Wednesday, October 22, 2008

[MYANMAR POLITICAL NEWS AND IDEAS] 1 New Entry: BOMB BURMA? (POEM)

BOMB BURMA? (POEM)

"ဗုံး"
ညိုကြီး


ဘယ်သူခွဲခွဲ သူတို့မကွဲ
သူ့ဖာသာလည်း ကွဲလိုကွဲ
ဘယ်သူခွဲခွဲ သူတို့ကွဲ
ခွဲလို့ကွဲလည်း ကွဲတာပဲ
စစ်အဆိုးရ လှည့်ကွက်လား
အကြမ်းဖက်သမား လက်ချက်လား
ကွဲ...ကွဲ နိုင်လွန်း
ခွဲ...ခွဲ နိုင်လွန်း ။

မဲမဲမြင်တိုင်း ပစ်ချင်နေသူတွေကြားမှာ
ပြည်သူုပြည်သားလည်း ကျီးလန့်စာစား
ဒီမိုသမားလည်း ညည်းချင်းသာပွား ။

တိုင်းပြည်အရေး...နိုင်ငံအရေးကို
ဗုံးပေးခွဲတမ်း ကစားနေကြတော့
သေတဲ့သူလည်း သေကြပေါ့
အစွပ်စွဲခံရသူလည်း ခံရပေါ့ ။

တ္တိဆိုတာ အတိအကျ သတ်တာကို ခေါ်သလား
စစ်အဆိုးရရဲ့
တ္တိ
အကြမ်းဖက်သမားရဲ့ တ္တိ...။

မီးစင်ကြည့်ကြည့်ပြီး 'က' နေရတာ
တယ်...အရသာမရှိလှဘူးကွာ...။ ။

ညိုကြီး

-----------------------------------------------------------------
(Poem Photo - www.ehow.com/how_2142060_deal-bomb-threat.html)

You received this email because you are subscribed to the real_time feed for http://bigbbrown.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.