Friday, October 24, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 1 New Entry: အရပ်ပျက်မလေးရဲ့ နောက်ဆက်တွဲ

အရပ်ပျက်မလေးရဲ့ နောက်ဆက်တွဲ

ဒီနေ့ ကိုယောဟန်အောင်ရေးထားတဲ့ ၊ သူနေတဲ့နေရာနားမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးကို ဖတ်ပြီး အတွေးတချို့ ဖြတ်ခနဲ ခံစားချက်တွေနဲ့အတူ ရင်ဘတ်ထဲကို ဗလုံးဗထွေး ဆောင့်ဝင်သွားတယ် ။ အဲဒီအတွေးတွေကို သူ့ ပိုစ့်အောက်မှာ ကွန်မန့်အဖြစ် ချရေးခဲ့သလို ၊ ကျွန်မဘလောဂ့်မှာ လာဖတ်သူများလည်း ဖတ်လို့ရအောင် ပြန် တင်လိုက်ပါတယ် ။

ကျွန်မ ၀င်သွားတဲ့အတွေးက ကိုယောဟန်အောင် ပိုစ့်ထဲမှာ ရေးထားတဲ့ မိန်းမတွေရဲ့ တန်းတူအခွင့်အရေးကိစ္စနဲ့ သိပ်တော့မပတ်သက်လှပါဖူး ။ အဲဒီအတွေးကို ကျွန်မ ထိုင်းနယ်စပ်ဖက်သွားတုန်းက ကြုံတွေ့ ခံစားခဲ့ရဖူးတယ် ။ အိုင်ဒီယာ ခပ်ကြီးကြီးတွေ တပွေ့တပိုက်နဲ့ ကျွန်မကို အဲဒီ ကိုယ်ပိုင်အတွေးတွေက လှောင်ပြောင်ခဲ့ကြတယ် ။ အဲဒီနောက်ပိုင်း "လက်တွေ့" ဆိုတဲ့ စကားလုံးနှစ်လုံးကို ကျွန်မက ဦးစားပေးကျင့်သုံးလာမိတယ် ။ လက်တွေ့မှာ ဘာမှဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမယ်လို့ မထင်တာတွေကို ဖတ်ထားသမျှ စာအုပ်ပေါင်းစုံက သီအိုရီတွေသုံးပြီး ငြင်းခုံ ဆွေးနွေးနေဖို့ အချိန်မပေးချင်တော့ဖူး ။ အရေးမကြီးဘူးလို့ ကိုယ်ပိုင်ဆုံးဖြတ်မိတဲ့အရာတွေအတွက် သူများနဲ့ ငြင်းခုံရတဲ့အလုပ်မျိုး ရှောင်ရှားတတ်လာတယ် ။ အဲလိုနဲ့ လူတန်းစားတချို့ ရဲ့ intellectual လို့ သတ်မှတ်ကြတဲ့ စကားဝိုင်းဆိုတာတွေဟာ ကျွန်မအတွက်တော့ သိပ်ပျင်းစရာကောင်းသွားတယ် ။

ကိုယောဟန်အောင်ရဲ့ အရပ်ပျက်မလေး (၁) နဲ့ အရပ်ပျက်မလေး (၂) တို့မှာ ကျွန်မက အောက်ပါအတိုင်း ကွန်မန့်ရေးဖြစ်ခဲ့တယ် ။

.........................

Frankly speaking, have you ever wondered how ironic it seems that here we are, sitting in a nice ambience; be it at a nice restaurant or in the comfort of our home, and engaging in long discussions about how we can improve the lives of our people while the situation in Burma remains the same?

As I see that year after year, the number of Burmese people struggling to make ends meet increases and the gap between the wealthy and the poor keeps widening, I truly begin to wonder whether all of our discussions have been too idealistic. Amidst our so-called intelligent discussions, have we missed out the importance of practicality?

I always believe that how valuable an idea is, depends highly on how implementable it is in reality. If we only have ideas which are not implementable, then we are not making any effective progress for our society. As such, no contribution has been done and our lengthy discussions end up hanging precariously on the border of almost becoming "redundant".

My very frank and direct opinion is that many organizations sometimes or even most of the times fall prey to such form of redundancy even with their well-planned retreats and highly energised brainstorming sessions for future strategies. When our discussions do not produce effective and tangible outcome upon being carried out, it is time for us to re-look into where we have gone wrong and start being practical.

Look at what happened in the case of the young girl in the story. You have learnt extensively about the social theories and has had so many such reflective discussions with other intellectual people. And yet, when faced with the real case of the young girl, you were not able to do more than just feeling pity and recounting about her in your current post. You were not able to do something substantial to change her life.

Many of us, with our big ideas, fall into such categories. Many a times, I feel guilty about having walked past the beggars on the streets of Burma during my trips there. Apart from giving them money, I was not able to do more. That moment of truth keeps nagging at me and I sincerely hope in my heart that, one day, I would be able to do something about such truth.

...............................

တကယ်တော့ ကျွန်မတို့က ဘလောဂ့်ပေါ်မှာ အပြန်အလှန် ဒီဇာတ်လမ်းထဲက ကောင်မလေးနဲ့ ပတ်သက်ပြီး ပြောဆို သနားနေကြတုန်း ၊ အဲဒီကောင်မလေးကတော့ တကယ့် လက်တွေ့ဘ၀မှာ ကျွန်မတို့အားလုံး လုံးဝ imagine လုပ်နိုင်ချင်မှ လုပ်နိုင်မယ့် ဘ၀ငရဲဆိုတာကြီးကို ဖြတ်သန်းနေရကောင်း နေရမယ် ။ ဒါအတွက် ကျွန်မတို့ ဘာများလုပ်ပေးလိုက်နိုင်ပါသလဲ ။ ဘာမှ မလုပ်ပေးလိုက်နိုင်တာကို သိသိကြီးနဲ့ ရင်နာနာနဲ့ ကျွန်မတို့ ဒီအကြောင်းတွေ ဆက် ဆွေးနွေးဖြစ်ကြတယ် ။ ကျွန်မတို့ အပြန်အလှန်ပြောခဲ့ကြတာတွေ အလကားဖြစ်မသွားဖို့ နောင်မှာ အဲလိုကောင်မလေးလို ဇာတ်လမ်းပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်ခဲ့ရရင် ၊ စကားလုံးဆိုတာတွေထက် ကျွန်မတို့ နောက်တဆင့်တက်ဖို့ လိုအပ်လာပြီ လို့ပဲ အတွေးစကို အဆုံးသပ်လိုက်မိပါတယ် ။

(အပေါ်တွင် ရေးထားသော အကြောင်းအရာများသည် ကျွန်မ၏ ကိုယ်ပိုင်ခံယူချက်များ သက်သက်ဖြစ်သည် ။ မှန်သည် မှားသည်ဟု မဆိုလို ။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါသည် ။ မည်သူ တဦးတယောက်ကိုမှလည်း စော်ကားလိုစိတ်မရှိချေ ။ စိတ်ထဲရှိသည်များကို အရှိအတိုင်း ခပ်ရိုးရိုး ရေးသားခြင်းသာ ဖြစ်ပါသည်) ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.