Monday, October 6, 2008

[A Splendid Rose's . . .] 1 New Entry: HOME

HOME

ဒီသီချင်းလေးကို ဘယ်သူဆိုသလဲ ရေးဖွဲ့ သလဲ သိချင်မိပါတယ်။ တော်တော်လေး လှပါတယ်။ blog တစ်ခုမှာ နားထောင်လိုက်ခဲ့ဘူးပြီး ခုမှ mail က သူများဆီက ရခဲ့တာပါ။ တော်တော်လေး ကောင်းပါတယ် ကျွန်မအတွက်ပါ။ ရေးဖွဲသူ၊ ဆိုတဲ့သူနဲ့ ပို့ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်။

"အိမ်"

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ်၊ ထည်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်၊
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကိုဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ၊
အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင် ငင် ၀ါချည်မျှင် ဖျင်တဘက်ရယ်...။

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက် ရယ်...။

ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်။
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်။
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်..။
ချစ်မိတ်ဆွေ စည်းချက်ညီအတူတူကမယ်။

ကလေးလေးတွေ နွေးထွေးဖို့လေ။
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။

မြင့်မြတ်ခြင်း တွေ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...။

ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်
အဆောင်ယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီ ရာဇ၀င်လို ၀ိညာဉ် အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီ အိမ်..။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ် ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...။

ကလေးလေးတွေ နွေးထွေးဖို့လေ။
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။

မြင့်မြတ်ခြင်း တွေ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...။

ထပ်ဖြည့်- သီဆိုတာ ဓိရာမိုရ် တဲ့။ နံမည်တော်တော်ကြီးပြီးသားလို့တော့ပြောပါတယ် ဒီသီချင်းက ကိုယ်က ခုမှ သိတာလေ။


You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.