Thursday, November 13, 2008

[::Just Speaking Out Loud::] 6 New Entries: Big Bang Vol.2 - Remember

Big Bang Vol.2 - Remember

Big Bang's second album is out now. I am so excited but I can't download it now. Lousy connection :(

Tracklist:
01 INTRO - 모두 다 소리쳐 (Modu Da Sorichyeo; Everyone Scream)
02 오, 아, 오 (Oh, Ah, Oh)
03 뷹은 노을 (Byulgeun Noeul; Sunset Glow)
04 반짝반짝 (Banjjakbanjjak; Sparkling)
05 Strong Baby (승리솔로; Seung Ri Solo)
06 Wonderful
07 멍청한 사랑 (Meongcheonghan Sarang; Foolish Love)
08 하루하루 (Haru Haru; Day By Day) (Acoustic Version)
09 거짓말 Remix (Geojitmal; Lies)
10 마지막 인사 Remix (Majimak Insa; Last Farewell)
11 Remember

I want to watch their latest mv also :(
Big Bang - Sunset Glow MV

credit to sweetxmelodies.livejournal.com

Mighty Mouth - Energy

နာမည်ကျော် မင်းသမီးချော ယွန်အွန်ဟေး ပါဝင် သီဆိုပေးခဲ့တဲ့ I Love You သီချင်းကြောင့် တက်သစ်စ ဟစ်ဟော့အဖွဲ့ Mighty Mouth ဟာ ပရိတ်သတ်အများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ်။ ဇွန်လမှာတော့ သူတို့ရဲ့ ပထမဦးဆုံး အယ်လ်ဘမ်အခွေ ထွက်ရှိလာခဲ့ပါတယ်။ အဲဒီ့အခွေမှာ Wonder Girls အဖွဲ့ထဲက Sun Ye၊ Typhoon အဖွဲ့မှ Solbi၊ Clazziquai အဖွဲ့မှ Horan စတဲ့ အဆိုတော်တွေက featuring ၀င်ရောက်သီဆိုပေးထားပါတယ်။ မဒီကတော့ Energy နဲ့ I Love You မှ လွဲလို့ မနားထောင်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ တစ်ခွေလုံး နားထောင်ကြည့်တော့ တော်တော်လေး နားထောင်လွယ်တဲ့ ပေါ့ပ်ဆန်တဲ့ သီချင်းတွေကို ရက်ပ်စာသားတွေနဲ့ လိုက်ဖက်စွာ တွဲဖက် သီဆိုထားသလို ဟစ်ဟော့စတိုင် သီချင်းတွေကိုလဲ သီဆိုထားတာကို တွေ့ရပါတယ်။ Skit ၂ ပုဒ်အပါအ၀င် သီချင်း ၁၆ပုဒ် ပါဝင်တဲ့အတွက် တစ်ဝကြီးကို နားထောင်ရတဲ့ အခွေတစ်ခွေလဲ ဖြစ်ပါတယ်။ Energy ၊ All 4 U ၊ Come On Come ၊ I Love You ၊ Cry သီချင်းတွေကို အကြိုက်ဆုံးပါပဲ။

Download album
01 출동! (Chuldong!)
02 에너지 (Feat. Sun Ye of Wondergirls) [Energy]
03 All 4 U (Feat. Solbi of Typhoon)
04 Come on Come (Feat. JJ)
05 사랑해 (Feat. Yoon Eun Hye) [Saranghae - I Love You]
06 Skit #1
07 Mighty Mouth
08 Cry (Feat. Horan of Clazziquai)
09 Since 2004 (Feat. Yuri)
10 Skit #2 (Feat. Beatbox DG)
11 오! 예! [O! Ye!]
12 랄랄라 (Feat. Kim Chang Reol) [Rallalla]
13 꽐라송 (Kkwallasong)
14 된장걸 (Doenjanggeol)
15 Movie Star
16 M.U.S.I.C (Feat. Double K, Rud)

credit to z-degrees.net + sweetxmelodies.blogspot.com

The Melody


မဒီ့အကြိုက်ဆုံး အခွေတစ်ခွေကို မြန်မာပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထွက်ပြီးတာကတော့ ကြာပြီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခုမှပဲ ရေးဖြစ်ပါတော့တယ်။

ပထမဦးဆုံး ပရိတ်သတ်တွေကို ကော်ဖီချစ်သူ (Coffee Prince) ဇာတ်လမ်းတွဲကို ကြည့်ဖူးလားလို့ အရင်မေးချင်ပါတယ်။ ကြည့်ဖူးပြီးသားသူတွေဆိုရင် အဲဒီ့ထဲက သီချင်းတွေနဲ့ ရင်းနှီးကောင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ မဒီလဲ Coffee Prince OST အကြောင်း တစ်ခါရေးဖူးပါသေးတယ်။ အဲဒီ့ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့လို့ နာမည်ရလာတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့ကတော့ The Melody ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ တစ်ခွေလုံးမှာ Taru တစ်ယောက်ထဲပဲ သီဆိုသွားတာပါ။ ကျန်တဲ့နှစ်ယောက်က အတီးပိုင်းမှာပဲ ပါဝင်ပါတယ်။ အခုတော့ The Melody အဖွဲ့ကွဲသွားပြီလို့ ဖတ်ရပါတယ်။ ၀မ်းနည်းပေမယ့် Taru က တစ်ကိုယ်တော် single အခွေထွက်ဖို့ စီစဉ်ထားတော့လဲ တစ်ဖက်က ၀မ်းသာရပါတယ်။ တကယ်တော့ မဒီကြိုက်တာက Taru ရဲ့ အသံနဲ့ သီချင်းတွေကိုပါပဲ။ အခုလဲ သူက Epik High ရဲ့ 1 Minute 1 Second သီချင်းမှာ featuring ဆိုထားပါသေးတယ်။

သီချင်းအမျိုးအစားတွေက ပေါ့ပ်ဘက်ကို နည်းနည်းနွယ်တဲ့ Indie သီချင်းတွေပါ။ ရော့်ခ်၊ အော်တာ၊ ပန့်ခ်မကြိုက်ပေမယ့် The Melody ကိုတော့ အရမ်းကြိုက်တယ်။ Remember သီချင်းကို မဒီ ကြည့်ဖူးတဲ့ ရှပ်ရှင် ၂ကားစလုံးမှာ ဒီသီချင်းကို ထည့်သုံးထားကြတယ်။ အရမ်းကြိုက်တယ်။ အခုထိ ဘလော့ဂ်ဟောင်းတစ်ခုမှာ နောက်ခံအဖြစ် ထည့်ထားတော့ ဘာသီချင်းလဲ၊ ဘယ်သူဆိုတာလဲ လို့ မကြာခဏ လာမေးကြပါတယ်။ Good Bye နဲ့ Paradise သီချင်းတွေကို ကော်ဖီပရင့်စ် ဇာတ်လမ်းတွဲမှာ ထည့်သုံးထားပါသေးတယ်။ အရင်တုန်းကတော့ Good Bye ကို အကြိုက်ဆုံးဖြစ်ပေမယ့် အခုတော့ Paradise ကို ပိုကြိုက်လာတယ်။ Crazy ၊ Doo Bee Rap နဲ့ Believe သီချင်းတို့ကတော့ ပိုမြူးကြွပြီး စိတ်ထဲမှာ ညစ်နေရင် သီချင်းနဲ့အတူ လိုက်အော်ဟစ်လို့ ကောင်းတယ်။ Love Box ၊ Crave နဲ့ Everything N' Nothing တို့ကတော့ အေးအေးနဲ့ ကောင်းပြန်ရော။ ကုန်ကုန်ပြောရရင်တော့ တစ်ခွေလုံးကို ပုဒ်စေ့ကြိုက်တယ်။

လစဉ် ထွက်ရှိတဲ့ ကိုရီးယားသီချင်းခွေတွေက နည်းတာမဟုတ်ပေမယ့် ပုဒ်စေ့ကြိုက်တဲ့၊ နားထောင်ဖြစ်တဲ့ အခွေမျိုးကတော့ ရှားပါတယ်။ တစ်ခါတစ်လေ ကိုယ်အရမ်းကြိုက်တဲ့ အဆိုတော်ကိုတောင် ပုဒ်စေ့ မကြိုက်ဘူးး။ မဒီ နားထောင်ဖြစ်တဲ့အထဲက အကြိုက်ဆုံးတွေကို အားရင် အားသလို ဘလော့ဂ်မှာ တင်ပေးဖို့ ကြိုးစားပါ့မယ်။


The Melody - The Melody
Alternative link : The Melody 1st Album Download

1. Memories
2. Remember (Album Ver.)
3. Whatever (Album Ver.)
4. Paradise (Album Ver.)
5. Beautiful Day
6. Good Bye
7. Crazy
8. Doo Be Rap
9. Love Box (Album Ver.)
10. Everything N`nothing (Album Ver.)
11. Believe (Feat. AND)
12. Crave
13. Love Box (English Ver.) (Album Ver.)
credit to dramabeans + zealive@livejournal.com

Hello/Goodbye Little Brother



ကိုရီးယားစကားမှာက Annyong ဆိုတာက ဟယ်လိုလို့ နှုတ်ဆက်တဲ့အခါမှာလဲ သုံးသလို ဂွတ်ဘိုင်လို့ နှုတ်ဆက်တဲ့အခါမှာလဲ သုံးလို့ရတယ်။ အဲဒါကြောင့်လဲ ဇာတ်ကားနာမည်က အင်္ဂလိပ်လို ဘာသာပြန်တဲ့ အခါမှာ အဓိပ္ပာယ်နှစ်မျိုးထွက်တာ။

ဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ညီအစ်ကိုနှစ်ယောက် အကြောင်းပါ။ ကိုးနှစ်သား ဟန်နီး (ဟန်နီးလား ဟန်ရီးလား မသဲကွဲဘူး) က အရမ်းကို ဥာဏ်များတဲ့ ပြသနာရှာတတ်တဲ့ ကလေးလေး တစ်ယောက်ပေါ့။ သူက အရွယ်နဲ့ မလိုက်အောင် ပါးနပ်တော့ သူ့ကျောင်းက သူငယ်ချင်းတွေနဲ့ သူ့အိမ်သားတွေကို ပိုင်နိုင်အောင် ထိန်းချုပ်ထားနိုင်တယ်။ နေမကောင်းဘူးလို့ ခဏခဏ ညည်းတတ်တဲ့ သူ့အစ်ကိုကတော့ သူရဲ့ အဓိကပစ်မှတ်ပေါ့။ တစ်နေ့မှာတော့ သူ့အစ်ကို အိမ်မှာနေရင်း လဲကျသတိမေ့သွားလို့ ဆေးရုံကို ပို့လိုက်တဲ့အခါမှာ သူ့အစ်ကိုက မျက်စိ ကောင်းကောင်းမမြင်ရမှန်း ဆရာဝန်က သိရှိပြီးနောက် ဓါတ်မှန်ရိုက်လိုက်တဲ့အခါမှာ သူ့ဦးနှောက်မှာ tumor ဖြစ်နေတာကို တွေ့ရပြီး သူ့မှာ ကင်ဆာရောဂါရှိမှန်း သိရတယ်။ ဟန်နီးကတော့ အစပိုင်းမှာတော့ နားမလည်ပေမယ့် သူ့အစ်ကို အရမ်းနေမကောင်းဖြစ်တာကို မြင်ရပြီးနောက်ပိုင်း အရင်လို သိပ်မဆိုးတော့ဘူး။ သူ့အစ်ကို တက်တဲ့ ဆေးရုံမှာလဲ သူ့အစ်ကိုလဲ ကင်ဆာရှိတဲ့ ၀ုတ်ခ်ဆိုတဲ့ ကောင်လေးနဲ့ သူ့အစ်ကို မိတ်ဆွေဖြစ်သွားတာကို သူက အစပိုင်းမှာ မနာလိုပေမယ့် နောက်ပိုင်းမှာတော့ သူနဲ့ပါ ရင်းနှီးသွားတယ်။ တစ်ရက် သူကျောင်းမှာ ရန်ဖြစ်ပြီးနောက် အမေဆူမှာ ကြောက်တာနဲ့ တောက ၀ုတ်ခ်တို့ရဲ့အိမ်ကို အလည်လိုက်သွားခဲ့တယ်။ ၀ုတ်ခ်နဲ့ အတူ တောထဲမှာ လျှောက်သွားနေရင်း ၀ုတ်ခ် လဲကျသတိမေ့သွားပြီး လူကြီးတစ်ယောက်က ရေတိုက်မှ ပြန်နိုးလာတာကို သူက အဲဒီ့ရေက သေသူကို ပြန်ရှင်နိုင်တဲ့အစွမ်းရှိတဲ့ magic ရေလို့ ထင်မှတ်သွားတယ်။

သူ့အဖေ ပြန်လိုက်ခေါ်လို့ မြို့ကို ပြန်သွားရပြီးတဲ့နောက်ပိုင်းမှာ ၀ုတ်ခ်လဲ ဆေးရုံပြန်တက်ရတယ်။ ဒီတစ်ခါမှာ သူ့အခြေအနေက တော်တော်ဆိုးတယ်။ အဲဒီ့အချိန်မှာ ဟန်နီးက ၀ုတ်ခ်အရမ်းကြိုက်တဲ့ လူရွှင်တော်ကို ဆေးရုံရောက်အောင် ခေါ်လာပြီးတဲ့နောက်မှာ သူလဲ ပြန်သက်သာသွားတယ်။ နောက်တော့ သူ့အစ်ကိုက ပထမအကြိမ် ဦးနှောက်ခွဲစိတ်ထားပေမယ့် tumor က နောက်ထပ် တစ်ကြိမ် ထပ်ဖြစ်နေတာနဲ့ ထပ်မံခွဲစိတ်ရတယ်။ ဒီတစ်ခေါက် ခွဲစိတ်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် သူ့အစ်ကို သူ့ညီကို အမေ့ကို စောင့်ရှောက်ဖို့ မှားကြားသွားတယ်။ အဲဒီ့အချိန်မှာ သူ့စိတ်ထဲမှာ တောက magic ရေကို သတိရသွားပြီး အဲဒီ့ကို ပြန်သွားပြီး ရေကို မရမက သွားရှာခဲ့တယ်။ သူက ရေဘူးကို ကိုင်ပြီး ဆေးရုံကို အမှီပြန်ပေမယ့် ခွဲစိတ်ပြီးနောက် သူ့အစ်ကို အခြေအနေမကောင်းတာကို တွေ့ရတဲ့အခါမှာတော့ ........

အရမ်းကို ကြည်နူးဖွယ်ကောင်းပြီး ၀မ်းနည်းဖွယ်ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဟန်နီးအဖြစ် သရုပ်ဆောင်တဲ့ ကလေးလေးကလဲ အရမ်းကို ချစ်ဖို့ကောင်းတယ်။ သူ့အမေ စိတ်ညစ်နေတာကို တွေ့လို့ ရိန်းသီချင်းနဲ့ ကပြတဲ့အခါမှာ တစ်ရုံလုံး ပွဲကျသွားကြတယ်။ ကလေးတွေ အကုန်လုံးက သရုပ်ဆောင်ကောင်းကြတယ်။ ဇာတ်လမ်းမှာက ညီငယ်ကို နှုတ်ဆက်ထားတော့ အစ်ကိုဖြစ်သူ သေသွားမယ်လို့ ထင်ထားခဲ့ပေမယ့် မထင်မဲ့တဲ့သူက သေသွားတယ်။ ဇာတ်ကားအဆုံးမှာ ဒီညီအစ်ကို နှစ်ယောက်က အခုလက်ရှိ ကနေဒါမှာ နေထိုင်နေကြပါတယ်လို့ စာတန်းထိုးသွားတယ်။

Le Grand Chef


၂၀၀၈ခုနစ်ရဲ့ ကိုရီးယားရုပ်ရှင်ပွဲတော်မှာ ဇာတ်ကားသုံးကားကို သမ္မတရုံမှာ ပြသသွားတယ်။ ပြသွားတဲ့ ရုပ်ရှင်တွေကတော့ Le Grand Chef ၊ Hello/Goodbye Little Brother နဲ့ My Love တို့ပါ။ Le Grand Chef ပြမယ်ဆိုကတည်းက ကြည့်ချင်နေခဲ့တော့ သံရုံးမှာ လက်မှတ်ရဖို့အတွက် ၃ရက်တိတိသွားခဲ့ရတယ်။ နောက်ဆုံး ပြသမယ့်နေ့မှပဲ Le Grand Chef ကို ညနေ ၆း၃၀ ပွဲ အတွက် လက်မှတ်ရတဲ့အပြင် တနင်္ဂနွေနေ့မှာ ပြမယ့် Hello/Goodbye Little Brother အတွက် စုံတွဲခုံလက်မှတ် ရခဲ့သေးတယ်။ အစက သူတို့က My Love ကို လက်မှတ်ပေးပေမယ့် တနင်္လာနေ့ မဒီမအားသလို အခွေကလဲ အိမ်မှာ ၀ယ်ပြီးသားဖြစ်နေတော့ မကြည့်ရသေးတာကိုပဲ ဦးစားပေး ကြည့်လိုက်တယ်။

သောကြာနေ့မှာ ရုပ်ရှင်ရုံကို စောရောက်သွားတယ်။ အပေါ်ထပ်မှာ ကြည့်ရမှာဆိုပေမယ့် ထိုင်ခုံတွေကို ဖယ်ထားလိုက်တော့ ဒီအတိုင်း မတ်တပ်ရပ်နေဖို့ကလဲ ရုပ်ရှင်ရုံက မမတွေနဲ့ သံရုံးက ၀န်ထမ်းတွေပဲရှိတော့ ကြောင်တောင်တောင် ဖြစ်နေတာနဲ့ အောက်ထပ်မှာပဲ ထိုင်စောင့်ပြီး ၆နာရီလောက်ရောက်တော့ ရုံထဲဝင်လို့ရသွားတယ်။ အရင်ကဆိုရင် အထဲကို ၀င်သွားရင် နေကြာစေ့ခွံတွေရဲ့ အောက်သိုးသိုးအနံ့တွေကို ရပေမယ့် အဲဒီ့နေ့ကတော့ air freshener တွေတောင် ဖြန်းထားသေးတယ်။ ရုပ်ရှင်မပြခင်ထိ ကိုရီးယားသီချင်းတွေပဲ ဆက်တိုက်ဖွင့်ထားပေးတော့ နောင်အခါ ရုပ်ရှင်သွားကြည့်ရင် အဲဒီ့လိုမျိုး နားထောင်ကောင်းတဲ့ သီချင်းအေးတွေကိုပဲ ဖွင့်ပေးရင် ကောင်းမယ်လို့ တွေးမိတယ်။

၆း၃၀ လို့သာ အချိန်သတ်မှတ်ထားပေမယ့် တကယ်တမ်းကြတော့ သံအမတ်ကြီး မိန့်ခွန်းပြောလိုက်၊ ဘာသာပြန်ပြလိုက်၊ နောက် ရုပ်ရှင်အစည်းအရုံးက လူကြီးက မိန့်ခွန်းပြောလိုက် ဘာသာပြန်လိုက်နဲ့ အချိန်က ၇နာရီနားကပ်လာတယ်။ နောက်ဆုံး ဘာသာပြန်ကို ဖတ်ပြလို့ ပြီးသွားတော့ စပြတော့မလား မှတ်တယ်၊ ရုပ်ရှင်သရုပ်ဆောင်တွေကပါ စင်ပေါ်တက်လာပြီး စကားပြောနေတာနဲ့ တကယ်ပဲ ၇နာရီမှ စပြတယ်။ သူတို့ထဲက မို့မို့မြင့်အောင်က စစချင်း အညာဆေးယိုလို့ ပြောလိုက်တော့ စိတ်တော်တော်လေသွားတယ်။ သူများတွေ နောက်သလို အညာဇီးယို လို့ မပြောတာပဲ ကျေးဇူးတင်ရမယ်။ အားလုံးက ကိုရီးယားရုပ်ရှင်တွေ ကြိုက်တဲ့အကြောင်း၊ မြန်မာ့ရုပ်ရှင်လောက တိုးတက်အောင် ကြိုးစားမယ့်အကြောင်း ပြောသွားကြတယ်။ ရတနာပုံတစ်ယောက်ပဲ ကိုရီးယားမင်းသားတွေကို ကြိုက်ပါတယ်။ ပြီးတော့ ကိုရီးယားမင်းသမီးတွေကိုလဲ ကြိုက်ပါတယ်လို့ ပြောသွားတယ်။


Le Grand Chef ရဲ့ ဇာတ်လမ်းကတော့ မင်းသားက အရင်တုန်းက ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ သူ့ကြောင့် ဒိုင်လူကြီးတွေ အဆိပ်မိသွားတဲ့နောက်ပိုင်း သင်တန်းကျောင်းက အထုတ်ခံရပြီး အဘိုးရှိရာ မြို့မှာပဲ လယ်လုပ်ရင်း အသီးအနှံတွေ ရောင်းတဲ့ဘ၀မှာပဲ အေးဆေးနေတယ်။ တစ်နေ့မှာ နန်းတွင်းစားဖိုမှုးရဲ့ ဓါးကို ထိုက်တန်တဲ့သူရှာတဲ့ ဟင်းချက်ပြိုင်ပွဲ ကျင်းပလာတဲ့အခါမှာတော့ သူအရင်က ရှုံးနိမ့်ခဲ့တဲ့ လူနဲ့ ယှဉ်ပြိုင်ရတယ်။ သူ့အဆိပ်မိဖူးတဲ့ ဒိုင်လူကြီးတွေက အစကတော့ သူ့ကို မကြည်ပေမယ့် သူတကယ်တော်မှန်းကိုတော့ နောက်ပိုင်းမှာ အသိအမှတ်ပြုလာကြတယ်။ သူတို့က ဟင်းချက်တာတင် ပြိုင်ရတာတင် မဟုတ်ပဲ အစားအသောက်ကောင်းကောင်းချက်နိုင်ဖို့အတွက် အကောင်းဆုံး မီးသွေးကိုလဲ ရှာဖွေရသလို နွားကိုလဲ အသားနွှာတာ (ထင်တာပဲ) လုပ်ရတယ်။ အဲဒီ့မှာ သူက စိတ်ကြိုက်နွားကို ရှာလို့မရတဲ့အတွက် နောက်ဆုံးမှာ သူအလွန်ချစ်တဲ့ နွားကိုပဲ သားသတ်ရုံကို ပို့လိုက်ရတယ်။ နောက်ဆုံး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာတော့ ကိုရီးယားကို ဂျပန်တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စားဖိုမှုးကြီးက မင်းကြီးမျက်ရည်ကျလောက်အောင် ကောင်းတဲ့ အမဲသားဟင်းချိုကို လက်ရာတူအောင် ချက်ပြရတယ်။ အဲဒီ့မှာ နောက်ဆုံးယှဉ်ပြိုင်တဲ့သူ နှစ်ယောက်စလုံးကလဲ သူတို့ရဲ့ အဖိုးတွေက စားဖိုမှုးကြီးရဲ့ လက်ထောက်တွေ ဖြစ်ကြပေမယ့် မင်းသားရဲ့ အဖိုးကပဲ ဟင်းချက်နည်းကို သိတယ်။

ရုပ်ရှင်ကို အရမ်းကိုကြိုက်တယ်။ ရိုက်ချက်တွေလဲ အရမ်းကောင်းတယ်။ အစားအသောက်တွေ ချက်ပြုတ်တာကလဲ သရေယိုချင်စရာတွေ ကြီးပဲ။ ဘာဖြစ်လို့ ဒီဟင်းကို သုံးဆောင်ပြီးနောက် မင်းကြီး မျက်ရည်ကြရတာလဲဆိုတာကို ရှင်းပြတာလေးကို အရမ်းသဘောကျတယ်။ ကိုရီးယားကတော့ နန်းတွင်းစဉ်လာကို အရမ်းကို အလေးထားကြတာပဲ။ နှစ်တွေကြာခဲ့ပေမယ့် ရိုးရာစဉ်လာအတိုင်း ဆက်လက် ချက်ပြုတ်နိုင်ကြတယ်။ ဒီကားမှာ မင်းသားကိုလဲ ကြိုက်သလို မင်းသမီးနေရာမဟုတ်ပေမယ့် လီဟာန သရုပ်ဆောင်တာလေးကလဲ ကောင်းပါတယ်။

Iljimae



လီဂျွန်ကီပါဝင်သရုပ်ဆောင်ထားတဲ့ Iljimae (အီဂျီမဲ) ဇာတ်လမ်းတွဲကို သိပ်မကြာသေးခင်ကပဲ ကြည့်ပြီးသွားပြီ။ တစ်ခွေကို ၅၀၀ပဲ ပေးရပေမယ့် စာတန်းထိုးက မကောင်းတော့ ထုံးစံအတိုင်း ကွန်ပျူတာနဲ့ပဲ တွဲကြည့်ရတယ်။ အခုကြတော့ ပန်းချယ်ရီကလဲ့စား ဆိုတဲ့နာမည်နဲ့ မြန်မာစာတန်းထိုးအခွေ ထွက်နေလို့ အမေတို့အတွက် ၀ယ်ပေးလိုက်သေးတယ်။ စာတန်းထိုးကတော့ မကောင်းပြန်ပါဘူး။ မင်းသားခမျာ သူ့ကို ခေါ်ဝေါ်တဲ့ အီဂျီမဲဆိုတဲ့ နာမည်ကိုတောင် စာတန်းထိုးမှာ သူခိုးလို့ပဲ ဖော်ပြခံရရှာတယ်။

အီဂျီမဲဆိုတဲ့ နာမည်က ဘယ်ကလာလဲဆိုတော့ သူက သူဝင်ခိုးတဲ့အိမ်တိုင်းမှာ မက်မွန်ပန်းပွင့်ပုံပါတဲ့ သစ်ကိုင်းတစ်ကိုင်းပုံကို ထားခဲ့လေ့ရှိတယ်။ အဲဒီ့ကနေ အီ (တစ်) ၊ ဂျီမဲ (မက်မွန်သစ်ကိုင်း) ဆိုပြီး နာမည်ပေါ်လာတာ။ အဲဒါကို ပြီးစလွယ်ပြန်တဲ့ မြန်မာတွေက ချယ်ရီပန်းလို့ပဲ အလွယ် ဘာသာပြန်လိုက်ကြတယ်။ ကလေးလေးက မက်မွန်ပန်းကို ချယ်ရီပန်းထက် ဘာကြောင့်ပိုကြိုက်ရတယ်ဆိုတာကို ရှင်းပြတာကိုတောင် သူတို့နားမလည်ကြဘူး။

ဇာတ်လမ်းကတော့ ဂွမ်အီးဆိုတဲ့ ကောင်လေးက ငယ်ဘ၀မှာတင်ပဲ သူ့အဖေ လီဟိုအသတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရပေမယ့် သတ်တဲ့သူကိုတော့ မသိပဲ သူ့ရဲ့ ဓားက ရုပ်ပုံကိုပဲ တွေ့ခဲ့ရတယ်။ သူ့ရဲ့ အမေနဲ့ အစ်မတို့ကလဲ သူ့အဖေ က ပုန်ကန်တယ်လို့ ချောက်ချခံရပြီးနောက် သစ္စာဖောက် မိသားစုအဖြစ် အဖမ်းခံရတယ်။ သူတစ်ယောက်ပဲ လွတ်မြောက်လာခဲ့ပြီး သူ့ကို ကယ်တင်ခဲ့တဲ့ ဆိုးဒိုးနဲ့ ဒါနီးတို့နဲ့ အတူနေခဲ့တယ်။ သူက အရမ်းကို စိတ်ထိခိုက်ခံစားခဲ့ရတဲ့အတွက် သူ့အမေကို ကိုယ်တိုင် ခဲနဲ့ပေါက်ခဲ့ရပြီးနောက်မှာ အတိတ်မေ့သွားခဲ့ပြီး သူ့ကိုယ်သူ ယောင်ဂီးအဖြစ် နေလာခဲ့တယ်။

ဒါနီးက ယောင်ဂီးကို လက်မခံချင်ဘူး။ အကြောင်းရင်းက လီဟိုနဲ့ သူနဲ့က အရင်က ဇာတ်လမ်းရှိခဲ့ပြီး ဂျဒူးကို မွေးဖွားခဲ့ပေမယ့် သူ့ရဲ့သားအဖြစ် မသိမခံပဲ လှို့ဝှက်ထားခဲ့တယ်။ နောက်တော့ ဂျဒူးကို တရားသူကြီး ဗျောင်ရှစ်က သတ်မယ်လုပ်တော့ ဒါနီးက သူ့ရဲ့သားပါလို့ တောင်းပန်တဲ့အတွက် သူ့ရဲ့အိမ်မှာ သွားရောက်နေထိုင်ခဲ့ပြီး အမေဖြစ်သူက အဆက်အသွယ်ဖြတ်ထားခဲ့တယ်။ အဲဒီ့မှာ သူ့ကို ရှီဟိုလို့ နာမည်ပြောင်းပေးလိုက်တယ်။ အဲဒီ့အိမ်မှာ သူ့ကို အမျိုးနိမ့်သားဆိုပြီး ၀ိုင်းနှိမ်ကြပေမယ့် သူ့ကို ကြင်နာတဲ့ အွန်ချယ်ကို သူ့ရဲ့ ညီမမှန်း သိပေမယ့် ချစ်သွားခဲ့တယ်။

ယောင်ဂီးအရွယ်ရောက်လာတဲ့နောက်မှာ သူ့ရဲ့ အတိတ်က အကြောင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်လည် သတိရလာပြီးတဲ့နောက်ပိုင်းမှာ သူ့အစ်မကို အရင်လိုက်ရှာတယ်။ ဒါပေမယ့် သူ့အစ်မနဲ့ ဆုံဆည်းခွင့်မရပဲ အစ်မဖြစ်သူ ကြိုးဆွဲချခံရပြီးနောက်မှာ သူက ကလဲ့စားချေဖို့အတွက် ဓါးပိုင်ရှင်ကို ရှာဖွေဖို့ ကြိုးစားတယ်။ အဲဒီ့လို ရှာဖွေရင်းနဲ့ သူတစ်ပါး မတရားသိမ်းပိုက်ထားတဲ့ ရွှေ၊ငွေ၊ အဖိုးတန်ပစ္စည်းတွေကို ခိုးပြီးတော့ ဆင်းရဲသားတွေကို ပြန်လည်ဝေငှပေးခဲ့တယ်။ သူဘယ်လောက်ပဲရှာရှာ ဓါးပိုင်ရှင်ကို တော်တော်နဲ့ ရှာမတွေ့နိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဓါးပိုင်ရှင်က မင်းကြီးကိုယ်တိုင်ဖြစ်နေလို့ပါပဲ။

လီဂျွန်ကီပါလို့ ကြည့်ခဲ့သလို တစ်ကားလုံးမှာလဲ သူ့ကို အကြိုက်ဆုံးပါပဲ။ သူ့ကို အစပိုင်းမှာ ပေါတောတော အခန်းတွေမှာ ပေါလွန်းလို့ သိပ်မကြိုက်ပေမယ့် သူ့ရဲ့ အတိတ်ကို ပြန်သတိရပြီးနောက်ပိုင်းမှာတော့ ကြည့်လို့ကောင်းလာတယ်။ မင်းသားရဲ့ အိုက်တင်အရမ်းတော်တယ်။ ကိုယ့်အစ်မတစ်ယောက်လုံး အသတ်ခံရတာကို မျက်မြင်တွေ့ပြီး ၀မ်းနည်းနေချိန်မှာ သူ့ကို လာမေးမြန်းတဲ့ မုဆိုးကိုတော့ ချက်ချင်းပဲ မျက်နှာပြင်ပြီး စိတ်ရှုပ်ဟန်၊ ပေါ့ပေါ့တန်တန် အလေးနက်မထားတဲ့ တစ်ယောက်ဟန်ဆောင်လိုက်တာကို အခုထက်ထိ မှတ်မိနေတုန်းပဲ။ သာမန်လူတစ်ယောက်ဟာ အခုလေးတင် ငိုနေပြီးတော့ ချက်ချင်းပဲ မျက်နှာပုံစံပြောင်းဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။

သူရဲ့ ဇာတ်ကောင်စရိုက်က အရင် Times of Wolf & Dog (ဆန့်ကျင်ဘက်အချစ်) ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်နဲ့ ဆင်တယ်။ သူ့လိုပဲ ငယ်ဘ၀မှာ မိခင် (အခုကားမှာ ဖခင်) ဖြစ်သူကို မျက်စိရှေ့မှာတင် အသတ်ခံရတာ မြင်ခဲ့ရပြီး လူသတ်သမား ဘယ်သူဆိုတာကို တော်တော်နဲ့ မသိခဲ့ဘူး။ ပြီးတော့ အတိတ်မေ့သွားပြီး စရိုက်ပြောင်းသွားတဲ့အခါမှာလဲ တူတယ်။ သူကိုယ်တိုင်က အင်တာဗျူးတစ်ခုမှာ အဲဒီ့ TOWD ကားမှာ သရုပ်ဆောင်ခဲ့တာက အခုကားမှာ အထောက်အကူပြုတဲ့အကြောင်း ပြောခဲ့သေးတယ်။

ဇာတ်လိုက်မင်းသမီးအဖြစ် သရုပ်ဆောင်သူကတော့ ဟန်ဟုန်ဂျူးဖြစ်ပါတယ်။ သူ့ကို အရင် Spring Waltz မှာ ကြိုက်ခဲ့ပေမယ့် ဒီကားမှာတော့ မကြိုက်ပါဘူး။ ဇာတ်လမ်းအရသာ မင်းသမီးဖြစ်ပေမယ့် သရုပ်ဆောင်တာ အေးတိအေးစက်နဲ့ လုပ်ကွက်လဲ သိပ်မရှိဘူး။ မင်းသားနဲ့ မင်းသမီးကြားက အချစ်ဇာတ်လမ်းကလဲ ဘာ chemistry မှကို မရှိဘူး။ သူ့တို့နှစ်ယောက်ကို ချစ်သူအဖြစ် မြင်လို့ကို မရတာ။ သူ့ထက်စာရင် ဒုတိယမင်းသမီးဖြစ်တဲ့ လီဟာနကို ပိုကြိုက်တယ်။ သူက ဘွန်ဆွန်းအဖြစ် သရုပ်ဆောင်တာ အရမ်းကိုချစ်ဖို့ကောင်းတယ်။ သူကမှ မင်းသားနဲ့ ပိုလိုက်ဖက်သေးတယ်။ ဒုတိယမင်းသားကတော့ ဆိုးတော့မဆိုးပါဘူး။ အစကတော့ သိပ်အကြိုက်ကြီးတော့ မဟုတ်ပေမယ့် မြားပစ်တဲ့အခန်းနောက်ပိုင်းမှာ နည်းနည်းတော့ ကြိုက်လာတယ်။ :D

နောက်ပြီးတော့ ကြိုက်တဲ့ဇာတ်ကောင်တွေကတော့ အဖေလုပ်တဲ့ ဆိုဒိုးနဲ့ ဘုရင်ကြီးပဲ။ အဲဒီ့နှစ်ယောက်လဲ သူ့နေရာနဲ့သူ လိုက်ဖက်အောင် သရုပ်ဆောင်ထားကြတယ်။ ဘုရင်ကြီးဆိုရင် နောက်ပိုင်း ကြည့်ရင်းနဲ့ အမြင်တော်တော်ကပ်လာတဲ့အထိ သရုပ်ဆောင်ကောင်းတယ်။

ဖာတ်ဝင်သီင်္ချင်းက သိပ်မရှိပါဘူး။ Park Hyo Shin ရဲ့ သီချင်းလေးပဲ သေချာနားထောင်ဖြစ်တယ်။ I'm Sorry, I Love You ထဲက Snow Flower သီချင်းနဲ့ နည်းနည်းဆင်တယ်။

ဇာတ်ကားတစ်ကားလုံးကို ခြုံပြောရရင်တော့ စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်ကို မနာနာအောင် အတင်းလုပ်ထားသလိုပဲ။ မင်းသားက တစ်ခုခု သိရှိတော့မယ်ဆိုရင် အဲဒီ့ပြောမယ့်သူကို သတ်ပစ်လိုက်တာက ကြာလာတော့ ကြည့်ရတာ စိတ်မရှည်တော့ဘူး။ ဇာတ်သိမ်းပိုင်းကို မကြိုက်ဘူး။ ဇာတ်လမ်းကို မရှုပ်ရှုပ်အောင် လုပ်သွားတယ်။ အင်တာနက်ပေါ်မှာ လိုက်ဖတ်မှပဲ နည်းနည်းပါးပါး နားလည်တော့တယ်။ အထူးသဖြင့် ဘွန်ဆွန်းကို နေရာအတည်အကျမရှိပဲ လျှောက်သွားနေသူအဖြစ် လုပ်လိုက်တာကို မကြိုက်ဘူး။ ဒီလောက် ချစ်ဖို့ကောင်းတဲ့သူက နောက်တော့ မျက်နှာမှာ အပြုံးတောင် မရှိတော့ဘူး။

You received this email because you are subscribed to the real_time feed for http://madyjune.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.