Thursday, November 13, 2008

[We Fight We Win. -- " More than Media "] 7 New Entries: တေဇ အမျိုးသမီးလေးများကို ဖျက်ဆီး နေတယ်

တေဇ အမျိုးသမီးလေးများကို ဖျက်ဆီး နေတယ်

( အမျိုးသမီးငယ်လေးတွေကို ဖျက်ဆီးနေတဲ့  လူယုတ်မာ တေဇ)

တေဇ ဟာ သူပုဂံလေကြောင်းလိုင်း ကို အလုပ်လာလျောက်တဲ့ လေယဉ်မယ် လေးကိုဖျက်ဆီးနေတာ ကြာပါပြီ။ အခုတာ ယဉ်ယဉ် အမည်ရှိတဲ့ အမျိုးသမီးငယ်လေးကိုဖျက်ဆီးနေပြန်ပြီလို့ သိရပါတယ်။ ယဉ်ယဉ်ရဲ့ အဖေက တပ်မတော် က ဗိုလ်မှုးကြီး တဦး တယောက်ရဲ့ သမီးလို့ သိရပါတယ်။ သမီးရှင် တွေအနေနဲ့  တေဇရဲ့ ပုဂံ လေကြောင်းလိုင်းမှာ အလုပ်လုပ်မယ်ဆိုရင် သတိထားကြပါ။


Summary

Rest of your post

အိန္ဒိယ တာလစ်ပြစ်ဒုံးပျံ စမ်းသပ်ပြစ်လွတ် - ပါကစ္စတန် စိုးရိမ်




နိုဝင်ဘာ ၁၂ ရက်၊ အိန္ဒိယ က ရှာရုရာ ( Shaurya) အမည်ရှိ မြေပြင်မှမြေပြင် တာလတ်ပြစ် ဒုံပျံ ကိုအောင်မြင်စွာ ပြစ်လွတ်လိုက်ပါတယ်။ ဒုံပျံဟာ ကီလိုမီတာ ၆၀၀ အကွာဝေးအထိ ပြစ်လွတ်နိင်တယ်လို့ သိရတယ်။ ဒီဒုံပျံရဲ့ စွမ်းရည်အရဆိုရင် ပါကစ္စတန်နဲ့ တရုပ် နစ်နိင်ငံ ကုန်းတွင်းပိုင်းအထိ ပြစ်ခတ်နိင်မှာဖြစ်တယ်။ တိုက်ချင်းပြစ်ဒုံးပျံ ကိုပြစ်လွတ်စဉ်က ပြစ်မှတ်ကို ၄၈၆ စက္ကန့်  ကြာခဲ့ပြီ ကျယ်လောင်တဲ့အသံကြီးနဲ့ အတူ အ၀ါရောင်နဲ့ အဖြူရောင် မီခိုးတန်းတွေ ကောင်းကင်မှာ ထင်ကျန်ရစ်ခဲ့ပါတယ်။ ဒုံပျံကို နူးကလီးယား ထိပ်ဖူးတပ်ပြစ်ခတ်နိင်ပြီး အလေးချိန်အားဖြင့် တတန် လေးပါတယ်။ ဒုံပျံဟာ အသံထက်မြန်ပြီး အသုံးပြုရတာ
လည်းလွယ်ကူတယ်လို့ ဆိုတယ်။ ပါကစ္စတန် ရေတပ် ဗိုလ်ချုပ်ကြီးကတော့ ဒါဟာ လက်နက်ပြိုင်ဆိုင်မှု ပွဲသစ်တော့ စပြီလို ကောက်ချက် ပေးပါတယ်။


Rest of your post

ဗုဒ္ဓ ၀င်စား သတင်း


အေ ပီ - နိပေါလ်
သိန်းဇော် - အိန္ဒိယ

ဒီနေ့ ကမ္ဘာအင်တာနက်စာမျက်နာ တွေမှာ ပါလာတဲ့သတင်းတပုဒ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်။ သတင်းကတော့ နိပေါနိင်ငံ မြို့ တော် ခပ်တမန်ဒူး နဲ့  ၁၆၈ ကီလိုမီတာတွေတဲ့  ရက်တန်ပူရ် (Ratanpur ) တောထဲမှာ ဗုဒ္ဓ၀င်စား တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ ဗုဒ္ဓ ၀င်စားတယ်လို့ သတင်းကြီးတဲ့ သူကတော့ အသက် ၁၈ နစ်မျှသာရှိသေးတဲ့ ရမ်ဘဟာဒါ ဘမ်ဂျန် (Ram Bahadur Bamjan) အမည်ရတဲ့  လူငယ်လေးတဦးဖြစ်ပါတယ်။ သူက အစာမစား မလှုပ်မရှားပဲ နဲ့ နေလာတာ သုံးနစ်ခန့် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ တော့သူက သူနောက်လိုက်တွေခြံရံပြီး ထွက်လာပါတယ်။ ရှည်လျားလှတဲ့ သူဆံပင်တွေကို ဖါးလျား ချပြီး ညောင်ပင် အောက်မှာတင်ပုလင်ခွေ ထိုင်နေပါတယ်။ သူကိုလာရောက်ဖူးတဲ့သူတွေရှီခိုးဦးချ လုပ်နေသူတွေထဲမှာ လူတွေရော ဗုဒ္ဓဘာသာ သံဃာတွေပါပါဝင်နေခြင်းဖြစ်ပါတယ်။


သူလက်နဲ့  လာရောက်ဖူးမျော်သူရဲ့ ဦးခေါင်းနဲ့ လက်ကို သူက သပ်ပြီး ဆုမွန်ကောင်းပေးနေတာကိုတွေ့ ရပါတယ်။ တယောက်ကဆိုရင် သူကိုဖူးရတာ အလင်းရောင်တွေ ရလာသလို ပဲလို့ ဆိုတယ်။ အမျိုးသမီးကြီးတယောက်ကတော့ သူကိုဖူးမြင်ရတာ ချမ်သာသုခ ကိုခံစားရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မယုံကြည်တဲ့သူတွေကလည်း ရှိနေပါတယ်။ သူဟာ ဗုဒ ၀င်စားဆိုတာက တရားထိုင်နေရုံ ဘာမှ မစားပဲနေရုံလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဗုဒ၀င်စား ကတော့ ဒီလိုစွပ်စွဲချက်တွေကို ဘာမှာ မတုန့် ပြန်ဘူး လို့ ဆိုတယ်။ သူကို ဖူးမျော်ဖို့ လာတဲ့ ချီတဲ့ သူတွေ တန်းစီနေတဲ့ လိုင်းကတော့ ထောင်နဲ့ ချီပြီးရည်လျား နေတယ်။ မြန်မာပြည်ကိုနိပေါက ဗုဒ္ဓ အလောင်းအလျာ ရောက်သွားရင်တော့ အနည်းဆုံး ၆၅ နစ်ပဲ လို့ ယူဆနိင်ပါကြောင်း။


Summary

Rest of your post

ရေနံဈေး ဆက်လက် ကျဆင်း



ကမ္ဘာတလွား စီးပွားရေး ကျဆင်းမှု ဂယက်ရိုက်ခတ်နေချိန်မှာ သတင်းကောင်းလေးကတော့ ဓါတ်ဆီဈေးကျဆင်းနေတာပဲဖြစ်တယ်။ ဓါတ်ဆီဈေးက တပီပါကို အမေရိကန်ဒေါ်လာ ၁၄၇ ကနေ ပြုတ်ကျလာလိုက်တာ ခုဆို တပီပါကို ဒေါ်လာ ၅၇ ဒေါ်လာပဲရှိတော့တယ်။ လက်လီတဂါလံကို တဒေါ်လာနဲ့  ဆင့် ၉၀ လောက်ပဲဝယ်ရတော့တယ်။ ပြီးခဲ့အပတ်က ပင်ဆယ်လ်ဗေးနီးယားကနေ အင်ဒီယားနားပြည်နယ် ဖေါ့ဝိန်းကို ကျနော်နဲ့ မြတ်စိုး ကားမောင်းလာတော့ ဓါတ်ဆီခ ဒေါ်လာ ၄၀ လောက်ပဲပေးရတော့တယ်။ ခရီးက မိုင် ၄၀၀ ကျော်တယ်။ ၇ နစ်နာရီခွဲလောက်မောင်းရတယ်။ အရင်ကဓါတ်ဆီဈေးနဲ့ ဆိုရင် တော့ ဒေါ်လာ ၈၀ လောက်ခိုက်သွားနိင်တယ်။ နိင်ငံတကာ ဓါတ်ဆီဈေး ကျဆင်းလာရင်တော့ မြန်မာ ပြည်မှာလည်း ဆက်လက်ကျဆင်းလာနိင်ပါတယ်။ ရေနံစိမ်း ကတော့ ကမ္ဘာပေါက်ဈေး က
အမေရိကန် မှာတော့ တနေ့ ကို ရေနံ စည်ပီပါပေါင်း ၇၄၀ ၀၀၀ သုံးစွဲပါတယ်။

၂၀၀၉ ခုနစ်မှာ ပီပါသန်းပေါင်း ၈၅ ဒသမ ၉၃ လောက်သုံးစွဲနိင်တယ်လို့ ခန့် မှန်းထားကြပါတယ်။ ရေနံဈေးကဆင်းလာတာကို နိင်ငံတကာ ပြည်သူတွေပျော်ရွင်နေသလောက်မပျော်နိင်တဲ့သူတွေကတော့ ရေနံထုတ်လုပ်တဲ့ အိုပက် အဖွဲ့ နိင်ငံတွေဖြစ်ပါတယ်။ အိုပက်ဥက္ကဌ ချော့ဘ် ခါလီက ရေနံဈေးဆက်ကျနေမယ်ဆိုရင် သူတို့ အနေ နဲ့ ထုတ်လုပ်မှု ကို လျော့ချရမယ်လို့ သတိပေးလာပါတယ်။
သူတို့ က ရေနံဈေးဆက်လက်ကျဆင်းနေမှာ ကို စိုးရိမ်တဲ့အတွက် ရေနံထုတ်လုပ်မှု ကိုလျော့ချဖို့ စီစဉ်နေတယ်။

ရေနံဈေးကျဆင်းနေတာကတော့ဗျာ ရှင်းပါတယ်။ ဈေးကွက်မှာတောင်းဆို မှု ကျဆင်းသွားလို့ ပဲပေါ့။ အဓိပ္ပါယ်က လူတွေရေနံသုံးတာကိုလျော့ချလာလို့ ပဲ။ ကားမောင်းနေတာကိုလျော့ချတယ်။ စက်ရုံတွေ ရပ်ဆိုင်းမှု တွေရှိနေတယ်ဆိုတာကို ပြသနေတယ်။ စက်ရုံတွေမလည်ပဲရပ်နေတယ်ဆိုကထည်းက အလုပ်လက်မဲ့ ပြသာနာကလည်းရှိနေပြီဆိုတာကို ပြတယ်လေ။



နိင်ငံတကာ စွမ်းအင် အေဂျင်စီ - IEA - ရဲ့ အဆိုအရတော့ ရေနံ သုံးစွဲမှု ကျဆင်းလာတာ ၁၅ နစ်အတွင်း အမြင့်ဆုံးပဲလို့ ဆိုတယ်။ ကျနော်တို့ ပြည်တွင်းက မြန်မာ လုပ်ငန်းရှင်တွေ ကိုအကြံပေးလို တာကတော့


• ရေနံ ဈေးကို ဒီထက်ပို ပြီး တလဟော ကျဆင်းတာကို အိုပက်က လက်ခံမှာမဟုတ်ဘူး။ ဒီထက်ကျဆင်းနေရင်လည်း ကမ္ဘာစီးပွားရေး က ပျက်သလို ဖြစ်လာနိင်တယ်။ဒါကို ကမ္ဘာခေါင်းဆောင်တွေက လက်မခံဘူး ၀ိုင်းကျားကန်နေတယ်။
• ဒီထက်နည်းနည်းထပ်ကျလာရင် ၊ ငွေပိုငွေလျံလည်းရှိတယ်ဆိုရင် ရေနံ ကိုဝယ်ယူလှောင်ထားသင့်တယ်။ မီးမလောင်အောင်လည်း ဂရုစိုက်ဖို့ လိုမယ်။

• ဒီထက် ပိုပြီး ပိုက်ဆံရှိပြီး မြန်မာ ပြည်မှာလည်း ဘာလုပ်ငန်းမှ လုပ်လို့ မရတဲ့သူတွေကတော့ ရေနံ စတော့ ကို ၀ယ်ယူထားသင့်တယ်လို့ အကြံပေးလိုပါတယ်။

မိုးသီးဇွန်


မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း များ ဂိုးမရှိသရေကျ


ကိုကြီး

တကယ်တော့ မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ် က ဘူဘူခြင်း တစ်လုပ်နေကြတာ။ ဈေးထဲမှာ သူတောင်းစားနစ်ယောက်ရန်ဖြစ်သလို ပွဲကြည်ပရိတ်သက်အတွက် မစိုးရိမ်ရပဲ ဟာ သ လိုဖြစ်နေတယ်။ မြန်မာစစ်အစိုးရက ကိုယ်အကြောင်းကိုယ်သိ အမြှီးကုတ်ပြီး ပြန်ခေါက်လာတယ်။ ဒါကို အရှက်ပြေ ဘင်္ဂလားဒေ့ရှ်က မှားယွင်းစွာတောင်းဆိုလို့ မိမိတို့ လက်မခံဘူးလေး၊ဘာလေးလုပ်နေသေးသတယ်။ စစ်တပ်အချင်းချင်း တွင် ဘူးဖြစ်နေကြတာမဟုတ်ပါဘူး။ ဘောလုံးအသင်းမှာ လည်း ဘူပဲ။ မနေ့ က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နစ်သင်း သုဝဏဘောလုံးကွင်းမှာ ကစားတယ်။ ပွဲက 3 rd Grand Royal Challenge လို့ သိရတယ်။ ဒီပွဲမှာ နစ်ဖက်စလုံးက ဂိုးမရှိသရေကျတယ်လေ။

နအဖ စစ်အစိုးရလက်အောက်မှာ မြန်မာဘောလုံးအသင်းကလည်း အောင်ဖျာလိပ်ဘ၀ ကကိုမတက်ဘူး။ ဘောလုံးတလုံးလို ဟိုလူက ကန် ဒီလူက ကန်ဖြစ်နေရတာတော့ကြာပြီ။ မြန်မာ နိင်ပြီ ဒို့ ဗမာ နိင်ပြီဆိုတဲ့ သီချင်းက မေရှင်တို့  မကြည်အောင်တို့ သီချင်းလို ခေတ်ဟောင်းတေးဖြစ်နေရတယ်။ မြန်မာ့ဘောလုံးအဖွဲ့ ချုပ်ကို စစ်ဗိုလ်တွေနဲ့ မက်ဇော်ဇော်လို
လူမျိုးလက်ထဲ ရောက်သွားမှတော့ ခေတ်ဟောင်းတေး က ပြန်ဆိုတေးလောက်တောင်ဖြစ်မလာတာ မဆန်းလှပေဘူး။ ဒို ဗမာနိင်ပြီ သီချင်းကို ပြန်ဖွင့်နိင်ဖို့ ဆိုရင် စကားကြီးသုံးခွန် မှာလိုက်ခြင်ပါတယ်

• ပုဂလိက ကလပ်အသင်းတွေ ဖွင့်ပေးလိုက်
• ပုဂိလိက ဘောလုံးအသင်းတွေကို တည်ထောင်ခွင့်ပေးလိုက်
• အားကစားသမားတွေလွတ်လပ်စွာ ကစားပါစေ

ဒီသုံးခွန်းကိုသာ လိုက်နာပါ။ မြန်မာ့ ခြေစွမ်းကို ကမ္ဘာက သိသွားရစေပါမယ်။ မြန်မာလူငယ်တွေက ဇ ရှိတယ်။ အစဉ်အလာရှိတယ်။ မှတ်မိသေးတယ်။ ၁၉၈၉ခုနစ် ထိုင်းနိင်ငံကို ကျနော်ရောက်တော့ ဆံပင်ညှပ်ဆိုင်တယ်။ ဆံသာ ဆရာထိုင်းလူမျိုးက ဘယ်နိင်ငံကလည်း လို့ ကျနော်ကိုမေးတယ်။ ကျနော်က မြန်မာနိင်ငံကလို့ ပြောတော့ သူက
ဘာမပြောညာမပြောနဲ့ ကျနော်ခြေထောက်ကို ကိုင်လိုက်ပြီး ခြေသိပ်ကောင်းတယ်တဲ့။
မြန်မာ ဘောလုံး အသင်းကိုသူသိပ်တော်တယ်လို့ သူက ချီးကြူးတယ်။ သူက အသက် ၆၀ လောက်ရှိပြီ။ သူခေတ်က အရှေ့ တောင်အာရှမှာ မြန်မာအသင်း ရဲ့ အားမန်ကို သူသိတယ်။
ဗဟာဒူးတို့ အေးမောင်ကြီး ၊ အေးမောင်လေးတို့  က မြန်မာ အားကစားအသင်းရဲ့ သူရဲကောင်းတွေ နိင်ငံ ဂုဏ်ကို ဆောင်ပေးခဲ့တဲ့ အာကစားသူရဲကောင်းကြီးတွေ။ ဒီသူရဲကောင်းကြီးတွေ ခုဘယ်ရောက်နေလည်း ။ ဗဟာဒူးဆို ရင် စီးပွားရေးအရတော်တော်လေးချို့ တဲ့နေတာကြားတော့စိတ်မကောင်းဖြစ်မိတယ်။ စစ်အစိုးရက တော်တော်ယုတ်မာတာ ဒို့ မြန်မာ တွေရဲ့ သူရဲ ကောင်းပုံရိပ်ဆိုရင် နိင်ငံရေးမှ မဟုတ်ဘူး။
အားကစား၊အနုပညာနဲ့ ခေတ်ပေါ် ရော့ ခ် ဂီတရဲ့ သူရဲ ကောင်းတွေ ပုံရိပ်တွေကို အကုန်ဖျောက်ဖျက်နေကြတာကိုး။
ဒီလိုစိတ်ဓါတ်နဲ့ မြန်မာ့ ဘောလုံးအသင်းဟာ လူရာဝင်မှာမဟုတ်ပါဘူး။ မြန်မာ ဘောလုံးအသင်း အောင်မြင်စေချင်ရင်တော့ စကားကြီးသုံခွန်းမှာ လိုက်ခြင်ပါတယ်။ အားကစားမှာ
• စစ်ဗိုလ် တွေဝင်မရှုတ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 





(ဓါတ်ပုံ ၁- မြန်မာ အသင်းနဲ့ လာကစားသွားတဲ့  ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း )

Rest of your post

အမေရိကန်နဲ့  ကနေဒါ သန်းရွေ စစ်အုပ်စုကို ပြစ်တင်ရှုတ်ချ

ဝါရှင်တန်
အမေရိကန်နဲ့ ကနေဒါ အစိုးရ တွေက မြန်မာ စစ်အစိုးရအား ကိုမင်းဇေယျ အပါအ၀င် ၈လေးလုံးမျိုးဆက် ခေါင်းဆောင်
တွေကို မတရား ထောင်ဒဏ်နစ်ရှည် ချမှတ်မှု များ အတွက် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာချက်တွေထုတ်
ပြန်လိုက်ပါတယ်။

အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရောဘတ် ၀ုဒ် ( Robert Wood ) က သန်းရွေ စစ်အစိုးက ကျောင်းသား
ခေါင်းဆောင်တွေကို မတရားထောင်ချ မှု အပါ် အမေရိကန် အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်းနဲ့ စိုးရိမ်ပူပန်းကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အလားတူပဲ ကနေဒါ နိင်ငံခြားရေး ၀န်ကြီး မစ္စတာ လောရင့် ကန်နွမ် ( Lawrence Cannon) က ကျောင်းသားခေါင်းဆောင်တွေနဲ့  နိင်ငံရေး
အကျဉ်းသား တွေကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အစိုးရ နစ်ဖွဲ့ စလုံးရဲ့ ကြေညာချက်
တွေမှာ လူအခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့  စစ်မှန်တဲ့  တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့  တောင်းဆိုထားပါတယ်။ ( ဓါတ်ပုံ- ကနေဒါနိင်ငံခြားရေးဝန်ကြီး လော့ရင့် ကန်နွမ် သန်းရွေ ကိုပြစ်တင်ရှုတ်ချ နေပုံ )



Rest of your post

နအဖစစ်အုပ်စုလူရမ်းကားများ၏ကြောက်ကြီးကိုးလုံး



မြေလတ်သား-(ပခုက္ကူ)ပေးပို့သည်။

တိုင်းပြည်နှင့်ပြည်သူအပေါ်လူမဆန်စွာစက်ဆုတ်ရွံ့ရှာဖွယ်ကောင်းအောင်မတရားမှုတွေကျူးလွန်းခဲ့တဲ့နအဖလူရမ်းကားအုပ်စုဟာကြောက်ကြီးကိုးလုံး
လို့ဆိုတဲ့အထက်မှာဖော်ပြထားသောကြောက်ရွံ့မှုကြီး(၉)ချက်ကိုသူတို့ရင်ထဲမှာနေ့စဉ်နဲ့အမျှကိန်းအောင်းဖိစီးနှိပ်စက်နေတယ်။ဗုဒ္ဒဘာသာအယူအဆ
ဘက်ကကြည့်ရင်တော့ကံ-ကံ၏အကျိုး၊အကြောင်းရှိရင်အကျိုးရှိမယ်။သိပ္ပံဆိုင်ရာအယူအဆကကြည့်မယ်ဆိုလျှင်လည်းသက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်ဆိုတဲ့သဘောပါဘဲ။မကောင်းတာတွေလုပ်ထားရင်တချိန်ချိန်မှာပြန်လည်သက်ရောက်ခံစားရပါလိမ့်မယ်။

ယနေ့န၀တစစ်အုပ်စုလူရမ်းကားများကတော့ဒီကြောက်ကြီးကိုးလုံးအပြင်၊နောက်ထပ်(၂)ခုတိုးသွားပါပြီ်။တခုကဇတ်တူသား၊စားခံရမည့်ကြောက်ကြီး
တလုံး။တနည်းအားဖြင့်ခွေးချင်းခွေးစားတဲ့၊ခွေးဇတ်လမ်းဆိုရင်လည်းမမှားဘူး။နောက်ကြောက်ကြီးတခုကတော့ရိုမေးနီယားသမ္မတဟောင်း
နီကိုလက်စ်ချောင်စက်စကူးလိုပြည်သူကပြစ်ဒဏ်ခက်ခံရလို့မြောင်းပုတ်ထဲမှာခွေးသေ၊၀က်သေသလိုနိဂုံးချုပ်ခံရမည့်ဇတ်လမ်းပါဘဲ။



ဇတ်တူသားစားလေ့ရှိသောန၀တ၏ခွေးဇတ်လမ်း( "Dog Eat Dog" Business)



မြောင်းပုတ်ထဲမှာခွေးသေ၊၀က်သေသေသလိုနိဂုံးချုပ်ခံရမည့်ဇတ်လမ်း


န၀တစစ်ခေါင်းဆောင်တွေဟာဒီအကြောက်တရား(၁၁)ချက်ကိုကြောက်ရွံ့ပြီး၊ကြပ်ပြေးမှာစစ်သင်္ချိုင်းကုန်းဆောက်၊ အထက်သားစစ်ဗိုလ်ချုပ်လူရမ်းကားအချင်းချင်းစည်းစည်းလုံးလုံးနဲ့စတုတ္တမြန်မာနိုင်ငံတော်ကြီးကိုဖျက်ဆီးနေပါသည်။

(
မှတ်ချက်-ယခုလက်ရှိအာဏာရန၀တစစ်အုပ်စုခေါင်းဆောင်အများစုဟာအထက်အညာကဖြစ်ပြီး၊အာဏာရှင်ဟောင်းဆဒန်ဟူစိန်ကဲ့သို့
ဆွေမျိုးစုအာဏာရှင်စံနစ်ကိုတည်ဆောက်နေပါကြောင်း၊စစ်တပ်အရာရှိအသိုင်းအ၀ိုင်းကဆိုနေပါတယ်။အာဏာရှင်ဟောင်းနေ၀င်း၏
နေ၀င်ချိန်ကဲ့သို့ရောက်နေပြီဟုစစ်တပ်အရာရှိငယ်အသိုင်းအ၀ိုင်းကဟော်ကိန်းထုတ်နေကြပါပြီ။ဒီလိုအထက်အညာဖွားဖောက်ပြန်သော
စစ်ဗိုလ်ချုပ်များကြောင့်အထက်ပြည်ကဒီင်္မိုကရေစီရေးတက်တက်ကြွကြွလှုပ်ရှားသူများသည်၊ရန်ကုန်သို့လာရောက်ဆန္ဒပြနေရသည့်
အခြေအနေသို့ပင်ရောက်ရှိနေပါသည်။ )


Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.