Thursday, October 16, 2008

[ဂျစ်တူးဆိုသူ၏ အပိုင်းအစများ] 2 New Entries: ဘလောဂ့် ရေးခြင်း ခေတ္တ ရပ်နား

ဘလောဂ့် ရေးခြင်း ခေတ္တ ရပ်နား

အချိန်တွေနောက် ... ကျွန်မက ပြေးလိုက် ၊
ကျွန်မ နောက် ... အလုပ်တွေနဲ့ မိသားစု ကိစ္စအထွေထွေက ပြေးလိုက် ၊
အဲလို လုံးခြာ ပတ်လည်ရင်း ဖြစ်နေလို့
နောက် တစ်ပတ်ကျော်ထိ ဘလောဂ့်ရေးခြင်းမှ ရပ်နားထားပါမယ် ။

ပထမ မြန်မာများ အပိုင်းဆက် နဲ့ မတန်ခူး tag ထားတဲ့ အချစ်ဆိုသည်မှာ ကို ... သည်းခံစောင့်ဆိုင်းပေးကြပါလို့ မေတ္တာ ရပ်ခံလိုက်ပါတယ် ။

သီတင်းကျွတ်မှာ ကောင်းကင်ပေါ်က လပြည့်ဝန်းလို စာဖတ်သူအားလုံး ရဲ့ စိတ်အစဉ်လည်း အေးမြနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

လမ်းပျောက်ချိန်

နက်သထက် နက်လာတဲ့ တောထဲ
ဖျော့သထက် ဖျော့သွားတဲ့ မြေပုံကိုင်ပြီး
များသထက် များလာတဲ့ သားရဲတိရိစ္ဆာန်တွေကြား
တခါတရံ အားငယ် မောဟိုက် ။

You received this email because you are subscribed to the real_time feed for http://gyittu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.