Monday, October 6, 2008

[Golden Colour Revolution... အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 1 New Entry: ဘ၀ခြင်းမတူတဲ့ စစ်သားများ

ဘ၀ခြင်းမတူတဲ့ စစ်သားများ


စောစောကကျနော်တို့ ရဲဘော်တဦး တင် ထားတဲ့  သန်းရွှေ ကိုယ်ရံတော်ဆိုတဲ့စစ်သားရဲ့  ဓါတ်ပုံကိုကြည့်လိုက်မိပါတယ်။ တရုပ်လုပ်အူဇီသေနပ် ၊ ဦးထုတ်က ကိုရီးယား စစ်သားတွေဆောင်းတဲ့ တရုပ်လုပ်ဦးထုတ်၊ အကောင်းစားနာရီနဲ့ ၊ လမ်းလျောက်စကားပြောစက်၊ ပစ္စတိုတလက်၊
အီကွစ်မာန့်(equipment)အပြည့်အစုံ၊ လက်ပတ်မှာက
အလံ ( မဆလ ခေတ်က အလံ) နဲ ဟန်ရေးများနေတယ်။
( တခြားစစ်သားတွေမှာ အလံကို လက်မောင်းမှာ ပတ်ထားတာမတွေ့ ဘူး။
ဒါတွေကိုကြည့် ရင် အမေရိကန်ကို ဘာလုပ်လုပ်အကောင်းမထင်တဲ့ သန်းရွေက အမေရိကန်ပုံစံကို မသိမသာအတုခိုးနေတာကိုသတိပြုနိင်ပါတယ်။)

ဒါနဲ့ ဆန့်ကျင်ဖက် သာမန်မြန်မာ့တပ်မတော်ထဲက စစ်သားတွေဟာ ယူနီဖေါင်းအညံ့စား၊ သေနတ်ကလည်း
အနုတ်စုတ်ဂုတ်စုတ်၊ အမျိုးစားညံ့လှတဲ့ အီကွစ်မာန့် (equipment)တွေနဲ့  စားရတော့လည်း ပဲတောင်နပ်မမှန်၊လုပ်လိုက်ရတာကလဲ ခွေးလိုဝက်လို လုပ်ရ၊ နေရစားရတဲ့ဘ၀ က ထမင်းတလုပ်စားရဖို့ 
သန်းရွေခိုင်းသမျှ မြောင်းတူး၊ မြက်ရိတ် လူသတ် ရတဲ့ အလုပ်တွေ စိတ်ရောလူပါ နားချိန်ကိုမရှိဘူး။
လူဘ၀ရဲ့ အရသာဆိုတာ သန်းရွေ စစ်တပ်မှာ လုံးဝမရှိ၊ နားမလည်။


စက်တင်ဘာလှုပ်ရှားမှုတုံးက ဂျပန်သတင်းထောက်ကို ပစ်သတ်သွားတဲ့ စစ်သားဆိုရင် အဟာရမပြည့် တဲ့ရုပ်
ညစ်တီးညစ်ပတ် ကပိုကရို စုတ်စုတ်ပြတ်ပြတ်ရုပ်၊ အဆိုးဆုံးက ခြေထောက်မှာ စစ်ဖိနပ်တောင်မ၀တ်နိင်ရှာဘူး။
ပြီးရော၊ ဘာစစ်သားရုပ်မှကိုမရှိဘူး။ စစ်သားဆိုတဲ့ လေးစားကြည်ညိုစရာ မရှိပဲ ၊ သူခိုးဆိုရင်
သူများဖြစ်နိင်မလားလို့ အထင်ခံရတဲ့ရုပ်မျိုး။ ဒါက တကယ် မြန်မာ့တပ်မတော်ရဲ့ စစ်သားဘ၀အစစ်အမှန်ပါ။

နှိုင်းယှဉ်ကြည့်ပါ ။ စဉ်းစားကြပါ ရဲဘော်တို့ 

မြန်မာ့တပ်မတော် ရဲ့ စစ်သား ချင်း အတူတူတောင်မှ သန်းရွှေ အနား က မှန် ပါဘုရားလုပ်နေတဲ့  စစ်သားနဲ့ 
ခင်ဗျားတို့ စစ်သား ဘ၀ ဘာတွေမတူခြားနားနေသလဲ ။ ဘာတွေဖြစ်နေသလဲ ။ ခင်ဗျားဟာ လူသားစင်စစ်ဖြစ်ရင်တော့ ကင်းစောင့်နေတုံးမှာ တခါလောက်လေးစဉ်းစားလိုက်စမ်းပါ။
အင်မတန်ဆင်းရဲ နုံခြာလှတဲ့ ခင်ဗျား အမေအကြောင်း၊ အဖေအကြောင်း၊ ညီကိုမောင်နှမတွေအကြောင်း။ ရွာထဲမှာ ရပ်ကွက်ထဲမှာ လူရာအသွင်းမခံရတဲ့ ခင်ဗျားတို့ မိဘတွေအကြောင်း၊ ခင်ဗျားစစ်ထဲဝင်လိုက်လို့ 
သူတို့ ဟာ လူရာအသွင်းခံရပါသလား၊ ခင်ဗျားဘ၀ ဟာ ဘာအခွင့်အရေးတွေများပိုရလာတာရှိလဲ။


ဒီလိုဖြစ်နေတာ ခင်ဗျားတယောက်ထဲမဟုတ်ဘူး မြန်မာ့တပ်မတော်တပ်ဗိုလ်တပ်သားတိုင်းဖြစ်နေတာ။
ရှင်းပါတယ် သန်းရွှေဟာ သူ့အနား က ကိုယ်ရံတော်တပ်ကို ပဲ စစ်သားထင်တာ သူ့ တပ်မတော်လို့ သတ်မှတ်တာ ဖြစ်တယ်။ သန်းရွှေနဲ့ သန်းရွှေ ကို နာခံတဲ့  ကောင်တွေ သာ ကောင်းစား အောင်မြင်နေတာဖြစ်တယ်။

ီဒီနေ့ မြန်မာ့ တပ်မတော်မှာ ဘယ်သူတွေချမ်းသာနေလဲ စိတ်ဆိုးလို့ တောင်သေနပ်မဖေါက်ဖူးတဲ ၊့ သန်းရွေ သားမက် လို့ စွပ်စွဲခံခဲ့ရတဲ့  တေဇ၊ ပိုရင်နာဖို့ ကောင်းတာက ဗိုလ်သင်တန်းတောင်မအောင်တဲ့သူက
မြန်မာ့တပ်မတော်က ဗိုလ်တွေ ထက် ပိုလို့အခွင့်ထူးခံခွင့်ရ အဆမတန်ကြွယ်ဝချမ်းသာလာတာ တေဇပဲဖြစ်တယ်။ ခင်ဗျားက သန်းရွေအာဏာတည်မြဲရေးအတွက် မြက်ပေါက်ပေးနေချိန်မှာ သူက သန်းရွေသမီး၊ မော်ဒယ်လ်တွေ၊ ရုပ်ရှင်မင်းသမီးတွေနဲ့  အိပ်နေတယ်။

ခင်ဗျား တို့ သားသမီးတွေကို ကျောင်းကောင်းကောင်းမပို့ နိင်တဲ့အချိန်မှာ ဗိုလ်သင်တန်းတ၀က်တပျက်နဲ့ ထွက်လာတဲ့  တေဇ က သူသားသမီးတွေကို စကာင်္ပူကိုကျောင်းပို့ နေတယ်။

ခင်ဗျား အမေဖို့ ထမိန်တထည်တောင်ဝယ်ပေးဖူးပါသလား၊ တေဇကတော့ မော်ဒယ်လ်လေးတွေကို စကာင်္ပူနဲ့ ဂျပန်ကိုခေါ်သွားပြီး ရှော်ပင်(shopping)ထွက်နေတယ်။


စဉ်းစားရဲဘော်။ စဉ်းစား။


တောသားကြီး


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.