Monday, December 29, 2008

[အတွေးရပ်ဝန်း] 1 New Entry: ကြိုဆိုပါတယ် နှစ်ထောင့်ကိုး

ကြိုဆိုပါတယ် နှစ်ထောင့်ကိုး

ပြက္ခဒိန်စာမျက်နှာသစ် ဖွင့်လှစ်ဖို့
တရွေ့ရွေ့တိုးလာနေတဲ့
နှစ်ထောင့်ကိုး..
ဘယ်လိုကောင်းကျိုးတွေ
ယူဆောင်လာမလဲ…

၂၀၀၇ ကုန် ၂၀၀၈ ကူး နှစ်ဦးမှာ
အကိုတစ်ယောက် ပြောဖူးတဲ့စကား..
''၂၀၀၈ ရေ…
၂၀၀၇ လို ခင်ဗျား မဆိုးရဘူးနော်…" တဲ့

အခု နှစ်ထောင့်ကိုးကိုလဲ
ထပ်ပြောချင်ပါရဲ့…

နှစ်ထောင့်ရှစ်ရဲ့ နာဂစ်လိုမျိုး
ကြမ္မာဆိုးတွေကိုတော့
အညှိုးနဲ့ သယ်မလာပါနဲ့…
အားလုံးရဲ့ ရင်ထဲမှာ
မျှော်လင့်ခြင်းတွေကို
ပျိုးနေရတုန်းမို့ပါ…

ဘာပဲဖြစ်ဖြစ်ပေါ့..
နှစ်ဟောင်းကဒဏ်ရာတွေ မေ့ထား
နှစ်သစ်အတွက် အင်အားတွေနဲ့
နှစ်ထောင့်ကိုးကို
ငါတို့ ကြိုကြမယ်…

ဝိုးတ၀ါးလှမ်းမြင်နေရတဲ့
နှစ်ထောင့်ကိုးဟာ
နိုးကြားတဲ့အတွေးတွေကို ပေးတယ်

ရိုးသားတဲ့စိတ်ဓါတ်နဲ့
အမှန်တရားကို မြင်အောင်ကြည့်ပြီး
နှစ်ထောင့်ကိုးရဲ့ ရင်ခွင်ထဲ
ငါတို့ တိုးဝင်ကြမယ်…

တစ်နှစ်ပြောင်းပေမယ့်
တိမ်းစောင်းမသွားတဲ့
ယုံကြည်ချက်ဟောင်းတွေကို
ခိုင်မာမြဲမြံစွာ ဆုပ်ကိုင်လို့
နှစ်သစ်ကြိုပွဲကို
ငါတို့ ဆင်နွှဲကြမယ်…

မျှော်လင့်ချက်တွေ အသစ်တိုးစေတဲ့
၂၀၀၉ ကို ငါတို့ ကြိုဆိုကြမယ်…။

You received this email because you are subscribed to the real_time feed for http://suthetlin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.