Thursday, October 16, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: ဗရုတ်သုတ်ခနေ့

ဗရုတ်သုတ်ခနေ့

အင်းဒီတစ်ခေါက်တော့ တီတီဝါ , ဦးဦးမိုးဦးဝေလွင် နဲ့အဆွေတော် Dream angel တို့ရဲ့ ဗရုတ်သုတ်ခ ကျတဲ့နေ့တဲ့။ ကိုယ်က ဟိုးအရင်ငယ်ငယ်လေး ကတည်းက ရွတ်နောက်နောက် သမားတစ်ယောက်။ ဗရုတ်ကျတဲ့ အရာတွေကလည်း နဲခဲ့တာ မဟုတ်ဘူးလေ။ ဒါတွေကို ရေးရမယ် ဆိုတော့ ငယ်ငယ်တုန်း အကြောင်းလေးကို သတိရမိတယ်။ ဒါကြောင့် ငယ်ငယ်က အမှတ်ရနေတဲ့ အကြောင်းလေး တွေထဲတချို့နဲ့ လုပ်ငန်းခွင် ကအကြောင်းလေးကို ပြောပြပေးမယ်နော်။

ဖြစ်ပုံကဒီလို..မက်မက် ၅တန်း၆တန်း လောက်ကပေါ့၊ တနေ့မှာ မက်မက်အစ်မရဲ့ သူငယ်ချင်း တယောက်က သူတို့ရဲ့ ကုလားဘုရား မီးနင်းပွဲတော်ကို လာကြည့်ဖို့ခေါ်တော့ အစ်မနဲ့ မက်မက်က သူနဲ့အတူ လိုက်သွားတာပေါ့။ ၁၀မိုင်ကုန်း မီးနင်းပွဲဆိုတာ အရင်က လူကျိတ်ကျိတ်တိုး စည်ကားတာလေ။ တစ်ယောက်ရင်နဲ့ တစ်ယောက်ကျော ကပ်ပြီးသွားကြရတာ။ အဲဒီလူကျပ်နေတဲ့ အချိန်မှာ သာမန်ခြေတလှမ်းစာလောက် အကျယ်အ၀န်းကို ခြေလှမ်း ၅လှမ်း၆လှမ်းလောက်ကို လှမ်းရတာလေနော်။ မက်မက်က လူအုပ်ကြားထဲမှာ မွန်းကြပ်နေတာလေ။ ကိုယ့်အရှေ့မှာ ကုလားမကြီးတယောက် ဗိုက်ပေါ်အကျီ်လေးနဲ့ ဆာရီပုဝါလေးကို လုံးပြီးခြုံထားတာ ဆိုတော့သူ့ဗိုက်နဲ့ ကိုယ့်မျက်နှာက အပ်နေတာလေ။

နဂိုထဲက ဘရုတ်ကျ တာဆိုတော့ အဲဒီပေါ်နေတဲ့ သူ့ဗိုက်ကြီးကို ဆွဲစိတ်ပစ်လိုက်ရော။ ဟားဟား :P :P ဘာပြောကောင်းမလဲ၊ ကုလားမကြီး ဒေါသတွေ ဖြစ်ပြီး မက်မက်ရဲ့အစ်မကို တိုင်ပါလေရော။ မက်မက်အစ်မ ကလည်းကုလားမရဲ့ အရှေ့မှာဆိုတော့ မက်မက်ကို အဲလိုသူများကို သွားလုပ်ရမလား ဆိုပြီးဆူတာပေါ့။ ဘာလို့ကလေးကို သူ့ဗိုက်နဲ့ လာတိုးရတာလဲ၊ သူလာတိုးလို့ ဆွဲစိတ်လိုက်တာ လို့ပြောတော့ အဲဒီမှာ အစ်မနဲ့ သူ့သူငယ်ချင်း ရယ်ကြပါလေရော။ ဟားဟား.. :P :P ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေပါ... အခုချိန်ထိ မိသားစု စကားဝိုင်းမှာ စကားပြောရင် ရယ်စရာအဖြစ် ပြောမဆုံး ဖြစ်ခဲ့တာပါ။ ဟားဟား :D :D


နောက်တစ်ခုက အလုပ်ထဲမှာ စားပွဲတစ်ခု ရှိတော့ဧည့်သည်တွေ ကိုဧည့်ခံရပါတယ်။ အဲဒီမှာဧည့်သည် ကိုးရီးယားမလေးကို ထိုင်ဖို့ခုံလေးပေးလိုက်တာပေါ့။ အဲလိုနဲ့ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ပေါ့။ နောက်လူတွေ လာလည်းဧည့်ခံပေါ့။ အဲဒီမှာစပါပြီ။ နောက်ထပ် ကိုးရီးယားမလေး တယောက် ထပ်ရောက်လာရော။အဲဒီမှာ ပထမရောက်နေတဲ့ ကိုးရီးမလေးက နောက်ရောက်လာတဲ့ ဧည့်သည်အမျိုးသမီးလေးကို မတ်တက်ထ လက်နှုတ်ဆွဲတာပေါ့။ အဲဒီမှာ မက်မက်က စေသနာချော်သွားတာလေးပါ။ သူမတ်တတ်ရပ်ရင် လွတ်လွတ်လပ်လပ်လေး ဖြစ်သွားအောင်ခုံလေးကို အနောက်လေးရွေ့ ထားပေးလိုက်တာပါ။ ကိုယ်ကလည်း တခြားသူကို နှုတ်ဆက်နေတဲ့ အချိန်မှာ ခုနက မိန်းကလေးက ထိုင်ချလိုက် ပါလေရော။ ဟိုက်..သွားပြီ။ ကြမ်းပြင်မှာ ပက်လက်ကြီး ကျသွားပြီ။ အဲဒီမှာ အားလုံးက မက်မက် အပါအ၀င် ရယ်ကြတာလေ။

ကိုရီးယားမလေး ခမျာ တော်တော်တော့ ရှက်သွားတာ။ မက်မက်လည်း တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ကိုယ်က လည်းမေ့ပြီး သူ့ကိုမပြောမိဘူး။ သွားပြီးပေါ့။ ငါ့ကိုသူဌေး ဆူတော့မှာပဲပေါ့။ သူလေးက တော်တော်သဘော ကောင်းပါတယ်။ ဘာမှcomplain မလုပ်သွားဘူး။ မက်မက် ကံကောင်း သွားတယ်လေ။ အဲဒီ ကိုးရီးယားမလေး နေရာမှာ တခြား မြန်မာသာ ဆိုလျှင်....... ဟင်း..မတွေးရဲစရာနော်...

မက်မက်က မိသားစုမှာ အငယ်ဆုံးလေ။ လူကြီးတွေ ရောက်တတ်ရာရာ စကားပြောရင် သူတို့ဝိုင်းထဲမှာ သူတို့စကား ပြောတာတွေကို အမြဲနားထောင်တယ်။ ကိုယ်မသိရင်လည်း မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ မေးခွန်းတွေ ထုတ်တာ။ လူကြီးတွေဘာ ပြောပြောသူတို့ စကားဝိုင်းမှာ မက်မက်ပါတယ်။ သူတို့ဘယ် သွားသွား မက်မက် ပါတယ်။ ကိုယ်က မိသားစုမှာ အငယ်ဆုံး။ အစွာဆုံး၊ စိတ်ကလည်း နဲနဲဆတ်တယ်။ မဟုတ်ရင် မခံတတ်တဲ့ စိတ်ကြောင့် ထစ်ကနဲဆိုရင် ပါးစပ်က လုံးဝမပြောပဲ လက်ကပဲ ပြောလိုက်ရော။ ငယ်ငယ်ကဆိုရင် အိမ်ကို ခဏခဏ လာလာတိုင်တာ ခံရတာ။ အရိုက်လည်း ခဏခဏခံရတယ်။ :D :D ဟီးဟီး။ အဲဒါကြောင့်မို့လား မသိဘူး။ အရွယ်ရောက်လာတော့ အင်မတန် နူးညံတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်သွားတာ။ဟဲဟဲ.. (ကြုံ တုန်းလေး ကြွားသွားတာနော် ..ဟီးဟီး... :P :P ) မက်မက်က ငယ်ငယ်တုန်းက ပါလေရာ ငပိချက်လေးပေါ့။ ဟိ..ဟိ.. လူကြီးတွေနဲ့ ဆိုလည်းပေါင်းလိုက်တာပဲ။ လူငယ်တွေနဲ့ ဆိုလည်းပေါင်း လိုက်တာပဲ။

ကိုယ်နေတဲ့ ရက်ကွက်မှာ ကလေးတွေနဲ့ ဆိုလည်းကိုယ်က ကလေးခေါင်းဆောင်။ ဟီးဟီး.။ကစားရအောင် ဟေ့ဆိုရင် လမ်းကရှိသမျှ ကလေးအကုန် ထွက်လာကြပြီး ကစားနည်းပေါင်းစုံနဲ့ ကိုကစားတော့တာပဲ။ ဟိဟိ... ကိုယ်ကလည်း ကလေးလိုပဲ နေတာကိုး။ ဒါပေမယ့် လုပ်ငန်းခွင် ထဲမှာတော့ လူကြီးတွေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ပြောရဆိုရတာ ဆိုတော့ ကလေးလို နေလို့မရတော့ဘူး။ လူကြီးလိုနေရမယ့် အခါမှာတော့ လူကြီးလိုနေပြီး ၊ ကလေးတွေနဲ့ တွေ့ရင် ကိုယ်ကလည်း ကလေး ဖြစ်သွားတာပဲ။
ဒါက ဗရုတ်သုတ်ခ လေးတွေထဲက မှတ်မှတ်ရရ လေးတွေပါ။ ကဲ...ဒီလောက်နဲ့ပဲ ကျေနပ်တော့နော်။ :)

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.