Friday, October 24, 2008

[My Thoughts My Blog] 1 New Entry: ဂန္တ၀င်လမ်းနဲ့ အိမ်အပြန်

ဂန္တ၀င်လမ်းနဲ့ အိမ်အပြန်

ဂန္တ၀င်လမ်းနဲ့ အိမ်အပြန်

လမ်းမီးရောင်တွေ ခြောက်ကပ်..

ညအလင်းရောင် တ၀က်တပျက်နဲ့

ငါပြန်မဲ့ ဂန္တ၀င်လမ်းက

အော်ခေါ်သံတွေ တိတ်ဆိတ်နေတယ်…

အလင်းရောင်တွေ ရှားနေတာလား.

ငါ့အာရုံတွေေ၀၀ါးနေတာလား

ငါပြန်မဲ့ ဂန္တ၀င်လမ်းရဲ့

အရိပ်တွေက မဲလို့လား..

အော်ခေါ်သံတွေရဲ့ နောက်ဆုံး

အသပြာကို ဘီးတက်

အသာအရာ ထွက်ခဲ့တယ်

ငါပြန်မဲ့ ဂန္တ၀င်လမ်း..

ဒီဘက်က မှောင်နေလို့

ဟိုဘက်က လင်းနေတယ်..

အမှန်တရားဆိုတာ ဘာလဲ

ငါဦးတည်တဲ့ ဘက်လား..

ငါပြန်မဲ့ ဂန္တ၀င်လမ်းလား…

ဘယ်ဆီကိုမှန်းမသိတဲ့

စိတ်ကူးနဲ့ ငါ့လမ်းကို ငါတွေးနေမိတယ်

ငါ သွားခဲ့တာ ဘာလမ်းလဲ..

ပြောပြောနေတဲ့ ဂန္တ၀င်လမ်းလား…..

ဖိုးသူတော် (၂၄.၁၀.၀၈)၂ နာရီ ၃၆ မိနစ်

You received this email because you are subscribed to the real_time feed for http://phoethutaw.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.