Monday, October 6, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: အောင်မြင်တဲ့ လူ့ဘဝ

အောင်မြင်တဲ့ လူ့ဘဝ

စာဖတ်ပရိသတ်များခင်ဗျား

လူရယ်လို့ ဖြစ်လာရင် အောင်မြင်ချင်ကြတာ ဓမ္မတာပါ။ ဒါပေမဲ့ အောင်မြင်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိသလိုလိုနဲ့ မသိတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ လူ့ဘ၀တစ်ခုကို ရရှိစေဖို့ အောက်ပါ အချက်အလက်တွေ ပြည့်စုံအောင် ကိုယ့်ကိုယ်ကို ကျင့်ကြံကြပါလို့ ကျွန်တော် ကိုဖိုးတရုတ်မှ အားပေးနေတဲ့ ပရိသတ်အတွက် လက်ဆောင် အဖြစ်တင်ဆက်ပေးလိုက်ပါတယ်။

  1. ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း
  2. သြဇာတိက္ကမ နှင့် ပြည့်စုံခြင်း
  3. အလုပ်၌ နှစ်မြှပ်လုပ်ကိုင်တတ်ခြင်း
  4. ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်တတ်ခြင်း
  5. လုပ်ရည်ကိုင်ရည် ပြည့်ဝခြင်း
  6. ကာယ၊ စိတ္တ၊ သတ္တိ ပြောင်မြောက်ခြင်း
  7. ခွဲခြား သိမြင်တတ်ခြင်း
  8. အာရုံ စူးစိုက်၍ ဆောင်ရွက်တတ်ခြင်း
  9. ရက်ရောသည့် စိတ်သဘောထား ရှိခြင်း
  10. ထိုးထွင်း သိမြင်တတ်ခြင်း
  11. စနစ်တကျ နားထောင်တတ်ခြင်း
  12. ပြင်းပြသော စွဲလမ်း တွယ်တာစိတ် ရှိခြင်း
  13. အကောင်းဘက်မှ ရှုမြင်တတ်ခြင်း
  14. ပြဿနာကို ဖြေရှင်းတတ်ခြင်း
  15. ပေါင်းသင်း ဆက်ဆံရေး စွမ်းရည် ပြည့်ဝခြင်း
  16. တာဝန်သိ၍ တာဝန်ယူတတ်ခြင်း
  17. အာမခံချက် ပေးနိုင်ခြင်း
  18. မိမိကိုယ် မိမိ ထိန်းကျောင်း တည့်မတ်နိုင်ခြင်း
  19. အများအကျိုးကို သယ်ပိုး ထမ်းဆောင်တတ်ခြင်း
  20. လေ့လာ သင်ယူနိုင်စွမ်း ရှိခြင်း
  21. အမြော်အမြင် ရှိခြင်း တို့ ဖြစ်ကြပါတယ်။
ဒီအချက်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် တချို့  အချက်အလက်တွေဟာ တခုနဲ့ တခု ချိတ်ဆက်နေပြီး တခု ပြည့်စုံတာနဲ့ သုံး လေးခု ပြည့်စုံ သွားတာမျိုး လည်း ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အချက်အလက်တွေ အားလုံးဟာ ခဲခဲယဉ်းယဉ်း လုပ်ရတာ မဟုတ်လို့ သတိထား လုပ်ဆောင် သွားရုံနဲ့ လိုချင်တဲ့ ပန်းတိုင်ကို မနှေးအမြန် ရောက်ရှိသွားမယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.