Friday, January 2, 2009

[လ၀န်းလေး] 2 New Entries:

http://sintsint.blogspot.com/feeds/988114697139384688/comments/default

လွမ်းနေမှာလား..
သတိရနေမှာလား..
ခဏခဏမေးပြီး အပြောကောင်းတဲ့
ကောင်းလေးရယ် ..မင်းလဲအမြဲသတိရနေမှာလား
လွမ်းနေမှာလားလို့ ..ရင်နာနာနဲ့ပြန်ပြီးမေးလိုက်ချင်ပါတယ်
နောက်တစ်ယောက်မြင်သွားလို့..မေ့သွားလည်းနောက်တစ်ယောက်ကို
ထပ်မေးနေအုန်းမှာလားလို့...သို့လောအတွေးများနဲ့စဉ်းစားနေမိတဲ့ကောင်မလေး:D

သူငယ်ချင်းများတွက်

ဒီနေ့အရမ်းပျော်လို့ နှစ်သစ်ရောက်မဲ့နေ့ရဲ့ အမှတ်တရလေးနဲ့ ရေးလိုက်ပါတယ်။ ကျောင်းတုန်းက တူတူတွဲခဲ့ ကြတဲ့ ချစ်သူငယ်ချင်းတွေထဲက တစ်ယောက်အဆောင်မှာ လာလည်လို့အရမ်းပျော်ပါတယ်။ ကျန်တဲ့သူငယ်ချင်းတွေနဲ့လည်းဖုန်းတွေပြောလိုက်ရလို့ အရမ်းပျော်ရပါတယ်။ ကွဲကွာနေကြတဲ့အချိန်မှာ သူငယ်ချင်းတွေရဲ့ အေးမျှတဲ့သံယောဇဉ်ရဲ့ တန်ဖိုးကို ပိုမိုသိရှိခံစားနားလည်လာရပါတယ်။ ၀မ်းနည်းရတဲ့ အချိန်မှာ ကိုယ့်ရဲ့ခံစားချက်ကို သူငယ်ချင်းတွေပြောပြပြီး ရင်ဖွင့်လိုက်ရရင် အလိုလိုသက်သွားသလို ခံစားရပါတယ်။ ကိုယ့်ပေါ်မှာ ဖြူစင်မှုအပြည့်နဲ့ နားလည်ပေးတဲ့ သူငယ်ချင်းတွေရဲ့ သံယောဇဉ်ကို ဝေးမှသိရှိခံစားရပါတယ်။ သူငယ်ချင်းတွေဲရယ် နင်တို့ကိုငါအရမ်းခင်ရပါတယ်။ ငါရဲ့ကလေးဆန်တဲ့ ဆိုးမှုတွေ အနိုင်ယူစွာပြောဆို စိတ်ကောက်တက်မှုတွေကို နားလည်ပြီး ပြန်ချော့ပေးတဲ့ သူငယ်ချင်းတွေရဲ့ မေတ္တာတွေကို သိခဲ့ပါတယ်။ ဆိုးလို့ရမှန်းသိလို့ ဆိုးပြီး ပြန်ချော့ခံရတဲ့ ပျော်ရွှင်မှုကတော့ အရမ်းပျော်ရမှန်းကို သိလို့ ဆိုးမိတာပါ။ ဒီလိုနဲ့ ပျော်ရွှင်ရင်း သူငယ်ချင်းတွေပေါ်မှာ သံယောဇဉ်တွေပို တွယ်တာခဲ့ရပါတယ်။ ငါ့ဘ၀မှာ ဘယ်လိုမှ ဖြတ်မရတဲ့ သူငယ်ချင်းသံယောဇဉ်တွေနဲ့ ဆက်ပြီးတွယ်တာသွားမှာပါ။ နှစ်သစ်မှာ ဒီစကားလေးကို အမှတ်တရအနေနှင့်ရေးသားလိုက်တာပါ။

You received this email because you are subscribed to the real_time feed for http://sintsint.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.