Thursday, October 16, 2008

[ငယ်ဆူးအိမ်] 1 New Entry: နံရံတွေကြားက နှလုံးသား

နံရံတွေကြားက နှလုံးသား



ငါ့ရင်ခွင်ထဲမှာ ချစ်သူရှိနေတယ်
ငါ့အတွေးတွေကို ချစ်သူပိုင်စိုးထားတယ်
တခါတလေ ငါ့ကိုယ်နဲ့ငါ့စိတ် ရန်ဖြစ်ရတဲ့အထိပေါ့။


ချစ်သူ့ရင်ခွင် ငါ့ရဲ့ကမ္ဘာ
ချစ်သူရယ်သံဟာ ငါ့အတွက်ဂီတဖြစ်လို့
ချစ်သူပါပဲ ငါ့ရဲ့အိပ်မက်တွေကိုလှစေခဲ့သူပေါ့။


ချစ်သူနဲ့ပတ်သက်ရင် ငါဟာအဖြူထည်
ချစ်သူရနံ့တွေပါတဲ့ လေပြည်တွေကိုတောင်မှ သိမ်းထားချင်တဲ့သူပါ။
ယခုအချိန်ထိပါပဲ
ငါဟာ အိပ်မက်တွေထဲက မလန့်နိုးနိုင်သေးဘူး။


ပွေ့ဖက်ထားခြင်းခံရတယ်ဆိုရင်တောင်မှ
ငါဟာ အလိုလိုဝမ်းနည်းလာတယ်....
မျက်ရည်တွေက အတားအဆီးမဲ့
ကန့်သတ်ချက်ဆိုတာ ဘာမှန်းကိုငါမသိတော့ဘူး။
ငါကပဲ အချစ်ကြီးလွန်းတာလား
ငါ့ချစ်သူကပဲ တကယ်ကိုနေနိုင်သူများလား။


ကိုယ့်ကိုယ်ကိုယ် လိမ်ညာလှည့်စားတယ်ဆိုတာ
တကယ်ကိုလွယ်တဲ့လုပ်ရပ်တော့ မဟုတ်ဘူး....ချစ်သူ။
တခါတလေ ငါ့ကိုယ်ငါ မုန်းနေမိတဲ့အထိပေါ့။

You received this email because you are subscribed to the real_time feed for http://ngesueeain.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.