Monday, December 29, 2008

[ချစ်တဲ့ မနောမြေ] 1 New Entry: အသက်အောင့် လမ်းလျှောက် လေ့ကျင့်ခန်း

အသက်အောင့် လမ်းလျှောက် လေ့ကျင့်ခန်း

(မောင်အောင်ပွင့်)

ဂျပန်လုပ် ဘက်ထရီနာရီ
ဒက်စီဗယ် မကျယ်ပေမယ့်

အနာဂါတ်ကို လက်တို့ နေသလိုလို။

စောင်းစောင်းယိုင်ယိုင်
တိုင်မမာ
အဖျားထိပ်က
ဝိုင်ယာတွေ
မတရား အိပ်ကျနေ

ကြိုးက ဆွဲထားတာလား
တိုင်က ထောက်ထားတာလား
သံသယ မပွားကြနဲ့။

မိတ်ဆွေတို့

ရိုးသားလက်စ မပျက်
အသက်ရှင် နေထိုင်နိုင်မှု အတွက်

တနေ့ နှစ်ကြိမ်
( အိမ်ရာဝင် အိမ်ရာထ )

ကိုယ့်ကိုကိုယ် ရှိခိုး သင့်ကြတယ်။


ညှော်နံ့ ကတ္တရာလမ်းခင်းနံ့

ကားအိပ်ဇောနံ့ ဆေးလိပ်နံ့တွေနဲ့

မသန့်ရတဲ့ ကြား

မုသားနဲ့ အမွှေးတိုင်နံ့တွေရော
ဒီလေကြောမှာ မျောနေရင်းသားက

ကျွန်တော့အဆုပ် အလုပ် လုပ် မဖြောင့်
အသက် အောင့် အောင့် ထားရတယ်။


၂၅ ဇွန်လ ၁၉၉၀


ဝန်ခံချက်။ ။ ဒီရက်ပိုင်း အတွင်း ပို့(စ်)တွေ တင်ဖို့ ရှိပေမဲ့ ခရစ္စမတ် မတိုင်မီ အိမ်နားမှာ ရင်းနှီးရတဲ့ မိတ်ဆွေ ရဲဘော်တဦး ကောက်ခါငင်ကာ ဆုံးပါး သွားတာရယ်၊ ပြီးခဲ့တဲ့နှစ် ခရစ္စမတ်နေ့မှာ ဒူကဘာ မိခင်ဆုံးပါး သွားတာရယ် စုပြီး ထမင်းလုံးတစ္ဆေ ခြောက်ခံနေရလို့ ဒူကဘာ့ အတွက် ခရစ္စမတ်ဟာ ခြေတုန်ချတုန် ဖြစ်နေလို့ ဘလော့ခ်ကို လာလည်ကြသူတွေ သူငယ်ချင်းတွေ မိတ်ဆွေ ရောင်းရင်းတို့တတွေ .... ဒူကဘာ့ရဲ့ ပုဂ္ဂလိက ခံစားချက်ကို နားလည်ပေးနိုင်မယ် ယူဆပါတယ် .... ဒီတော့ ဒူကဘာ့ဖက်ကလဲ ခရစ္စမတ် လက်ဆောင်အဖြစ် ပြည်တွင်းမှာ ထုတ်ဝေခွင့် မပြုခြင်းခံရတဲ့ .... နာမည်ကြီး ကဗျာဆရာ မောင်အောင်ပွင့် ရဲ့ ဘယ် မီဒီယာမှာမှ မဖေါ်ပြရသေးတဲ့ ကဗျာနဲ့ မြည်းကြည့် ရအောင်လား ..... ဗျာ ! ကျေးဂျူး ဂိုင်ကဘာ အိုင်

You received this email because you are subscribed to the real_time feed for http://chittemanawmyae.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.