Wednesday, October 22, 2008

[We Fight We Win. အတုံးအရုံးတွေကြားမှာ ရွတ်ရွတ်ချွံ ချွံခုခံနေတဲ့ ဘလောက်] 7 New Entries: မြန်မာနေ့စဉ်သတင်းစာ

မြန်မာနေ့စဉ်သတင်းစာ

Hero Naing

မြန်မာနိုင်ငံကထုတ်ဝေလျက်ရှိသောမြန်မာ့အလင်းသတင်းစာနှင့်
ကြေးမုံ့သတင်းစာများသည်စာရွက်များ ညံ့ဖျင်းမှု၊
ုပုံနိပ်စက်ဟောင်းနွမ်းပျက်စီးနေမှုများကြောင့်သတင်း
စာဖတ်ရသည်မှာဘာမှမထင်ရှား ပဲ၊ချီးကုန်းစက်က္ကူ
သာသာအထိမြန်မာသတင်းစာများညံ့ဖျင်းနေကြောင်းတွေ့ရှိရပါသည်။
သတင်းစာပို့ဆောင်မှုမှာလည်းဆယ်ရက်လောက်ကြာသောအခါတွင်မှတကြိမ်တည်းပို့ဆောင်ပေးပါသဖြင့်၊သတင်းစာ
တကြိမ်အိမိသို့ရောက်ရှိသောအခါအခေါက်ထူလွန်းသောကြောင့်ဖတ်ချင်စိတ်မရှိတော့ပေ။ နိုင်ငံတနိုင်ငံတိုးတက်နေမှုကိုထိုနိုင်ငံတွင်သုံးစွဲနေသောငွေစက္ကူဟောင်းနွမ်းနေမှု၊ထိုနိုင်ငံတွင်သုံးစွဲထုတ်ဝေနေသောနေ့စဉ်သတင်းစာများ၊ထိုနိုင်ငံတွင်အသုံးပြုလျက်ရှိသောလျှပ်ကီလိုဝနာရီသန်းပေါင်း စသည်တို့ကိုကြည့်ပြီးထိုနိုင်ငံတိုးတက်မှုကိုသိရှိေ နရသောယခုလိုခေတ်ကြီးတွင်မြန်မာနိုင်ငံတွင်ထုတ်ဝေလျှက်ရှိသောအထက်ဖေါ်ပြပါသတင်းစာများကိုအဆင့်မြှင့်လုပ်ဆောင်ပေးသင့်ကြောင်းတင်ပြလိုက်ရပါသည်။




Rest of your post

တရုပ်နို့ မှုန့် သတင်း


မျိုး -
ဘန်းကျော်မှာ ( မြန်မာ ပြည်ကိုခေါ်တာ။ အင်တာနက်ကို ဘန်း ( တားမြစ်တယ်။ လူတွေက ကျော်ရတယ်။ ဒါကြောင့် ဘန်းကျော်လို့ ခေါ်ပုံကြပုံရတယ် - wefightwewin) ။ နို့မှုန့်စစ်ဆေးရေးကို မဆီမဆိုင်ဝင်ဘဲပြောရမလား ဝင်ပါတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ ဒိုင်းမွန်းစတားကုမ္ပဏီက ဒေါက်တာကိုကိုကြီးနဲ့ပေါင်းပြီး..ပြည်တွင်းမှာ နို့မှုန့်ထုပ် (ထုတ်တာမဟုတ်ဖူးထင်ပါတယ်) ရောင်းနေပါတယ်...တံဆိပ်က မြငါ့အ လို့သိရပါတယ်...လွန်ခဲ့တဲ့တစ်ပါတ်ကျော်က မြန်မာတိုင်း(မ်)ဂျာနယ်မှာကြော်ငြာတာတွေ့လိုက်ပါသေးတယ်..အဲဒီနို့မှုန့်တွေ ဈေးကွက်ကိုစဖြန့်တုန်းက..စီးတီးမတ်မှာလည်းတင်ပါတယ်ဒါပေမယ့် ရက်အတန်ကြာတဲ့အခါမှာ နို့မှုန့်ဘူးတွေက အလိုလိုနေရင်းရှုံ့သွားလို့..စီးတီးမတ်ကဓါတ်ပုံရိုက်ပြီး ကုမ္ပဏီကိုဖြေရှင်းချက်တောင်းတော့...ဘာမှရေရေရာရာဖြေရှင်းချက်မပေးလို့စီးတီးမတ်က ဆက်မရောင်းတော့ဘူးလို့လဲ..ကြားသိရကြောင်းပါခင်ဗျား..။

နို့မှုန့်ရောင်းတဲ့လူကို နို့မှုန့်အရည်အသွေးစစ်ဆေးတဲ့ အဖွဲ့ခေါင်းဆောင်တင်ထားတော့...အင်း.....
နို့မှုန့်အကြောင်းကြားသမျှဆက်ပြောချင်ပါသေးတယ်..အခုဘန်းကျော်မှာ နို့မှုန့်တွေကိုစစ်ဆေးနေတာ...သတင်းစာအဆိုအရ စက်မှု(၁)ဝန်ကြီးဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အစားအသောက်ဆေးဝါးကြီးကြပ်ရေး ဌာနလို့ဆိုပါတယ်....

ကျနော်ကြားသိသလောက်ပြောရရင်...ဒူးမက်(စ်)ကိုကျန်းမာေ ရးဝန်ကြီးဌာနရဲ့ကြီးကြပ်မှုနဲ့
စင်္ကာပူဓါတ်ခွဲခန်းကိုပို့ပြီးစစ်တော့..ကင်းရှင်းကြော င်းလက်မှတ်ရသတဲ့..ဒါပေမယ့်.. ဘန်းကျော်မှာ စက်မှု(၁)ကစစ်တော့ မယ်လမင်းတွေ့သတဲ့....အဲဒါကိုဒူးမက်(စ်)ကုမ္ပဏီက ရာခိုင်နှုန်းဘယ်လောက်တွေ့သလဲဆိုတဲ့ ရလာဒ်ရယ်..စစ်ဆေးတဲ့နို့မှုန့်ဘူးရဲ့ ကုဒ်နံပါတ်ရယ်တောင်းတော့ မပေးဘူးတဲ့ဗျ... နောက်ပြီး သတင်းစာထဲမှာတားမြစ်ကြောင်း တရားဝင်သတင်းထုတ်ထားပေမယ့်
ဒူးမက်(စ်)ကုမ္ပဏီနဲ့ မြို့တွင်းဆိုင်ကြီးတွေမှာ...ပစ္စည်းလိုက်သိမ်းတာလဲ..မလုပ်ဘူးတဲ့ရန်ကုန်ဆင်ခြေဖုန်းက ဆိုင်တွေမှာတော့လိုက်သိမ်းတယ်လို့..ကုမ္ပဏီနဲ့နီးစပ်သူတွေထံကတစ်ဆင့် ကြားသိရပါတယ်နိုင်ငံတကာ ကုမ္ပဏီကြီးဖြစ်တဲ့အတွက်..မတရားသက်သက်မဲ့လုပ်တာခံရတာမှန် ရင်ဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းလာနိုင်ဖွယ်ရှိပါတယ်... ဘန်းကျော်က.တာဝန်ရှိသူများ
ပိုင်အောင်လုပ်မထားရင်တော့..ပြသနာတက်ဘို့ရှိပါတယ်


ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ကိုထောင်ဒဏ် ချမှတ်



ထိုင်းနိုင်ငံ တရားရုံးချုပ်မှ ဥပဒေပုဒ်မ အမှတ် ၄၊ ပုဒ်မခွဲ ၁ဝဝ နှင့် ၁၂ဝ ၊ အရ၊ လာဘ်စားမှုဖြင့်ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှစ်နာဝပ်အားထောင်ဒါဏ် ၂ နှစ် ချမှတ်လိုက်ပါသည်။တပ်ဆင်ရှစ်နာဝပ်နှင့် မိသားစုသည် ယခုအချိန်တွင်အင်္ဂလန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ ရန်ကြိုးပမ်းနေပြီး၊ ယနေ့ တရား ရုံး သို့ အမှုရင်ဆိုင်ကြားနာရန် တက်ရောက်ခြင်းမရှိခဲ့ပါ။
တရားရုံး မှ အမိန့် အား ၂၄ နာရီအတွင်းဘာသာပြန်ပြီးနိုင်ငံခြားရေးဌာနမှတဆင့်နိုင်ငံတကာအစိုးရအသီးသီးသို့ အကြောင်းကြားမည်ဖြစ်ပြီး၊ ဝရမ်းပြေး ဖြစ်နေသူ တပ်ဆင်အား ဖမ်းဆီးမိန့် ဝရမ်းကို ထုတ်ပြန်ထားပါသည်။

Rest of your post

ကား ဂစ်အိုးတွေ ပေါက်ကွဲတဲ့ ဖြစ်ရပ်များ



ရန်ကုန်စက်မှုတက္ကသိုလ်ရှေ့ မှာ ကားဂစ် အိုးပေါက်တဲ့ဓါတ်ပုံတွေကိုအင်တာနက်မှာ ကြည့် ရပါတယ်။ တာဝန်သိ ပြည်သူတဦးက ပေးပို့ လိုက်ပုံရပါတယ်။ ဓါတ်ပုံတွေကို ကြည့်ရင် အိရတ်မှာ ကားဗုံးပေါက်သလို ကိုဆိုးဆိုးဝါးဝါးဖြစ်သွားရတာပါ။
ကား ဂစ် အိုးတွေဟာ အလွန်အန္တရယ်များ နေတာကိုတွေ့ ရပါတယ်။ စစ် အစိုးရက ပြည်သူလူထုတွေရဲ့ လုံခြုံရေးကို အလေးအနက်ထားပြီး ကားဂစ်အိုးတွေကို ပြုပြင်ပေးသင့်ပါတယ်။ ဓါတ်ပုံတွေက တချို့ လူများအတွက် ကြည့် ရှု့ ရန်မသင့်တော်လို့ 
မတင်ပေးတော့ပါဘူး ။ ကြည့် ရူခြင်တဲ့သူတွေ wefightwewin@gmail.com ကို တောင်းနိင်ပါတယ်။


Summary

Rest of your post

လက်ရှိအမေရိကန်စီးပွားရေးအခြေအနေတစေ့တစောင်းနှင့်စီးပွားရေးကပ်ဆိုးခံစားနေသောပြည်နယ်များ


စီးပွားရေးကပ်ဆိုးခံစားနေသောပြည်နယ်များ


-မြတ်စိုး-

အမေရိကန်နိုင်ငံအရှေ့ကမ်းရိုးတန်းနှင့်အနောက်ကမ်းရိုးတန်းရှိပြည်နယ်တော်တော်များများဟာအခုအချိန်မှာ စီးပွားရေးကပ်ဆိုးကြီးကျရောက်နေပါတယ်။ဒီနှစ်မတ်လကပြည်နယ်(၅)ခုသာစီးပွားရေးကပ်ဆိုးကြီးကျရောက်ခဲ့ပေမဲ့၊ အခုအချိန်မှာတော့(၂၇)ပြည်နယ်ထိတောင်စီးပွားရေးကပ်ဆိုးကြီးကျရောက်လျှက်ရှိနေပါပြီ။ပြည်နယ်(၁၄)ခုဟာလည်း
အတော်ကိုစိုးရိမ်နေရတဲ့အခြေအနေကိုရောက်ရှိနေပါသည်။

အဲဒီပြည်နယ်တွေမှာဖြေရှင်းကြရမည့်အဓိကပြသနာတွေကတော့အလုပ်လက်မဲ့တွေပိုမိုများပြားလာနေမှု၊ရေနံ ဈေးကြီးမြင့်ခဲ့မှုကြောင့်ကုန်ဈေးနှုန်းတွေကြီးမြင့်လာခဲ့မှု၊ဘဏ်လုပ်ငန်းတွေဒေ၀ါလီခံရပြီး၊စီးပွားရေးဆိုင်ရာ ဘဏ္ဍာရေးငွေကြေးစံနစ်ကြီးတခုလုံးနှင့်ငွေကြေးဈေးကွက်တွေပြိုလှဲနေမှု၊အသေးစားစီးပွားရေးလုပ်ငန်းရှင် တွေကိုငွေမချေးနိုင်တာကြောင့်အသေးစားစီးပွားရေးလုပ်ငန်းတွေရပ်စဲသွားခဲ့မှု၊အိမ်ပိုင်ဆိုင်သူတွေ
ဟာအလုပ်လက်မဲ့ဖြစ်ခဲ့တာကြောင့်အိမ်လခမပေးနိုင်လို့အိမ်ပိုင်ဆိုင်မှုဆုံးရှုံးနေရသလို၊အိမ်ဈေးနှုန်းဟာလည်း ကျဆင်းနေမှု၊မော်တော်ကားလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်း၊အစားအသောက်လုပ်ငန်းစတဲ့အလုပ်အကိုင် တိုးများစေတဲ့စီးပွားရေလုပ်ငန်းတွေစီးပွားရေးဆုံးရှုံးခဲ့ရမှုကြောင့်အလုပ်အကိုင်တွေလျှော့ချလာနေမှု၊
ပြည်နယ်အစိုးရတွေလိုငွေပြနေမှုကြောင့်အစိုးရလုပ်ငန်းတွေအခက်အခဲကြုံနေမှုတွေဘဲဖြစ်ပါတယ်။

ဒါဟာအမေရိကန်နိုင်ငံရေးပါတီတွေနှင့်အစိုးရအဖွဲ့ကြားအချိန်တော်တော်ယူပြီကျွမ်းကျွမ်းကျင်ကျင်
ပူးပေါင်းကိုင်တွယ်ဖြေရှင်းရမည့်ပြသနာတွေပါ။သူတို့တွေဘယ်လိုဖြေရှင်းကြမှာလည်းဆိုတာလေ့လာပြီး
သင်ခန်းစာယူကြတာပေါ့။

Rest of your post

တောင်ကြီး မြို့  သဘာဝ ပတ်ဝန် ကျင်းဆု ရ


ရှမ်းပြည်ရောက်အဲ့သည်ရယ် မပြန်ပါနဲ့ ကွယ်ဆိုတဲ့ သီချင်းသံကို မှတ်မိသေးတယ်။ ရှမ်းပြည်ရောက်ပြီးရင်မပြန်ခြင်လောက်အောင်ပဲ
သဘာဝပတ်ဝန်းကျင်ရဲ့ ဖန်းစားမှုကို ခံစားရပါတယ်။ ရှမ်းကုန်းမြေမြင့် နဲ့  အင်းလေနဲ့  ရှမ်းပြည်တိုင်းရင်းသားညီနောင်တွေရဲ့ နွေးထွေးမှုကြောင့်ပဲ။ ခုတော့တောင်ကြီး မြို့ ကို အာဆီယံနိင်ငံများအသင်းက သဘ၀ပတ်ဝန်းကျင်အထိမ်းသိမ်နိင်ဆုံးမြို့ တွေထဲက ၁၀ မြိ့ အဖြစ်သတ်မှတ်ခဲ့တယ်။ စိုင်းခမ်းလိတ်ရေးစပ်ခဲ့တဲ့ တောင်ပေါ်မြေရဲ့ တခြားစာမျက်နာများ ဆိုတဲ့ သီချင်းလိုပဲ တောင်ကြီးမြို့ ရဲ့ တခြားစာမျက်နာတွေကို အာဆီယံ ခေါင်းဆောင်တွေ မြင်ခဲ့ပုံမရပါဘူး။

အာဆီယံနိင်ငံတွေ ရဲ့ သဘ၀ပတ်ဝန်းကျင်ကလည်း အတော့ကိုအခြေအနေဆိုးဝါးလွန်းတဲ့အတွက်တောင်ကြီးမြို့ ကို ခုလို အကောင်းဆုံးမြို့ တမြို့ အဖြစ်သတ်မှတ်တာမဆန်းလှပါဘူး။ အာဆီယံနိင်ငံက တောင်ကြီးမြို့ ကိုအကောင်းဆုံးမြို့ လို့ သတ်မှတ်တာကတော့ ပျားရည်နဲ့ ဝမ်းချသလို ဖြစ်နေတယ်။ အရင်က ရှမ်းပြည်နယ်တခုလုံးဟာ ရောမသစ်တောကြီးတွေနဲ့ ဖုံးလွမ်းနေတာဖြစ်ပါတယ်။အခု Google Earth ကနေ ကြည့်ရင် ရှမ်းပြည်ကြီးတခုလုံးဟာ သစ်တောကြီး ပြောင်သလင်းခါနေပါပြီ။ အင်လေးကန် ကဟာ ရေနည်းလာပြီ။ လောပိတဆိုရင်ရေအားမပြည့် လို့ လျပ်စစ်မီးတောင် လောက်အောင်မပေးနိင်တော့ဘူး။
တောင်ကြီးမြို့ ဟာ ပင်လယ်ရေပြင်အထက် ၁ဒသမ ၃၇ ကီလိုမီတာရှိတယ်။ လူဦးရေ နစ်သိန်းခန့် ရှိတယ်။ တောင်ကြီးဟာ လူမျိုးစုတွေ ရဲ့  သင်္ကေတ မြိ့ ဖြစ်နေပါတယ်။ အာဆီယံတွေမှာ သဘ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဆိုင်ရာ ပေါ်လစီမရှိဘူးမဟုတ်ဘူးရှိပါတယ်။ ဒါပေမဲ့ သူတို့ ပေါ်လစီက မြို့ လိုက် သတ်မှတ်နေရာလိုက်လောက်မှာပဲ သဘ၀ပတ်ဝန်းကျင်ကိုထိမ်းသိမ်းနေကြသလို ဖြစ်တယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် လော်ကား တရိစာန်ဦးယျဉ် ၊ ပုပါးတောင် ၊ ပြင်ဦးလွင်ရုက္ခဗေဒဥယဉ်၊ ကမ္ဘော အမျိုးသားဥယဉ်၊ မြိုင်ဟေ၀န် ဆင်စခန်း တို့ လို နေရာမျိုးပဲဖြစ်ပါတယ်။ တကယ်က တနိင်ငံလုံး ရဲ့ သဘ၀ပတ်ဝန်းကျင်တွေကိုထိမ်းရမှာပါ။ ဥပမာ - ထင်ရှားတဲ့ မြို့ တွေ နေရာတွေပင်မက ရွာတိုင်း၊ ရပ်ကွက်တိုင်းကိုပါ သဘ၀ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရမယ်။ မြင့်တင်ရမယ်။ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ ကော့မှုး ဖက်မှာဆိုရင် မြွေပွေးတွေအရမ်းများလာလို့ လယ်မလုပ်နိင်ပဲပြစ်ထားခဲ့ရတာတွေတောင်ဖြစ်နေတယ်။ ဘာဖြစ်လို့ လည်း မြွေဆိုးတွေကိုနိမ်နင်းပေးတဲ့ ဇီးကွက်၊ စွန် နဲ့ တောကြောင်တွေမြိုးတုန်းလာလို့ ဖြစ်တယ်။ Ego- Balance မဖြစ်တော့လို့ ဖြစ်တယ်။ ဒါအပြင် တေဇနဲ့ သူယောက်ခမ ထူးထရိတ်ဒင်း တွေကြောင့် တပြည်လုံးကသစ်တွေကုန်ပါပြီဗျာ လို့ အမည်မဖေါ်လိုတဲ့ စိတ်ကောင်းရှိတဲ့တပ်မတော်သားတဦးကပြောပါတယ်။

ကျနော်တို့ ငယ်စဉ်က သိမ်းကြီးဈေး အပေါ်မှာ ၀ဲပျံနေကြတဲ့ ရောမ စွန်အုပ်ကြီး၊ စွန်ကြီးတွေဟာ သိပ်ကိုအကောင်ကြီးတယ်။ ဈေးသိမ်းချိန်မှာ ဈေးသည်တွေ ကျန်ခဲ့တဲ့ သားငါး အကြွင်းအကျန်တွေကို သိမ်းဆည်းဖို့ ဝဲပျံနေကြတယ်။ ခုတော့မရှိတော့ဘူးလို့ သိရတယ်။ ဘောက်ထောရပ်ကွက်က အိမ်တအိမ်ဆိုရင် ဗျိုင်းအောက်ကြီးတွေ ညနေဆိုရင်အုံခဲနားနေကြတယ်။ ခုတော့ရှိတော့မယ်မထင်ဘူး။ မြန်မာ ပြည်ရဲ့ သစ်တောကြီးကို ပေါချောင်ကောင်းဝယ်သွားတဲ့သူတွေကလည်း အာဆီယံနိင်ငံ နဲ့ တရုပ်နိင်ငံပဲဖြစ်ပါတယ်။ မြန်မာတပြည်လုံးရဲ့ သဘ၀ပတ်ဝန်းကျင်ကို အားရပါးရဖျက်ဆီးပြီး တောင်ကြီးမြို့ ကို
သဘာဝန်ပတ်ဝန်းကျင် အကောင်းဆုံးမြို့ လို့ သတ်မှတ်ပေးတာတော့ ဘယ်လို့ ဦးဏှောက်တွေနဲ့ ဆုံးဖြတ်လိုက်လည်းမသိပါဘူး။ တခုတော့ ဖြစ်နိင်စရာရှိတယ်။ တောင်ကြီးက လျပ်စစ်မီးတောင်မှ မသုံးနိင်ရှာတော့ သဘ၀ပတ်ဝန်ကျင်နဲ့ အလွန်လိုက်လျောညီထွေနေတယ်လို့  များစဉ်းစားလိုက်ကြသလားလို့ ထင်မိတယ်။

ဟိမ၀န္တာမှာ နှင်းလူ ခြေရာကိုတွေ ရှိပြန်ပြီ။

စိုးသင့်ဆွေ
ကျနော်တို့ ငယ်ငယ်က ပုံပြင်ထဲက နှင်းလူ အကြောင်းကိုမကြာခဏ ဖတ်ခဲ့ရတယ်။ ကြားခဲ့ရတယ်။ ဒါဟာ ဒဏ္ဍာရီ မဟုတ်
တော့ပါဘူး။ သူကို သိပပညာရှင်တွေက ရှာဖွေဖေါ်ထုတ်နေကြပါပြီ။ နိင်ငံတကာ အင်တာနက်မီဒီယာတွေမှာ သူအကြောင်း
ကို စိတ်ဝင်စားဖေါ်ပြလေ့ရှိလာပါတယ်။ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ Mammy မံမီ ရုပ်ရှင်ကားမှာ နှင်းလူတွေအကြောင်း
ပါခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ကလည်း မြန်မာစာဖတ်ပရိပ်သတ် သိသင့်တယ်ယူဆလို့ ဖေါ်ပြလိုက်ပါတယ်။ ဒဏ္ဍာရီထဲကနှင်းလူရဲ့ခြေရာလို့ ယူဆရတဲ့ခြေရာတခုကို ပထမဆုံးရှာဖွေ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဂျပန်စွန့်စား ရှာဖွေသူအုပ်စု တစုက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
ဒီခြေရာဟာ နီပေါနိုင်ငံ နဲ့ တိဗက်နိုင်ငံ နယ်နမိတ်ကြားမှာ ခြေဦးတည့်ရာ သွားလာနေတယ်လို့ သူတို့တွေ့ရှိချက်မှာ ဖေါ်ပြထားပြီး "ခြေရာဟာ ၂၀ စင်တီမီတာ ရှည်ပြီးတော့ လူသား တယောက်ရဲ့ ခြေရာ နဲ့ အသွင်တူတယ်လို့ " အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရာရှိတဲယု တာခါဟရှီ က AFP သတင်းဌာနကို တနင်္လာနေ့ ကပြောကြားခဲ့တာပါ။ မစ္စတာ တာခါယရှီ အပါအ၀င်သူ့ရဲ့အဖွဲ့ဝင် ခုနှစ်ယောက်ဟာ လူတဝက် မျောက်တဝက်ပုံသဏ္ဍာန်ရှိတဲ့ နှင်းလူကိုရှာဖွေဖို့ ဒီဒေသတွေ ကို သွားရောက်ခဲ့တာ ခုတကြိမ်ပါနဲ့ သုံးကြိမ်မြောက်ရှိပါပြီ။

အနောက်တိုင်းစွန့်စားရှာဖွေသူတွေ နဲ့တောင်တက်သမားများက နှင်းလူရှိကြောင်းကို လက်ဆုတ်လက်ကိုင်ပြဖို့ အတွက် ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ရှာဖွေနေခဲ့တာပါ။ မစ္စတာတာခါယရှီ နဲ့အဖွဲ့ဟာနှင်းလူရဲ့သဲလွန်စကို
အရင်က တွေ့ရှိဘူးတဲ့နေရာ ကမ္ဘာ့အမြင့်ဆုံးတောင် ခုနှစ်ခု ထဲမှာတခုအပါအ၀င်ဖြစ်တဲ့ ဒါလာဂီရိတောင်ရဲ့ အမြင့်ပေပေါင်း ၂၅,၁၃၅တွင် ရက်ပေါင်း၄၂ရက်ကြာနေထိုင်ခဲ့ပြီး မှတ်တမ်းတင်ခဲ့တာပါ။ ရုပ်ရှင်ရိုက်ကူးမှတ်တမ်းတင်ဖို့အတွက် တော့မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဓါတ်ပုံအထောက်အထားကတော့ နှင်းလူရှိကြောင်းပြနိုင်ဖို့ လုံလောက်တဲ့သက်သေပဲလို့ မစ္စတာတာခါယရှီက ပြောကြားလိုက်ပါတယ်။ သူအပါအဝင် အခြားအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့နှစ်တွေက ဟိမဝန္တာတောင်များဆီလာရောက်ခဲ့ဖူးပြီး သမင်၊ ဝက်ဝံ နဲ့ နှင်းကျားသစ် ခြေရာတွေကိုတွေ့ရှိခဲ့ပြီး အခုတွေ့ရတဲ့ ခြေရာမျိုးကိုတော့ ဘယ်တုန်းကမှမတွေ့ရှိခဲ့ပါဘူး။

အခုတော့ဒေသခံလူတွေရဲ့ နှင်းလူအကြောင်းပြောကြားချက်တွေ၊ ပုံပြင်ဒဏ္ဍာရီတွေဟာစိတ်ကူးယဉ်မှုသက်သက် မဟုတ်ကြောင်း ဒီ ခြေရာမှတ်တမ်းတင်ဓါတ်ပုံက သက်သေပြနိုင်ခဲ့ပါပြီလို့ မစ္စတာတာခါဟရှီကပြောကြားပါတယ်။

သူတို့အဖွဲ့ဟာလှုပ်ရှားမှုမှတ်တမ်းတင်ကင်မရာ၉ခုနဲ့ ရိုက်ကူးခဲ့ရာမှာနှင်းလူနဲ့အလားသဏ္ဍာန်တူအရိပ်လို့ထင်ရတဲ့ အရိပ်မည်းကိုတွေ့ခဲ့တာပါ။ မီတာ၂၀၀အကွာအဝေးမှာရှိတဲ့ ဒီအရိပ်မည်းဟာလူသားတဦးကဲ့သို့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ပြီး ၁၅၀ စင်တီမီတာအမြင့်ရှိတယ်လို့ဆိုပါတယ်။ ဒီတကြိမ်နှင်းလူကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ဖို့ မအောင်မြင်ခဲ့ပေမဲ့ နောက်များမကြာမှီ နှင်းလူကို သူတို့မှတ်တမ်းတင်နိုင်တော့မှာပါလို့ မစ္စတာတာခါဟရှီက ပြောကြားသွားပါတယ်။

Source : Japan team Finds 'Yeti footprints' in Nepal (AFP)
Date : Oct 20, 2008
www.everst.co.jp/yeti2008/


Rest of your post


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.