်ရပါမယ်။



ကျွန်တော် ငယ်စဉ်ဘဝ ၄-၅ တန်းလောက်တုန်းကပေါ့။ I.P.F. (International Pen Friends) ခေတ်စားတဲ့အချိန်လေးပါ။ နိုင်ငံရပ်ခြားက အသက်အရွယ်တူ သူငယ်ချင်းတွေနဲ့ စာရေးဆက်သွယ် အတွေ့အကြုံဖလှယ်တဲ့ အလွန်ကောင်းမွန်တဲ့ ပရိုဂရမ်လေးတစ်ခုပါ။ International Language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ တတ်သလောက်မှတ်သလောက် လူကြီးတွေကိုအပူကပ်ပြီး ရေးရပါတယ်။ ၄-၅ တန်းဆိုတော့လဲ Vocabs မကြွယ်၊ Grammar မပိုင်နဲ့တော်တော် ဒုက္ခရောက်ပါတယ်။ အခုထိလဲ သိပ်မကျွမ်းကျင်လှပါဘူး။
ဓာတ်ပုံ၊ တံဆိပ်ခေါင်း၊ ပို့စ်ကဒ် စသဖြင့် ဝါသနာ တူရာ အပြန်အလှန်လဲလှယ်ကြပါတယ်။ သဘောအကျဆုံးကတော့ ကလေးပီပီ ကျွန်တော်က တစ်ကျပ်တန်ငွေစက္ကူ ထည့်ပေးလိုက်ရင် သူတို့နိုင်ငံက တစ်ယူနစ် ငွေစက္ကူ ကျွန်တော့်ဆီ အမြဲလိုလို ပြန်ရောက်လာပါလေရော။ ဟီး ဟီး... ပျော်စရာကြီးနော်... ။ အခုတော့ အင်တာနက်၊ အီးမေးလ်ခေတ်ရောက်နေပြီဆိုတော့ I.P.F. လဲ သိပ်ခေတ်မစားတော့ဘူးထင်ပါတယ်။

ကဲ.. အင်္ဂလိပ် အက္ခရာစဉ် အတိုင်း နိုင်ငံတွေရဲ့ ငွေစက္ကူတွေကို လေ့လာနိုင်ပါတယ်ဗျာ။

၁။ ဘရူနိုင်း



၂။ ကမ္ဘောဒီးယား



၃။ အင်ဒိုနီးရှား



၎။ လာအို



၅။ မလေးရှား



၆။ မြန်မာ



၇။ ဖိလစ်ပိုင်



၈။ စင်ကာပူ



၉။ ထိုင်း



၁၀။ ဗီယက်နမ်




အခုဆက်ပြီးတော့ ပေါ်လီမာ မန်းနီးအကြောင်း တင်ဆက်ပါ့မယ်။ B.O.P.P. လို့ခေါ်တဲ့ polymer biaxially-oriented polypropylene ကို စက္ကူအစား အသုံးပြုထားတာပါ။ ယိုးဒယားကို အလည်သွားစဉ်က ဘတ် ၅၀ တန် ငွေစက္ကူကို စမြင်ဖူးတာပါ။ Durability လို့ခေါ်တဲ့ ကြာရှည်ခံနိုင်စွမ်း အရမ်းကောင်းပါတယ်။ ပြီးတော့ ရေစိုလဲခံပါတယ်။ ညစ်ပေနေရင် ဆပ်ပြာနဲ့သေသေချာချာ ဆေးကြောသန့်စင်နိုင်ပါတယ်နော်။ ကျွန်တော်တော့ စမ်းကြည့်ပြီးပြီ။ သန့်ပြီးတောက်ပြောင်သွားတာပဲ။ သန့်စင်အခြောက်ခံပြီး မီးပူတိုက်လို့ ရမရ မသိဘူးနော်... ဟီး ဟီး....
သြစတြေးလျ နိုင်ငံက ၁၉၉၈ မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်လီမာ ငွေကြေးကို တရားဝင် အမြောက်အမြား စတင်ထုတ်ဝေ သုံးစွဲကြောင်းမှတ်တမ်းများအရ သိရပါတယ်။ ၁၉၈၂-၈၃ မှာကတည်းက ကန့်သတ်အရေအတွက်နဲ့ နိုင်ငံအချို့ မှာစမ်းသပ်သုံးစွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အထိ သြစတြေးလျ၊ နယူးဇီလန်၊ ရိုမေးနီးယား၊ ဗီယက်နမ်၊ ဘရူနိုင်း နဲ့ ပါပူအာ နယူးဂီနီ တို့မှာ ပေါ်လီမာ ငွေကြေးကို အပြည့်အဝ ပြောင်းလဲ သုံးစွဲနေကြပြီဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံထဲကဆိုရင်တော့ ၂ နိုင်ငံမှာပေါ့။ ကျွန်တော်ကတော့ ပေါ်လီမာ မန်းနီးတွေကို အရမ်းသဘောကျပါတယ်။ ပေါ်လီမာ မန်းနီးအကြောင်းလေ့လာချင်ရင်တော့ ဒီနေရာ မှတဆင့်သွားရောက် နိုင်ပါတယ်ဗျာ။ နိုင်ငံတကာ ပေါ်လီမာ ငွေကြေး အရောင်အသွေးစုံကို လေ့လာနိုင်ပါတယ်။ ယိုးဒယားသွားစဉ်ကတွေ့ခဲ့တဲ့ ၅၀ ဘတ်တန် ပေါ်လီမာ လေးကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။





ဒါကတော့ စင်ကာပူသွားလည်တုန်းက တွေ့ခဲ့ရတဲ့ ၂ ဒေါ်လာတန် ပေါ်လီမာလေးပါ။ အရွယ်သေးတော့ ကိုင်ရတာ အားမလိုအားမရ ဖြစ်မိပါတယ်။ ဟီး ဟီး....


ဒီအပေါ်ပုံမှာ သတိထားမိလားတော့ မသိဘူး။ ညာဘက်အပေါ်ထောင့်မှာ အစက်သေးသေးလေးတစ်စက် တွေ့ရမှာပါ။ အသေအချာ ပွတ်ကြည့်ရင် အပေါ်ကို ကြွတက်နေတဲ့ အဖုလေးကို စမ်းမိမှာပါ။ မျက်မမြင်တွေအတွက် ရည်ရွယ်ထားပါတယ်။ စက်ဝိုင်းပုံ အစက်၊ လေးထောင့် စသဖြင့် ငွေစက္ကူတန်ဖိုးကိုလိုက်ပြီး အစက်၊ လေးထောင့် အရေအတွက်မတူကြပါဘူး။ နိုင်ငံအတော်များများရဲ့ ငွေစက္ကူ တွေမှာ တွေ့မြင်ရမှာပါ။



စာဖတ်သူ ဘလော့ဂါမောင်နှမများအားလုံး စာပေဗဟုသုတ တိုးပွားကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


အာဆီယံ ငွေစက္ကူများ နှင့် ပေါ်လီမာ မန်းနီး

မင်္ဂလာပါ။ ဒီနေ့တော့ အာဆီယံ ၁၀ နိုင်ငံမှာ အသုံးပြုနေတဲ့ နိုင်ငံတစ်နိုင်ငံစီရဲ့ ငွေစက္ကူလေး တွေကို အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။ အရောင်အသွေး၊ ဒီဇိုင်း လှပစုံလင်လှတာကို တွေ့မြင်ရပါမယ်။



ကျွန်တော် ငယ်စဉ်ဘဝ ၄-၅ တန်းလောက်တုန်းကပေါ့။ I.P.F. (International Pen Friends) ခေတ်စားတဲ့အချိန်လေးပါ။ နိုင်ငံရပ်ခြားက အသက်အရွယ်တူ သူငယ်ချင်းတွေနဲ့ စာရေးဆက်သွယ် အတွေ့အကြုံဖလှယ်တဲ့ အလွန်ကောင်းမွန်တဲ့ ပရိုဂရမ်လေးတစ်ခုပါ။ International Language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ပဲ တတ်သလောက်မှတ်သလောက် လူကြီးတွေကိုအပူကပ်ပြီး ရေးရပါတယ်။ ၄-၅ တန်းဆိုတော့လဲ Vocabs မကြွယ်၊ Grammar မပိုင်နဲ့တော်တော် ဒုက္ခရောက်ပါတယ်။ အခုထိလဲ သိပ်မကျွမ်းကျင်လှပါဘူး။

ဓာတ်ပုံ၊ တံဆိပ်ခေါင်း၊ ပို့စ်ကဒ် စသဖြင့် ဝါသနာ တူရာ အပြန်အလှန်လဲလှယ်ကြပါတယ်။ သဘောအကျဆုံးကတော့ ကလေးပီပီ ကျွန်တော်က တစ်ကျပ်တန်ငွေစက္ကူ ထည့်ပေးလိုက်ရင် သူတို့နိုင်ငံက တစ်ယူနစ် ငွေစက္ကူ ကျွန်တော့်ဆီ အမြဲလိုလို ပြန်ရောက်လာပါလေရော။ ဟီး ဟီး... ပျော်စရာကြီးနော်... ။ အခုတော့ အင်တာနက်၊ အီးမေးလ်ခေတ်ရောက်နေပြီဆိုတော့ I.P.F. လဲ သိပ်ခေတ်မစားတော့ဘူးထင်ပါတယ်။

ကဲ.. အင်္ဂလိပ် အက္ခရာစဉ် အတိုင်း နိုင်ငံတွေရဲ့ ငွေစက္ကူတွေကို လေ့လာနိုင်ပါတယ်ဗျာ။

၁။ ဘရူနိုင်း



၂။ ကမ္ဘောဒီးယား



၃။ အင်ဒိုနီးရှား



၎။ လာအို



၅။ မလေးရှား



၆။ မြန်မာ



၇။ ဖိလစ်ပိုင်



၈။ စင်ကာပူ



၉။ ထိုင်း



၁၀။ ဗီယက်နမ်




အခုဆက်ပြီးတော့ ပေါ်လီမာ မန်းနီးအကြောင်း တင်ဆက်ပါ့မယ်။ B.O.P.P. လို့ခေါ်တဲ့ polymer biaxially-oriented polypropylene ကို စက္ကူအစား အသုံးပြုထားတာပါ။ ယိုးဒယားကို အလည်သွားစဉ်က ဘတ် ၅၀ တန် ငွေစက္ကူကို စမြင်ဖူးတာပါ။ Durability လို့ခေါ်တဲ့ ကြာရှည်ခံနိုင်စွမ်း အရမ်းကောင်းပါတယ်။ ပြီးတော့ ရေစိုလဲခံပါတယ်။ ညစ်ပေနေရင် ဆပ်ပြာနဲ့သေသေချာချာ ဆေးကြောသန့်စင်နိုင်ပါတယ်နော်။ ကျွန်တော်တော့ စမ်းကြည့်ပြီးပြီ။ သန့်ပြီးတောက်ပြောင်သွားတာပဲ။ သန့်စင်အခြောက်ခံပြီး မီးပူတိုက်လို့ ရမရ မသိဘူးနော်... ဟီး ဟီး....

သြစတြေးလျ နိုင်ငံက ၁၉၉၈ မှာ ပထမဆုံးအကြိမ်အဖြစ် ပေါ်လီမာ ငွေကြေးကို တရားဝင် အမြောက်အမြား စတင်ထုတ်ဝေ သုံးစွဲကြောင်းမှတ်တမ်းများအရ သိရပါတယ်။ ၁၉၈၂-၈၃ မှာကတည်းက ကန့်သတ်အရေအတွက်နဲ့ နိုင်ငံအချို့ မှာစမ်းသပ်သုံးစွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်အထိ သြစတြေးလျ၊ နယူးဇီလန်၊ ရိုမေးနီးယား၊ ဗီယက်နမ်၊ ဘရူနိုင်း နဲ့ ပါပူအာ နယူးဂီနီ တို့မှာ ပေါ်လီမာ ငွေကြေးကို အပြည့်အဝ ပြောင်းလဲ သုံးစွဲနေကြပြီဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံထဲကဆိုရင်တော့ ၂ နိုင်ငံမှာပေါ့။ ကျွန်တော်ကတော့ ပေါ်လီမာ မန်းနီးတွေကို အရမ်းသဘောကျပါတယ်။


သြစတြေးလျ မှာ ပထမဆုံး သုံးစွဲခဲ့တဲ့ ၁၀ ဒေါ်လာတန် ပေါ်လီမာလေးပါ။




ပေါ်လီမာ မန်းနီးအကြောင်းလေ့လာချင်ရင်တော့ ဒီနေရာ မှတဆင့်သွားရောက် နိုင်ပါတယ်ဗျာ။ နိုင်ငံတကာ ပေါ်လီမာ ငွေကြေး အရောင်အသွေးစုံကို လေ့လာနိုင်ပါတယ်။ ယိုးဒယားသွားစဉ်ကတွေ့ခဲ့တဲ့ ၅၀ ဘတ်တန် ပေါ်လီမာ လေးကို အမှတ်တရ တင်ဆက်လိုက်ပါတယ်။





ဒါကတော့ စင်ကာပူသွားလည်တုန်းက တွေ့ခဲ့ရတဲ့ ၂ ဒေါ်လာတန် ပေါ်လီမာလေးပါ။ အရွယ်သေးတော့ ကိုင်ရတာ အားမလိုအားမရ ဖြစ်မိပါတယ်။ ဟီး ဟီး....


ဒီအပေါ်ပုံမှာ သတိထားမိလားတော့ မသိဘူး။ ညာဘက်အပေါ်ထောင့်မှာ အစက်သေးသေးလေးတစ်စက် တွေ့ရမှာပါ။ အသေအချာ ပွတ်ကြည့်ရင် အပေါ်ကို ကြွတက်နေတဲ့ အဖုလေးကို စမ်းမိမှာပါ။ မျက်မမြင်တွေအတွက် ရည်ရွယ်ထားပါတယ်။ စက်ဝိုင်းပုံ အစက်၊ လေးထောင့် စသဖြင့် ငွေစက္ကူတန်ဖိုးကိုလိုက်ပြီး အစက်၊ လေးထောင့် အရေအတွက်မတူကြပါဘူး။ နိုင်ငံအတော်များများရဲ့ ငွေစက္ကူ တွေမှာ တွေ့မြင်ရမှာပါ။



စာဖတ်သူ ဘလော့ဂါမောင်နှမများအားလုံး စာပေဗဟုသုတ တိုးပွားကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.