Thursday, November 13, 2008

[We She Me] 1 New Entry: Wuzzles

Wuzzles

Wuzzle (Word + Puzzle)ဆိုတာ စကားလုံးတွေနဲ့ ပဟေဋိ ဖွက်ထားတာပါ။ များသောအားဖြင့်တော့ လူသုံးများ စကား (Phrase) တွေ၊ လူသိများတဲ့ နေရာတွေ ကို ဖွက်ထားပါတယ်။ ဒီ Wuzzle ကို စတွေ့ဖူးတာ သင်တန်း တစ်ခု တက်ရတုန်းကပါ။ သင်တန်း ပေးနေတုန်း ၁-၂ နာရီခြား တစ်ခါ Break မလုပ်ခင်မှာ ဆလိုက်ထိုးပြီး ဖြေရတာ။ သင်တန်းမှာ မငြီးငွေ့ရအောင် လုပ်ပေးတယ်။ စိတ်ဝင်စားဖို့ ကောင်းပြီး အများနဲ့ အလုအယက် ဖြေရတာ ပျော်စရာကောင်းပါတယ်။ အဲဒီနောက်ပိုင်းမှာ Wuzzle တွေကို လိုချင်လို့ ပြန်ရှာတာ မရတော့ဘဲ အခုတလောမှ ရှာတွေ့ထားလို့ တစ်နေရာတည်းမှာ စုထားလိုက်တယ်။

Wuzzle ရဲ့ သဘောကို နမူနာ အနေနဲ့ ရှင်းပြရရင်
စာလုံးတွေရဲ့ အရေအတွက်ကို ကြည့်ပြီး ဖြေရတာမျိုးက ဒီလိုမျိုး..

ဒီပဟေဋိ အတွက် အဖြေကတော့ "That's too bad" ဒါမှမဟုတ် "Too Bad" ဖြစ်ပါတယ်။ Two Bad ပေါ့။ ဒါလေးလည်း စမ်းဖြေကြည့်ပါဦး။

စာလုံးတွေရဲ့ အနေအထား အထားအသိုကို ကြည့်ပြီး ဖြေရတာမျိုး
အဖြေကတော့ "The stakes are high" ဖြစ်ပါတယ်။ ဒါကိုလည်း ဖြေကြည့်ပါဦး

စာလုံးတွေရဲ့ အရွယ်အစားကို ကြည့်ဖြေရတာမျိုး
အဖြေကတော့ "Jumbo Jet" ပါ။ သူလိုမျိုး နောက်တစ်ခုက
၎-၅-၁၀ ခု ဖြေပြီးတဲ့ အချိန်မှာတော့ သဘောပေါက်သွားပြီး အထာနပ်သွားရင် ကျန်တာတွေ ဖြေနိုင်လာပါတယ်။


ဟောဒီမှာ အပေါ်ကလိုမျိုး Wuzzle အခု ၂၀၀ လောက်ကို တစ်နေရာတည်းမှာ စုထားပါတယ်။ Download လုပ်ပြီး Print ထုတ်။ မိသားစုနဲ့ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အပြိုင် ဖြေကြည့်ရင် ပျော်စရာကောင်းပါတယ်။ အဖြေတွေကို နောက်ဆုံး စာမျက်နှာမှာ ထည့်ပေးထားပါတယ်။ အရင်တော့ ချောင်းမကြည့်နဲ့ပေါ့။

You received this email because you are subscribed to the real_time feed for http://wesheme.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.