X'mas အကြို ပုံရိပ်များ
ပြီးခဲ့တဲ့ စနေက Orchard လမ်းပေါ်ရောက်ခဲ့တယ်။ ခရစ်စမတ်အတွက် မီးတွေ စထွန်းတဲ့ည ဆိုတာ မသိခဲ့ပါဘူး။
ကြိုဆိုပါ၏ပေါ့။ ကာတွန်းပုံလေးတွေကို တွေ့ရတော့ ပျော်စရာကောင်းပါတယ်။
ဒါကဒိုးနတ် ထဲမှာ အရုပ်ကလေးနှစ်ရုပ် ကျောချင်းကပ်
Wisma Atria ရှေ့ လမ်းမတခုလုံးကို လှမ်းရိုက်ထားတာပါ။
အပင်လေးတွေကို အနီးကပ်။
ဒါလည်း အလုံးတွေနောက်တမျိုး။ ဘယ်နှစ်လုံးတွေ့လိုက်လဲ။
Lucky Plaza အမိုးပါ။
ဒီခရစ်စမတ် ဘိုးဘိုးက ရွှေရောင်။
ခရစ်စမတ်ပင်သေးသေးလေးတွေ ချစ်စရာကောင်းလို့ပါ။ ဈေးကတော့ မသေးပါဘူး။
ဒီဒိုးနတ်ကလည်း စားချင်စရာပဲလား။
The Heeren Building ကမီးတွေကို တော်တော်လှတယ် လို့ထင်တယ်။
အရွယ်မညီတဲ့ အလုံးတွေကို သီထားတော့ ဘယ်လိုနေလဲ။
Centre Point ထဲမှာပါ။ ငွေရောင်ဖျော့လက်လက်လေးတွေ။
Centre Point အပြင်ပေါ့။
ပုံတွေကျန်သေးတယ်။ ကောင်းနိုးရာရာပဲ တင်လိုက်တာပါ။ ဒါက လမ်းတခြမ်းပဲရှိသေးတယ်။ Takashimaya ဘက်အခြမ်းကို မလျှောက်ဖြစ်ဘူး။ နောက်တခေါက်သွားရင် ပုံတွေ ထပ်ရိုက်မှာပေါ့။ လိုက်မလားဟင်။
You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.