I am Sorry, တောင်းပန်တယ်
I am Sorry, တောင်းပန်တယ်
စာလာဖတ်တဲ့ မိတ်ဆွေတွေ သက်တောင့် သက်သာနဲ့ ဖတ်နိုင်အောင်လို့ ဘလောဂ့် တင်းပလိပ်ကို ပြင်မိပါတယ်။ တင်းပလိပ် အဟောင်းကလည်း ကြာပြီဆိုတော့ ငြီးငွေ့ လောက်ရောပေါ့ ဆိုပြီး စေတနာနဲ့ပါ။ ပထမပြင်တဲ့ တင်းပလိပ်လေးကို နှစ်သက်ပေမယ့် စာဖတ်ရတာ သိပ်အဆင်မပြေဘူး လို့ သိရပါတယ်။ နောက်ထပ် တင်းပလိပ် ထပ်ရှာပါတယ်။ တစ်ခုပြီး တစ်ခုပေါ့။ စိတ်ကြိုက် တင်းပလိပ် မရခင်မှာ Save Template ကို မှားယွင်း နှိပ်မိရာက နေ အမှားကြီးမှားသွားမှန်း သိရပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ခုတော့ မချစ်ပေမယ့် အောင့်ကာနမ်း ရတော့မယ့် ပုံပါပဲ။ ကလေးကလား ဆန်တာကို သိနေပေမယ့် နားလည်ခွင့်လွှတ် ပေးနိုင်ပါစေဗျာ။ လောလောဆယ် ဒီတင်းပလိပ်နဲ့ပဲ နှစ်ပါးသွားတော့မယ်။ စိတ်ပင်ပန်း သွားလို့ပါ။
ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။
ယူကြုံးမရ ဖြစ်မိတာက ကျွန်တော် တန်ဖိုးထားတဲ့ Link List က သူငယ်ချင်း (၃၀၀) ကျော်နဲ့ Post List က (၁၆၀)ခု တို့အတွက် ပြန်မရ နိုင်တော့ပါဘူး။ အချိန်ယူပြီး ပြန်လည် ဖန်တီးရမှာမို့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို တောင်းပန်တယ်။ တမင် ဖျက်လိုက်တာ မဟုတ်ကြောင်း အသိပေးချင်ပါတယ်။ လေးစားပါတယ်။


မနာလို ၀န်တိုမှု
မနာလို ဝန်တိုမှု
မနာလို ၀န်တိုစိတ်ကို ဘယ်အရာက ကုစားနိုင်ပါသလဲ ?
မနာလို ၀န်တိုဖြစ်မှုကို ပျော်ရွှင်မှု တစ်ခုထဲကသာလျှင် ကုစားနိုင်ပါတယ်
ဒါပေမယ့် မနာလို ၀န်တို ဖြစ်မှုသည် ပျော်ရွှင်မှုအတွက် ကြီးမားသော အဟန့်အတား ဖြစ်နေပြန်ပါတယ်။
လူသားတိုင်းပါပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်လိုကြတာ သဘာဝပါ။ ဒါပေမယ့် မပျော်ရွှင်နိုင်တဲ့ သူတွေကလည်း အများအပြားပါ။ မပျော်မရွှင် ဖြစ်ရတဲ့ အကြောင်းရင်း တွေကလည်း ဖော်မပြနိုင်အောင်ပါပဲ။ အဓိကကျ တာကတော့ မနာလိုမှု ၀န်တိုမှု ဖြစ်နေတာက မပျော်ရွှင်နိုင်တဲ့ အကြောင်းတရား တစ်ခု ဖြစ်ပါတယ်။ မနာလို ဖြစ်ခြင်းဟာ ထိုသူရဲ့ ပြင်းပြသော လိုအင်ဆန္ဒအတွက် နက်ရှိုင်းစွာ အမြစ်တွယ်နေတာ ကြောင့်ဖြစ်ပါတယ်။
မနာလို ၀န်တိုစိတ်ဟာ ပြိုင်ဆိုင်မှုနဲ့လည်း တိုက်ရိုက် အချိုးကျပါတယ်။ အမှန်တကယ် ဆက်စပ်နေတာပါ။ မိမိ မရနိုင်တဲ့ စည်းစိမ်ချမ်းသာကို အားမကျသင့်ပါဘူး။ မိမိမရနိုင်တဲ့ အောင်မြင်မှုမျိုး ကိုလည်း စိတ်ကူး မယဉ်သင့်ပါဘူး။ ဒီလို အားကျမိမယ်၊ စိတ်ကူးယဉ်မိမယ် ဆိုရင် မနာလိုစိတ်၊ ၀န်တိုစိတ်ကို နိုးဆွ ပေးလိုက်သလို ဖြစ်စေ ပါတယ်။
မနာလိုဖြစ်မှု ၀န်တိုမှုကို မကောင်းမှုတစ်ရပ်လို့ မှတ်ယူနိုင်ပါတယ်။ အဲဒီ မကောင်းမှုကို ခွင့်လွှတ် သည်းခံရပါမယ်။ ဒါမှ တရားမျှတတဲ့ လူ့ဘောင် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မနာလို ၀န်တိုမှုဟာ လူမှုရေး ပြုပြင်ပြောင်းလဲဖို့ အတွက် တွန်းအားတစ်ရပ် ဖြစ်နေလို့ပါ။ မနာလို ၀န်တိုမှုကြောင့်ပဲ တရားမျှတရေးနဲ့ ညီမျှရေး ဆိုတာ ပေါ်ပေါက်လာပါတယ်။
မနာလို ၀န်တိုမှုဟာ တစ်ကိုယ်ထဲ အမှောင်လမ်းမှာ စမ်းတ၀ါးဝါး လမ်းလျှောက်နေတာနဲ့ အတူတူ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နားခိုရာဆီ ရောက်ရင်တော့ ကောင်းပါရဲ့။ မနာလို ၀န်တိုစိတ်ကြီးပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခဲ့ရင်တော့ တစ်သက်လုံး ပြင်မရတဲ့ အမှားတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်နေပါမယ်။
မျှော်လင့်ချက် ကင်းမဲ့တဲ့ အနေအထားကနေ လမ်းမှန်တဲ့ ယဉ်ကျေးသော လူ့ဘောင်သည် ထိုသူရဲ့ စိတ်ကိုပိုမို အသိတရား ရစေနိုင်သလို သူရဲ့ အသည်းနှလုံးကိုလည်း ကျယ်ပြန့်စေဖို့ အားထုတ်ရပါမယ်။ အဲဒီ အတ္တစိတ်ကနေ လွတ်မြောက်ဖို့ အတွက်လည်း သူကိုယ်တိုင်လေ့လာ သင်ယူရပါမယ်။ ဒါမှသာ ပျော်ရွှင်တဲ့ ချမ်းသာသုခကို ရရှိခံစား လာနိုင်မှာပါ။ ဖတ်ပေးလို့ ကျေးဇူးပါ။


Smartphones
N 85 Model Smartphone ( Nokia )
2 to 5 Megapixel ရုပ်ထွက် ကင်မရာနှင့် အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ အရောင်ကလေးတွေ လှတယ်။ Display က ၂.၆ လက်မရှိတဲ့ Amoled ဖန်သားပြင်ဖြစ်တယ်။ ဓာတ်ပုံများ ကြည်လင် ပြတ်သားပြီး တစ်စက္ကန့်ကို အကွက် ၃၀ ထွက်ပေါ်စေမယ့် DVD Quality ဗီဒီယိုရိုက်ကူး နိုင်တယ်။ တစ်ခါ အားသွင်းထားရင် ၂၈ နာရီ အထိ MP 3 သီချင်းတွေကို ဖွင့်နိုင်တဲ့ မျိုးဆက်သစ် smartphone ဖြစ်တယ်။
2 to 5 Megapixel ရုပ်ထွက် ကင်မရာနှင့် အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ အရောင်ကလေးတွေ လှတယ်။ Display က ၂.၆ လက်မရှိတဲ့ Amoled ဖန်သားပြင်ဖြစ်တယ်။ ဓာတ်ပုံများ ကြည်လင် ပြတ်သားပြီး တစ်စက္ကန့်ကို အကွက် ၃၀ ထွက်ပေါ်စေမယ့် DVD Quality ဗီဒီယိုရိုက်ကူး နိုင်တယ်။ တစ်ခါ အားသွင်းထားရင် ၂၈ နာရီ အထိ MP 3 သီချင်းတွေကို ဖွင့်နိုင်တဲ့ မျိုးဆက်သစ် smartphone ဖြစ်တယ်။
N 79 Model Smartphone ( Nokia )
3.2 Megapixel ကနေ 5 Megapixel အထိ ရုပ်ထွက်ကင်မရာ ပါရှိတယ်။ အလင်း နှစ်ဆအားကောင်းသော Fresh-gun ပါဝင်တယ်။ 3G, GPS နဲ့ ၂၄ နာရီ MP 3 နားဆင်နိုင်တယ်။ ချောကလက်ရောင် ပုံစံလေးကြောင့် စွဲမက်စရာဖြစ်တယ်။
ကိုယ်က ၀ယ်သုံးတာတော့ မဟုတ်ပါဘူး။ အသစ်အဆန်းပေါ်ရင် အရင်ဆုံးကလိ ဖြစ်ပါတယ်။ တစ်ချို့ Nokia ဖုန်းတွေ epl ဘောလုံးပွဲကို တိုက်ရိုက် လောင်းလို့ရတယ်။ ( ၀ါသနာပါရင် ပြောပါတယ် ) ဂိမ်းပါတဲ့ ဖုန်းတွေ အပျက်များတယ်၊ ခေါက်ဖုန်းတွေ အပျက်များတယ်။ စတိုင်လ် ထုတ်တာ များသွားလို့လား မသိ။ ဖုန်းပစ္စည်းတွေ ဘယ်လောက်ပဲ အကြမ်းပတမ်း ခံပါတယ် ပြောပြော ခလုပ်ကျွံတာတွေ၊ တက်ထိုင်မိလို့ အံလွဲသွားတာတွေ အမြဲ တွေ့ရတယ်။ တစ်ချို့ကျတော့ မော်ဒယ်နိမ့်တာ ကိုင်ထားပြီး သူများနည်းတူ software ထည့်ချင်တယ်၊ game ထည့်ချင်တယ်။ လုပ်မဖြစ်တော့ ဗျစ်တောက် ဗျစ်တောက် ဖြစ်သွားတယ်။


You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.