အရိပ်မဲ့ဆောင်းနေ့ရက်များ
ဆောင်းက၀င်မယ်မကြံသေး
သူတို့ကတော့ အေးပြနေပြန်ပြီ…
အေးကြ အေးကြ သေလုမတတ် အေးပြကြ
ခဲနေသောသူအတွက် အေးခြင်းလောက်က မှုစရာမရှိ
နေညိုချိန်အရိပ်မဲ့ကောင်းကင် တိမ်တောက်ချိန်က အလှဆုံး
နောက်ဆုံးမီးတောက် ပိုအားပြင်းတယ်ဆိုတာ ယုံတယ်
ဒီတခါဖြတ်သန်းရတဲ့လမ်း ခါတိုင်းထက်ပိုကြမ်းတယ်ဆိုတာ ယုံတယ်
ဖုတ်ဖက်ခါထ နွားရိုင်းသွင်းချိန် အပ၀င်တာ ဘာဆန်းသတုန်း
ညခါးခါးတွေဖြတ်သန်း၊ အမူအယာတွေပျက်ယွင်းနေတယ်ဆိုရင်လည်း
ဖုတ်တစ်ကောင်ရဲ့ နောက်ဆုံးအချိန်ဖြစ်နိုင်တာမို့
အမြန်ဆုံး ကျွတ်တန်းဝင်ပါစေကြောင်း။

You received this email because you are subscribed to the real_time feed for http://mothonlay.wordpress.com/feed/. To change your subscription settings, please log into RSSFWD.