Friday, December 19, 2008

[နတ်ပျိုမ] 1 New Entry: အလွမ်းကမ္ဘာ

အလွမ်းကမ္ဘာ

နေထွက်က နေ၀င်
လေညှင်း တချက်ရဲ့
လေပြေ သက်ရှိုက်လိုက်တိုင်း
ရင်ထဲ ညှို့မှောင်သွားလို့
အချစ်ရယ်
ခုတော့ဖြင့် စိမ်းသွားပြီလား။
မူယာမပို ဟန်ဆောင်မှုကင်းတဲ့
အရင်က အကြင်နာစကားတွေကို
တစ်နယ်ပြောင်းလို့
နေရာဟောင်းမှာ ထားရစ်ခဲ့ပြီလား။
အနေဝေးလည်း
အတွေးကမ္ဘာ
မမေ့သာလို့
လွမ်းပြီးရင်းလွမ်း။     ။
 

You received this email because you are subscribed to the real_time feed for http://natpyoma.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.