Penang သို့ အလည်တခေါက်
စာရေးရမှာ ပျင်းနေတာနဲ့ ဓာတ်ပုံတွေကို ခုမှ တင်ဖြစ်တယ်။ ဓာတ်ပုံတွေကလည်း ဒီတိုင်းတင်လို့ မဖြစ်၊ နည်းနည်းပါးပါးတော့ ဓာတ်ပုံအကြောင်း ရေးရဦးမယ်ဆိုတော့ ပြန်ရောက်တာ တပတ်လောက်ရှိနေပေမယ့် ခုမှ ပီနန်အကြောင်း ပို့စ်တင်ဖြစ်တယ်။ ပီနန်ကျွန်းလေးက ဘာမှတော့ မထူးခြားပါဘူး။ လူတွေနေတဲ့ မြို့တွေထဲက မြို့တခုပါပဲ။ အစားအသောက်ကတော့ မဆိုးဘူး။ ဈေးလည်း သက်သာတယ်။ ရာသီဥတုကတော့ စင်္ကာပူနဲ့ တူတူပဲဆိုတော့ ပူတာမှ မတရား၊ မိုးရွာရင်လည်း ချက်ချင်းပါပဲ။

၆၀ဒီဂရီလောက် မတ်ဆောက်တဲ့ တောင်ပေါ်ကို ရထားနဲ့ တက်ကြည့်ကြတာ။ ရထားခက ၂ ရင်းဂစ်ပဲ ပေးရလို့ ကျွန်မတို့မှာ တအံ့တဩ။ ကုန်ဈေးနှုန်းတွေကတော့ စင်္ကာပူနဲ့ အကွာကြီးပဲ။ တော်တော်သက်သာတယ်။ အသွား ၁၅ မိနစ်၊ အပြန် ၁၅မိနစ်ကြာပါတယ်။




ဒုတိယ ကမ္ဘာစစ်တုန်းက ခံတပ်ပုံပါ။ ပီနန်မြို့ ပင်လယ်အစပ်နားမှာ ရှိပါတယ်။





အဲဒီမြို့နယ်က Jasco ကုန်တိုက်ပုံပါ။


နောက်ရက်မှ ကျန်တဲ့ပုံတွေ ထပ်တင်ဦးမယ်။
s0wha1
You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.