ဆရာဝန်အသင်းက ဂျူးရဲ့စာပေဟောပြောပွဲ (အပိုင်း-၂)
တောကျောင်းဆရာရေ
အချစ်ဝထ္ထုတွေ၊ အတွေးအခေါ်သစ်တွေ၊ တင်ပြပုံစံသစ်တွေနဲ
့နာမည်ကြီးခဲ့တဲ့(တကယ်တော့ကြီးနေဆဲပါ) ဆရာမတစ်ယောက်၊
ပညာပေးတွေ ဘက်ကိုပိုအာရုံစိုက်လာပြီး၊ ပညာပေးတွေကို ဘာလို့ လုပ်လာဖြစ်ခဲ့လဲ၊
ရေးဖြစ်လဲဆိုတဲ့အကြောင်းကို ဒီဟောပြောပွဲလေးမှာဆရာမရှင်းပြသွားတယ်လို
့ထင်ပါတယ်၊၊
အမှန်အတိုင်းဝန်ခံရရင်၊ ဒီစာပေးဟော ပွဲလေးမှာ ဆရာမဂျူးကို၊ အမှတ်တရ ဂျူး၊
မရှိမဖြစ်မိုးဂျူး၊ စတဲ့ စတဲ့ ကျွန်တော်တို့ ရင်ထဲက ဂျူး အဖြစ်နဲသွားခဲ့တာပါ၊၊
ဆိုလိုတာက ကျွန်တော်မျှော်လင့်ထားသလို ဖြစ်မလာခဲ့လို့ စောဒကတက်ခြင်းမျိုးမဟုတ်ပါ၊၊
ကျွန်တော့်ရင်ထဲက ဂျူးနဲပတ်သက်တဲ့ခံစားချက်ကို တင်ပြခြင်တာပါ၊၊
ဆရာမဆီက အချစ်ဝတ္တု စစ်စစ်လေးတွေကို မျှော်လင့်နေတဲ့ ပရိတ်သတ်ကို
ကျွန်တော်နားလည်ပါတယ်၊၊ ဒီနေရာမှာ သုတစာရေးဆရာတွေနဲ့  ရသစာရေးဆရာတွေရဲ
့ကွဲပြားခြားနားချက်ကလေးကို ဉာဏ်မှီ သလောက် ကျွန်တော့် အမြင်လေးကို
တင်ပြခွင့်ပြုစေချင်ပါတယ်၊၊
ကျွန်တော်တို့ ခေတ်အခါက ဆရာနွမ်ဂျာသိုင်း၊ ဆရာမောင်စိန်ဝင်း(ပုတီကုန်း)၊
ငြိမ်းကျော်နှင့် (အခြားသော ခေတ်ပြိုင် ဆရာ၊ဆရာမများ) ရဲ့ ရသစာပေးကောင်းများဟာ
တခေတ် တခါက၊ ၀တ္တုရွေခေတ်လို့ ခေါ်နိုင်ခဲ့ရလောက်အောင်၊ လျမ်းလျမ်းတောက်တဲ့ကြပါတယ်၊၊
အဲဒီအထဲကအသက်ထင်ရှားကျန်ရှိနေခဲ့တဲ့ ဆရာ၊ဆရာမများဟာ၊ မိမိတိုဖြတ်သန်းခဲ့ရတဲ့
ပတ်ဝန်းကျင်၊ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်၊ အသက်အရွယ်၊ စာပေအယူအဆ
ပြောင်းလဲလာနိုင်မှူ ဆိုတဲ့အချက်တွေက သူတို့ ရဲ့ အရေးအသားဘ၀အမြင်၊
ခံယူချက်အမြင်တွေအပေါ်ရိုက်ခတ်ကောင်းရိုက်ခတ်နိုင်ပါလိမ့်မယ်၊၊
လျှပ်တစ်ပြက် မှာတွေ့လိုက်ရတဲ့  ဆရာနွမ်ဂျာသိုင်းနဲ့ အင်တာဗျူးက
ဒီအဖြေတော်တော်များပေးထားပါတယ်၊၊
သတိရလို့  နွမ်ဂျာသိုင်းရဲ့ ”ဒေါင်းယဉ်ပျံဘုံနဘေးမှာစာရေးလို့ ထားချင်တယ်” လို
ဝထ္ထုမျိုးတွေကိုလွမ်းပါတယ်၊၊ ကျွန်တော်တို့ ခေတ်ကိုက ဒီလိုစာပေတွေကို ဖတ်ခွင့်ရခဲ့ဘို
့ဖန်တီးသူကလည်းဖန်တီးနိုင်ခဲ့၊ စာဖတ် သူ တွေဘက်ကလည်း၊အချိန်တွေရှိခဲ့ပါတယ်၊၊
ဒီဘက်ခေတ်မှာ Entertainmentတွေသိပ်များလာတာကြောင့်လား၊ လူငယ်တွေကရော
အချိန်မပေးနိုင်ကြတော့ခြင်းလားဆိုတာ အတွေးနက်မိပါတယ်၊၊
ဆရာမဂျူးကို ဒီအချက်တွေနဲ့  ချဉ်းကပ်ကြည့်တဲ့အခါ၊ (၅၀) ပတ်ဝန်းကျင်
စာရေးဆရာမတစ်ယောက်ဆီက ကျွန်တော်တို့ ဘာတွေ မျှော်လင့်နိုင်မလဲဆိုတာ
ရေးရေးတော့ပေါ်လာခဲ့ပါတယ်၊၊
ဆရာမက သူ့ ရဲ့ အမြင်၊ခံယူချက်တွေ ပြောင်းသွားစေနိုင်လောက်တဲ့
အဖြစ်တစ်ခုအကြောင်းပြောပြရာမှာ၊ New York Times မှာဖေါ်ပြခဲ့တဲ့
Australian Philosopher Peter Singer ရဲ့  The Singer Solution to World
Poverty ဆို့ တဲ့ ဆောင်းပါးတစ်ပုဒ်က၊ သူမဒီလိုပြောင်းလဲသွားစေခဲ့တယ်လိုဆိုပါတယ်၊၊
ဆရာမကဆက်ပြီး၊ အဲဒီအကြောင်းအရာကို ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပေမဲ့
အကြောင်းအမျိုးမျိုးကြောင့်၊ ပုံနှိပ်ဖေါ်ပြခြင်းမခံခဲ့ရဘူးလို့ဆိုပါတယ်၊၊
ဆရာမရဲ့ ဒုတိယ အကြိမ်ကြိုးပမ်းမှု့ ရလဒ်အဖြစ် “အ၀ါရောင်ရထား”ဆိုတဲ့ နာမည်နဲ့ 
ဝတ္တုတိုအဖြစ်၊ ထွက်ရှိလာခဲ့ပါတယ်၊၊အဲဒီအထဲမှာပါတဲ့ အကြောင်းအရာကို မူရင်းအရသာရရှိမှ
ခံစားနိုင်မှာမို့ မူရင်းဆောင်းပါးထဲက၊ အဓိကအကြောင်း အရာလေးကို၊ဖေါ်ပြပေးလိုက်ပါတယ်၊၊
(ဒီအကြောင်းအရာဟာ ၁၉၉၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ New York University က
အတွေးအခေါ် ပညာရှင် တစ်ဦးဖြစ်တဲ့  Peter Unger ရဲ့  ” Living High and
Lettind Die” ကကောက်နုတ်ချက်ပါ၊၊)
“Bob is close to retirement. He has invested most of his savings in a
very rare and valuable old car, a Bugatti, which he has not been able
to insure. The Bugatti is his pride and joy. In addition to the
pleasure he gets from driving and caring for his car, Bob knows that
its rising market value means that he will always be able to sell it
and live comfortably after retirement. One day when Bob is out for a
drive, he parks the Bugatti near the end of a railway siding and goes
for a walk up the track. As he does so, he sees that a runaway train,
with no one aboard, is running down the railway track. Looking farther
down the track, he sees the small figure of a child very likely to be
killed by the runaway train. He can’t stop the train and the child is
too far away to warn of the danger, but he can throw a switch that
will divert the train down the siding where his Bugatti is parked.
Then nobody will be killed — but the train will destroy his Bugatti.
Thinking of his joy in owning the car and the financial security it
represents, Bob decides not to throw the switch. The child is killed.
For many years to come, Bob enjoys owning his Bugatti and the
financial security it represents.”
ဒီနေရာမှာဆရာမဂျူးရဲ အမြင်ပဲဖြစ်တဲ့ ဆောင်ပါးရေးသူ Singer ရဲ့ မေးခွန်းများကို
ဖေါ်ပြပေးပါရစေ၊၊ ဇာတ်လမ်းပါ မိမိရဲ ကားလေးဆုံးရှူံးမှာကိုကြောက်လို့ လမ်းလွဲကို မပြောင်းပဲ၊
ခလေး ဘက်ကိုသာရထား ကိုသွားစေခဲ့တဲ့  Bob ရဲ့ လုပ်ရပ်ကို ခလေးတစ်ယောက်ရဲ့ 
အသက်ဆိုတာနဲ့နှိုင်းယှဉ်ပြီး၊ ကျွန်တော်တို့ အားလုံး တညီတညွတ်တဲ့ မှားတယ်လို
့ထင်မြင်ချက်ပေးဖြစ်ကြမည်ဖြစ်ကြောင်း၊၊
တကယ်လို့ ကျွန်တော်တို့  Bob ရဲ့ လုပ်ရပ်ကိုမှားတယ်လို့ ဆိုမယ်ဆိုရင်၊စာဖတ်သူဟာ၊
ဒီကားလေး တစ်စီးစာလောက်ကိုတော့ရင်းနှီးပြီး၊ခလေးရဲ့ အသက်ကိုကယ်ဆယ်ချင်တဲ့သူအဖြစ်
ယူဆရမှာ ဖြစ်ကြောင်းနဲ့ ၊ အဲဒီလိုဆိုရင် $200 ဟာ ကမ္ဘာပေါ်မှာ (၂)နှစ်အရွယ်ဖျားနာနေတဲ့
ခလေးတစ်ယောက်ကို(၆) နှစ်အရွယ် ကျန်မာရေးကောင်းတဲ့ ခလေးအဖြစ်
စောက်ရှောက်ပေးနိုင်ကြောင်းနဲ့ Bob ရဲ့  လုပ်ရပ်ကိုမှားတယ် လို့ ဆိုချင်သူတွေဟာ၊
အဲဒီဆောင်းပါးတွင်ဖေါ်ပြထားတဲ့ ကယ်ဆယ်ရေးဌာနတွေမှာ လှူဒါန်းနိုင်ကြောင်း
ဖေါ်ပြထားပါတယ်၊၊
ဆောင်းပါးရှင်ဟာ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တာနဲ့ အညီ၊
ယူဆမယ်ဆိုရင်မလှူဒါန်းသူတွေက ခလေးအသက်ကိုပဲ ဆုံးရှုံးခံပြီး၊
မိမိကားကိုအဆုံးရှူံးမခံတဲ့လုပ်ရပ်နဲ့တူတဲ့လူစားမျိုးဖြစ်ကြောင်းနဲ့  Bobတစ်ဦးတည်း
ဒီလိုအခြေအနေကိုရင်ဆိုင်ခဲ့ရမဟုတ်ကြောင်းနဲ့ ကျွန်တော်တိုအားလုံး
ဒီအခြေအနေကို ရင်ဆိုင်နေရတာဖြစ်ကြောင်း၊ ကောက်ချက်ဆွဲ၊အဆုံးသတ်သွားပါတယ်ခင်ဗျ….
အဲဒီဆောင်းပါနဲ့ ပတ်သက်လို့  အမေရိကားနဲ့ ကမ္ဘာအရပ်ရပ်မှာ၊
သဘောမတူနိုင်သူတွေက အချက်အလက်နဲ့ တင်ပြ ဆွေးနွေးထားတွေကလည်း၊
စိတ်ဝင်စားဘို့ ကောင်းလှပါတယ်၊၊
စာပေးဟောပြောပွဲလေးကို အဓိကထားခြင်တာမို့ ရှေ့ ဆက်ပါရစေခင်ဗျ..
တောကျောင်းဆရာရေ…
ဒီအဖြစ်အပျက်တွေဟာ ဆရာမရဲ့ ဆီက ရသ ၀တ္တုလေးတွေ မျှော်လင့်တဲ့ ပရိတ်သတ်
အတွက် လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်ခဲ့မလား ဆိုတာကာတော့ Anchor
တစ်ဦးရဲ့ စကားငှားသုံးရရင် “ဝေဖန်ဖို့ နဲ့ စဉ်းစား ဆင်ခြင်ဖို့ပါခင်ဗျာ”..
ကျွန်တော် ဇော်ဝင်းထွဋ်ရဲ့ “ရည်းစားဦးအချစ်ဇာတ်လမ်း” ထဲက
စာသားတစ်ချို ကိုလည်းသွားသတိရမိပါတယ်၊၊
“ဟို .. တုန်းကလောက်မကောင်းဘူး…
တက်ကြွတဲ့ လွတ်လပ်အချစ်…ပြန်အောင့်မေ့..တယ်…”
ကျွန်တော်တို့ ရဲ့ အချစ်တွေမှာလည်းဒီလိုပဲဆရာရေ…
အခုအချစ်တွေမတက်ကြွတော့ဘူး…
ရန်ခုန်နူန်းတွေလည်း နှေးကွေးလာသလားလို့ ပါ..
အတွေ့ အကြုံသစ်နဲ့ အတွေးအခေါ်သစ်တွေကနေရာယူပြီကိုး
တောင်းကျောင်းဆရာရဲ့ ….
ဖန်ခွက်ထဲပါ ရေတစ်ဝက်တောင်ရှိပါလား တောကျောင်းဆရာရေ..
P/S ရှေ့ တစ်ပတ်ကိုတော့ ဆရာမဂျူးရွတ်သွားတဲ့ ကဗျာ တွေနဲ့ မျိုးဆက်သစ်
တွေအကြောင်းအတွေးစတစ်ချို့  နဲ့ ပဲ ကျွန်တော့် ပေးစာကို
အဆုံးသတ်ခွင့်ပေးပါခင်ဗျာ..
James
စိတ်ငြိမ်းချမ်းမှုရှာပုံတော် (အပိုင်း-၅)
John E. Coleman ၏ The Quiet Mind စာအုပ်အား
ဟိန်းလတ် မြန်မာပြန်ထားသော" စိတ်ငြိမ်းချမ်းမှုရှာပုံတော်" စာအုပ်ကို
တနင်္ဂနွေနေ့တိုင်း အပိုင်းလိုက်ခွဲပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါသည်။
ယခုတပတ်တွင် ဖော်ပြမည့် အကြောင်းအရာမှာ
အခန်း(၄) ဖြစ်သည့် "ဘာသာရေးလား၊ ဘ၀လမ်းကြောင်းလား"အခန်းဖြစ်ပါသည်။
အခန်း(၄)
ဘာသာရေးလား၊ ဘ၀လမ်းကြောင်းလား
အနောက်နိုင်ငံသားများသည် ယေဘုယျအားဖြင့် ဗုဒ္ဓ၀ါဒကို
ဘာသာရေးတစ်ရပ်အနေနှင့်ထက် ဘ၀ဒဿနအနေနှင့် ပို၍မှတ်ယူ
သုံးသပ်တတ်ကြသည်။ တစ်စိတ်တစ်ပိုင်းအနေနှင့်ကား မှန်ကောင်းမှန်နိုင်ပါသည်။
သိဒ္ဓတ္ထဟူသော မင်းပျိုမင်းလွင်လေးတစ်ပါးသည် သူ၏ထွင်းဖောက်သိမြင်တတ်သော
ဉာဏ်အမြင်ဖြင့်သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရသည့် ဗုဒ္ဓမြတ်စွာအဖြစ်သို့
ရောက်ရှိခဲ့သော်လည်းသူ၏တရားဓမ္မတို့သည်ကား လူသာမန်တို့၏
အတွေးစိတ်ကူးများကို ဖမ်းစားနိုင်ခဲ့၍ဖြစ်သည်။
လူသားတို့၏ကံကြမ္မာသည် အခွင့်အလမ်းကြောင့်လည်းကောင်း
ကံကြမ္မာမည်ကာမတ္တကြောင့်လည်းကောင်မဟုတ်သည်ကို ဗုဒ္ဓသည်
နားလည်သိရှိခဲ့သည်။ တန်ခိုးရှင်တစ်ပါးပါး၏ ထင်ရာစိုင်းချင်တိုင်းစိုင်းပြီး
ဖန်ဆင်းလိုက်မှုပေါ်တွင်လည်း မူတည်မနေကြောင်း ဗုဒ္ဓသည် သိရှိခဲ့သည်။
လူသားတို့၏ကံကြမ္မာသည် သူတို့ မဆွက ပြုခဲ့ဖူးသော ကုသိုလ် အကုသိုလ်တို့
အပေါ်တွင်သာ ခြေရာကောက်ရမည်ဟု ဟောကြားခဲ့သည်။
ဗုဒ္ဓသည်အကျိုးနှင့်အကြောင်းတရားကိုလည်း ဟောကြားခဲ့သည်။
ပြုလုပ်မှုတိုင်းတွင်ယင်းနှင့် ထပ်တူညီမျှသော ဆန့်ကျင်ဘက်တန်ပြန်သက်ရောက်မှု
ရှိကြောင်းကိုလည်း ဗုဒ္ဓသည်တွေ့ရှိခဲ့သည်။
ယခုပစ္စုပ္ပန်ဘ၀တွင် ခံစားနေရသော ဒုက္ခ သုက္ခ ဝေဒနာများသည်
ယခင်ဘ၀ကပြုခဲ့ဖူးသောအကုသိုလ် ဒုစရိုက်တို့၏အကျိုးဆက်ဖြစ်ကြောင်းကို
အကျိုးနှင့်အကြောင်းတရားတို့ဖြင့်ရှင်းပြဟောကြားခဲ့သည်။
ဗုဒ္ဓ၏ဒဿနအရမူ ကာယကံ ၀စီကံ မနောကံ ပြုမှုမှုတိုင်းတွင် အကျိုးဆက်
ရှိသည်ဟုဆို၏။စကြာဝဠာကြီးတစ်ခုလုံးကို စာရိတ္တဆိုင်ရာ ဥပဒေသများဖြင့်
အုပ်စိုးထားသည်။ ထိုဥပဒေသများကို ဆန့်ကျင်ချိုးဖျက်ရန် အားထုတ်လျှင်
ဒုက္ခဝေဒနာတို့ ပို၍တိုးပွားလာမည်ဟု ဟောကြားခဲ့သည်။
ကုသိုလ်ကောင်းမှုပွားစီးသူအဖို့ ဒုက္ခဝေဒနာ လျော့ပါးကာ ချမ်းသာသုခကို
ရနိုင်သကဲ့သို့အကုသိုလ်ပွားစီးသူအဖို့ကား ဆင်းရဲဒုက္ခများသာ အဖန်တလဲလဲ
သံသရာဝဲတွင် ခံစားရမည်။
အခါမလပ် လည်ပတ်ပြောင်းလဲနေသော စိတ်မှနေ၍ ကမ္မခေါ် လှုပ်ရှားမှု
တွန်းအားသည် ဖြစ်ပေါ်လာသည်။ ကမ္မ၏အကြောင်းတရားတို့သည်လည်း
အခါမလပ်ပင် ပြောင်းလဲကာ ထွေပြားများမြောင်လှသော
သဘာဝအပေါင်းကိုပြဌာန်းသည်။
ကျွန်တော်ကြိုးစား၍ရှင်းပြပါမည်။
ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်ပန်းတိုင်မှာ နိဗ္ဗာန်ပင်ဖြစ်သည်။
နိဗ္ဗာန်တွင် လောဘ ဒေါသ မောဟ တို့ ချုပ်ငြိမ်းကာ ဒုက္ခအပေါင်းတို့ကို
ကင်းဝေးမည်ဖြစ်သည်။
ဗုဒ္ဓရှာဖွေတွေ့ရှိသော စကြာဝဠာဆိုင်ရာ စာရိတ္တတရားကို ‘ဓမ္မ’ ဟုခေါ်သည်။
ဤဓမ္မတရားသည် ဘာသာတရားကိုင်းရှိုင်းကျင့်ကြံသူ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့အား
နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရန် လမ်းပြပေးမည်ဖြစ်သည်။
ယင်းဓမ္မတရား၏ အချုပ်မှာ ‘အရိယာသစ္စာတရားလေးပါး’ ဖြစ်သည်။
‘အရိယာသစ္စာတရားလေးပါး’ ဆိုသည်မှာ ‘ဒုက္ခသစ္စာ’၊ ‘သမုဒယသစ္စာ’၊
‘နိရောဓသစ္စာ’နှင့်’မဂ္ဂသစ္စာ’ တို့ဖြစ်ကြသည်။
ပထမသစ္စာတရားဖြစ်သော ‘ဒုက္ခသစ္စာ’ သည် ဖြစ်တည်မှုပုံ သဏ္ဍာန်အားလုံးတို့သည်
ဒုက္ခဖြစ်စရာ အကြောင်းရပ်များသာ ဖြစ်ကြောင်းပြဆိုသည်။
ဘ၀ဆိုသည်မှာ တကယ်တော့ ရောဂါဆိုးကြီးတစ်ခုသာ ဖြစ်သည်။ ဘ၀ကြီးနှင့်
ဒွန့်တွဲလျက်အမြဲတစေ ကပ်ပါလာသော လက္ခဏာသုံးခုမှာ ‘အနိစ္စ’၊ ‘ဒုက္ခ’ နှင့်
‘အနတ္တ’ တို့ဖြစ်ကြသည်။
‘အနိစ္စ’ ဆိုသည်မှာ ပြောင်းလဲခြင်း၊ မတည်မြဲခြင်း၊ အမြဲမရှိခြင်း ဟု
အဓိပ္ပာယ်ရသည်။
‘အနတ္တ’ ဆိုသည်မှာ အတ္တကင်းမဲ့မှု၊ ငါမဟုတ်မှုဟု အဓိပ္ပာယ်ရသည်။
ဒုတိယသစ္စာတရားဖြစ်သော ‘သမုဒယသစ္စာ’ မှာ ဒုက္ခ၏ အရင်းအမြစ်ကိုပြဆိုသည်။
ဒုက္ခဖြစ်ရခြင်းအကြောင်းတရားများကို ရှင်းပြသည်။
တတိယသစ္စာတရားဖြစ်သော ‘နိရောဓသစ္စာ’ မှာ ဒုက္ခ၏ ချုပ်ငြိမ်းမှုကိုပြသည်။
ဒုက္ခတို့ မည်သို့ချုပ်ငြိမ်းပြီး လွတ်မြောက်မှုကို မည်သို့ရရှိနိုင်ကြောင်းကို ပြသသည်။
ဘ၀ သို့မဟုတ် မရဏကို ငတ်မွတ်ခြင်းသည်ပင် တဏှာဖြစ်သည်။ ယင်းသည်ပင်
ဒုက္ခ၏ပင်မရင်းမြစ်နှင့် အကြောင်းတရားဖြစ်သည်။ အကြောင်းတရားချုပ်ငြိမ်းလျှင်
အကျိုးတရားဖြစ်သောဒုက္ခသည်လည်း ချုပ်ငြိမ်းသွားမည်သာဖြစ်သည်။
စတုတ္တသစ္စာတရားဖြစ်သော ‘မဂ္ဂသစ္စာ’ မှာ ဗုဒ္ဓဘာသာဝင်တို့အတွက် ပန်းတိုင်သို့
သွားရာလမ်းကိုပြဆိုခြင်းပင်ဖြစ်သည်။ ယင်းကို ‘မဂ္ဂင်ရှစ်ပါး’ ဟု ခွဲခြားထားသည်။
မှန်ကန်သောအမြင်(သမ္မာဒိဌိ)၊ မှန်ကန်သောအတွေးအခေါ်( သမ္မာသင်္ကပ္ပ)၊
မှန်ကန်သောအပြောအဆို(သမ္မာဝါစာ)၊ မှန်ကန်သောအပြုအမူ(သမ္မာကမ္မန္တ)၊
မှန်ကန်သောအသက်မွေးမှု(သမ္မာအာဇီဝ)၊မှန်ကန်သောလုံ့လစိုက်မှု(သမ္မာဝါယမ)၊
မှန်ကန်သောစိတ်နှလုံးထားတတ်မှု( သမ္မာသတိ) နှင့်
မှန်ကန်သော အာရုံစူးစိုက်တတ်မှု(သမ္မာ သမာဓိ) တို့ဖြစ်ကြသည်။
ဗုဒ္ဓဟောကြားခဲ့သော ဤတရားများသည် အခြားသောဘာသာတရားများနှင့်လည်း
အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်သည်။ ခြားနားချက်ကား တစ်ချက်သာရှိသည်။
ထိုတရားများကို သည်အတိုင်းလက်ခံ၍မရ။ မိမိကိုယ်တိုင်ကိုယ်ကျ
လက်တွေ့ကျင့်ကြံအားထုတ်ကြည့်ပြီးမှသာ မိမိအတွက် မှန်မမှန်ကို ကိုယ်တွေ့
သိရှိနားလည်ရမည်သာ ဖြစ်သည်။အခြားသောလူတစ်ယောက်၏
အတွေးအခေါ်အယူအဆကို မျက်စိမှိတ်နားလည် လက်ခံခြင်းသည်
ဘာမှအသုံးမကျချေ။
ထို့ကြောင့်ဗုဒ္ဓဟောကြားသောတရားတို့ကို လိုက်နာသူအဖို့ ဤသစ္စာတရားများသည်
ဘာသာတရားမည်ကာမတ္တ မဟုတ်တော့။ လက်တွေ့ကျင့်ကြံနားလည်ရမည့်
အချက်များ ဖြစ်လာပေပြီ။
မှန်ကန်သောအမြင်(သမ္မာဒိဌိ)
ဗုဒ္ဓ၏တရားအနက်ကိုသိရှိနားလည်ရန် လက်တွေ့ကျင့်ကြံအားထုတ်မှု
များစွာလိုပါသည်။လက်တွေ့ဝိပဿနာ ကျင့်ကြံပွားများရန် အထူးလိုအပ်လှပါသည်။
မိမိမှာရှိသမျှ ဉာဏ်အမြင် တစ်ထွာတစ်မိုက်နှင့် စဉ်းစားတွေးခေါ်ချည်းသာနေပါက
တန်ဖိုးမရှိဖြစ်ချေမည်။ အချိန်တွေ အလဟဿဖြစ်ဖြစ်ကုန်ပေမည်။ ဘာတစ်ခုမှ
အကျိုးသီးပွင့်ရမည်မဟုတ်။
ဗုဒ္ဓတရားနှင့်အညီ လက်တွေ့ကျင့်ကြံနေထိုင်မှုဖြစ်သော ၀ိပဿနာပွားစီးခြင်း
ဖြင့်သာဉာဏ်အမြင်လင်းလက်လာပြီး မှန်သောအမြင်ကို ရရှိလာမည်ဖြစ်သည်။
မှန်ကန်သောအတွေးအခေါ်( သမ္မာသင်္ကပ္ပ)
လောက၏ ဒိဌဓမ္မတရားနှင့်အညီ လွတ်မြောက်မှုမရမီစပ်ကြား သက်ရှင်နေထိုင်ရန်
မှန်ကန်သောအတွေးအခေါ်ရှိဖို့လိုသည်။ ဤအတွေးအခေါ်ကို မည်သည့်သုခရဖို့
အတွက်မသုံးသင့်။ စိတ်၏မှန်ကန်သော အနေအထားရရှိရေးအတွက်သာ
အသုံးချသင့်သည်။
မှန်ကန်သောအပြောအဆို(သမ္မာဝါစာ)
သူတစ်ပါးဒုက္ခရောက်စေရန်အလို့ငှာ မလိမ်မညာရ၊ ကုန်းမချောရ၊ ရုန့်ရင်း
ကြမ်းတမ်းသောစကားများကို မပြောရ၊ မှန်ကန်အကျိုးရှိသော စကားများကိုသာ
ပြောဆိုရမည်ကိုဆိုလိုပါသည်။
မှန်ကန်သောအပြုအမူ(သမ္မာကမ္မန္တ)
မည်သည့်သက်ရှိ သတ္တ၀ါကိုမှ ရည်ရွယ်ချက်ဖြင့်မသတ်ဖြတ်ရ။ မညှင်းပန်းရ၊
သူတစ်ပါးသားမယားကို မပြစ်မှားရ။ ထိုသို့ပြုလုပ်ခြင်းများမှ ရျောင်ကျဉ်ခြင်းသည်
မှန်ကန်သော အပြုအမူဖြစ်သည်။
မှန်ကန်သောအသက်မွေးမှု(သမ္မာအာဇီဝ)
သူတစ်ပါးနာကျင်ထိခိုက်စေရန် သို့မဟုတ် ဒုက္ခရောက်စေရန်ဖြစ်သော
မည်သည့်လုပ်ငန်းကိုမှ မပြုလုပ်ရန် ဆိုလိုပါသည်။
မှန်ကန်သောလုံ့လစိုက်မှု(သမ္မာဝါယမ)
မကောင်းသော အကုသိုလ်တရားတို့ကို မဖြစ်စေဘဲ မဖြစ်သေးသော ကုသိုလ်တရား
တို့ကိုဖြစ်အောင် လုံ့လစိုက်ထုတ် ကြိုးပမ်းမှုပြုရန်ကို ဆိုလိုပါသည်။
မှန်ကန်သောစိတ်နှလုံးထားတတ်မှု( သမ္မာသတိ)
စိတ်မှာ လေးလံထိုင်းမှိုင်းမှုမရှိရ။ အမြဲပင်ထက်မြက်ရှင်သန်နေရမည်။
မိမိတို့ပြုမူပြောဆိုတွေးခေါ်သမျှအားလုံးတို့တွင် စိတ်နှလုံးမှာ ကြည်လင်သန့်စင်နေရမည်။
စိတ်ကိုတည်ငြိမ်မှုအမှန်တရားပေါ်တွင် အမြဲတစေထားနိုင်ရမည်။ မတည်မြဲမှု
မကျေနပ်မရောင့်ရဲမှုနှင့်ဖြစ်တည်မှု၏ပုံစံသဘာဝအားလုံးကို စိတ်က အမြဲပင်
အာရုံသွင်းမှတ်ရှုနေရမည်။
ဖြစ်ပျက်မှုသဘာဝ အစစ်အမှန်ကို ဂရုပြုအာရုံစူးစိုက်ရမည်။ အာရုံသိအမြင်များ၊ ခန္ဓာကိုယ်
လှုပ်ရှားမှုများ၊ အတွေးအခေါ်များ၊ ရုပ်ဝတ္ထုများ၏ သဘာဝအစစ်အမှန်ကို အမြဲမပြတ်
လေ့လာရှုမှတ်နေရမည်။ ထိုအခါတွင် လောကီဆိုင်ရာ လောဘ မောဟများမှ
လုံးလုံးလျားလျား ကင်းလွတ်နေရမည်ဖြစ်သည်။
မှန်ကန်သော အာရုံစူးစိုက်တတ်မှု(သမ္မာ သမာဓိ)
စိတ်ပိုင်းဆိုင်ရာ၏ အနှောက်အယှက်များဖြစ်ကြသော တဏှာပေမ၊
စိတ်သဘောယုတ်မာမူ၊စိတ်နှလုံးတင်းကျပ်ထုံထိုင်းမှု ထိနမိဒ္ဓများမှု၊ စိတ်ကယောက်ကယက်
မတည်မငြိမ်ဖြစ်မှု၊ဒေါသစိတ်များမှုနှင့် ယုံမှားသံသယ ၀ီစီကိစ္စများမှုတို့ကို ထိမ်းသိမ်းရန်
မှန်ကန်သောအာရုံစူးစိုက်တတ်မှု ရှိရန်လိုအပ်သည်။
မိမိ၏ အတွင်းစိတ်လှုပ်ရှားမှုကို အာရုံစူးစိုက်လေ့လာခြင်းဖြင့် ဖြစ်တည်မှု၏ဘဘာဝ
အစစ်အမှန်ကို ထိုးဖောက်မြင်နိုင်မည့် ဉာဏ်အမြင်ကို ရရှိလာနိုင်မည်ဖြစ်သည်။
ဤသည်မှာ မိမိကိုယ်မိမိ လေ့လာခြင်းပင်ဖြစ်သည်။ မိမိအာရုံကို မိမိ ပြန်၍လေ့လာ
ခြင်းသည်လည်း မည်ပါသည်။ သို့ဖြင့် မိမိကိုယ်မိမိဘာသာ ထွင်းဖောက်သိမြင်
လာမည်ဖြစ်သည်။
မှန်ကန်သော အာရုံစူးစိုက်မှုတါင် အဆင့်အားဖြင့် နှစ်ဆင့်ရှိပါသည်။
သမာဓိနှင့် ၀ိပဿနာဟူ၍ဖြစ်ပါသည်။ သမာဓိသည် စိတ်ကိုအပြည့်အဝ
တည်ငြိမ်မှုကိုပေးနိုင်ကာ ၀ိပဿနာကမူ စစ်မှန်သော အသိဉာဏ်ပညာရရှိမှုကို
ဦးတည်ပေးမည်ဖြစ်သည်။
သမာဓိပိုင်းတွင် စိတ်၏အာရုံစူးစိုက်မှုအပြင် အတွေးစိတ်ကူးပေါင်းများစွာ၏
ခုန်ပေါက်ပြေးလွှားဟိုရောက်သည်ရောက် စိတ်ကစားမှုများကို ငြိမ်သက်အောင်
ထိမ်းသိမ်းမှုတို့ ပါဝင်နေပေသည်။
စိတ်အာရုံစူးစိုက်တတ်အောင် လေ့ကျင့်သော နည်းပေါင်းများစွာပင် အရှေ့တိုင်းတွင်
တွေ့ရပါသည်။နာမည်ကျော်အိန္ဒိယဂုရုကြီးများ၏ နည်းဖြစ်သော စာလုံးတစ်လုံး
သို့မဟုတ် စာပိုဒ်တစ်ပိုဒ်ကိုကြိမ်ဖန်များစွာရွတ်ဖတ်ပြီး စိတ်အာရုံစိုက်နည်းကို
လည်းကောင်း၊ အသက်ရှူသွင်း ရှူထုတ်ရာတွင်လေ၀င်လေထွက်ကို မိမိ၏ချက်ဗွေ
အပိန်အဖောင်းကို သတိပြုအာရုံစူးစိုက်ရင်း သမာဓိယူနည်းများကိုလည်းကောင်း
တွေ့ခဲ့ဖူးပါသည်။ အသက်ရှူသည့်အခါ နှာသီးဖျားဝကို တွန်းထိုးဝင်လာသော
လေတို့ကိုရှူမှတ်ပြီး သမာဓိယူသော နည်းလည်းရှိပါသည်။ အလင်းရောင်
အစက်အပြောက်ကလေးတစ်ခု သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို စူးစိုက်ကြည့်ရူ့ပြီး
သမာဓိယူသောနည်းများလည်းရှိသည်။
ဘီးတဲလ်စ်အဖွဲ့ အိန္ဒိယသို့ ရောက်ရှိလာသောအခါ သူတို့၏ဂုရုကြီး
‘မဟာရိရှီ မဟေ့ရှ်ယောဂီ’ကသူတို့ကို စိတ်အာရုံစူးစိုက်နည်းဖြင့် မိတ်ဆက်ပေးခဲ့သည်။
မိမိကြိုက်နှစ်သက်ရာ စာလုံးတစ်လုံးလုံးကိုရွေးချယ်ပြီး ထိုစာလုံးကိုပင် ကြိမ်ဖန်များစွာ
အသံထွက်ရွတ်ဆိုစေခဲ့သည်။ ဤနည်းမှာ စိတ်အာရုံစိုက်နည်းများထဲမှ တစ်နည်းပင်ဖြစ်သည်။
သမာဓိခိုင်ခိုင်မာမာထူထောင်သည့်အချိန်တွင် ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ
အနားရနေတတ်သည်။ သမာဓိသည် နက်ရှိုင်းလာသည်နှင့်အမျှ စိတ်သည်အာရုံအားပါး
နယ်နိမိတ်ထက်ကျော်လွန်ပြီး ကျက်စားလာနိုင်လိမ့်မည်ဖြစ်သည်။
လူ၏ ပြင်ပသဏ္ဍာန်အာရုံများမှာ ပြကတေ့မလှုပ်မရှားရပ်တည်နေသေသ်ာလည်း
စိတ်ကား လန်းဆန်းတက်ကြွကာ အပြည့်အ၀ပင် နိုးထကြည်လင်နေလိမ့်မည်။
စိတ်သည် အာရုံစူးစိုက်မှုအတွင်းသို့ ပို၍နက်နက်ရှိုင်းရှိုင်း ၀င်သွားသည်နှင့် ၀ိထီကျလာကာ
ခမ်းသာသုခကို ခံစားလာရတော့သည်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အတွေးအခေါ်နည်းလမ်းစဉ်တို့ကား
ကျန်ရစ်ခဲ့ချေပြီ။ သက်တောင့်သက်သာ အပြည့်အ၀ရှိသော တည်ငြိမ်မှုအတိပြီးသော
ရိုးရှင်းသည့်ဖြစ်တည်မှု အခြေအနေ၌သာ တည်နေတော့၏။
အာရုံစူးစိုက်မှုပို၍နက်ရှိုင်းလာသောအခါ ချမ်းသာသုခတို့သည် သာလွန်သည်ထက်
သာလွန်လာတော့သည်။ ခံစားမှုများကား မရှိတော့။ စိတ်သည် တစ်နေရာတည်းတွင်သာ
တည်နေသည်။ စိတ်သည် လုံးဝဥဿုံ ပြည့်ပြည့်၀၀ တည်တည်ငြိမ့်ငြိမ်ရှိနေ၏။
ထိုအခြေအနေမျိုးတွင် စိတ်သည် တင်းပြည့်ကျပ်ပြည့် ဖြူရှင်းသန့်စင်နေသည်။
တင်းပြည့်ကျပ်ပြည့် ကြည်လင်နေသည်။ အပြစ်အနာအဆာ တစ်စက်ကလေးမျှမရှိ။
ပီဘိ ငြိမ်သက်နေသည်။ ထိုအချိန်မျိုးတွင် ဗုဒ္ဓဒဿနအရမူ သာမန်ထက်ပိုလွန်သော
တန်ခိုးသတ္တိများဘက်သို့ ယိမ်းယိုင်လိုက ယိမ်းယိုင်၍ရနိုင်ပေသည်။ သို့တည်းမဟုတ်
မကောင်းမှုအားလုံးကိုထာဝရ အပြည့်အ၀ ချုပ်ငြိမ်းနိုင်မည့် စိတ်၏အညစ်အကြေးများကို
ထာဝရအပြည့်အ၀ချုပ်ငြိမ်းနိုင်မည့် စိတ်၏အညစ်အကြေးများကို သန့်စင်ဆေးကြော
ပစ်နိုင်မည့်ဘက်သို့လည်းယိမ်းယိုင်လိုက ယိမ်းနိုင်သည့် အချိန်မျိုးဖြစ်သည်။
ဝိပဿနာမှာ လူနှင့်လူ၏ခန္ဓာကိုယ်အတွင်းမှာ တကယ်ဖြစ်ပျက်နေသော
သဘောတရားများကိုအာရုံပြုခြင်းပင်ဖြစ်သည်။ မတည်မြဲမှု၊ မကျေနပ်မှု၊ မိမိမဟုတ်မှု စသော
အနိစ္စ ဒုက္ခ အနတ္တတို့၏ သရုပ်သကန်ဖြစ်သည့် ရုပ်နာမ်တို့၏ အစစ်အမှန်သဘာဝကို
ဝိပဿနာရှုမှတ်ခြင်းအားဖြင့်တွေ့သိနားလည်လာမည်ဖြစ်သည်။
ဝိပဿနာရှုခြင်းအားဖြင့် အတွင်းစိတ်၏ လှုပ်ရှားမှုသဘောသဘာဝ အပြည့်အစုံနှင့်
မိမိ အတ္တဟု ထင်မှတ်နေသည့် ခန္ဓယကိုယ်၏ သဘာဝအစစ်အမှန်တို့ကို သိလာနိုင်သည်။
ဖြစ်တည်မှု၏ သဘာဝအစစ်အမှန်ကို လျစ်လျူရှုနိုင်တော့သော၊
အလိုလောဘပုံစံအားလုံးကိုဖျက်ဆီးပြီး လုံးလုံးလျားလျား သန့်စင်ပစ်နိုင်တော့သော
ဉာဏ်အမြင်ရောက်သည့် အဆင့်သို့ရောက်လာပါလိမ့်မည်။ ထိုအဆင့်သည် မသိစိတ်၏
အနက်ရှိုင်းဆုံးဒေသတွင်းသို့ ရောက်ရှိနေသော ပထမဆင့်ပင်ဖြစ်သည်။
ထိုအခါတွင် မိမိ၏ မှောက်မှား အလွဲသိမြင်မှုများကို ပြည့်ပြည့်၀၀ နားလည်လာပြီ။
အမှန်တရားကို ထွင်းဖောက်သိမြင်လာပြီ။ သစ္စာတရားကို နားလည်သဘောပေါက်လာပြီ။
ထိုအခါတွင် နိဗ္ဗာန်ကိုရရှိပြီ။
ဤသည်မှာ မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်မှုနှင့် အတွေ့အကြုံများကြားမှ
အမှန်တရားကိုရရှိနိုင်ကြောင်း သက်သေသာဓကပင်ဖြစ်သည်။
သာမာဓိနှင့်ဝိပဿနာတို့သည် လိမ္မာသိမ်မွေ့စွာ ပေါင်းစပ်တတ်ရန်လိုအပ်သည်။
သမာဓိသည် ၀ိပဿနာတိုးတက်မှုကို တိုးပွားအောင်ပြုလုပ်ပေးနိုင်သကဲ့သို့
ဝိပဿနာကလည်းသမာဓိတိုးတက်မှုကို တိုးပွားအောင်ပြုလုပ်ပေးနိုင်
သောကြောင့်ဖြစ်သည်။
ဤသည်တို့မှာ ဗုဒ္ဓ၏တရားနှင့် ဒဿနများပင်ဖြစ်သည်။ ကျွန်တော်ကဲ့သို့
လူပြိန်းတစ်ယောက်အဖို့မူ ဤသဘောတရားအားလုံးသည် အတော်ပင်ရှုပ်ထွေးပြီး
နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။သို့သော် သဘောတရားက
ကတိပြုအာမခံထားသော အချက်တို့မှာလည်းတကယ်တော့ အလွန့်အလွန်ပင်
မွန်မြတ်ကောင်းမွန်ပြီး သဘောကျစရာဖြစ်နေပြန်သည်။
ထို့ကြောင့် ကျွန်တော်သည် ကမ္မဌာန်းရှုသည့်အလုပ်ကို တကယ်လက်တွေ့ ၀င်လုပ်ကြည့်ရန်
ဆုံးဖြတ်လိုက်မိသည်။
ကျွန်တော်သည် ကမ္မဌာန်းတရားစခန်းများဖွင့်သော ဘန်ကောက်မြို့ရှိ
ဘုရားကျောင်းတစ်ကျောင်းသို့ သွားရောက်ကာ စုံစမ်းကြည့်သည်။ ကျွန်တော့်အနေနှင့်
တရားစခန်း ၀င်နိုင်၊ မ၀င်နိုင်။
သူတို့၏ အားရ၀မ်းသာလက်ခံမှုကြောင့် ကျွန်တော်ပင် အံ့သြနေမိသည်။
ဆက်လက်ဖော်ပြပါမည်။
နောက်တစ်ပတ်တွင်ဆက်လက်ဖော်ပြမည်မှာ အခန်း(၅) ဖြစ်သည့်
"လှပသောဘုရားကျောင်းနှင့် အတွေ့အကြုံဆန်းတစ်ခု" ဖြစ်ပါသည်။
You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.