Monday, October 6, 2008

[ko htike's prosaic collection] 1 New Entry: ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)

ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)

ကျွန်တော်တို့မှာ ကိုယ်ပိုင် ကောင်းကင် တစ်ခုစီ ရှိကြပါတယ်။ လွတ်လပ်မှု၊ ကျယ်ပြန့်မှု တို့ကို ပေးစွမ်းတဲ့ ကောင်းကင်ပါ။ ကိုယ်ပိုင် ကောင်းကင်လို့ ဆိုပေမယ့် လူတိုင်းကလည်း ဘုံ ပိုင်ဆိုင်နေကြပါတယ်။ ဒါပေမယ့် တချို့သောသူတွေရဲ့ ကောင်းကင်တွေကတော့ ......

လွတ်လပ်ခြင်းနဲ့ အတူ ရှင်းသန့်တဲ့ လေထုကို ထိတွေ့ထိုးဖောက် နိုင်ဖို့ ကောင်းကင် တစ်ခုကို ကျွန်တော်တို့ ကိုယ့်ဘာသာ တည်ဆောက်နိုင်ရပါမယ့်။

ကျဉ်းမြောင်းတဲ့ ဥခွံအတွင်းကနေ တရှိန်ထိုးပျံတက်ပြီး၊
အသက်၀၀ရှူ ရူရှိုက်က်ခွင့်ရရှိကြဘို့၊
ကျွန်တော်တို့ နေထိုင်နေသောကမ္ဘာကြီးကို အပေါ်စီးက ဖတ်ရှူနိုင်ဘို့၊
ကျွန်တော်တို့ အတောင်ပံခတ်သံများဖြင့် ပန်းများကိုပွင့်စေဘို့၊

"ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း)"
တစ်စောင်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။


ဘုရားသခင်ကစလို့၊ နေရောင်ခြည်၊ မိုးစက်၊ နှင်းပွင့်နဲ့ လရောင်တို့
အားလုံး ကောင်းကင်ကလာတယ်။
ယူကေနိုင်ငံရောက် စာပေအနုပညာသည် အင်အားတစ်စုရဲ့ အားထုတ်မှု။
အတွေးအခေါ် ကောင်းကင်၊
စာပေနဲ့ အနုပညာကောင်းကင်မှာ၊

လွတ်လွတ်လပ်လပ်တွေး၊ လွတ်လွတ်လပ်လပ်ရေး
လွတ်လွတ်လပ်လပ် ဝေငှ ဖတ်ရှူခံစားကြဘို့
စာမူများကို kaungkin.admin@gmail.com ကို ရေးသား ပေးပို့နိုင်ကြပါတယ်။


သင်နဲ့တကွ သင်နေထိုင်ရာ ကမ္ဘာကြီးကို ကောင်းကင်ကစီးကြည့်ကြရအောင်

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.