Friday, December 19, 2008

[နတ်သမီးလေးရဲ့ ပုံပြင်] 1 New Entry: ကိုယ့်ကိုယ်ကို မသတ်နဲ့ (SUICIDAL SQUIRRELS)

ကိုယ့်ကိုယ်ကို မသတ်နဲ့ (SUICIDAL SQUIRRELS)

youtube ကနေ Suicidal Squirreals ကာတွန်းလေးတွေကို ကြည့်နေမိတာ မျှဝေလိုက်ပါတယ်။ ဒီထဲက ရှဉ့်ငပေါလေးက နည်းမျိုးစုံနဲ့ ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ သရုပ်ဖော်ပုံလေးတွေပါ။ ဒီလိုပဲ တကယ်လဲ Squirreals ခေါ်တဲ့ရှဉ့်ငပေါလေးတွေဟာ အပင်မြင့်ကြီးတွေပေါ်ကခုန်ချတာမျိုးနဲ့ သူတို့ကိုယ်သူတို့သတ်သေတတ်ကြပါတယ်။ သဘာဝဥာဏ်ရည်မပြည့်မီမှုနဲ့ မိမိအန္တရာယ်ကိုမသိပဲ ပြုမူသွားကြတာပါ။

ဒီကာတွန်းထဲမှာတော့ ရှဉ့်ငပေါလေးက သူ့ကိုယ်သူအဆင့်မြင့်မြင့် ရက်ရက်စက်စက်နည်းပေါင်းစုံနဲ့ သတ်သေသွားတာကိုပြထားတာပါ။ ရယ်စရာလိုလိုပေမယ့် ကြာကြာကြည့်မိတော့ သူကလေးသေသွားပုံတွေက အော့နှလုံးနာဖို့ကောင်းသလို ရှဉ့်ကလေးရဲ့စပ်ဖြဲဖြဲ ပေါချာချာမျက်နှာလေးဟာ သနားဖို့ကောင်းလာပါတယ်။

ဥာဏ်ရည်မမီလို့ ကိုယ့်ကိုယ်ကိုသေကြောင်းကြံရတာကို ပျော်စရာထင်နေတဲ့ရှဉ့်ငပေါလေးလိုပဲ အခုတလော ကိုယ့်ကိုယ်ကိုသတ်နေတဲ့ကိစ္စလေးတွေလဲ တွေ့နေရတာပါ။ မွန်ပြောချင်တာကတော့ ကိုယ့်ကိုယ်ကို သတ်သလိုဖြစ်မယ့်အပြုအမူမျိုးတွေလဲ မပြုမူမိပါစေနဲ့။ ကိုယ့်ရဲ့မဆင်မခြင် ဦးဏှောက်မသုံးတဲ့လုပ်ရပ်တွေကြောင့် ကိုယ့်ဘလော့ရော ကိုယ့်နာမည်ပါသေသွားစေမယ်ဆိုရင်။ ကိုယ့်စာတွေကို ကိုယ့်စိတ်ဓာတ်တွေနဲ့ လူရှေ့သူရှေ့မှာ ကားစင်တင်ပြီး သတ်တော့မယ် သေကြောင်းကြံတော့မယ်ဆိုရင်။ ဒီကာတွန်းလေးထဲက ရှဉ့်ငပေါလေးလိုပဲ ဘလော့လောကထဲမှာ ပုံစံဆိုး အဖြစ်ဆိုးကြီးနဲ့ Sucide လုပ်လိုက်သလိုပါပဲလို့။






နောက်ထပ် ဒီဗီဒီယိုဖိုင်လေးတွေကို youtube မှာထပ်ရှာကြည့်လို့ရပါသေးတယ်။

ဒီအကောင်လေးလို ထူးထူးခြားခြား ရှာရှာကြံကြံ နာကျင်သွေးပျက်စရာနည်းတွေနဲ့ ကိုယ့်အသက်ကိုသတ်သေနိုင်တာ အံ့လဲသြ စိတ်လဲမကောင်းဖြစ်မိတယ်။ ဒီလိုပဲ စာတွေလိုက်ဖတ်ရင်းကနေ တချို့ဘလော့တွေမှာ လူမုန်းအောင် လူချဉ်အောင် လူအထင်သေးအောင်လုပ်ရင်း ကိုယ့်နာမည်ကိုယ် မညှာမတာသတ်နေတဲ့ လူတချို့ကိုမြင်လာရတဲ့အခါ...။ ဒီလိုနည်းနဲ့ ကိုယ့်စာ ကိုယ့်ဘလော့ ကိုယ့်သိက္ခာကို လူတကာတံတွေးခွက်မှာ ချပြရင်း မျှောတိုက်ရင်း ဒီကစားနည်းနဲ့ မွေ့လျော်နေသူတွေ တယောက်ထက်ပို တွေ့လာရတဲ့အခါ..။အင်း ရှဉ့်ငပေါလေးလိုပဲ ဒဏ်ရာတွေကို ချစ်နေကြလေတော့ suicidal မှာခုံမင်နေကြလေတော့....။ ။

You received this email because you are subscribed to the real_time feed for http://www.natthimilay.com/feeds/posts/default. To change your subscription settings, please log into RSSFWD.