Showing posts with label ဆ - ဆောင်း. Show all posts
Showing posts with label ဆ - ဆောင်း. Show all posts

Monday, October 6, 2008

[ဆောင်း] 1 New Entry: ဆောင့်း (သို့ ) ကျမရဲ့ အနုပညာ စံရိပ်ငြိမ်

ဆောင့်း (သို့ ) ကျမရဲ့ အနုပညာ စံရိပ်ငြိမ်


ဘလော့ဖြစ်ရခြင်း
ဆောင်းဆိုတဲ့ နံမည် နဲ့  ဘလော့စတင်လိုက်ပြီဆိုကထဲက အေးချမ်းချင်လို့ ပါရှင်။
ပူလောင်တဲ့ နွေလယ်မှာ ဝေဖြာ ခဲ့တဲ့ ယူကေရဲ့ နင်းလေးတွေနဲ့ အတူ ကျမရဲ့ ဘလော့လေး ဖြစ်ပေါ်လာရပါတယ်ရှင်။ နေ့ စဉ်နဲ့  အမျှ အဆင်မပြေတာ တွေ ပြေပျောက် လို ပြေပျောက်ငြား ဒီဘလော့လေးကို သူငယ်ချင်း ရဲ့ အကူညီနဲ့  ဒီဘလော့လေး ကို ဖန်တီးခဲ့ရပါတယ်ရှင်။

ဘလော့သက်တမ်း
ကျမရဲ့ ဘလော့လေး ၄လတာရှိပါပြီ။ သက်တမ်းလေးတလျောက်ကို ကြည့်လိုက်ရင် ဘလော့ ခရီးအစမှာ ပထမဆုံးပို့ စ် ကိုအင်ဒီ က ကြော်ငြာပေးတာက စပြီး ဧည့်သည်တွေ ရလာခဲ့ပါတယ်။ နောက်ပိုင်း ဘလော့အလည်ထွက် မိတ်ဆက်
ရင်းနဲ့ ဘလော့ကာ မောင်နှမတွေ အနည်းငယ်ရရှိပါတယ်။ ဘလော့ကာ အချို့ နဲ့ လည်း ခင်မင်ခဲ့ ရပါတယ်။

ဘလော့ရခြင်းကြောင့်
မမြင်ရတဲ့ လျှပ်စစ်လှိုင်းထဲက အနုပညာ တခုလို့ ပြောနိုင်တဲ့ ဒီဘလော့လေးဟာ (အင်တာနက်ဖိုးကလွဲရင် ဒိုမိန်းမ၀ယ်ရလို့ ) ငွေကြေး မကုန်ကျ ခဲ့ဘဲနဲ့  ကိုယ်ရေးချင်တာ ရေုးနိုင်ပါတယ်။ ရင်ထဲ ခံစားနေရတာတွေ ဖွင့်ချ အန်ထုတ်နိုင်ပါတယ်။ ဖအေမတူ အမေကွဲ မမြင်ရတဲ့ မောင်နှမ တွေ ရလာပါတယ်။ ကိုယ့်ရဲ့ အခက်ခဲတွေ ကို မမြင်ရတဲ့ မောင်နှမတွေဆီ အကြံဥာဏ် တောင်း အကူညီတောင်း လို့ ရပါတယ်။ ကိုယ် မသိသေး တဲ့ အကြောင်းအရာတွေ သိလာရပါတယ်။ သတိပေးတာတွေ လည်း သိရ၊ ပညာတွေ လည်း ဖလှယ်ကြနဲ့  မမြင်ရတဲ့ မိသားစုအိမ်ကလေးဖြစ်လာရပါတယ်။

အနုပညာ စံရိပ်ငြိမ် လို့  ဘာလို့  ခေါ် ရ ပါသလဲ
ဒီအနုပညာ စံရိပ်ငြိမ်လို့ ခေါ်ရမည့် ကျမရဲ့ အိမ်လေးကို အချိန်နာရီ အများကြီးပေး ဖန်တီးရေးသားခဲ့ ရပါတယ်၊ မရေးခင် လေ့လာ မှတ်သား မဲ့ စာတွေ အများကြီး မှီးငြမ်း ဖတ်ရှု့  ခဲ့ရပါတယ်။ ကိုယ်ဖန်တီးတဲ့ ကိုယ့်အနုပညာ ကို စိတ်ဝင်စားစဘွယ်ဖြစ်အောင် ပြင်ဆင်ရပါတယ်။ အမှားတွေအများကြီး ပြင်ခဲ့ရပါတယ်။ တစ်ပါးသူတွေကိုလည်း အကူညီ တောင်းခဲ့ရပါတယ်။ ဘလော့စာဖတ်သူတွေရဲ့ နှစ်သိမ့်အားပေးမှု့ ၊ တုန့် ပြန်မှု များစွာနဲ့  ကိုယ်ဘလော့အားနည်းချက်တွေကို ပြုပြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီစံအိမ်လေးဟာ ကျွန်မတဦးတည်း မဟုတ်ဘဲ အများရဲ့ အနုပညာ စံရိပ်ငြိမ် လို့ ကျမ တင်စားရတာပါ။

ဒီစံအိမ်လေးမှာ မှီငြမ်းထားတဲ့ စာညွှန်းတွေ ရှိမယ်။ ကိုယ်တိုင် ဖန်တီးတဲ့ အနုပညာတွေ တွေ့ ရမယ်။ ကိုယ်ပိုင်အတွေ့ အကြုံတွေ ဖတ်ရမယ်။ ကိုယ်ပိုင်ခံစားချက်တွေ ရင်ဖွင့်ချင်တာတွေ တွေ့ ရမယ်။ အကူညီ တောင်းလိုတာတွေ တွေ့ ရမယ်။ သူများရေးထားတာ ကို ဘာသာပြန်
မှီးခြမ်းတာတွေ တွေ့ ရမယ်။

အဲ... သူများရေးထားတာကို တိုက်ရိုက် ခိုးချ ကူးချတာကို လုံးဝ တွေ့ ရမှာ မဟုတ်ပါဘူးရှင်။

ဘလော့ဧည့်သည်သို့ 
ကျမရဲ့စံရိပ်ငြိမ်ကို ကျမ အလွန်တန်ဖိုးထားပါတယ်။ ကျမက
အရည်အချင်းကိုသာ တန်ဖိုးထားပါတယ်။ အရည်အတွက်ကို တန်ဖိုးမထားပါဘူး။ အဲဒါကြောင့် ကျမဘလော့မှာ မယဉ်ကျေးတဲ့ အပြောအဆို အပြုအမှု သူတပါး ထိခိုက်မဲ့ အရေးအသားတွေကို ပယ်ဖျက်ထားပါတယ်။ စာဖတ်သူတွေကိုလည်း ကူညီဖို့  တောင်းဆို ထားပါတယ်။

ဘလော့လေးရဲ့ အကျိုးကျေးဇူး
ဘလော့လောက ဟာ အေးချမ်းပါတယ် အနုပညာတွေနဲ့  ဖန်တီးထားပါတယ်၊ မိသားစု စကားဝိုင်းလေး ပါဘဲ၊ တိုင်ပင်မယ်၊ ဆွေးနွေးမယ်၊ စကြ နောက်
ကြမယ်၊ အတွေ့ အကြုံဖလှယ်မယ်၊ ဆန်းသစ်တဲ့ စာတွေ ဖတ်ရမယ်၊ မသိသေးတဲ့ ကမ္ဘာကြီးထဲက အကြောင်းအရာတွေ တွေ့ ရမယ်၊ ယဉ်ကျေးမှု့ တွေ ရေမြေဒေသ ဗဟုသုတတွေ သိရမယ်၊ ဘာသာတရားတွေ ပိုနားလည်လာမယ်၊ သီချင်းလေးတွေ အနုပညာတွေ ကို လေ့လာဖို့  နားဆင်ဖို့  ငွေကုန် သက်သာ စွာ ပြည့်ဝလာရမယ်၊ အသိမိတ်ဆွေတွေ တိုးလာမယ်၊ ဒါဟာ ဘလော့ရေးခြင်းရဲ့ ကောင်းကျိုး တွေပါရှင်...

ဘလော့ကြောင့် အကျိုးအမြတ်သာ ရရှိကြပါစေ အဆုံးအရှုံးတွေ ကင်းမဲ့ကြပါစေလို့  ဆုတောင်းရင်း ခေတ္တ နားခဲ့တဲ့ ကျမရဲ့ ဘလော့လေးကို ပြန်လည် စတင်လိုက်ပါတယ်။

၎ သြဂုတ် ၂၀၀၈

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.