Wednesday, October 22, 2008

[ဆောင်း] 1 New Entry: ဤမှန်ကန်သော စေတနာကြောင့် ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းပါစေ

ဤမှန်ကန်သော စေတနာကြောင့် ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းပါစေ

ဤမှန်ကန်သော စေတနာကြောင့် ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းပါစေ

ဘလော့ဆိုတဲ့ အင်တာနက် ပေါ်မှာ အခမဲ့ စာရေးခွင့်ရတာ အလွန်ဝမ်းမြောက်စရာပါ။ မိတ်ဆွေ အသိတွေ ပေါလာသလို အဆင်မပြေတာ လည်းရှိတတ်ပါတယ်။ အသိပညာ တွေ ဖလှယ်ရ လေ့လာရနဲ့ ကျမကတော့ တိုးတက် နေတဲ့ အင်တာနက် ဘလော့ကြီးကို အလွန်ကျေးဇူးတင်နေသူပါ။

ကျမရဲ့စေတနာ အမှန်အတိုင်းပါဘဲ
ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းစေချင်ပါတယ်။ ရေးသမျှ စာသားလေး တွေဟာ ငွေ အချိန်နဲ့ ခံစားချက်တွေနဲ့  ဆက်ပြီး ပေါ်ပေါက်လာတာပါ။ ဒီလိုပါဘဲ စာဖတ်သူတွေ ကလည်း ငွေ အချိန် အကုန်ခံပြီး ခံစားလေ့လာ မှတ်ယူသွားရတာပေါ့နော်။

ဒါကြောင့်လည်း ကျမက လေ့လာတယ်။ မှတ်သားတယ်။ ပြုပြင်ကာကွယ်တယ်။ အကြံပေးတတ်ပါတယ်။ အခု ကျမ တွေ့ ရတဲ့ ဆယ်ကျော်သက်လေး တွေဟာ အလွန်လှပတဲ့ ဘလော့လေးတွေ ကို ရေးသားနေကြတာ အံ့သြ လောက်စရာပါ။

စဖတ်တုန်းက ဆိုရင် အဲဒီလောက် အသက်ငယ် လိမ့်မယ်လို့ မထင်မိပါဘူး။ နောက်မှသိရတော့ သူတို့ လေးတွေ အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်ရှင်။

ကဲ ကြော်ငြာလိုက်မယ်နော် စိတ်မဆိုးနဲ့ နော် မီးမီးလေးတို့ ရေ..

ဆယ်ကျော်သက်လေးများ ရဲ့အောင်မြင်မှု့ ကတော့
ကလေးငယ်လေး http://simplebabygurl.blogspot.com/
အိုကီစု http://okisudj.blogspot.com/
နှင်းသဇင် အခုတော့ ဘလော့ကို ပိတ်ထားပါတယ်။ http://hninthazin.blogspot.com/

ကျမ မသိတဲ့ ဆယ်ကျော်သက် ဘလော့ကာတွေ အများကြီးရှိနေမှာပါ သူတို့ အတွက်ဂုဏ်ယူမိပါတယ်။ တကယ်လို့ များ ဘလော့ကာတွေက ချီးကျူး ဂုဏ်ယူ မယ်ဆိုရင် ကျမ အလွန်ဝမ်းမြောက်ရမှာပါ။

နိုင်ငံတိုင်းမှာ အသက် ၁၈နစ်ကျော်ရင် လူကြီးတစ်ဦးလို့ သတ်မှတ်ကြပါတယ်။ အမှန်တကယ်လည်း အတွေး အခေါ် အယူအဆ ပိုင်းအရ ပြောင်းလဲနေပါပြီ။ တကယ်လို့ များ ကိုယ့်ကိုကိုယ် အတင်းဇွတ်နှစ်ပြီး ကလေးဘ၀ က မတက်ဘူးဆိုရင် ကျမအနေနဲ့  အကြံပေးလိုပါတယ်။ တကယ်လည်း အကြံပေးခဲ့ပါတယ်။ စေတနာ အမှန်နဲ့ ပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ကိုယ့်လက်ရှိအခြေအနေကို ထပ်ဟပ်တဲ့ ကြေးမုံမှန်ပြင်ကို မကြည့်ရဲတဲ့သူဟာ မပွင့်တဲ့ ပန်းအငုံလေးလို ဖြစ်သွားမှာ စိုးလို့ ပါ။

ကျမရဲ့ ဆရာကြီး ဆိုရင် အသက် ၂၃နစ်မှာ ဒေါက်တာဘွဲ့ ရပြီးပါပြီ။ အနောက်နိုင်ငံမှာ (သြစတြေးလျ လို့  ထင်ပါတယ်) အသက် ၇နစ်သားလေးဟာ တက္ကသိုလ် မှာ ဘွဲ့ ၂ခုကို တပြိုင်နက် တက်ယူခဲ့ ပါတယ်။ အာကာသ နာဆာအဖွဲ့ ရဲ့ အချက်အလက်တွေ ကို ဖောက်ထွင်းဝင်ရောက်ဖတ်ယူသူက အသက် ၁၀နစ် အောက် ကောင်လေး တစ်ဦး ပါဘဲ။

ကျမဆိုလိုချင်တာက အသက်ငယ်ငယ်နဲ့  စွမ်းဆောင်နိုင် ချက်ပါဘဲ။ တကယ်လို့ များ စိတ်ဓါတ်ရေးရာ ရုပ်ခန္ဓာရေးရာ အားနည်းချက်တွေ ကြောင့် အားငယ်ပြီး ကလေးစိတ်ဓါတ် ကိုမပြောင်းဘဲ ကလေးအတွေးဘဲ တွေးနေရင် လုပ်နေရင်... အသက် ဘယ်လောက်ကြီးကြီး သူ့ ဘ၀မှာ သူများတွေလို ဘ၀မှာ ပန်းမပွင့်လန်းဘဲ အဖူးအငုံ ဘ၀လေး မှာဘဲ နစ်မျှောသွားမှာစိုးလို့ ပါ။

ကျမရဲ့ အသိ အညာဘက်က ရွာတရွာမှာ သားအမိ၂ယောက်ရှိပါတယ်။ အမေက သမီးလေးကို ချစ်လွန်းလို့  အစစ အရာရာ သနပ်ခါးလိမ်းတာ က အစ လုပ်ပေးပါတယ်။ သမီးလေး ကို ချစ်လွန်းလို့ အကုန်လုပ်ပေး နေတော့ သမီးလေးက သာမန်လူတစ်ဦးရဲ့ လုပ်ဆောင်ချက်တောင် မလုပ်တတ် မလုပ်နိုင်ဖြစ်သွားပါတယ်။ အမေအိုကြီး အသက် ၇၀မှာ ဆုံးပါးသွားတော့ ဒီသမီးလေး အတော် ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်ဆုံး ဘာမှမလုပ်တတ်လို့  လုပ်ပေးမဲ့သူမရှိတော့လို့  သေဆုံးသွားပါတယ်။ ဒါ ကိုယ်တွေ့  အဖြစ်အပျက်လေးကို သိခဲ့ရတာပါ။

အနောက်နိုင်ငံမှာ ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တခု ကိုလည်း ပြောပြချင်ပါတယ်။ တဦးတည်းသော သမီးလေး ဟာ စိတ်မမှန်တဲ့အပြင် အကြောဆွဲပြီး ဒုက္ခိတ လေးပါ။ အမေအဖေ ခမျာမှာ သမီးလေးကို ယုယပြီး ချစ်နေလိုက် ရတာကြည့်တဲ့သူတိုင်း စိတ်မကောင်းစရာ။ သူမရဲ့ မိဘတွေ အသက် ၇၀လောက်ရှိပါပြီ။ အဲဒီ ကောင်မလေးက အသက် ၂၀ကျော် ၃၀နီးပါး လို့ မှန်းလို့ ရပါတယ်။ ဒါပေမဲ့ လက်တွန်းလှည်းပေါ်မှာ အစားအသောက် ကအစ ခွံ့ ကျွေးမှ စားနိုင်တဲ့သူပါ။ တကယ်လို့ များ သူမ မိဘတွေ...

အဲဒါတွေကြောင့် ဘလော့ကာတဦး ကျမဆိုဒ်ထဲ စာလာရေးတာ တွေ့ လို့ ကျမ စေတနာအမှန်နဲ့  အကြံ ပေးလိုက်ပါတယ်။ အားငယ်နေရင် အားပေးပါမယ်။ လိုအပ်တာတွေ ကူညီပါမယ်။ ကလေးစိတ်နဲ့ မတိုးတက်တာ ကို ဖြောင့်ဖျပြီး လမ်းအမှန်ရောက်အောင် ကူညီပါမယ်။ ဒါမှ သူတို့ လေးတွေရဲ့ အနာဂတ်လှပမှာပါ။ အဖူး အငုံလေး အဖြစ်နဲ့  ဘ၀ကို အဆုံးမသတ်စေချင်ပါဘူး။

နဂိုက ဘ၀မှာ တိုးတက်ပြီးသား ဖြစ်ပြီး တမင်တကာ ကလေးစိတ်မွေးနေရင်တော့ ဘာမှ ပြောစရာ မလိုပါဘူး။

ဒါကြောင့် ......
ကျမရဲ့ မှန်ကန်တဲ့စေတနာ ကို စိတ်ဆိုး ဒေါသထွက်နေတဲ့သူတွေကိုလည်း ရင်တွင်းဧမြပါစေ..
ကျမရဲ့ မှန်ကန်သော စေတနာကြောင့် ပန်းတိုင်းပွင့်၍ ... ပွင့်သောပန်းတိုင်း လန်းပါစေ ....
ကြေးမုံဖန်သားပေါ်မှာ ပေါ်နေတဲ့ ကိုယ့်ရဲ့ အရိပ်ကို ကြည့်ဝံ့ပါစေ လို့ သာ..

ဆောင်း

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.