Thursday, November 13, 2008

[Padauk Myay] 1 New Entry: အိမ်ကျယ် နအဖ ၊ အိမ်ကျယ် ဒီမိုများ နှင့် စိတ်ပျက်ဖွယ် ပြည်သူ

အိမ်ကျယ် နအဖ ၊ အိမ်ကျယ် ဒီမိုများ နှင့် စိတ်ပျက်ဖွယ် ပြည်သူ

(တောသားနှစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်။ တစ်ခြားဘလောဂ်လေးခုကိုလဲ သူတို့ ပို့ထားသေးတယ်လို့ ပြောပါတယ်။ အခုအထိ ဘယ်သူမှ တင်တာမတွေ့သေးလို့ တင်ပေးလိုက်ပါတယ်။ တစ်ခြားမှာတင်တာနဲ့ တူနေရင် ခွင့်လွှတ်ပါ။ ကိုတောသားတို့ကိုလဲ နောင် ဘလော့ဂ်တစ်ခုပဲပို့ဖို့ တောင်းပန်ပါတယ်။)

အရင်ကတော့ ဘလော့လောကကို လုံးဝစွန့်ပြီး အေးအေးဆေးဆေးနေမလို့ပဲ။ မနေနိုင်ဘူးဗျ။ ရေးချင်တာတွေ၊ မေးချင်တာတွေ ပေါ်လာ တယ်လေ။ အရင်ဘလော့က Password ဖျက်ပစ်လိုက်တဲ့အတွက် ပြန်သုံးလို့မရတော့ဘူး။ ဒီတော့ ဧည့်ဘလော့သမားပဲ လုပ်လိုက် ပါတယ်။

အခုကုလားတွေ စော်ကားနေပြီ။ တကယ်တော့ မြန်မာတွေကို တရုပ်၊ ထိုင်း၊ အဖြူတွေကလဲ အမြဲတမ်း စော်ကားနေတာပဲ။ ဘယ်နိုင်ငံကများ ကျုပ်တို့ကို လူစာရင်းသွင်းလို့လဲ? နိုင်ငံခြားသားတွေ မြန်မာကို နှိမ်တာအပြစ် မတင်ထိုက်ပါဘူး။ မြန်မာတွေက ကိုယ့်အချင်းချင်းပဲ သတ္တိုကောင်းတယ်။ တခြားလူက သူတို့ကိုလုပ်လိုက်ရင်တော့ ဘာအသံမှကို မထွက်ရဲဘူး။ ကွယ်ရာမှာတောင် အီးမပေါက်ရဲဘူး။ ဘာဖြစ်လို့ အဲလိုသူများကို ကြောက်နေရလဲဆိုရင် မြန်မာတွေ မစည်းလုံးမှုကြောင့် ဖြစ်ပါတယ်။ မစည်းလုံးတော့ အင်အားချိနဲ့နေတယ်။ သူများနဲ့မယှဉ်ရဲဘူး ဒီတော့ ကိုယ့်အချင်းချင်းပဲ ချရဲတယ်။ စိတ်ထားတွေကလည်း လုံးဝ မျှတမှုမရှိဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် နအဖလူဆိုရင် ဒီမိုကိုပဲ တဖက်သတ် အပြစ်တင်တယ်။ နအဖ ဘက်ကိုတော့ ချန်လှပ်ထားတယ်။ ဒီမိုသမားဆိုရင်လည်း နအဖကိုပဲ အပြစ်တင်တယ် ဒီမိုဘက်ဖြစ်ပျက်နေတာကို ချန်လှပ်ထားပါတယ်။ နှစ်ဖက်စလုံးကို မျှမျှတတ ဝေဖန်တယ်ဆိုတာ မရှိပါဘူး။ ကျနော်တို့ကတော့ နှစ်ဖက်စလုံးကို အပြစ်တင်ပါမယ်။ ပြောစရာရှိတာ ပြတ်ပြတ်သားသား ပြောပါမယ်။

ဘာမှတာဝန်မယူရဲတဲ့ အိမ်ကျယ် နအဖ

နအဖ စစ်ခေါင်းဆောင်တွေဟာ နှစ် ၂၀လုံး မအောင်မြင်သမျှ ဒီမိုသမားတွေကို လက်ညှိးထိုးတယ်။ တိုင်းပြည်ဆင်းရဲတာ လဲ စီးပွားရေး သပိတ်ကြောင့်တဲ့။ အဲဒီသပိတ်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘာမှ မလုပ်ကိုင်ခဲ့ပါဘူး။ ကျွမ်းကျင်သူတွေကို နှိပ်ကွပ်ထားပြီး ဘာမှ မသိတဲ့ စစ်သားတွေကိုပဲ ထိပ်ပိုင်း ရာထူးတွေပေးထားတော့ ချွတ်ချော်လွဲမှားမှုတွေ ဖြစ်ကုန်တာပေါ့။ နာဂစ်မှာ လူတွေ သိန်းနဲ့ချီပြီးသေခဲ့တုံး ကလဲ သူ့မှာ တာဝန်မရှိဘူးဆိုပဲ။ အစိုးရလုပ်နေပြီး ဘာပဲဖြစ်ဖြစ် အမြဲတမ်း ခေါင်းလျှောင်တယ်။ ဒါပေမယ့် နာမည်ကောင်းယူဖို့ အခွင့်ကြုံလာရင် TV ပေါ်မှာ တခမ်းတနားကို ဂုဏ်ဖေါ်တော့တာပဲ။ လမ်းဘယ်လောက် ဖေါက်လဲဆိုတာက အစ လျှောက်ကြွားတယ်။

နအဖရဲ့ ခွဲခြား ဆက်ဆံရေးမှုဝါဒဟာ စည်လုံးရေးပြိုကွဲစေပါတယ်။ စစ်သားတွေ အတွက်ဆိုရင် စားဝတ်နေရေးကို ပြေလည်အောင် ကြံဖန်လုပ်ပေးတယ်။ ထိပ်တန်းရာထူးတွေပေးတယ်။ အရပ်ဖက်ဝန်ထမ်းတွေကိုတော့ ဖြစ်ချင်ရာဖြစ် ပြစ်ထားတယ်။ ပြည်သူတွေ အတွက်ဆိုရင်တော့ ဘာမှ လုပ်မပေးတဲ့အပြင် အိမ်သိမ်း၊ မြေသိမ်း၊ အခွန်တိုးကောက်တွေ လုပ်တယ်။ စစ်တပ်နဲ့ အရပ်ဖက် သွေးကွဲတာ မဆန်းပါဘူး။ ဒါကြောင့်လဲ စစ်သားတွေ ဘာပဲလုပ်လုပ် အကောင်းအမြင် မခံရတာပေါ့။

နောက်တစ်ခုက ၀ါဒဖြန့်ကားတိုင်းမှာ သူပုန်တွေ သေရင် ပျော်ရွှင်ဖွယ်ဖြစ်အောင် ရိုက်ပြတယ်။ ခင်ဗျား တိုင်းရင်းသား နေရာကနေ ၀င်နေကြည့်ပါ။ လူဆိုတာ ကိုယ့်လူမျိုးမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်လူမျိုးကိုသတ်တာ ကျေနပ်မှာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ ဗမာကို မုံန်းအောင်လုပ်သလို ဖြစ်နေတယ်။ ခေါင်းဆောင်လုပ်နေသူတွေ အနေနဲ့ တိုင်းရင်းသားတွေ ခံစားချက်ကို မေ့ထားလို့မရပါဘူး။ ၀ါဒဖြန့်ကားတွေဟာ ငြိမ်းချမ်းရေးထက် စစ်ဝါဒကိုသာ ဦးစားပေး စည်းရုံးထားတာ သတိထားနိုင်ပါတယ်။ (ရှေ့တန်းမှာ တိုက်ခိုက်နေတဲ့ မြန်မာစစ်သားတွေကို စစ်မတိုက်ရဘူးလို့ ဆိုလိုတဲ့သဘောမဟုတ်ပါဘူး။ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရမှာပါ။ အမိန့်နာခံတဲ့စစ်တပ်ရှိမှ ကျနော်တို့ နိုင်ငံလုံခြုံမှာ ဖြစ်ပါတယ်။ မှားသည်မှန်သည် စစ်သားတွေမှာဆုံးဖြတ်ခွင့်မရှိပါဘူး။ စစ်သားတွေအနေနဲ့ မလိုအပ်ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို မညှင်းပန်းဖို့နဲ့ မသတ်ဖြတ်ဖို့သာ လုပ်နိုင်ပါတယ်) တကယ်ဆိုရင် ပြည်တွင်းစစ်ကို နှစ်ဖက်စလုံး ရပ်တန့်ချင်အောင် ဦးစားပေးဝါဒဖြန့်သင့်တာပေါ့။ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ အနောက်ဖက် အတွေးတွေ လာမပြောပါနဲ့။ ဒီစစ်ဟာ ပြည်တွင်းစစ်၊ မောင်နှစ်မ အချင်းချင်းတိုက်နေရတဲ့ စစ်ဆိုတာ သတိထားစေချင်တယ်။ တိုင်းပြည်စည်းလုံးစေချင်ရင် ကိုယ်ချင်းစာနာစိတ်နဲ့ ငြိမ်းချမ်းရေး စိတ်ဓါတ်ရှိမှ ဖြစ်မယ်။ (ခင်ဗျားတို့ စစ်သားတွေ ခြေကျိုး လက်ပြတ် ဖြစ်သလို၊ မုဆိုးမတွေဖြစ်သလို တဖက်က တိုင်းရင်းသားတွေမှာလည်း ဖြစ်တယ်ဆိုတာ သတိထားစေချင်တယ်)

နအဖရဲ့ နိုင်ငံရေးမူဝါဟာလဲ အင်မတန်ကို မှားယွင်းနေပါတယ်။ ပြည်ပအခြေစိုက် ဒီမိုသမားတွေကို တိုက်ခိုက်ဖို့ ပြည်ပနိုင်ငံအစိုးရတွေကို မတန်တစ စီးပွားရေးအခွင့်အရေးတွေပေးပြီး တည့်အောင်ပေါင်းတယ်။ ဥပမာ ထိုင်းနိုင်ငံကို ကြည့်ပါ။ ပြီးလျှင် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာလူမျိုး ဒီမိုသမားတွေကို နှိပ်ကွပ်ခိုင်းတယ်။ မြန်မာတွေကိုနှိပ်ကွပ်ဖို့ပဲ ထိုင်းအစိုးရအကူအညီကို နအဖက တောင်းခံတာ ဖြစ်ပါတယ်။ ထိုင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကူညီဖို့ ထိုင်း အစိုးရကို လဒ်ထိုးတာ တခါမှ မကြားဖူးပါ။ ဒီတော့ မြန်မာကို နှိပ်ကွပ်ဖို့ လူမျိုးခြားကို ပိုက်ဆံပေးခိုင်းတယ်ဆိုတာ လူမျိုးရေးအရကြည့်ရင် တော်တ်ာကို အောက်တန်းကျပါတယ်။ မြန်မာအစိုးရ ကိုယ်တိုင်က မြန်မာလူမျိုးတွေကို နှိပ်ကွပ်ထားမှတော့ ကုလားက မြန်မာကို စော်ကားတာ ဘာထူးဆန်းလဲ?

နအဖဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ၊ ဒီမိုသမားတွေကို နည်းမျိုးစုံနဲ့ ချေမှုံန်းနေပေမယ့် တခြားနိုင်ငံအစိုးရတွေနဲ့ ပြဿနာ ဖြစ်လာရင်တော့ တကယ်ကို ရယ်စရာကောင်းပါတယ်။ အဲဒီနိုင်ငံကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့နေနေသာသာ အိမ်နီးချင်းနိုင်ငံတစ်ခု၊ အင်အားကြီးနိုင်ငံတစ်ခု စသဖြင့် စောင်းမြောင်းပဲ ပြောရဲပါတယ်။ ဘာမှလဲ ပြန်မလုပ်ရဲဘူး။ ဒါကြောင့် နအဖ စစ်တပ်ဟာ အိမ်ကျယ် အစိုးရသာ ဖြစ်ပါတယ်။

ပြည်သူတွေကို ဒုက္ခပေးတဲ့ အိမ်ကျယ်ဒီမို

ဒီမိုသမားတွေကလည်း တကယ်ကို ဆိုးသွမ်းပါတယ်။ သူတို့ ဒုက္ခပေးနေတာ မြန်မာပြည်သူတွေကို ဖြစ်ပါတယ်။ သူတို့ နိုင်ငံရေး အကျိုးအတွက် နအဖလက်ထက်မှာ လူတွေဆင်းရဲအောင် စီးပွားရေး သပိတ်မှောက်တယ်။ နောက်ပြီး ဒီမို မီဒီယာတွေဟာ စိတ်ဓါတ်ကျ စေမယ့် သတင်းတွေပဲ ရေးသားကျပါတယ်။ ခင်ဗျားတို့ ဒီမိုမီဒီယာ သတင်းတွေကြည့်လိုက်ပါ။ လူတွေကို စိတ်ဓါတ်ကျအောင် လုပ်ကြံ ရေးထားတဲ့သတင်းတွေ၊ ချဲ့ကားတဲ့သတင်းတွေနဲ့ အပြစ်တင်ဝေဖန်ထားတဲ့ သတင်းတွေနဲ့ပဲ ပြည့်နှက်နေတယ်။ နောက်ဆုံးကြည့်ပါ။ သင်္ကြန်ပွဲတင်ပြပုံကအစ ပျော်ပါးအောင် ရေးထားတာ မဟုတ်ပဲ မကောင်းတဲ့အကြောင်းပဲ စောင်းပေးရေးထားတယ်။ ပြည်သူတွေကို စိတ်ဓါတ်ကျပြီး စီးပွားပျက်အောင်လုပ်တာ အင်မတန် အောက်တန်းကျတဲ့လုပ်ရပ်ပါ။

နောက်တစ်ခုက နအဖကို အခွန်မရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ထားတယ်။ နအဖ အခွန်မရှိတော့ လမ်းလဲ မဖေါက်နိုင်၊ ဆေးရုံလဲ ကောင်းကောင်း မလုပ်နိုင်ဖြစ်ကုန်တယ်။ ဒီတော့ နအဖ ပြည်သူတွေအတွက် ဘာမှ လုပ်မပေးဘူးဆိုပြီး အော်ကျပြန်တယ်။ ဒီမိုသမားတွေဟာ နိုင်ငံရေး အနိုင်ရရင်ဘာမဆို လုပ်မယ်။ သူတို့မှာ ကျင့်ဝတ်ဆိုတာ မရှိဘူး။

ဒီမိုတွေက နအဖ ရက်စက်ရင် လူအခွင့်အရေး ချိုးဖေါက်တယ်ဆိုပြီး အော်ကျပါတယ်။ သူတို့ ဒီမိုကရေစီ အစိုးရတွေ လုပ်ရင်ဘာမှကို မပြောရဲဘူး။ စွမ်းအားရှင်တွေ ကားပေါ်ဆွဲတင်တဲ့အချိန်တုံးက အကြမ်းဖက်တယ်ဆိုပြီး အော်ခဲ့ကျတာ မှတ်မိမယ်ထင်ပါတယ်။ စတိမန့်တွေထုတ် ဒီမိုဘလော့တွေမှာ ကန့်ကွက်နဲ့ ဆူညံနေတာပဲ။ ဂျပန်ရဲတွေ သူတို့ဒီမိုတွေကို ဒုတ်နဲ့ရိုက်လို့ ဆေးရုံတင်လိုက်ရတာ နည်းတာ မဟုတ်ဘူး။ ဘယ်ဒီမိုအဖွဲ့ အသံထွက်ရဲလဲ? စတိတ်မန့်ထုတ်ခဲ့လဲ?

အခုလည်း မြန်မာကုလားကို မနိုင်ဘူးဆိုတာ တွက်ထားပြီး ကုလားနဲ့ စစ်ဖြစ်အောင် ရတဲ့နည်းနဲ့ ဘေးတိုက်လုပ်နေတယ်။ တိုင်းပြည် ဖြစ်မဲ့ဒုက္ခကို နည်းနည်းလေးမှ ထည့်မတွက်ဘူး။ အဲလောက်အောက်တန်းကျတဲ့ ဒီမိုတွေပါ။ ဒီမိုသမားတွေ တကယ် ကုလားလုပ်ရပ်ကို မကျေနပ်ဘူးဆိုရင် ကုလားသံရုံးရှေ့မှာ ဆန္ဒပြပါ။ စတိတ်မန့်ထုတ်ပါ။ ကုလားပစ္စည်း သပိတ်မှောက်ခိုင်းပါ။ ဒီမိုဘလော့တွေကနေ ကုလားဆန့်ကျင်ရေးတွေရေးပါ။ အခုဆို ဘယ်ဒီမိုဘလော့များ ကုလား အကြောင်းရေးရဲလဲ? အကုန်အမြီးကုတ်နေတယ် မဟုတ်လား? ဒီမိုသမားတွေဟာ စောင့်ထိမ်းရမယ့် ကျင့်ဝတ်မရှိသလို သတ္တိုမရှိပဲ မြန်မာလူမျိုးဖြစ်တဲ့ နအဖကိုပဲ ဝေဖန်ရဲတဲ့အတွက် အိမ်ကျယ် တွေသာဖြစ်ပါတယ်။

တာဝန်မကျေတဲ့ စိတ်ပျက်ဖွယ်ပြည်သူ

ကျနော်တို့ပြည်သူတွေလဲ ပြည်သူ့ တာဝန်လုံးဝ မကျေကျပါဘူး။ သူတို့အတွက် အကျိုးရှိမယ်ဆိုရင် လဒ်စားကြီးပွားတဲ့ သူကိုလဲ ကပ်ဖား ရပ်ဖားလုပ်မယ်။ မတရားမှုတွေသူတို့ရှေ့မှာလုပ်နေလဲ လက်ပိုက်ကြည့်နေကျတယ်။ အများအတွက်ဆိုရင် ဘာမှကို အချိန်ပေး မလုပ်ချင်ကျဘူး။ နိုင်ငံရေးကိစ္စမှာလဲကြည့်ပါ။ တိုင်းပြည်အခက်အခဲဖြစ်နေတာ အားလုံးသိနေတာပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ လို့ ၀ိုင်းဝိုင်းဝန်းဝန်း တိုင်ပင်တာ မရှိဘူး။ နိုင်ငံရေး စိတ်မ၀င်စားဘူးဆိုရင်လဲ လူမှုရေး၊ ဘာသာရေး ၊ စီးပွားရေး တွေမှာ တခုခုကိုတော့ ဖြစ်အောင် လုပ်ပေါ့။ ဥပမာ ပုံန်းရည်ကြီးထုတ် ၊ မုန့်ဟင်းခါးအခြောက်ထုတ်တွေမှာဆိုရင် ဘာသာမရွေးစားသုံးနိုင်သည်လို့ ရှေ့မှာ ရေးထားတယ်။ နောက်မှာ JAMIAT ULAMA-EL-ISLAM (H.O) အမှတ်တံဆိပ် အထုတ် နောက်ဖက်မှာ ရေးထားပါတယ်။ သူတို့စားသောက်ဆိုင်တွေမှာ 786 အမှတ်အသားတွေ လုပ်ထားပါတယ်။ ကုလားတွေက အဲဒီ JAMIAT ULAMA-EL-ISLAM (H.O) တံဆိပ်ပါတဲ့ အစားအသောက်၊ 786 စားသောက်ဆိုင်တွေ၊ မွတ်ဆလင် ပစ္စည်းတွေကိုပဲ ၀ယ်ယူ အားပေးပါတယ်။ မြန်မာပစ္စည်းတွေနဲ့ ဆိုင်တွေကို ကုလားတွေက မ၀ယ်ကျပါဘူး။ ဒီမှာ တစ်ခုပြောချင်ပါတယ်။ ဘာသာရေးကို ဘန်းပြပြီး သေနတ်ကိုင်ရင် အဲဒါကို အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းလို့ မသတ်မှတ်ပါဘူး။ ဘာသာရေးကို ဘန်းပြပြီး စီးပွားရေး လုပ်ရင်ဖြစ်ဖြစ်၊ လူမျိုးရေးကို ဘန်းပြပြီးစီးပွားရေး အနိုင်ကျင့်ရင် ဖြစ်ဖြစ် အဲဒါဟာ စီးပွားရေးအဖွဲ့အစည်းလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာနေပြီး မြန်မာတွေကို စီးပွားရေးအနိုင်ကျင့်တာ လုံးဝမတရားဘူး။ ကျနော်တို့ လုံးဝ လက်မခံသင့်ဘူး။ သူတို့က မြန်မာဆိုင်တွေ၊ မြန်မာပစ္စည်းတွေကို မ၀ယ်ဘူးဆိုရင် ကျနော်တို့ကလဲ 786 ဆိုင်တွေ JAMIAT ULAMA-EL-ISLAM (H.O) တံဆိပ်ပါတဲ့ ပစ္စည်းတွေကို သပိတ်မှောက်ရမှာပေါ့။ (ဘလီတွေကိုဖျက်၊ ကုလားတွေကိုရိုက် ဆိုတာမျိုးလုပ်တဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ကိုတော့ လုံးဝ အားမပေးပါဘူး။)

ဒီလုပ်ရပ်ဟာ မြန်မာပြည်က ကုလားတွေကို လူမျိုးရေး နှိပ်ကွပ်တာမဟုတ်ဘူး။ မွတ်ဆလင်ဘာသာကို နှိပ်ကွပ်တာ မဟုတ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေးကို အရေခြုံပြီး စီးပွားရေး အနိုင်ကျင့်တဲ့ မတရားမှုကို ဆန့်ကျင်ခြင်းဖြစ်တယ်။ မြန်မာလူမျိုးတွေအနေနဲ့ စီးပွားရေး အနိုင်ကျင့်မှုကို ဆန့်ကျင်ပိုင်ခွင့်ရှိတယ်။ ဆန့်ကျင်လဲ ဆန့်ကျင်ရမယ်။ ဒါပေမယ့် ပြည်သူတွေက နိုင်ငံရေးလဲမလုပ် စီးပွားရေး အနိုင်ကျင့်မှုကိုလဲ မဆန့်ကျင်နဲ့ နှလုံးထီထိုးပြီး တီဗီပဲကြည့်တယ်။ ဘာမှကို တာဝန်မယူဘူး။ နအဖကြောင့် မလုပ်တာဆိုပြီး ဆင်ခြေ မပေးကျပါနဲ့။ 786 ဆိုင်ကို စားရမယ်လို့ နအဖ ဥပဒေ မထုတ်ထားပါဘူး။

ကုလားကိစ္စဘယ်လိုလဲ

အထက်ကပြောခဲ့သလိုပဲ ကျနော်တို့က ကိုယ့်လူမျိုးအချင်းချင်း နှိပ်ကွပ်နေတော့ တခြားလူမျိုးက မလေးစားတာ မဆန်းပါဘူး။ ကျနော်တို့က မစည်းလုံးတော့ တခြားနိုင်ငံက စော်ကားတာလဲ ခံရမှာပဲ။ အခုကုလားလုပ်ရပ်ကတော့ ရွံစရာလည်း ကောင်းတယ်။ ကျနော်တို့ မြန်မာတွေဘာလုပ်သင့်လဲ? ကုလားနဲ့ စစ်ဖြစ်မယ်ဆိုပြီး လွယ်လွယ်ပြောလို့တော့ မရဘူး။ ကျနော်တို့ စစ်တပ်မှာ လက်နက် အင်အားရှိတာမဟုတ်ဘူး။ အင်အားမရှိရတဲ့အကြောင်းကတော့ နအဖညံ့ဖျင်းချက်နဲ့ ဒီမိုသမားတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်ပါ။ စစ်လက်နက်မပြည့်စုံပေမယ့် လူထုက စည်းလုံးနေတယ်ဆိုရင်တော့ ဗီယက်နမ် အမေရိကန်ကို နိုင်အောင် တိုက်နုင်သေးတာပဲ။ ကုလားကိုတော့ အမှုန့်ချေပြစ်နိုင်ပါတယ်။ အခုဟာ ပြည်သူတွေက ချဲထိုး၊ TV ကြည့်ဖို့ပဲစိတ်ဝင်စားတယ်။ စိတ်လေဖို့ကောင်းတာက လူတော်တော်များများ ကုလားနယ်မြေလုတဲ့ကိစ္စ ခေါင်းထဲမှာတောင်မရှိဘူး။

သံတမန်နည်းနဲ့ဖြေရှင်းလို့ရရင်တော့ ကောင်းပါတယ်။ ခက်တာ နအဖသံတမန်တွေက စစ်သားသံအမတ်တွေချည်းပဲ။ လုပ်ငန်း မကျွမ်းကျင်သူတွေဆိုတော့ သူတို့က နိုင်ငံအတွက် ဘာများလုပ်ပေးနိုင်မှာလဲ? ကို့ဘက်က လျှော့ပေးရမှာ သေခြာပါတယ်။ ထိုင်းတွေက တော့ မြန်မာတွေ ခံလိုက်ရတာကြည့်ပြီး ဟားတိုက်လို့ မဆုံးဖြစ်မှာ။ တကယ်လို့ စစ်ဖြစ်လို့ရှုံးခဲ့ရင်လည်း မြန်မာခံလိုက်ရပြီဆိုတဲ့ သတင်းက ရှက်ရစရာဖြစ်နေမယ်။ ဒီမိုသမားတွေကို အမြဲတမ်းဝေဖန်နေတဲ့ ကျေးစေတမန်၊ oppositeyes နဲ့ နအဖကို အမြဲတမ်းနားပူအောင် ဝေဖန်တဲ့ ဒီမိုဘလော့တွေကို မေးလိုပါတယ်။ အခုကုလားကိစ္စ ဘာလုပ်ရင်ကောင်းမလဲ? နှစ်ဖက်စလုံးက မြန်မာအချင်းချင်းပဲ ဝေဖန်ရဲတဲ့ အိမ်ကျယ်တွေဆိုတော့ ကုလားအကြောင်းဆွေးနွေးရဲမယ် မထင်ပါဘူး။

တာဝန်ကျေတဲ့ပြည်သူဖြစ်ဖို့ကြိုးစားနေတဲ့

တောသားနှစ်ယောက်

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.