Friday, December 19, 2008

[ကောင်းကင်ကို] 2 New Entries: အမေ့ အသံ

အမေ့ အသံ

အမေတစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ 
စိတ်ထဲမှာ မီးမွှေး
မစီတတ်တဲ့ စကားလုံးတွေကို အပူပြင်းပြင်းပေးပြီး
သားအတွက် ကျိုချက်သန့် စင်ခဲ့ပေမယ့်
အအေးခံချိန်မရလိုက်တဲ့ အမေ့ရဲ့  အသံတွေ
နားထဲကို အတင်းလောင်းထည့် ခံခဲ့ရစဉ်က
ရင်ထဲကို အဝင်မခံ
နားဝမှာတင် မိုက်မိုက်မဲမဲ ထိုးအန်ပစ်ခဲ့ပေမယ့်...
အခုအချိန်မှာတော့
နှလုံးအိမ်ထဲမှာ ပေါင်းခံ
ဒေါသယောင်ဆောင်ထားတဲ့ အမေ့ရဲ့  စောင်းသံကို
ကိုယ့်ကိုယ်ကို သွားတိုက်ဆေးဗူးလိုညှစ်၊ အပ်နှစ်စင်း ထိသလိုဖြစ်မှ ရတတ်တဲ့ ချီးကျူးသံတွေ
တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတဲ့အခါမျိုးမှ ရတတ်တဲ့ လက်ခုပ်သံတွေနဲ့ 
ဘာမဆို အလိုက်ပေးပြီး
ပြန်လဲချင်မိတယ် အမေ။

ကောင်းကင်ကို

မြင်ကွင်း

နှစ်ပေါင်း နှစ်ဆယ်
ပျံသန်းချိန် နာရီပေါင်း တစ်သိန်း ခုနစ်သောင်းကျော်နဲ့ 
အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်
သုညတွေကို ပွေ့ ပိုက် ကျေနပ်ခဲ့ကြတယ်။
အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။

သွေးတွေ တစ်ကွက်ပြီး တစ်ကွက်ပေ
ပွန်းတွေ တစ်ကောင်ပြီး တစ်ကောင်သေ
ပိုးစုန်းကြူးတွေ တစ်စင်းပြီး တစ်စင်းကြွေ
အိမ်ကြီးထဲက စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ 
မဲပြာပုဆိုး ပန်းချီကားတွေကိုပဲ
ငါတို့ ဆွဲခဲ့ကြတယ်။

လူပီသတာ ပဲလား။
သိစိတ်နဲ့ မသိစိတ် တွဲလျှောက်ခွင့် မရှိတဲ့ လမ်းပေါ်မှာ
ကိုယ့်အတ္တနဲ့ ကိုယ့်ကျောက်ဆောင် ကိုယ်ပြန်တိုက်စားရင်း
ပွန်းပဲ့လာလိုက်တာ
မနေ့ ကလူနဲ့ 
ဒီနေ့ လူတောင်မှ ညီမျှခြင်း ချလို့ မရ။
အတိတ်က ရင်ခုန်သံနဲ
အခု ရင်တုန်သံဟာ
မိုင်ပေါင်းများစွာ ကွာတယ်။

ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။

မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ
ရန်သူဟာ
ဥပဒေအပြင်က လက်သီးတွေနဲ့ တစ်ချက်ပြီး တစ်ချက်ထိုး
နေ့ စွဲနီနီတွေသာ တစ်ရက်ပြီး တစ်ရက် တိုးတိုးလာတယ်။
ဒီလိုနဲ့ ပဲ
အတိတ်က အမာရွတ် တွေနဲ့ 
ကိုယ့်မခံချင်စိတ်ကို အစာသွပ်နေရ။

တစ်ယောက်ကောင်းဖို့ အရေး
တစ်ယောက်ပျက်ပေးရတတ်သတဲ့။
ပိုက်လုံးသုံးပြီး အလုခံလိုက်ရတဲ့ ပဘာဝတီ လောင်းလျာနဲ့ 
ဘန်ကောက်မြို့ ကြီး မီးတွေလင်းထိန်နေလိုက်တာ။
ခြံထဲက ထွက်သမျှ အငွေ့ တွေဟာ
အဝါချစ်သူတို့ရဲ့ညမှာ
ရွှေရောင်ပန်းတွေလို ပွင့်လို့ ။
ဒီလိုပါပဲ
အိမ်ထဲက သွေးတွေနဲ့ လည်း
အပြင်က ကျောက်ခဲတွေ
ပတ္တမြားယောင်ဆောင်ပြီး နီနေလိုက်ကြတာ
အိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာ
အနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။

အသက်သုံးဆယ်ကျော်မှ
ဇောင်းထဲက ထွက်ခွင့်ရတဲ့ မြင်းလို
မျက်လုံးတွေကို ကမြင်း ကြည့်လိုက်တယ်။
အတွင်းအပြင် ပုံရိပ်တွေထဲမှာ
ပဒိုင်းသီး ကြိုက်နေတဲ့ ဘုရင်တွေ
လူရိုက်စားတဲ့ ဖားတွေ
နွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကို ထည့်ပိတ်ထားတဲ့သူတွေ
ကောင်းကင်လိုမိုးထားတဲ့ ဗလာလက်ဝါးတွေနဲ့ လောင်းရိပ်မိနေတဲ့ ပင်ပျိုတွေ
အနုလုံ ပဋိလုံ ကြည့်ခွင့်မရတဲ့ ရှုခင်းတွေ နဲ့ 
ဝေဖန်ရေးစက္ခုကင်မရာနဲ့ဓာတ်ပုံရိုက်ပြခွင့်မရှိတဲ့ နေရာတွေ။

နောက်ဆုံးမြင်လိုက်ရတာကတော့
ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်း
ရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ 
မျက်လုံး စုံမှိတ်ထားတဲ့သူတွေ။

ကောင်းကင်ကို

You received this email because you are subscribed to the real_time feed for http://kaungkinko.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.