Wednesday, October 22, 2008

[] 1 New Entry: မြို့ရိုးဟောင်းထဲ ညပ်နေတဲ့ ပေါင်မုန့်အကျိုးအကြေတချပ်

မြို့ရိုးဟောင်းထဲ ညပ်နေတဲ့ ပေါင်မုန့်အကျိုးအကြေတချပ်

မြို့ရိုးဟောင်းထဲ ညပ်နေတဲ့ ပေါင်မုန့်အကျိုးအကြေတချပ်

တကယ်တော့ ဒီမြို့ရိုးဟာ ဟိုးတုန်းက ခပ်ကြွားကြွားရယ်ပေါ့
နီညိုရောင် ဆေးအထပ်ထပ်နဲ့ ရွှံမကပ်ခဲ့တဲ့ ခင်ဗျားဟာ
ခုတော့ ပေါင်မုန့်ကြမ်းတချို့တောင် ထိုးထည့်ခံရနေပြီ။

ဒီမြို့ရိုးဟောင်းဘေးမှာ ကျုံးမရှိ ရေမရှိ
တဲလေးထိုးပြီး မြို့ရိုးပေါ်ပြေးလွှားနေတဲ့
ဆံပင်စုတ်ဖွား ကောင်လေးတယောက်သာ အမှီရှိတယ်။
အသင်မြို့ရိုး..
စွန့်ခွာခဲ့ကြတဲ့ ဥစ္စာဓနတွေနဲ့
အဆောင်အယောင်ဆိုတဲ့ စည်းစိမ်မှန်သမျှဟာ
ကျိန်စာတိုက်ခံရသလို ဟိုးအတိတ်ဆီမှာ ကျန်ရစ်တယ်။

ဒီမြို့ရိုးရဲ့ အတိတ်ဇာတ်လမ်းကို
ကမ္ဘာ့လှည့်တချို့ကသာ အဖတ်လုပ်ပြောဆို
ခင်ဗျားကို ရောင်းစားမယ့် ဧည့်လမ်းညွှန်တွေလောက်သာ
စကားထဲ ထည့်ပြောနေတော့တာကလား။
တကယ်က ဒီမြို့ရိုးဟာ
ဒီဒေသအတွက် မကောင်းဆိုးဝါး။
အတိတ်ကမကောင်းဆိုးဝါးတွေ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့တဲ့ ခံတပ်။

ဒီမြို့ရိုးရဲ့ ဟိုးဘက်တလွှားကို
သူတို့ ကျော်မကြည့်ချင်ခဲ့ကြဘူး။
ရွှေရောင်တွေ ကျိန်းစပ်နေတဲ့ မျက်စိနဲ့
ဟိုဘက်ခြမ်းကို ပြူးကြည့်ဖို့ စိတ်မကူးခဲ့ကြဘူး။
ဒီလိုနဲ့ပဲ ဒီမြို့ရိုးဟာ ဖုန်တက်
သူတောင်းစားတွေအတွက် ဇရပ်တဆောင် ဖြစ်ခဲ့တယ်။

အတိတ်ကို ပြန်မကြည့်နဲ့
စားမြုံ့ပြန်တိုင်းသာ ဗိုက်ဝမယ်ဆိုရင်
အခုညပ်နေတဲ့ ပေါင်မုန့်တချပ်ကို ခင်ဗျား အစားပေးနိုင်သလား။
ဧည့်လမ်းညွှန် ခေါင်းတချက်ခါခဲ့တယ်။
ကမ္ဘာလှည့်ခရီးသည်တချို့ကတော့
ဘာမှန်းမသိတဲ့ အကြည့်တွေနဲ့ပေါ့။

ကဒေါင်းညင်သာ

You received this email because you are subscribed to the real_time feed for http://kadaung.net/?feed=rss2. To change your subscription settings, please log into RSSFWD.