Friday, October 24, 2008

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 1 New Entry: အခြေခံ တရုတ်စကားပြောလေးတွေ ...

အခြေခံ တရုတ်စကားပြောလေးတွေ ...

မင်္ဂလာပါဗျာ... ဒီနေ့တော့ တရုတ်ဘာသာ အခြေခံစကားပြောလေးတွေကို တတ်သလောက်မှတ်သလောက် တင်ဆက်ပါ့မယ်။ မမဝါ ဘလော့ဂ် မှာ ဂျပန်စကားပြော ပို့စ်လေးတွေကို ဖတ်မှတ်အားကျပြီး ရေးမလို့လုပ်နေတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် မမဝါကပဲ တရုတ်စကားပြော အသုံးများတာလေးတွေ ပို့စ်တစ်ခုလောက်ရေးပေးပါဦးဆိုပြီး ခင်မင်ရင်းနှီးစွာ ပြောလာတာကြောင့် ဒီပို့စ်လေးကို အမှတ်တရ တင်ဖြစ်သွားတာပါ။

ကျွန်တော် အရင်က "တရုတ်စာလုံးလေးတွေ ရိုက်ကြရအောင်" ပို့စ် ရေးခဲ့ဖူးပါတယ်။ အဲဒီပို့စ်မှာ ကမ္ဘာသုံး နဲ့ Zhuyin အသံထွက်စံနစ်တွေကို လေ့လာနိုင်ပါတယ်ဗျာ။ တရုတ်စာ ရိုက်တဲ့ Google Pinyin Software လေးကိုလဲ အဲဒီပို့စ်မှာ Link ထားပါတယ်။

ကဲ... ပထမဆုံးအနေနဲ့ ကမ္ဘာသုံး အသံထွက် စံနစ်လေးနဲ့ ရင်းနှီးသွားရအောင် ဒီအောက်က Video Clip လေးမှာ လေ့လာကြရအောင်နော်.... ကလေးလေးတွေနဲ့ အတူတူ သံပြိုင်လိုက်ဆိုနိုင်ပါတယ်။ ဟီး ဟီး... (ဘေးနားမှာ လူမရှိရင်ပေါ့..) (ဘလော့ဂ်ရဲ့ နောက်ခံတေးသီးချင်းကို Left Column က ကျွန်တော့်ရဲ့ C-Box အောက်မှာ ပိတ်နိုင်ပါတယ်ဗျာ။)



အောက်က Video Clip လေးမှာတော့ Self-introduction ကို တရုတ်လို ပြောပုံပြောနည်းလေး တင်ဆက်ထားတာပါ။ နားလည်လွယ်အောင် အင်္ဂလိပ်ဘာသာစကားသုံးပြီး တင်ပြထားတာမို့ အရမ်းကောင်းမွန်လှပါတယ်။ ကြည့်ဖြစ်အောင် ကြည့်သွားပါလို့ တိုက်တွန်းလိုပါတယ်ဗျာ။


ဒီအောက်က ဇယားကွက်လေးကတော့ ကျွန်တော့်ရဲ့ ဖန်တီးမှုလေးပေါ့။ ကမ္ဘာသုံး အသံထွက်နဲ့ အတူ မြန်မာ အသံထွက်ကို အနီးစပ်ဆုံး ဆင်တူအောင် ရေးသားထားပါတယ်ဗျာ။ အမှား အယွင်းများရှိခဲ့ရင် စေတနာအမှားသာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ သိပြီးသူများကို ဆရာလုပ်နေခြင်းမဟုတ်ပဲ တရုတ်ဘာသာစကား လေ့လာနေသူများအတွက် တစ်စုံတစ်ရာသော အတိုင်းအတာအထိ အကျိုးရှိစေဖို့သာ ရည်ရွယ်ပါတယ်ဗျာ။ ဇယားကွက်ပေါ်ကို Click နှိပ်ပြီး ပုံကြီးချဲ့ ကြည့်ပါက ပိုမိုပြတ်သားစွာ တွေ့မြင်ရမှာပါ။



အားပေးတဲ့သူတွေရှိရင် အခြေခံ တရုတ်စကားပြောပို့စ်လေးတွေ ဆက်လက် တင်ဆက်သွားပါ့မယ်။ ဟီး.... အားပေးကြပါနော်။ စာဖတ်သူ ဘလော့ဂါမောင်နှမများ အားလုံး စာပေဗဟုသုတ တိုးပွားကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.