Thursday, November 13, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: ကာရန်ညီသော နေ့စွဲများ

ကာရန်ညီသော နေ့စွဲများ


နေ့တနေ့ရဲ့အစ
ချစ်သူကို သတိရခြင်းများစွာနဲ့
အလင်းရောင်မရှိတဲ့ကောင်းကင်ကို
မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တယ် ..

နေ့တနေ့ရဲ့အလယ်
ကြုံလာသမျှ ဘာကိုမှမငြင်းပယ်ပဲ
အားတင်းရင်ဆိုင်ရဲဖို့
လောကထဲကို ခရီးနှင်လိုက်တယ် ...

နေ့တနေ့ရဲ့အဆုံး
အပြုံးတွေ နွမ်းနယ်လွန်းပေမဲ့
နှလုံးသားတစ်စုံက လန်းဆန်းလို့
ချစ်သူနဲ့ အတူဖြတ်သန်းမဲ့ မနက်ဖြန်ကို
ကြိုတင်ရင်ခုန်ထားလိုက်တယ် ...

by...DecemberCinderella

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.