Thursday, October 16, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: တစ်နေ့တာ အလွဲ

တစ်နေ့တာ အလွဲ

လူတိုင်းမှာ ဗရုတ်သုတ်ခနေ့ဆိုတာရှိတယ်။ ဒီတော့ ကျမမှာလည်းရှိတယ်။ (ဟိ ဟိ၊ စိုင်းစိုင်းလေသံ အတုခိုးပြီး Intro ဝင်တာ) :z

တကယ်ပါ။ ဗရုတ်သုတ်ခနေ့တွေကတော့ မကုန်နိုင်လောက်အောင် ရှိပါတယ်။ ဂျပန်စရောက်ကတုန်းက အလွဲတွေ ၊ ဗရုတ်သုတ်ခနေ့တွေ များလွန်းလို့ "ရောက်ခါစက အလွဲများ" ဆိုပြီး ကဏ္ဍလေးတစ်ခုအနေနဲ့ ရေးဖို့ရှိပါတယ်။ (အဲလောက်ကို ဗရုတ်သုတ်ခနေ့တွေများတာလေ။) :p အခု TAG post ကိုတော့ မြန်မာနိုင်ငံတုန်းက အလွဲလေးတစ်ခု၊ ဗရုတ်သုတ်ခနေ့တစ်နေ့အကြောင်းကို ရေးပေးလိုက်ပါတယ်နော်။ :z

မြန်မာနိုင်ငံမှာ ရှိခဲ့စဉ်တုန်းက ပညာလောဘ အရမ်းကြီးခဲ့တယ်ရှင့်။ ;) ကျောင်းကလည်း အကြာကြီး တက်ရသေးတယ်။ ကျောင်းပြီးတာနဲ့ ဂျပန်သင်တန်းသွား၊ ကျောင်းအားတဲ့နေ့ဆိုရင်လည်း တစ်ခြားသင်တန်းတက်နဲ့ အားတဲ့ ရက် ၊အားတဲ့အချိန်က နည်းမှနည်းပဲ။ ဒီလောက် မအားရတဲ့ ကြားက ခရီးသွားလမ်းညွှန်သင်တန်းလည်း မရရအောင် တက်လိုက်သေးတယ်ရှင့်။

နောက်ဆုံးနှစ်တုန်းကပေါ့။ 日本語能力試験(Japanese Language Proficiency Test、JLPT)Level (Ⅰ)ကို ဖြေဖို့ဆိုပြီး လျှောက်လွှာတင်လိုက်တယ်သိလား။ :z ဘယ်နေ့ ဖြေရမယ်ဆိုပြီး လျှောက်လွှာထဲမှာ အတိအကျပါပေမယ့် ဖြေရမယ့်ရက်က အဝေးကြီးလိုသေးတော့ အမှုမဲ့အမှတ်မဲ့ပါပဲ။ အေးအေးဆေးဆေးနဲ့ အူကြောင်ကြောင်မှတ်ဉာဏ်လေး အားကိုးကာ စာကို ကောင်းကောင်းမကျက်ဖြစ်ခဲ့ပါ။ အဲ၊ စာသာ မကျက်တာ၊ သင်တန်းတွေကတော့ ပုံမှန်သွားတယ်သိလား။  :z ကျောင်းလည်းမှန်မှန်တက်၊ တစ်ခြားသင်တန်းလည်း မှန်မှန်တက် ၊ ခရီးသွားလမ်းညွှန်သင်တန်းလည်း မှန်မှန်တက်ခဲ့တာပေါ့။ :z အဲလို တစ်ချိန်တည်း အလုပ်(2)ခု၊ (3)ခုကို ပြိုင်တူလုပ်လို့လားမသိ၊ ကံမကောင်း အကြောင်းမလှစွာ 日本語能力試験(Japanese Language Proficiency Test、JLPT )Level (Ⅰ)စာမေးပွဲကြီး နဲ့ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကြီးက တစ်နေ့တည်း၊ တစ်ရက်တည်းမှ သွား ကျပါလေရော။ :c သေပြီ ဆရာ။ ဘယ်လိုလုပ်ရပါ့။ :d အချိန်ကလည်း သိပ်မကွာလှဘူး။ စိတ်ကို ညစ်ရော။ တကယ် တကယ် တော်တော်ကို စိတ်လေသွားတယ်။ စစချင်းသိရတဲ့နေ့ကဆို စိတ်ညစ်ညစ်နဲ့ ခရီးသွားလမ်းညွှန်သင်တန်းကျောင်းအုပ်ကြီးနဲ့ သွားဆွေးနွေးသေးတယ်။ "စာမေးပွဲရက် ရွှေ့ပေးလို့ ရမရ" ကိုလေ။ :p ဂျပန်စာမေးပွဲကတော့ နိုင်ငံတကာလုံးဆိုင်ရာ တစ်နေ့တည်း ၊ တစ်ပြိုင်တည်း ၊ တစ်ချိန်တည်း ဖြေရတာဆိုတော့ ရွှေ့ပေးလို့ မဖြစ်နိုင်ဘူးလေ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲကတော့ ကျောင်းအုပ်ကြီးရဲ့ သဘောထားနဲ့ အများကြီးသက်ဆိုင်တယ်မဟုတ်လားရှင်။ အရင်အပတ်စဉ်တွေတုန်းကလည်း အဆင်ပြေနိုင်မယ့် နေ့ကို ကျင်းပခဲ့တာဆိုတော့ တိတိကျကျ သတ်မှတ်ထားတဲ့ပုံ မပေါ်ဘူးလို့ (ကိုယ့်သဘောနဲ့ကိုယ်ယူဆ) ပြီး သွားရောက် မေးမြန်းကြည့်ခဲ့တာပါ။ ;) ဒါပေမယ့် ကျမက ဘာမှ မဟုတ်တဲ့ သာမန်သင်တန်းသူလေးတစ်ယောက်ဖြစ်လေတော့ ကျမအတွက်နဲ့ ဘယ်လိုလုပ်ပြီး ရက်ရွှေ့ပေးမလဲနော်။ ;) "အတတ်နိုင်ဆုံး လိုက်လျောတဲ့အနေနဲ့ အချိန်နောက်ကျပြီး လာဖြေလည်း ဝင်ခွင့်ပေးပါမယ်တဲ့။ ဖြေဆိုခွင့်ရဖို့ ပြောပေးပါမယ်"ဆိုပြီး ကျောင်းအုပ်ကြီးရဲ့ သဘောထားကို သိခဲ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ :y ဘာပဲ ပြောပြော ဒီလောက်လိုက်လျောတာတောင် တော်တော့ကို အခွင့်အရေးယူသလို ဖြစ်နေပြီလေ။ ကျောင်းအုပ်ကြီးက အရမ်းသဘောကောင်းလွန်းလို့ပေါ့နော်။

ကျမလည်း အဲလို သဘောတူညီမှုတွေရတာနဲ့ နည်းနည်းတော့ စိတ်အေးသွားတယ်။ :y မအေးနိုင်တာက မေမေ။ မေမေက ပြောပါတယ်။ "日本語能力試験(Japanese Language Proficiency Test、JLPT)Level (Ⅰ)"ဆိုတာ ဂျပန်က လာစစ်တဲ့ အရည်အချင်းစစ်စာမေးပွဲတွေထဲမှာ အမြင့်ဆုံး၊ (တနည်းအားဖြင့်ပြောရရင် အခက်ဆုံး) ။ ခရီးသွားလမ်းညွှန်သင်တန်းစာမေးပွဲဆိုတာလည်း (လိုက်ဖို့စိတ်မကူးလေတော့ )ကိုယ့်ဉာဏ်နဲ့ ကိုယ်ဖြေမယ်ဆိုရင် တော်တော်ကို အောင်ဖို့ခက်တဲ့ စာမေးပွဲ။ ဒီလောက် ခက်ခက်ခဲခဲ စာမေးပွဲ(2)ခုကို တစ်နေ့တည်း မှာ ဖြေရရင်....... "သမီးရယ်၊ ပင်ပန်းပါတယ်......တဲ့။ တစ်ခုကို လက်လွှတ်လိုက်ပါ................တဲ့။"

မေမေ့စေတနာကို နားလည်ပေမယ့် ကျမက ခေါင်းမာတယ်ရှင့်။ အခွင့်အရေးဆိုတာ နှစ်ခါမရဘူး။ ဒီတစ်ခါ မဖြေရင် နောက်တစ်ခေါက် ကို ဖြေဆိုရတော့မှာ မဟုတ်ဘူး။ (ကျမ ဂျပန်သွားရဖို့ လပိုင်းပဲ လိုတော့တယ်လေ။ နောက်တစ်ခေါက် သင်တန်းထပ်တက်ရန် အချိန်မရှိတော့ဘူး။ ) (3)လလုံးလုံး စိတ်ပင်ပန်း လူပင်ပန်းနဲ့ တက်ခဲ့ရတဲ့ သင်တန်းတစ်ခုအတွက် ရလာဒ်တစ်ခုတော့ လိုချင်တာအမှန်ပဲ။ ဒီတော့ ဒီစာမေးပွဲကို လက်လွတ်မခံနိုင်ဘူး။ "日本語能力試験(Japanese Language Proficiency Test、JLPT)Level Ⅰ"ကလည်း တစ်နှစ်မှ တစ်ခါ လာစစ်တဲ့ စာမေးပွဲဆိုတော့ မဖြေပဲ မနေနိုင်ဘူး။ အဲဒီက အောင်လက်မှတ်ပါရင် ဂျပန်မှာ ကျောင်းတက်ရတာ၊ အလုပ်လုပ်ရာမှာ အခွင့်အရေးအရမ်းပိုရတယ်။ ပညာသင်ထောက်ပံ့ကြေးရရန်လည်း လွယ်ကူတယ်။ အဲလို အကြောင်းတွေနဲ့ပဲ စာမေးပွဲ (2)ခုစလုံးကို ဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။(လောဘကြီးပုံများနော် ;) )

စာမေးပွဲနေ့လည်း ရောက်ရော၊ "日本語能力試験(Japanese Language Proficiency Test、JLPT)Level Ⅰ"ကို အရင်သွားဖြေရပါတယ်။ Level (4) ခုစလုံးမှာ အကြာဆုံး၊ အများဆုံး ဆိုတော့ တခြား Level စာမေးပွဲဖြေတဲ့လူတွေ အကုန်ပြန်ကုန်ပြီ။ Level (Ⅰ)သမားတွေပဲ အသည်းအသန် ဖြေကျန်ရစ်ခဲ့ရတာပေါ့။ မြန်မြန်ပြီးခဲ့ရင်တောင် သူတို့သတ်မှတ်ထားတဲ့ အချိန်ပြည့်မှ ထွက်လို့ရတာဆိုတော့ ။ ကျမမှာ "ထွက်လို့ ရပြီ" ဆိုတဲ့ စကားသံလေးကို ဘယ်တော့ကြားရမလဲ ရင်တထိတ်ထိတ်နဲ့ပေါ့။ :y "ထွက်"လို့ ပဲ ဆရာမက ပြောရသေး ၊ အခန်းအပေါက်ဝကို ရောက်နေပြီ။ ဟိ ဟိ။ ပြီးတာနဲ့ ဝတ်ထားတဲ့ အဝတ်အစားလေးမှ အားမနာ ပြေးတော့တာပဲ။ ;) :z

ရေးရင်း ရေးရင်းနဲ့ အရမ်းရှည်နေလို့ နှစ်ပိုင်းခွဲတင်မယ်နော်။ စိတ်ဆိုးရဘူးနော်။ :z :z :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.