Thursday, November 13, 2008

[အောင်သာငယ်] 1 New Entry: ရှစ်ဆယ့်ရှစ်ပန်းပွင့်တွေ

ရှစ်ဆယ့်ရှစ်ပန်းပွင့်တွေ



















ရှစ်ဆယ့်ရှစ် ဆိုတာ
မောင်းပြန် ပစ်သတ်မရခဲ့
ဒေါင်းအလံ ချစ်တတ်ကြတဲ့
ပွင့်ချပ် ဖြူဖြူတွေ ဖြစ်တယ်...

၂၊ ၄၊ ၆၊ ၈၊ ၁၀
နှစ် ၂၀၊ ၆၅ နှစ်
ပန်းပွင့်တွေ အော်ရီပစ်လိမ့်မယ်...

သန်း ၅၀ ထဲက
အစင်ကြယ်ဆုံးပန်းတွေ
နွမ်းကြွေသွားခြင်း
အလျဉ်းမရှိ....

ငရဲခန်းထဲ ဖြစ်ပစေ
အမြဲတမ်း ပွင့်သစ်နေတယ်...
ရှစ်ဆယ့်ရှစ် ဟေ့ .......

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.