ဘ၀ရဲ့ အဓိပ္ပါယ်
ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာဘာလဲ.....ဘာဖြစ်လို့ ဒီဘ၀ ဆိုတာကြီး ထဲကို ရောက်လာကြသလဲ...ဘာ ရည်ရွယ် ဦးတည်ချက်တွေ ကြောင့်လည်း...
`ဘ၀ရဲ့အဓိပ္ပါယ် ဆိုတာ ဘာလဲ...ဟုတ်လား...ခဏ နေစမ်း ပါဦးကွာ....ဒီနေ့ ညစာကို တောင် ငါ ဘယ်လို ဖြေရှင်းရမယ် မသိဘူး´..
တခါတလေ..အိမ်အပြန် လမ်းမှာ..နေ၀င်ဖြိုးဖြ..ကောင်းကင်ကြီးကို ငေးကြည့်ရင်း..`ငါဘာလို့..ဒီနေရာမှာ ရောက်နေတာ ပါလိမ့်လို့´...တွေးမိကောင်း တွေးမိပါ လိမ့်မယ်...ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ...ဘာလို့ ဒီကမ္ဘာကြီး ပေါ်ကနေ ပျောက်ကွယ် မသွားသေး တာလဲ...ဒါတွေဟာ ဘာအဓိပ္ပါယ် တွေပါ လိမ့်...။
`ကြည့်ပါဦးဗျာ..ဒီမေးခွန်းကြီး တွေက..သိပ် ကြီးကျယ် လွန်းတယ်...ကျုပ်လည်း မဖြေတတ်ဘူး...ကျုပ်မှာ တခြား ဖြေစရာ မေးခွန်းတွေ တပုံကြီး...နောက်လအတွက်.. မီတာခ ဘယ်လို ပေးရမလဲ..လုပ်ခ အချိန်မှီ ရအောင် ဘယ်လို လုပ်ရမလဲ...ခုညစာ ၀ယ်ဖို့ ဘယ်လို လုပ်ရမလဲ..ဒီမေးခွန်းတွေက.. ပိုအရေးကြီးနေတယ်ဗျ...´
ဒီလိုနဲ့ပဲ..ဒီမေးခွန်း တွေကို ဘေးဖယ်ခဲ့တာ..တရက်ပီး တရက်...တပတ်ပီးတပတ်..တလပြီး တလ..တနှစ်ပီး တနှစ် ကြာလာလို့..ဟော..ခုပဲ..ဘ၀ရဲ့..တ၀က်ကျိုးလား..သုံးပုံတပုံလား...လေးပုံသုံးပုံ တွေလား ရောက်နေကြပီ....ခုထက်ထိလဲ...အဲဒီ.. ဘ၀အဓိပ္ပါယ် ဆိုတာဘာလဲ ဆိုတဲ့ မေးခွန်း အတွက်..အဖြေ ကောင်းကောင်း ထွက်မလာ သေးဘူး....
...ဒါဟာ..ဘ၀ဒသာနကြီး တွေပါပဲလို့....အားလုံး တွေး ကြ မှာပါပဲ..ဘ၀ ရဲ့ အစောပိုင်း သက်တမ်း အနှစ်၂၀ လောက်ဟာလဲ..ဒီ ဒသာနကြီး ထဲမှာပဲ ရှိခဲ့လိမ့်မယ်. ..လူတွေ ကို ဦးဆောင် လမ်းပြနိုင်မဲ့ ဘ၀ ဒသာန တခု..ပြဌါန်းနိုင်ဖို့ကို......ဘယ်နှယ်ယောက်များ.အောင်မြင်လို့..ဘယ်နှစ်ယောက်တောင်..ရှုံးနိမ့်ခဲ့ ကြသလဲနော်...
`ကောင်းပြီ..ဒါ-ဘာများ စိတ်အနှောက်အယှက် ဖြစ်စရာလဲ...ဘ၀ဆိုတာ..ရှင်သန် ရပ်တည်ဖို့ပေါ့..ဘာလို့များ..ဒီဘ၀ ဒသာနမေးခွန်း တွေကို..အချိန်ကုန်ခံ အဖြေထုတ် နေမလည်း.´
ဆိုကြပါစို့...တနေ့မှာ...ခရီးသွားတွေ အပြည့်နဲ့..အဝေးပြေး ဘတ်စကားကြီး တစီး...ခင်ဗျား ရဲ့ အိမ်ရှေ့မှာ ထိုးဆိုက်လာပီး..ခင်ဗျားကို ခေါ်တင် သွားတယ်ပေါ့...ပြီးတော့ လမ်းမကြီးပေါ်တက်..တဆင့်...အဝေးပြေး လမ်းကြီးပေါ် ရောက်ပီး...တနာရီ..၆၅မိုင်နှုံးနဲ့ စပြီး မောင်းနှင် တော့တယ်....
ခဏကြာ တော့..ခင်ဗျား ဟာ..ပတ်ဝန်းကျင်ကို အကဲခတ်ရင်း..ဘေးနားက တယောက်ကို...` ဟေးလူ..ဒီကားကြီးကဘယ်ကို သွားနေတာလဲဗျ...´ လို့မေးလိုက်တယ်..
`အာ...မပူပါနဲ့ဗျာ..ကားနောက်မှာစားစရာတွေမှ..အပြည့်...ကဲ..ပြောနေကြာတယ်..ခုပဲ စားကြ သောက် ကြရအောင်..`လို့..အဲဒီလူက ပြောတယ်...အဲဒါနဲ့.. `အင်း..လူတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲ..ငါလည်း လုပ်ပေါ့..´ လို့ တွေးရင်း... သူများတွေ နဲ့ အတူ စားရင်း သောက်ရင်း..ပျော်သွား တာပေါ့....
စားသောက်ပြီး ခဏနေ တော့..လူတွေဟာ..သီချင်းတွေ အော်ဆိုကြပြန်ရော....ခင်ဗျား လည်း ဘယ်နေမလည်း..လိုက်ဆိုတာပေါ့...အတော်လေး ကြာရင်ပဲ..ညနေက စောင်းလာရော...အဲဒီတော့မှ ..ဟိုဒီ အကဲခတ်ရင်း....` တဆိတ်လောက်ဗျာ...ဒီကားကြီးက..ဘယ်ကို သွားနေတာလဲ...ကျွန်တော် တို့ရော.. ဘာလို့ ဒီထဲ ရောက်နေတာလဲ ဗျာ´ လို့...ခုနလူကိုထပ်မေးပြန်တယ်..သူကတော့...ထုံးစံ အတိုင်း..`မပူပါနဲ့ဗျာ...ကဲလာ.. သီချင်း နဲနဲ ထပ်ဆိုကြရအောင်..ပီးရင်..သစ်သီး ဖျော်ရည် ထပ်သောက် ကြတာပေါ့ ´လို့ ပြောတယ်။..ဒီလိုနဲ့ပဲ..ည ရောက်လာတာပေါ့...ခင်ဗျား လည်း.. မောမောနဲ့..ခုံရဲ့ နောက်မှီလေးမှာ မှေးပြီး..အနားယူရင်း.အိပ်ပျော် သွားလိုက်တာ...နောက်တနေ့ မနက်မှနိုးတော့တယ်...
ဘတ်စကားကြီး ကတော့..တနာရီ..၆၅မိုင်နှုံးနဲ့...သွားမြဲ သွားနေတုံးပဲ...ခဏနေတော့..ရှေ့ကလူဆီကို ကုန်းလိုက်တယ်..ဘေးကလူကတော့..ငါ့မေးခွန်းတွေကို မဖြေနိုင်တာတော့ သေချာတယ်လို့..ခင်ဗျား တွေးမိတယ်လေ...။
`ဟေ့လူ..ဒီမှာ နားထေင်စမ်းပါအုံး...ဒီကားကြီးက ဘယ်ကို သွားနေတာလဲဗျ..ကျွန်တော်တို့ ဘာလို့ ဒီကားထဲ ရောက်နေတာလဲ..´ လို့ မေးလိုက်တယ်..ဒီလူရဲ့ အဖြေကလည်း ဒီ အတိုင်းပဲ...` မပူပါနဲဗျာ..ခင်ဗျားဘေးက..မှန်ပြတင်း တွေကိုသာ..ပြောင်အောင် တိုက်နေပါ..ပျော်ပျော် သာနေ..ကိုယ့်လူရေ..စားမြဲ..အိပ် မြဲသာနေ..ဒါဟာ..ကျွန်တော်တို့ လုပ်ရမဲ့ အလုပ်ပဲ...´
တရက်ပီးတရက်ကြာလာတော့...စိတ်ပျက်-ပျက်လာတယ်...အဲလိုပဲ..တခြား လူတွေလဲ..တဖြည်းဖြည်းနဲ့ စိတ်ပျက် လာကြတာပေါ့...တကယ့်တကယ်မှာ...အနှစ်၂၀လောက် ကြာလာပြီ ဆိုရင်ပဲ..ဒီလို စိုးရိမ် သောကတွေက..သီးမခံနိုင်လောက်အောင် ဖြစ်လာကြ တယ်..လူတိုင်း လူတိုင်းဟာ..ကားကြီး ထဲမှာ..အရင်တုံးက..ပျော်ခဲ့တဲ့ အချိန်မျိုးတွေ မရှိတော့ဘူး...
တချို့တွေက ..ဖျားနာလာကြတယ်...တချို့တွေက သေဆုံးကုန်လို့..ကားပေါ်ကနေ ပစ်ချလိုက် ကြတယ်..တချို့လူတွေဆို အချင်းချင်း ရန်သူတွေတောင် ဖြစ်လာကြပီး..တယောက်နဲ့ တယောက် သည်း မခံနိုင်လောက်အောင် ဖြစ်လာ ကြတယ်..အဲဒီထဲက..တချို့တ၀က် ကတော့..ကားရဲ့ထောင့်မှာ သွားစုပြီး...သူတို့ကို တိုက်ခိုက် ရန်ပြုလာရင် ကာကွယ်ဖို့ ပြင်ကြတယ်..တချို့တွေမှာ..စားစရာတွေ ကုန်သွားပြီး..တချို့မှာတော့..တောင်လို ပုံလာတယ်..
အဲလိုနဲ့ပဲ...ကားထဲမှာပဲ..သားသမီးတွေလည်း ပေါက်ပွားတဲ့ လူက..ပေါက်ပွားပေါ့...ဒီကလေး တွေကိုလည်း.သူ တို့ မိဘတွေက.. ` ဟေး...ပြတင်းမှန်တွေကို တိုက်ကြနော်..´ လို့ဆုံးမတယ်။ ကလေးတွေက.ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလည်း...ဘာအတွက်လည်း လို့ မေးတာတောင်...`ကဲပါ..သီချင်း ဆိုစရာရှိဆို..ပျော်စရာရှိပျော်..ပျော်ပျော်နေ သေခဲ´ လို့ပဲ ပြောကြတယ်...
တဖြည်းဖြည်းနဲ့...ဒီမေးခွန်းတွေကို..ဘယ်သူမှ မဖြေနိုင်ဘူး ဆိုတာ..သိလာတဲ့ အခါ..အားလုံးဟာ..စိတ်ပူသထက်ပူလာတယ်...
ဘာအကြောင်းပြချက်မှကို မရှိတော့ ဘူးလား...ဘာအဓိပ္ပါယ်မှ မရှိတော့ ဘူးလား...ဒီဘတ်စကား
ကြီးပေါ်မှာ ရောက်နေတာ..ဘာအတွက်ကြောင့်မှ မဟုတ်ဘူးလား...ဆိုပြီးတော့လည်း..လူတချို့ဟာ.အံ့သြ ထိတ်လန့် လာတယ်...အဲဒီတော့..ဒီကားကြီးပေါ်က ဆင်းနိုင်ဖို့ အတွက်..တနည်းပဲ ရှိတော့တယ်..ဆိုတာ..အတော်များများက တွေးလာကြတယ်...ဒီနည်းလမ်းကို တချို့တွေ တကယ်ပဲ အကောင်အထည်ဖော် သွားတာ...မြင်ရတယ်.။ တကယ်တော့..ဒါဟာ..ကိုယ့် ရဲ့ အသက်နဲ့ ရင်းဖို့ စဉ်းစား လာတာပဲ..ဒီဘတ်စကားကြီးပေါ်က ဆင်းရဖို့ ကလည်း ...အဲလို သေပြီး..စွန့်ပစ်ခံရမှပဲ ဖြစ်နိုင်တာကိုး...
+++++
ဟောဒီကမ္ဘာဂြိုဟ်ကြီးဟာ...အဲဒီ ဘတ်စကားကြီး ပဲပေါ့။ အာကာသဟင်းလင်းပြင် ကြီးထဲမှာ..တနာရီ..မိုင်သောင်းနဲ့ ချီပြီးတော့ကို ရွှေ့လျား လည်ပတ် နေတယ်...တနေရာရာကို သွားနေတာတော့ သေချာတယ်...ဘယ်ကို လည်း ဆိုတာကိုလည်း တယေက်မှ မသိဘူး...ဒီလမ်းကြောင်းကြီးပေါ်မှာ အမြဲရှိနေမယ် လို့လည်း ဘယ်သူမှ အာမ မခံနိုင်ဘူး...အရေးအကြီးဆုံးက...အဲဒီကမ္ဘာကြီး ဘယ်ကို သွားနေတယ်ဆိုတာကို တယောက်မှ မသိတာပဲ....
ဒီလို မေးခွန်း..ပုံဖော်ချက် တွေဟာ..တခုခုကို သွေးဆောင် ဖြားယောင်နေ သလိုပါပဲ....
ဒီလိုနဲ့ပဲ...ဆက်မျောပါနေကြတယ်...ဒါမှမဟုတ်ရင်လဲ..ဒီအကြောင်းအရာ တွေကို မစဉ်းစားဖို့...ကိုယ့် ကို ကိုယ် လှည့်ဖြား ကြမယ်။
တကြိမ် တော့..အမေ က ပြောခဲ့ ပါလိမ့်မယ်...`ဟေး...မင်း- ဒါတွေကို မစဉ်းစားနဲ့..အရမ်း လေးလေးနက်နက် ကြီးတွေ..လျှောက် မတွေးနဲ့...မင်းတွေးချင်သလောက် တွေးလိုရတယ်...အေး..သေချာတာကတော့ မင်း- အများကြီး စဉ်းစားလို့မရဘူး.´ ဆိုတာမျိုးလေ။
အင်္ဂလိပ်ကဗျာဆရာကြီးတယောက်ကတော့..ဒီလိုစပ်ဆိုခဲ့တယ်...သူကတော့ဟိုတုံးက..့နမယ်ကြီးတက္ကသိုလ်ကြီးတွေမှာ. .ဂရိပါမောက္ခကြီးတယောက်အဖြစ်ကျော်ကြားတဲ့.. A. E. Houseman ဆိုတဲ့ကဗျာဆရာကြီး...
ဟောဟိုမှာ...မနက်ခင်းတခုပွင့်သစ်လာပြန်တော့....
နေလုံးကြီးနိုးထလာသလို...ငါလဲနိုးထရပေါ့...
ရေမိုးချိုးအ၀တ်အစားလဲဖို့ရယ်...စားသောက်ဖို့ရယ်...
ပီးတော့...မြင်မြင်သမျှအရာတွေကိုကြည့်အုံးမယ်..စကားတွေပြောမယ်..
တွေးအုံး တောအုံးမယ်...အလုပ်လုပ်မယ်ပေါ့....
ဒါတွေဟာ...ဘာကြောင့်လဲဆိုတာတော့ဘုရားမှပဲသိလိမ့်မယ်...
သြော်...တခါတလေတော့လဲ....
ငါရေမိုချိုးအ၀တ်အစားလဲနေခြင်းဟာ...
ငါ့ရဲ့နာကျင်ခံစားရမူတွေကိုသေသေသပ်သပ်ကလေး
ပြရအောင်များလား....
ငါလေ..
အိပ်ယာပေါ်မှာပဲလဲလှောင်းပီးနားနေပါရစေတော့လား....
တောင်သောင်းမက...တတ်နိုင်သမျှ..အကောင်းဆုံးတွေ...
ငါ..လုပ်ခဲ့ပီးပီပဲ....
ပြီးတော့လဲ..ဒါတွေပဲနောက်တခါပေါ့.....
`အို..ဘယ်လို အဆိုးမြင် အယူအဆ ကြီးပါလိမ့်...ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်ပါလိမ့်...´ နော်။
သွားစမ်းပါ .ဘ၀ဆိုတာ- ဘာလည်း ငါ-မသိဘူး..ဒါပေမဲ့..ခုချိန်မှာ ငါ-သဘောပေါက်တာ ကတော့...သေချာတာ ကတော့..ဒီကမ္ဘာကြီးပေါ်မှာ..လူတိုင်း အတွက်...လုပ်နိုင်တာတွေ ရနိုင်တာတွေ..အများကြီးရှိတယ်...ငါလည်း မြန်မြန်သွားပြီး...ငါနဲ့ ဆိုင်သလောက်..ငါ-ရနိုင်သလောက်..ယူထားတာ ပိုကောင်းမယ်´...။
မိဘတွေကလည်း ..ဒီလိုပဲ..ငယ်ငယ်လေးထဲက..သွန်သင်ခဲ့တာပဲ...
`အေး..မင်းတို့ကို့ဖာသာမှကိုမစောင့်ရှောက်နိုင်ရင်..ဘယ်သူကလာပီးမင်းတို့ကိုစောင့်ရှောက်မလဲ...´ ဆိုတာမျိုးပေါ့....
လူတွေဟာ..ကိုစားဖို့..ကိုယ်နေဖို့..ကိုယ် ၀တ်ဖို့..ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို..ကိုဖာသာ ဖြည့်စွမ်းနိုင်ရမယ် ဆိုတဲ့အသိဟာ...ခေါင်းထဲမှာ စွဲမြဲနေအောင်ကို ရိုက်သွင်းခံထားတာပဲ။
ဟိုး-ကျောက်ခေတ် သံခေတ်ထဲ ကလည်း..လူတွေဟာ..အနဲဆုံး တော့...ဒါတွေကိုလုပ် နိုင်ခဲ့ ရတယ်လေ....
ဒါပဲလေ....အဲဒီလို သဘောပေါက်မူ...တိုက်တွန်း နိုးဆော်မူတွေနဲ့ပဲ..ကြီးပြင်းလာ ကြတာပဲ..ဒီနေရာကို ဘယ်လို အကြောင်း ကြောင့်ပဲ ရောက်လာ ရောက်လာ..ဘ၀ဆိုတာကြီးက..ဘယ်ကိုပဲ ဦးတည် ဦးတည်..ငါတို့တွေ..ပိုကောင်းအောင် လုပ်ရဦးမယ်..ပိုတိုးတက်ရမယ် ဆိုတာက ပဲ..အရေးကြီးခဲ့တာ မဟုတ်လား။
ကိုယ် ကိုတိုင်က လွဲပြီး..ဘယ်သူကမှ လာပြီး မစောင့်ရှောက်နိုင်ဘူးကိုး.။..သင့်တော်တဲ့ ပညာရေး တခု ရအောင်..ကြိုးစားကြရတယ်..အဲတော့မှလဲ..သင့်တော်တဲ့ အလုပ်တခုရမယ်...လိုအပ်တဲ့ ပိုက်ဆံရမယ်..အဲဒါမှ..စားစရာတွေ...၀တ်စရာတွေ..နေစရာတွေ..၀ယ်နိုင် ခြမ်းနိုင်မယ်...ဒါမှလဲ.အသက်ရှင် ရပ်တည် နိုင်မယ်လေ...
အဲဒီလိုနဲ့ပဲ..ဘ၀ ဒသာနတွေ ကနေပီး...တကယ်လက်တွေ့ ကျတဲ့..ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် တွေဆီကိုပဲ.. မြန်မြန်ဆန်ဆန်..ဦးတည်လိုက်ကြတယ်။
သိတဲ့ အတိုင်းပဲလေ...ကျောင်းကို စသွားကြတယ်...တတ်နိုင် သလောက်..အကောင်းဆုံးဆိုတဲ့ ပညာရေး တွေယူမယ် ပေါ့....ဒါတွေဟာ..အတွေးတွေကို ဘယ်လောက်တောင် လွှမ်းမိုး လာနေသလဲဆိုရင်.. လူတွေက.ကိုယ့် အစွမ်းအစတွေ ကိုပဲ တွေးတော နေကြတယ်..ငါ့ရဲ့ အနုပညာပါရမီ...ငါ့ရဲ့..အရေးအသား ကျွမ်းကျင်မူ... စက်မူပိုင်းဆိုင်ရာ တတ်ကျွမ်းမူ...စသဖြင့်ပေါ့...လူတိုင်းပဲ.....အသေအချာ တွေးထင်တတ် တာကတော့...ငါတော့..လူသားတွေ အတွက်...တခုခု အကျိုးပြုနိုင်ရမယ်..ဆိုတာမျိုးပေါ့။
တကယ့်တကယ် ခြုံကြည့် လိုက်တဲ့ အခါ...လူတွေ အကုန်လုံးကို လွှမ်းမိုး လာနေတဲ့ အတွေးကတော့...`ငါ...နောက်ထပ် တလုပ်စားဖို့ အတွက်..ဘယ်လို လုပ်ရမလဲ...´ ဆိုတာပဲ..ဟုတ်တယ် မဟုတ်လား...ဒီအတွေးအခေါ်က..ဟိုး..ကျောင်းသား အရွယ် လေးထဲက လွှမ်းမိုး လာတာလေ..
ကျောင်းကို သွားတယ်.....တက္ကသိုလ်တွေတက်..ဒါမှမဟုတ်..သိပ္ပံကောလိပ် တွေသွား..ဘွဲ့တွေယူ..နောက်ဆုံး.. ခုပြောနေတဲ့..တကယ့် ဘ၀ဆိုတာကြီးက ရောက်လာရော...သိပ် မကြာခင်မှာကို..ဒီကြီးမား ကျယ်ပြန့်တဲ့ လောက ကမ္ဘာကြီးထဲကို.ထွက်လာရရော။ ဒီအတိုင်း ပါပဲလေ....ပြီးရင် လုပ်ငန်းခွင်ထဲကို ၀င်ရမယ်....ဒီလို ဘွဲ့ တွေ..ပညာ အရည်အချင်း တွေရ ဖို့ ..ပြီးရင်ကောင်း ပေ့ ဆိုတဲ့ အလုပ်တွေ ရ ဖို့ ..ဘယ်လောက်တောင် ရင်ဆိုင် ယှဉ်ပြိုင်ရတယ် ဆိုတာ..ပြီးတော့လည်း..ဒီ -ရထားတဲ့ အလုပ်ကလေး မှာ တည်မြဲဖို့ ကြိုးစားရအုံးမယ်..အဲဒီ အရည်အချင်းတွေကိုလည်း အမြဲ တိုးတက်အောင် အသုံးဝင် အောင်ကြိုးစား နေရတယ်...
`ဟေး..မင်းတို့ ဘာလို့ အသက်ရှင် နေတာလဲ´ လို့ များ မေးခံရရင်...`ငါတို့ အသက်ရှင် နေတာ..အသက်ရှင်ရပ်တည်နိုင်ဖို့ပေါ့´ လို့ပဲ... ဖြေရမှာပဲ။...ဒါမှမဟုတ်..`ဟေး..မင်းတို့..ဘာလို့ ပညာတွေ သင်နေတာလည်းလို့ ´..မေးရင်...`ငါတို့..ပညာသင်တာ...ပညာတွေ တတ်အောင် လို့ပေါ့...ဒါမှ..အလုပ် ကောင်းကောင်းရမယ်...အလုပ် ကောင်းကောင်း ရှိမှ...စားနိုင် သောက်နိုင်..ရှင်သန် ရပ်တည်နိုင်မယ်..အဲတော့မှ..သားသမီးတွေကို ကောင်းကောင်း ကျွေးမွေး ပြုစုနိုင်မယ်..ပညာရေး ကောင်းကောင်း ပေးနိုင်မယ်..သူတို့တွေ လည်း အလုပ်အကိုင် ကောင်း ကောင်း ရမယ်..စားနိုင် သောက်နိုင်မယ်..သားတွေ သမီးတွေ..ပြုစု ပျိုးထောင်နိုင်မယ်..ဒီကလေးတွေကလည်း..ပညာတွေ ရှာဦးမယ်.ဒါပဲ ပေါ့´ ..ဒီလိုနဲ့ပဲ.ဒါဟာ.ဘယ်တော့မှ..ဆုံးနိုင်မှာ မဟုတ်တော့ဘူး....
ရပ်တည်နေထိုင်ဖို့အတွက်များ...ဒီလိုအသက်ရှင်နေရတာလား...ဆိုတာ...တွေးတောစရာပါပဲ.
ဆင်ခြေ ပေးနိုင်ပါတယ်..ဒါတွေ ဒါတွေ..ဘာလို့ လုပ်နေရသလဲဆိုတော့...လိုအပ်မူတွေ ရှိနေလို့ပေါ့...တိရိစ္ဆာန်တွေ လိုပဲလေ..ကိုယ့် ဖာသာ ရှာဖွေ စားသောက်ရမယ် ဆိုတဲ့ သဘာဝ အသိတရားက ရှိနေတာကိုး...လူဆိုတာ...တိရိစ္ဆာန်ထက် ပိုမြင့်ရမယ် ဆိုတာတော့ ကောင်းကောင်းသိတယ်..ဒါပေမဲ့လဲ.....ကိုယ့် ကိုကိုယ် ကာကွယ် စောင့်ရှောက်ရင်း တိရိစ္ဆာန်တွေလိုပဲ ဖြစ်နေကြတယ်...ဒါပေမဲ့..အဲဒီ တိရိစ္ဆာန်တွေနဲ့ မတူတာက..ငါတို့မှာ...တခြား လုံခြုံစိတ်ချမူ တခု ရှိနေသေးတယ် ဆိုတဲ့..ထူးဆန်းတဲ့ မျှော်လင့်ချက်တခု...နှလုံးသားထဲမှာ ရှိနေတာပဲ...
အမှန်တကယ်တော့..အဲဒီထက် ပိုတဲ့..နက်ရှိုင်းတဲ့..ခံစားမူလို့..ပြောရလိမ့်မယ်.....ငါတို့တွေမှာ..ဒီဘ၀.ဒီအသက်ထက် ပိုပီး.. တခုခုတော့ ရှိမှာပဲလို့.တွေးမိ တတ် ကြတာပါပဲ..
သိပ်မတွေး နေပါနဲ့လေ.. ငါ့ ရဲ့ ပတ်ဝန်းကျင် မှာလဲ..သန်းပေါင်း များစွာသော..လူတွေ..ဒီလိုပဲ..အသက်ရှင်ရင်း...သူတို့ကို သူတို့..လောကကြီးမှာ အရေးပါဖို့...အဓိပ္ပါယ်ရှိဖို့ ကြိုးစားနေကြတယ်...ငါတို့လည်း..ဒီလိုပဲ ကြိုးစားနေရတာပဲ မဟုတ်လား....
ယင်ကောင် အုပ်ကြီးထဲမှာ...ကိုဟာလဲ..ယင်ကောင်လေး တကောင်ပါပဲ...ဘာလို့ အသက်ရှင်နေသလဲတော့ မသိတာအမှန်ပဲ... ဒါပေမဲ...ကို့ဖာသာကို အရေးပါတယ်လို့တော့..ထင်နေမိတယ်.....ငါဟာသူများနဲ့မတူ..တမူထူးခြားနေတယ်လို့ထင်မိတယ်..
`ငါ့မှာ..ထူးထူးခြားခြား..ပါရမီ တခုတော့ ရှိနေတယ်...ငါဟာ..သူများထက် အရမ်းပိုတော် ပိုတတ် နေတာတော့ မဟုတ်ပါဘူး...ငါသိတယ်..ဒါပေမဲ့...ငါဟာ..သာမန်လူ တယောက် သက်သက်တော့ မဟုတ်နေဘူးကွာ..တနည်းနည်းနဲ့တော့.ငါဟာ. အကျိုးရှိရှိ အသက်ရှင်ပီး..ပတ်ဝန်းကျင်မှာ..အတိုင်းအတာ တခုထိတော့..အသိအမှတ် ပြု ခံရလိမ့်မယ်´ ...လို့ပဲ..တွေး နေမိ တတ်ကြတယ်။
.ကဗျာဆရာကြီး..ဂျွန်မီလတန်က.. သူ..လောကကြီးထဲကို..တကယ့် ရည်ရွယ်ချက် ရှိရှိနဲ့ ရောက်လာတယ်လို့ ထင်ခဲ့တယ်...ဒီကမ္ဘာကြီးပေါ်မှာ သူ-လူဖြစ်လာရခြင်း ဟာ....ထူးခြားတဲ့ အကြောင်းတရား တခုတော့ ရှိကို ရှိရမယ်လို့ သူထင်တယ်..အဲဒါကြောင့်လဲ..သူဟာ..ဒီလို ထူးခြား ထင်ရှားလာအောင်ကြိုးစား အားထုတ်ခဲ့တယ် တဲ့။
ငါတို့ တွေ ကရော။ ..ဟိုး-ငယ်ငယ်..မူကြို ကျောင်းသား ဘ၀မှာတောင်...ဆရာမရဲ့..ဂရုပြုတာ ခံရစေဖို့...အမြဲ..အားထုတ် ခဲ့ကြတာပဲ မဟုတ်လား...အဲဒီနောက်..မူလတန်းကျောင်းကို ရောက်တော့ရော...စာကြိုးစားရင်..အမှတ်တွေ ကောင်းကောင်းရရင်..ဆရာ..ဆရာမချစ်တယ်..ဂရုစိုက်တယ် ဆိုတာ သိလာတာနဲ့ အမျှ..အဲဒီလို ချစ်အောင် ဂရုစိုက်အောင်..သူ့ထက်ငါ..ကြိုးစား အားထုတ် ကြတာပဲလေ..
ငါတို့ဟာ..ခွေးလေးတွေ..သခင်ချစ်အောင်..ကဲပြနေတာမျိုး..မြင်းကလေးတွေ..နောက်ထပ် အစာ ထပ်ကျွေးအောင် ခုန်ပြ..ဟီပြနေတာမျိုး..ကြောင်ကလေးတွေ...ပုစွန်ခြေက် ကျွေးအောင် သခင်ကို..အမြီးကလေးနဲ့ ပွတ်သိပွတ်သပ်.
လာလုပ်နေတာမျိုး.အတိုင်း တထပ်တည်း ဖြစ်နေကြတာပါပဲ....တကယ့်ကို...အစားသရဲလေးတွေ ဖြစ်လာကြတယ်...အစာရဖို့ကို..
.ဘာပဲ လုပ်ရ လုပ်ရ ဆိုတာမျိုးပေါ့...တယေက်ယောက်က...အသိအမှတ် ပြုမယ်..ချီးကျူးမယ်..ဂုဏ်ပြုမယ် ဆိုရင်...ဘာပဲ လုပ်လုပ်ရ..လုပ်ကြလိမ့်မယ်....အဲဒါကြောင့်ပဲပေါ့....တလောကလုံးမှာ ဖြစ်နေကြတာ...ဒီကောင်က..တက္ကသိုလ်က..ဘွဲ့ရလား...ဘယ်ကျောင်းကလဲ..ဆိုတာမျိုး......တခုခု လုပ်လိုက် ကိုင်လိုက်တာ..တော်တဲ့သွားလို့...အထက်အရာရှိက...ခေါင်းလေး တချက်လောက်များ ညိတ်ပြလိုက်ရင်...ဘယ်လောက်တောင် ကျေနပ်ကြသလဲ....လုပ်ငန်းခွင် တွေမှာ...အလုပ်တခုကို.. ကျကျနန အောင်အောင် မြင်မြင် လုပ်ပြလိုက် နိုင်လို့...ရာထူးတိုးမယ်..အထက်အရာရှိက..ချီးကျူး..ထောမနာပြုမယ်..လစာတွေ တိုးမယ်..ဆိုတာမျိုး တွေ... ဘယ်လောက် တောင် ဖြစ်ချင်ကြသလဲ....
အဲဒါကြောင့် ပြောတာပေါ့...
ငါတို့ဟာ...အသိအမှတ် ပြုခံရခြင်း ဆိုတဲ့..ဂုဏ်နောက်ကို တကေက်ကေက် လိုက်နေကြတဲ့..အစားသရဲလေး တွေပါလို့။
ဒါဆို အသက်ရှင် နေထိုင်ခြင်းက.. တခြားလူတွေ ဆီက...အသိအမှတ် ပြုခြင်းကို ခံရဖို့...ချီးမွမ်း ထောပနာပြုခြင်းကို ရရှိဖို့ လား။
ဘ၀ အဓိပ္ပါယ် အတွက်- မေးခွန်းတွေ အများကြီး ရှိသေးသလို.. အဖြေတွေလည်း အမျိုးမျိုး ထုပ်ကြည့် ကြပါသည်။ သို့သော်-

( ၂၀၀၁ ခုနှစ်က.. တပိုင်း တပြတ် အခန်းတချို့- ဘာသာပြန် ပေးခဲ့ဘူးတဲ့ ဘာသာရေးအကြောင်းအရာ တခု ဖြစ်တဲ့.. Ernest O'Neill ရဲ့ What is the meaning of Life ? ထဲက.. နိဒါန်း တချို့ကို ပြန်လည် အသုံးပြုပါသည်။)
You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.